Strategic Notes

လင်းလင်း (Florist)

 မေလင်းက ဒီ Floral လုပ်ငန်းကို လုပ်တာ နှစ် ၃ဝ ကျော်လာပြီ။ လုပ်လာတဲ့ တစ်လျှောက် မှာ ကြုံရတဲ့ အခက်အခဲတွေ ပြဿနာတွေ ရှိသလို ပျော်ရွှင် ကျေနပ်ရတာ၊ ဝမ်းသာ ရတာတွေလည်း ရှိပါတယ်။ အခုထိ မေလင်း ကြုံရတဲ့ ပြဿနာဆို ရင်တော့ ပန်းဝယ်ရတဲ့ ဒုက္ခပဲ။ ပန်းတွေမှာ ပြည်တွင်းက ထွက်တဲ့ ပန်းတွေ ရှိပေ မဲ့ တော် တော် များများကိုတော့ များသောအားဖြင့် တရုတ်ပြည်က မှာရပါတယ်။ ဥပမာ ခြောက်လ ပန်း (Hydrangea) ပန်းဆိုပါတော့။ သူက ပန်းရောင်၊ ခရမ်းရောင်၊ ပန်းဆီရောင် ၃ ရောင် က မေမြို့ စိုက်တာမှာ ဟိုရဲ့ Quality ကို မီ တယ်။ အပြာနုနဲ့ အဖြူကျတော့ မရဘူး။ အဖြူ ဆိုစိုက်လို့တောင် မရဘူးတဲ့။ စိုက်ပြီးမှ တစ်ခင်း လုံး သေ သွားတယ်တဲ့။ မေလင်း ထင်တာတော့ ဟိုက သုံးတဲ့ဆေးတွေ ဘာတွေနဲ့ စိုက်ပျိုးရတဲ့ နည်းပညာ မှာ မြန်မာပြည်က လိုနေသေးတယ်။ အပြာနုဆို ဒီက ပန်းက ပန်းသား ကပျော့တယ်။ ဟိုက ပန်းသားက မာတယ်။ အဲဒီလိုတွေပေါ့။ Tuplip ဆိုလည်း ပြင်ဦးလွင်က ကန်တော်ကြီး ထဲမှာတော့ အလှပြကွက် အနေနဲ့တော့ စိုက် တာ တွေ့ ပါတယ်။ ဒါပေမဲ့ စီးပွားဖြစ်အနေ နဲ့တော့ မစိုက်ကြဘူး။ စိုက်မရလို့လား။ ကုန်ကျစရိတ် များလို့လားတော့ မသိဘူး။ Cornation  ဆို လည်း မေလင်းတို့ ဆီမှာ အပွင့်ကောင်းကောင်း အရောင်လှလှ မထွက်ဘူး။ နှင်းဆီ ဆိုလည်း တရုတ်ပြည်က နှင်းဆီမျိုးကို အခုတောင်ကြီးမှာ စိုက်ကြတယ်။ အဖြူနဲ့ပန်းရောင် မျိုးကတော့ မဆိုး ဘူး။ ဒါပေမဲ့ သူ့ရိုးတံရှည်တာနဲ့ တုတ်တာ ကျတော့ တရုတ်ပြည်က ထွက်တာကို မမီပြန် ဘူး။ မေလင်းတို့က တရုတ်တို့ ယိုးဒယား တို့ကပဲ ပန်းကန်တွေမှာ ကြရတယ်။ မှာတော့ ဘာတွေ တွေ့ရလဲဆိုတော့ ပန်း ကိုယ်စားလှယ်တွေရဲ့ ပြောတဲ့ပန်းဈေးတွေက မမှန်ဘူး။ နောက်ပြီး ပန်းတွေနဲ့အတူ မေလင်းတို့က အခံအနေ နဲ့သုံးတဲ့ အရွက်တွေပေါ့။ ကျောက်ခေတ်၊ တောင်တန်း၊ ဇော်မင်းသမီး၊ Leather Leaf ၊ ကျားလက်ဝါး၊ သနပ်ခါးစက်၊ ငှက်သိုက် ဒါမျိုး အရွက်တွေကို သုံးရတယ်။ ဒီလို အရွက်တွေ က မေလင်းတို့ ဆီမှာ သေချာ မစိုက်ကြဘူး။ စိုက်ကြတယ် ဆိုရင်လည်း လူချမ်းသာတွေက ဝါသနာ အနေနဲ့ အလှစိုက် တာမျိုးပဲရှိတယ်။ သူတို့က မရောင်း ကြဘူးလေ။ မေလင်းက အရွက်များများနဲ့ Filler ပန်းသေး သေးသုံး ရတာကို ကြိုက်တယ်။ ဒါကလည်း ပန်းထိုးသူရဲ့ idea ပေါ်ပဲမူတည်တယ်။ မေလင်း ရဲ့ Crazy က အရွက် စိမ်းစိမ်း ကြိုက်တယ်။ ပန်းထိုးတယ်ဆိုရင် ပန်းက size စုံအောင် ထိုးရ တာ အခုခေတ်မှာ ကံကောင်းတာက ပစ္စည်းတွေ ပေါပေါများများ မှာလို့ရတာပဲ။ ဟိုး အရင်တုန်း ကဆို Baby’s Breath လေး တစ်တုံးလောက် ရရင်ကို သူငယ်ချင်းတွေ မျှသုံးရတယ်။ အခု ခေတ်ကတော့ အလွယ်တကူ မှာလို့ရတယ်။ လိုသလောက် ရနိုင် တယ်။ နောက်ပြီး သစ်ခွပေါ့။ သစ်ခွသုံးတဲ့ ဆေးတွေက ဈေးအရမ်းကြီးတဲ့ သစ်ခွတွေက ဒီမှာရှိပေမဲ့ ယိုးဒယား ကလို မဟုတ်ဘူး။ ပြီးတော့ ဒီမှာများများ မရနိုင်ဘူး။ အခု ဆိုရင် မြန်မာမျိုးဖြစ်တဲ့ ပန်းထိမ်မနိုင်က အခု ယိုးဒယားမှာ ရနေပြီ။ Catteleya သစ်ခွက တော့ ဒီကဟာကပိုပြီး ကောင်းတယ်။ ယိုးဒယား တွေက သဇင်ပန်းကို စိုက်ဖို့ စိတ်ဝင်စားနေပြီ ပြောတယ်။ ပြည်တွင်း ပန်းတွေမှာ သစ္စာပန်း၊ နှင်းဆီပန်း၊ ပန်းထိမ်မနိုင် ပန်းတွေကတော့ ကောင်းတယ်။ ပန်းကိုပြည်ပ ကမှာတဲ့အခါ ပန်းဈေးနှုန်းတွေ က မမှန်ဘူး။ မေလင်း မှာရှိတဲ့ အကျင့်က မေလင်းက စကားတစ်ခွန်းပြောပြီးရင် ဘယ်တော့မှ မပြင်ဘူး။ သတို့သမီး ကို မေလင်း က ဒီလောက် ပါပြောပြီး ရင် မြတ်ရင်လည်း ကံ၊ ရှုံးရင်လည်း ခံပဲ။ ဘယ်တော့မှ ပြင်မပြောတော့ ဘူး။ မေလင်းက ကိုယ်စားလှယ်တွေ ကတစ်ဆင့် ပန်းမှာရင် သူတို့က တရုတ်ပြည်မှာ ရေခဲနေလို့ ပန်းမခူး၊ ပွဲတွေ များနေလို့ ပန်းတွေမရတော့ဘူး။ ဒီလို အကြောင်းတွေပြပြီး ဈေးတွေ တက်လိုက်ကြ တယ်။ ဥပမာ – Carnation တစ်စည်း ၃ဝဝဝ နဲ့မှာ လိုက်ရင် ရောက်လည်းလာရော ၆ဝဝဝ ဖြစ်သွားရော။ ဒါကို မေလင်းက သတို့သမီး ကို ပြောပြီး ဈေးထပ်ပြင်လို့ မရတော့ဘူးလေ။ ပြီးတော့ မေလင်းတို့ အလုပ်က လူ အင်အားများ များနဲ့ လုပ်ရတာ။ ဥပမာ တကယ် အလုပ်ရှိတာ စနေဆိုရင် ကြာသပတေးလောက် ကတည်းက လုပ်နေရတာ။ ဒီလို အလုပ်သမားခတွေ ပန်းဈေးတွေနဲ့ စိတ်ညစ်ရလွန်း စိတ်ကုန်ပြီး ဒီအလုပ်မလုပ်ချင်တော့ဘူး ဆိုပြီး ဖြစ်တဲ့စိတ် တောင် ဖြစ်တယ်။ အဲဒီလို ဈေးတက်တောင်း တာ တစ်ခါကဆို မေလင်း ပွဲကြီးခြောက်ပွဲ ခုနစ် ပွဲပြင်ပြီးတာတောင် မေလင်းဘာမှ မမြတ် တာဖြစ်ဖူးတယ်။ ပန်းဈေးတွေကို အကြောင်း တွေ အမျိုးမျိုးပြပြီး လက်ထဲရောက်မှ ဈေးတက် ကြတာ။ ဒီလိုဒုက္ခတွေကတော့ အခုထိ ကြုံရ တုန်းပဲ။ အခု နောက်ပိုင်းမှာပွဲလုပ်တဲ့ ပွဲရှင်တွေ ကိုယ်တိုင်က ပန်းအလှဆင်တာတွေ ကို Crazy ဖြစ်လာကြတယ်။ အမြင်တွေ အရမ်းကျယ်လာ ပြီး ဘာတွေရေပန်း စားနေလဲ ဆိုတာလည်း သိကြတယ်။ အရင်တုန်းက မင်္ဂလာဆောင် တစ်ခု အပ်ရင် မိဘတွေပဲလာတာ။ သတို့သား၊ သတို့ သမီးကို မင်္ဂလာဆောင်နေ့ မှတွေ့ရတယ်။ ဝတ်တဲ့ အရောင်ဆိုလည်း ရွှေရောင် နဲ့ပန်းရောင် ပဲ သုံးကြတယ်။ ရှေးဘုရင်မျိုးတွေက အဖြူက အသုဘမှ ဝတ်ကြတယ် ဆိုပြီး အဖြူတောင် သိပ်မဝတ် ကြဘူး။ အခုခေတ်ကတော့ ဝတ်စုံ အရောင်အစုံကို ဝတ်ကြတယ်။ ဒီတော့မေလင်း တို့လည်း ပန်းတွေရောင်စုံ သုံးရတဲ့ခေတ် ဖြစ် သွားတယ်။ နောက်ပြီး ပန်းခြောက် နဲ့ပန်းစို ရောသုံးတာကိုလည်း လက်ခံ လာကြတယ်။ အခုခေတ် ပန်းခြောက်တွေ ကလည်း အရည် အသွေး အရမ်းကောင်းလာပြီး အစစ်နဲ့မခြား နိုင်ပါဘူး။ အဲဒါတင် မဟုတ်ပါဘူး။ Floral မှာသုံးတဲ့ တခြားပစ္စည်းတွေ ကလည်း အရမ်း ကောင်းလာတယ်။ အရင်မေလင်း တို့ စလုပ်တုန်း ကဆို ရွဲ့တွေ၊ ငှက်ပျောတုံးတွေ၊ သံတွေနဲ့ ထိုးရ တာ အရမ်းပင်ပန်း ခံရတယ်။ နည်းပညာတွေက လည်း လေ့လာလို့ကို မကုန်နိုင်ဘူး။ ဟိုတုန်းက ဖဲပြားတစ်ခွေ ရရင်ကို ကျေးဇူးတင်ရ မဆုံးဘူး။ အခုခေတ် ကတော့ မဟုတ်တော့ဘူး။ သုံးချင်တဲ့ ပစ္စည်းကိုမှာလိုက် ပိုက်ဆံသာ သုံးနိုင်ရင် အရာ အားလုံး လက်လှမ်း မီတဲ့ခေတ်ပေါ့။ အကုန်လုံး ကလည်း ကြိုးကြိုးစားစားနဲ့ လုပ်နိုင်ကြတယ်။ လာတဲ့ပွဲရှင်က သူဖြစ်ချင်တဲ့ အပြင်အဆင်ကို ပြလိုက်ရင်လည်း ဓာတ်ပုံလေးပဲ ကြည့်ပြီး ပွဲရှင် ဖြစ်စေချင်တဲ့ အတိုင်း ထိုးပေးနိုင်တယ်။ မေလင်း တို့မြန်မာတွေ က အမြင်နဲ့ သင်တဲ့နေရာ မှာ အရမ်းတော်ကြတယ်။ မေလင်းကတော့ ယိုးဒယား စာအုပ်တွေကို ရှာပြီးလေ့လာရတယ်။ အင်္ဂလန်က စာအုပ်တွေ လေ့လာ ရတယ်။ Internet ကနေ လေ့လာရတယ်။ မြန်မာပြည်မှာ ဆိုရင် မေလင်း အားကျလေးစားရတဲ့ ဆရာတွေ ကတော့ အများကြီးပဲ။ နံပါတ်တစ် ကတော့ မေလင်းဆရာ ကိုခင်ဇော်ဝင်းပေါ့။ နောက် ကိုဂျော့(ခ်ျ)၊ ကိုမိုက်ကယ်မင်းသိန်း၊ ဦးတွတ် (လှကမ္ဘာ) တို့တွေပေါ့။ သူတို့ဆီက လေ့လာခဲ့ ရတယ်။ ပန်းအလှပြင် ပညာဆိုတာ လေ့လာလို့ မကုန်နိုင်ပါဘူး။ လောကကြီးမှာလေ ‘ကိုယ့်ရေ အိုင်ကို ပင်လယ်လို့ထင်ရင်’ အဲဒီလူ မအောင် မြင်ဘူး။ မေလင်းကတော့ ကိုယ့်ရေအိုင်ကို ဘယ်တော့မှ ပင်လယ် မထင်ဘူး။ တစ်ခါတလေ မှာ ကိုယ့်တပည့်က ကိုယ့်ထက် တော်တာတွေ့ရင် တပည့်ဆီက ပြန်ပြီးလေ့လာ ရတာတွေလည်း ရှိတာပဲ။ မေလင်းက ဘယ်သူ ဆိုးထား တာပဲ ဖြစ်ဖြစ်လေ့လာတယ်။ ကိုယ့်ကိုယ်ကိုယ် အထင် ကြီးတဲ့နေ့က ကိုယ် ကျဆုံးတဲ့နေ့ပဲ။ မေလင်းက တော့ အဲဒီလို ခံယူထားတယ်။ နောက်ကြုံတဲ့ အခက်အခဲ က Hotel  တွေမှာ လုပ်တဲ့အခါ အချိန် မလောက်ငတာပဲ။ မေလင်းတို့မှာ မျက်လှည့်ပြသလိုပြင်ရတာ။ မိနစ်ပိုင်း၊ နာရီပိုင်း အတွင်း ပြောင်းလဲပြင်ပေး ရတာ။ မေလင်း ဒီက ပြောချင်တာက ကိုယ့်ပွဲက ကြီးတယ်၊ သေချာပြင် ချင်တယ်ဆိုရင် မနက် ၉ နာရီ ကနေ ၁၁ နာရီ ပွဲကိုပဲ ချိတ်ကြပါလို့။ မဟုတ်ရင်က ကသီလင်တ ဖြစ်ကုန်တယ်။ ဒါပေမဲ့ အဲဒီလို ပင်ပန်းရမှုတွေ ပြဿနာတွေက ကိုယ်ပြင်ပေးလိုက်ရတဲ့ သတို့ သား၊ သတို့သမီးက သဘောကျပြီး ကြိုက်တယ် ဆိုရင် နောက်တစ်ပွဲ လုပ်ဖို့ အားပြန်ပြည့် သွားတာ ပါပဲ။ မေလင်းက အခုထိ သင်တန်းတွေဘာတွေ လည်း မပေးဘူး။ မေလင်းက ကိုယ့်ကို ချုပ် နှောင်ထားတာ မကြိုက်ဘူး။ ဒါကြောင့် မေလင်း က နားပြီ ဆိုရင် သေသေချာချာ နားလိုက်တယ်။ သင်တန်း မဖွင့်ဖြစ်ဘူး။ နောက်ပြီး မေလင်းက စီးပွားရေး ဆန်ဆန် မလုပ်ဘူး။ မေလင်းရဲ့ ဆရာက ကိုခင်ဇော်ဝင်း ပါ။ မေလင်းဆရာက လည်း စီးပွားရေး ဆန်ဆန် မလုပ်ခဲ့ဘူး။ မေလင်း က ပိုက်ဆံ လုံးဝမကြည့်ဘူး။ ပန်းတွေပိုနေရင် ပိုနေသလို ပန်းအိုးကို ထိုးပေးလိုက်တာပဲ။ အပ်တာ ပန်းအိုး ၁ဝ အိုးပေမဲ့ မေလင်းက ၂ဝ ထိုးပေးချင် ထိုးပေးလိုက်တာပဲ။ ဒီလိုစေတနာ တွေကြောင့်ပဲ မေလင်းဆီ ရောက်လာကြတာပါ။ မေလင်းဆီ အလုပ် လာအပ်ပေးတာ ဆိုရင် Signature က မအေးသာလည်း လာအပ်ပေး တယ်။ မေလင်း တို့ကို ကူညီပေးတဲ့ Hotel Manager တွေလည်း ရှိကြ ပါတယ်။ နောက် မေလင်းရဲ့ ဆရာ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် တွေအားလုံး ကျေးဇူးနဲ့ မေလင်း ဒီနေ့အထိ ရပ်တည်နေတာပါ။

Both comments and pings are currently closed.