Strategic Notes

မာမီကျော် (မလေးရှား)

ငယ်ငယ်လေး ကတည်းက မာမီကျော်က ဝါသနာ ပါခဲ့တာ။ အိမ်မှာလည်း ငယ်ငယ်က တည်းက ကိုယ်က နွဲ့နွဲ့လေး ဆိုတော့ ပန်းထိုး တာ၊ ဘုရားပန်းအိုး ထိုးတာကို မာမီကျော်ပဲ လုပ်ခဲ့တာ။ အဲဒီကတည်းက ဝါသနာပါတာ။ အရင်တုန်းက အခုလို အိုအေစစ်တွေ၊ ဖော့တွေ မရှိသေးဘူး။ အီကေဘားနားလိုမျိုး ဆူးတွေနဲ့ ဖန်ခွက်တွေနဲ့ပဲ ထိုးရတာ။ မျိုးစုံစမ်းသပ်ပြီး ထိုးတာပဲ။ ရွှံ့တွေကို ပလတ်စတစ်နဲ့ ပတ်ပြီး ထိုးရတယ်။ သတင်းစာကို ရေဆွတ်ပြီး ထိုးတယ်။ ဝါယာကြိုး အပေါက်တွေနဲ့ ထိုးတယ်။ နောက် တက္ကသိုလ် တက်တော့လည်း ကျောင်း မှာ ပန်းအလှထိုး ပြိုင်ပွဲတွေ ဘာတွေလည်း ဝင်ပြိုင်တာပဲ။ နောက် မာမီနိုင်ငံခြား သွားတယ်။ စင်ကာပူကို အရင်သွားတာ။ စင်ကာပူမှာ ကွန်ပျူတာ တက်တာ။ နောက်မှ မလေးရှား ကို ရောက်သွားတာ။ မလေးရှား ကိုရောက်ပြီးတော့ ဘာအလုပ် လုပ်မလဲစဉ်းစားတော့ ကိုယ် ဝါသနာပါနေတဲ့ ပန်းပညာ နဲ့ ပတ်သက်တဲ့ ပန်းဆိုင်မှာ လုပ်ဖို့ အခွင့်အရေး ကြုံလာတယ်။ ဒါနဲ့ ပန်းဆိုင်မှာ စလုပ်ဖြစ်တယ်။ စလုပ်တော့ လည်း ပန်းထိုးရတာ မဟုတ်ပါဘူး။ တံမြက် စည်း လှည်း ရတာပါ။ ဘောင်းဘီတို ဝတ်ပြီး မနက်ဆို ပန်းတွေရေလဲ၊ ပန်းထိုးသမားတွေ စားချင်တာ ဝယ်ပေးရတယ်၊ သူတို့ ထိုးပြီးသား ပန်းအမှိုက်တွေ သိမ်း ရတယ်။ တောက်တိုမည်ရ လုပ်ရတာပါ။ မာမီကျော်က ဆိုင်အနောက်က စတိုခန်းလေး မှာ နေရတော့ သူတို့ပြန်သွားရင် သူတို့ ကျန်ခဲ့တဲ့ ပန်းအတိုလေးတွေနဲ့ သူ တို့ နေ့လယ်က လုပ်တာလေးတွေကို ပြန်လုပ်ကြည့် ပြီး Pratic လုပ်ရတယ်။ အဲဒီလိုနေ လာရင်း သူဌေးက ကိုယ့်ကို ထိုးကြည့်ပါဆို ထိုးခိုင်းပြီး နှစ်နှစ်၊ သုံးနှစ် အတွင်းမှာ ကိုယ်လည်း သူတို့နဲ့ တန်းတူ ပန်းထိုးနိုင်တဲ့သူ ဖြစ်လာခဲ့တာပါ။ အဲဒီလို ပန်းစထိုး ကတည်းက ကိုယ်က မိန်းမ လျာဆိုတော့ သူတို့ ထိုးတာလည်း ကြည့်၊ ကိုယ် တိုင်ရဲ့ boru talent လေးကလည်း ပေါ်လာ၊ ဒီတော့ မာမီက ကိုယ့်စိတ်ကူး နဲ့ ကွန့်မြူးပြီး ထိုးကြည့်တယ်။ သူတို့ဆီမှာလည်း စာအုပ်တွေ က အများကြီး ပဲရှိတာလေ။ အဲဒီ စာအုပ်တွေကို လည်း မာမီက လေ့လာရတာပေါ့။ အဲဒီလိုနဲ့ အခုလို Florist တစ်ယောက် ဘဝကို ရောက် လာတာပေါ့။ ဒါပေမဲ့ မာမီ မလေးရှားမှာ ပန်းထိုး သမားဖြစ်ခဲ့တာ မှာ ပန်းခြင်း၊ ပန်းစည်း၊ လက်ကိုင်ပန်း၊ ပန်းအိုး ဒါမျိုးတွေပဲ ထိုးရတာ ပါ။ Wedding Decorator တစ်ယောက်အဖြစ် မဖြစ်ခဲ့သေး ပါဘူး။ Wedding Decorator ဘဝ ရောက်ဖို့ကတော့ မာမီက ဆယ့်နှစ်၊ ဆယ့်ငါးနှစ် ပေးဆပ် ခဲ့ရတာပါ။ အများကြီး ရင်းနှီးခဲ့ ရတယ်၊ မာမီ ပထမလုပ်တဲ့ ပန်းဆိုင်က ပန်းပဲ ထိုးတာ၊ သူက မင်္ဂလာဆောင် မပြင်ဘူး။ မာမီ ပန်းထိုးတာကို ကျွမ်းကျွမ်းကျင်ကျင် တတ် လာတော့ လစာလည်း ပိုပေးတဲ့ မင်္ဂလဆောင် ပွဲတွေလည်း ကျယ် ကျယ်ပြန့်ပြန့်ပြင်တဲ့ ဆိုင်ကို ပြောင်းလိုက်တယ်။ ပန်းထိုးသူ အနေနဲ့ ဆယ့်သုံး လေးနှစ် လုပ်ခဲ့ပြီးမှ အဲဒီဆိုင်ကို ရောက်ခဲ့တာပါ။ အဲဒီတော့မှ မင်္ဂလာဆောင် ဆိုတာ ဒီလိုပြင်ရတာ ပါလားဆိုတာ ကိုယ်က သိခဲ့ရတာ။ မာမီ ပထမ အချိန်တွေမှာ ပြင်ခဲ့တဲ့ မင်္ဂလာပွဲတွေ ပြန်ကြည့် ရင် အခုဆိုရင် လိုအပ်ချက်တွေ ပြန်မြင်ရတယ်။ မာမီက ကိုယ့်အလုပ်တွေ အားလုံးကို Record ယူထားတယ်။ ဒါမှ ပြန်ကြည့်ပြီး ပြန် သုံးသပ်နိုင် မှာ။ လိုအပ်တာတွေကို ပြန်ပြီးပြင် လို့ရတယ်။ ကိုယ် တက်လာ တဲ့ ခြေလှမ်း တိုင်းကို Record ယူထားဖို့ မာမီ့တပည့်တွေကိုလည်း သင်ပေး ထားတယ်။ စာအုပ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှု တွေကတော့ အများကြီး ကြုံရတာပဲ။ မာမီဆို နိုင်ငံခြားမှာ အလုပ် လုပ်ရတော့ ကိုယ့်နိုင်ငံမှာ နေ၊ ကိုယ့်မိဘရင်ခွင် ကနေပဲ အလုပ်လုပ်နေတဲ့ သူတွေနဲ့ ယှဉ်ရင် မာမီတို့က ပိုပြီး နက်နဲတယ်။ မာမီတို့ဆို လကုန်ခါနီး လက်ထဲ လစာ လည်း ကုန်ခါနီး ဆိုရင် ညစာကို ပေါင်မုန့်နှစ်ချပ် ပဲစား ပြီး ချွေတာရတဲ့နေ့တွေလည်း ရှိတယ်။ ခေါက်ဆွဲပြုတ်ထုပ် ကို မနက် တစ်ဝက်၊ ညတစ်ဝက်ခွဲ ပြီး ပြုတ်သောက်ပြီး နေခဲ့ရတဲ့ ရက်တွေလည်း ရှိတယ်။ မာမီကတော့ ပညာကိုပဲ ဦးစားပေးပြီး လေ့လာတယ်။ ကြိုးစားခဲ့ပါတယ်။ အဲဒီလို စိန်ခေါ်မှုတွေ ကြားမှာမှ မာမီကျော် ကတော့ အများထက် ကံကောင်း ခဲ့ပါတယ်။ အဲဒါက တော့ ကိုယ့်နိုင်ငံ ကို ပြန်လာချိန်မှာ ပိုက်ဆံတွေ လည်း စုလာနိုင်တယ်။ ပညာတွေ လည်း အများ ကြီး ယူလာနိုင်ခဲ့တယ်။ အဲဒီအတွက်လည်း မာမီက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရပါတယ်။ မာမီ အခုလို ကိုယ့်ဘဝ အကြောင်းကို ပြန်ပြော နေတာလည်း ကြွားနေတာ မဟုတ် ပါဘူး။ နောက် ကလေးတွေ ပညာရဖို့ပါ။ မာမီကြုံရတဲ့ အခက်အခဲတွေ ကို မာမီ ဘယ်လိုကျော်ဖြတ် လာလဲ ဆိုတာကို သိစေချင်တယ်။ ဒါကြောင့် မာမီက ကြုံတိုင်းပြောပြတယ်။ မာမီတို့က ကိုယ့်မိဘ အိမ်မှာ ကိုယ်နေပြီး အလုပ်လုပ်ရတာ မဟုတ်ဘူး။ နိုင်ငံခြား တိုင်းပြည်မှာ အခန်းငှားဖို့၊ စားဖို့၊ ကားခ၊ ဒါတွေ အားလုံး စဉ်းစားပြီး နေခဲ့ ရတာ။ ချွေတာရတယ်၊ စုရတယ်၊ ရသမျှပညာ ကို လွယ်လွယ် သဘောမထားပါနဲ့။ မာမီဆီ လာတဲ့ တချို့ကလေးတွေက ပညာကို လွယ် လွယ်ရလို့လား မသိ၊ လွယ်လွယ် သဘောထား ကြတယ်။ အဲဒီကလေးတွေ ကိုလည်း မာမီပြော ပါတယ်။ ပန်းထိုးတဲ့ ပညာဆိုတာ ကိုယ့်ဘဝမှာ ထမင်း ရှာစားဖို့ အတွက်တော့ ထောက်ပံ့ပေးနိုင် ပါတယ်။ နိုင်ငံခြားက လူငယ်တွေ အလုပ်အပေါ် တန်ဖိုးထားမှုနဲ့ မြန်မာပြည်က လူငယ်တွေ အလုပ်ပေါ် တန်ဖိုးထားမှုက အရမ်း ကွာပါတယ်။ မြန်မာပြည်က လူငယ်တွေ အများကြီးလိုက်ရပါ ဦးမယ်။ မာမီတို့ဆီက လူငယ်တွေမှာ ဘိလိ ယက်ခုံမှာ၊ ဘီယာဆိုင်မှာ၊ လက်ဖက်ရည်ဆိုင် မှာတွေ ရှိနေသေး တယ်။ ဟိုမှာက လူငယ်တွေ ကို အဲဒီလို လူစုလူဝေး နဲ့ တွေ့ရဖို့ဆိုက အရမ်း ခက်ခဲပါတယ်။ မာမီကျော်ဆီက လူငယ်တွေ ပြုပြင်ပြောင်းလဲဖို့ အများကြီး လိုနေသေးတယ်။ ဟိုမှာက အလုပ်လုပ်ဖို့ အသက်ပြည့်ပြီ၊ ၁၈ နှစ်ကျော်ပြီဆိုတာနဲ့ part time တွေ ဝင်လုပ် ကြတယ်။ ဘယ်အလုပ် ဆိုတာ မရွေးဘူး။ အကုန် လုပ်တယ်။ ပန်းကန်ဆေးတယ်။ ကြမ်း တိုက်တယ်။ store လေးတွေမှာ ဝင်လုပ်ကြ တယ်။ မရှက်မကြောက် လုပ်ကြတယ်။ သူတို့ လူငယ်တွေ ရဲ့ အချိန်ကို တန်ဖိုး ထားမှု နဲ့ ဒီက လူငယ်တွေရဲ့ အချိန်ကို တန်ဖိုးထားမှုကတော့ ကွာတယ်။ ပန်းအလှပညာရှင် တစ်ယောက် လုပ်မယ်ဆိုရင်လည်း ပညာကို အဆက်မပြတ် အချိန် တိုင်း လေ့လာနေ ရတယ်။ အရည်အချင်း ပြည့်ဝသွားပြီ သင်ယူစရာ ကုန်သွားပြီဆိုတဲ့ ပန်း