နိုင်ငံကျော် တေးသံရှင် (ဦး)ခိုင်ထူး၏ ဈာပနမြင်ကွင်းများ

နိုင်ငံကျော် တေးသံရှင် (ဦး)ခိုင်ထူးသည် သြဂုတ်လ ၉ ရက်နေ့ညနေပိုင်းက ကွယ်လွန်ခဲ့ပြီး ၄င်း၏ ဈာပနကို ယနေ့ (၁၁ရက်နေ့) ညနေ ၄ နာရီခန့်က ရန်ကုန်မြို့ ရေဝေးသုဿာန်တွင်ပြုလုပ်ခဲ့ပါသည်။

(ဦး)ခိုင်ထူးသည် စီးပွားရေးတက္ကသိုလ် ပါမောက္ခ (အငြိမ်းစား) ဦးသာထိုနှင့် ဒေါ်တင်တင်မြင့်တို့၏ သားအလတ် ဖြစ်ပြီး ၁၉၅၆ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ ၂၀၁၇ခုနှစ် သြဂုတ်လ ၉ ရက် ညနေ ၃နာရီ ၂၄ မိနစ်တွင် ပန်ကရိယကင်ဆာဖြင့် ရန်ကုန်မြို့ ပါရမီဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး၊ ယခု ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။ ၄င်း၏ဇနီးဖြစ်သူ ဒေါ်စောနွယ်နွယ်ထွန်းနှင့်အတူ သမီးတစ်ဦး၊ သားနှစ်ဦးကျန်ရစ်ခဲ့ကြောင်းသိရှိရပါသည်။

Both comments and pings are currently closed.