Strategic Notes

တိုးတက်ပြောင်းလဲ လာတဲ့ လူမှုယဉ်ကျေးမှု မှာ ပန်းစည်း လက်ဆောင်ပေးခြင်း၊ ပန်းခြင်း ပို့ ခြင်းနဲ့ ကိုယ့်ပတ်ဝန်းကျင် မှာ ပန်းအလှဆင်တာ မျိုးတွေ အရေးပါ လာကြပါတယ်။ တစ်ဦးနဲ့တစ် ဦး ပျော်ရွှင်မှုကို မျှဝေချင်တဲ့အခါ၊ အောင်မြင်မှု တွေကို ဖော်ပြချင်တဲ့ အခါ ဝမ်းနည်းကြောင်း သိစေလိုတဲ့ အခါ ပန်းတွေနဲ့ တစ်ဆင့် ဖော်ပြ ကြ ပါတယ်။ ဒီလိုအချိန်အခါ မှာ မင်္ဂလာအခမ်း အနားအစရှိတဲ့ အခြားသောပွဲက အခမ်းအနား တွေမှာလည်း ခန်းလုံးပြည့်ပန်းတွေနဲ့ အလှဆင် ခြင်းတွေ က ရေပန်းစား လာပါတယ်။ ဒါကြောင့် ဒီလရဲ့ Strategic Notes မှာ  တင်ပြလိုက်ပါတယ်။

ကိုထွန်းထွန်း
(Eden Florist)

ဒီပန်းအလှပြင် အလုပ်ကို စလုပ်ခဲ့တာ ၁၉၉၉ ကတည်း ကဆိုတော့ အခုဆိုရင် ၁၇ နှစ်လောက် ရှိပြီ။ အဲဒီရှေ့ မှာတော့ ကျွန်တော် က စင်ကာပူနိုင်ငံ က Astoria Florist  မှာ သုံးနှစ်လောက် လုပ်ခဲ့တယ်။ အမှန်တော့ စင်ကာပူကို ကျွန်တော် ထွက်သွားတုန်းကတော့ ဒီလို Florist လုပ်ဖို့ မဟုတ်ခဲ့ဘူး။ ကျွန်တော်ရဲ့ နဂို အလုပ် Machine tool နဲ့ဆိုင်တဲ့အပိုင်းပါ။ စင်ကာပူကို ရောက်သွားတော့ အကြောင်းအမျိုး မျိုးနဲ့ Machine tool ပိုင်းမှာ အလုပ်မလုပ်ဖြစ် ဘဲ ပန်းအလှပြင် အလုပ်ကို ဝင်လုပ်ခဲ့ရတယ်။ စလုပ်တုန်း ကတော့ ပန်းဆိုင်မှာ အလုပ်လုပ်ရလို့ ပန်းအလှပြင်တာတွေ လုပ်ခဲ့ရုံပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင် မှာ တခြားသူတွေနဲ့ တန်းတူ ဖြစ်ဖို့ ကြိုးစားရတယ်။ အဲဒီလို ကြိုးစားလုပ်ကိုင် ရင်း ဒီအလုပ်ပေါ် စိတ်ဝင်စားပြီး ဝါသနာပါလာ ခဲ့တယ်။ ကျွန်တော့်ကို ပန်းအလှပြင်ပညာ သင်ပေးခဲ့တာ စင်ကာပူက ကျွန်တော့်ဆရာ ၉ ယောက်ပါ။ မြန်မာပြည်မှာတော့ သင်ဆရာတွေ ထက် မြင်ဆရာတွေပဲ ရှိပါတယ်။ ဆရာ ၉ ယောက်လုံး က နိုင်ငံစုံက နိုင်ငံခြားသားတွေပါပဲ။ နောက် ကျွန်တော့်ကို ဒီအလုပ်ထဲ