အလှပညာရှင် မရှိပါဘူး။ မာမီရဲ့ ဆရာ့ ဆရာတွေလည်း အခုထိ သင်ယူနေ တုန်းပဲ။ မာမီလည်း အခုထိသင်နေတုန်းပဲ။ Internet မှာ စာအုပ်တွေမှာ အမြဲတမ်း လေ့လာသင်ယူ နေတုန်းပါ။ စဉ်ဆက်မပြတ် သင်ယူလေ့လာ ခြင်း နဲ့ စဉ်ဆက်မပြတ် တီထွင် ကြံဆခြင်းတွေက ပန်းပညာရှင် တစ်ယောက်မှာ ရှိရမယ့် အရည် အချင်းတွေပါပဲ။ တချို့က အထင်မှားတာ ရှိတယ်။ အဲဒါက သူများ လုပ်လို့ သူလည်း လုပ်နိုင် တယ် ဆိုပြီး လိုက်လုပ်တာပေါ့။ ငါလည်း လုပ်တတ် တယ်ဆိုတာပေါ့။ ဒါဆို သူများ မလုပ်ခင် ကတည်းက ကိုယ်က တီထွင် ဆန်းသစ်ပါလား။ ဘာလို့ သူများ လုပ်ပြီးမှ လိုက် လုပ်လဲ။ သူက ဒုတိယမှ လိုက်လုပ်လို့ ဒုတိယလူပဲ ဖြစ်သွားပြီ။ သူများ မလုပ်ခင် ကိုယ်က တီထွင်လုပ်မှ trendsetter ဖြစ်မှာ။ မဟုတ်ရင် copier ပဲ ဖြစ်မှာ။ မာမီဆို မာမီ လုပ်ခဲ့တဲ့ design တွေကို ကောင်းကောင်းမွန်မွန် copy လုပ်ရင်တော့ ကိုယ့်သားသမီး အမြွှာလေးလို ခံစားရတာပေါ့။ အခုဟာက မာမီရဲ့ design တွေကို ဖျက်ဆီး ပစ်လိုက်သလိုပဲ။ မာမီက ပန်းပြင်ရင် ပန်းချီ ကားတစ်ချပ်လို သေချာ စိတ်နှစ်ပြီး အနုစိတ် သေချာ စဉ်းစားပြီး ပြင်တာပါ။ ဒီလို design ကို သူတို့က အပေါ်ယံ ပဲကြည့်ပြီး ယေဘုယျ သဘောနဲ့ ပြင်လိုက်ကြတယ်။ ဒါမျိုးကို တွေ့ရ ရင်တော့ ကိုယ့်သားသမီး တစ်ယောက်ကို ပန်းကောင်း အညွန့်ချိုးလိုက်သလို ခံစားရတယ်။ ရင်ထဲ မကောင်းဘူး။ ရင်ထဲ မကောင်းလည်း မာမီ ဘာမှ လုပ်လို့မရဘူး။ မာမီ တို့နိုင်ငံမှာက copy rights နဲ့ ပတ်သက်ပြီး တင်းတင်းကျပ် ကျပ် မလုပ်နိုင်ဘူးလေ။ ဒီတော့ ထိုင်ကြည့်နေရုံ ပဲ တတ်နိုင်တယ်။ နောက်ပြီး မာမီ design ကိုလည်း ယူသေးတယ်။ သူတို့လုပ်စားရင် မာမီကျော်က ကုသိုလ် ရပါတယ်တဲ့။ သူတို့ပြော သလိုပဲ ကိုယ်လည်း ခံယူလိုက်ပါတော့တယ်။ copy လုပ်တာကို မာမီတို့က ဘယ်လိုမှ ကာ ကွယ်လို့မရပါဘူး။ ဒီတော့ ကိုယ့်ရင်ထဲ အသိဝင် လာတာတော့ သူတို့က ကိုယ် လုပ်တာ လိုက်လုပ် တယ်ဆိုရင် ကိုယ်က အရှေ့ကနေ မြန်မြန်ပြေး ရမယ်။ သူတို့ မလိုက်နိုင်အောင် ကိုယ်က ပြေး ရမှာပေါ့။ ဒါကြောင့် မာမီ design တွေ တစ်မျိုးပြီး တစ်မျိုး ထုတ်တယ်။ ပွဲတိုင်းမှာ မတူ တဲ့ design တွေ မတူတဲ့ လက်ရာတွေနဲ့ပဲ ဆန်းသစ်တယ်။ ပွဲတိုင်းမှာ မတူအောင် ပြောင်း လဲမှုတွေ နဲ့ပဲ ဆက်ထွင်နေပါတယ်။ မာမီရဲ့ idea တွေ design  တွေကို ဆန်းသစ်နေအောင် မာမီရဲ့ ဦးနှောက်ထဲမှာ အမြဲမွေးဖွားနေတာပါ။ ကိုယ်က ပြင်ပကနေ ဘာကို ပဲမြင်မြင် ပန်းနဲ့ ပတ်သက်ပြီး ဘာလုပ် လို့ရမလဲ။ ဒါပဲ အမြဲတွေး နေတာ။ ကိုယ်ထွင်ပြီး design တွေအချင်းချင်း Mix လုပ်ပြီး design အသစ်တွေ ထုတ်တယ်။ ကမ္ဘာ မှာ ဖြစ်ပျက်နေတဲ့ အရောင်တွေ၊ trend တွေ အမြဲလေ့လာတယ်။ ကမ္ဘာမှာ ဘာတွေ ရေပန်းစားနေလဲ အမြဲလေ့လာတယ်။ အဲဒါ တွေကို မြန်မာမှုပြု ရတယ်။ ဒါပေမဲ့ အခုခေတ် မှာ မာမီ့ ဆီလာတဲ့ သတို့သမီး၊ သတို့သားတွေ က အမြင်တွေ ကျယ်နေကြပါပြီ။ တချို့ဆို မာမီက design  တောင် ပြောစရာ မလိုပါဘူး။ သူတို့ဖြစ်ချင်တာ သူတို့ အိပ် မက်လေးတွေ မေးလိုက်ပြီး ကိုယ်က ဖြည့်ဆည်း ပေးလိုက်ရုံပဲ။ သတို့သမီးတိုင်း သတို့သားတိုင်း မှာ ကိုယ့်မင်္ဂလာ ဆောင်မှာ ဘယ်လိုလေး လုပ်ချင်ပါတယ် ဆိုတဲ့ အိပ်မက်တွေ ရှိကြပါတယ်။ သူတို့ အိပ်မက် အတိုင်း ကိုယ်က ဖြည့်ဆည်းပေးရင်း ပိုကောင်း အောင် ပိုလှအောင် ဖန်တီးပေး ရတာပေါ့။ မာမီကျော် ကတော့ ပန်းတွေ အရမ်း ချစ်တယ်။ ဒါပေမဲ့ ပန်းစိုက်တာ ဝါသနာ မပါဘူး။ မာမီ စိုက်ရင်လည်း အပင်က မရှင်ဘူး။ ဒါပေမဲ့ ပွင့်လာတဲ့ ပန်းလေးတွေ ကိုတော့ အရမ်းတန် ဖိုးထားတယ်။ ပန်းတိုင်း တန်ဖိုးထားတယ်။ တစ်ခါတလေ ရှမ်းပြည်တို့၊ သီပေါတို့ သွားရင် လွင်ပြင်တွေမှာ ပေါက်နေတဲ့ သဘာဝပန်းလေး တွေကြည့်ရင်း၊ တောတောင်ထဲ က ပန်းနွယ်တွေ ကြည့်ရင်း ကိုယ် ဘယ်လိုပန်းထိုးရမလဲဆိုတဲ့ idea ရတယ်။ မာမီက ပန်းထိုးရင် အမြဲ သတိ ထားတာက natural  ဖြစ်ရမယ်။ မာမီတို့ မင်္ဂလာ ပွဲပြင်တယ် ဆိုတာ သဘာဝ ပေါက်နေတဲ့ ပန်းတွေကို မင်္ဂလာခန်းမကြီးထဲ ခေါ်ဆောင် ပေးရတာပဲ။ သဘာဝမှာ သူတို့ ဘယ်လိုပေါက် တတ်လဲ။ အနွယ်လေး ဘယ်လို  ကျနေ တတ်လဲ၊ ဒါတွေကို သိထားမှဖြစ်မယ်။ ဒါတွေကို မာမီ အမြဲလေ့လာပြီး Natural Way အတိုင်းပဲ ထိုးပေးပါတယ်။

Both comments and pings are currently closed.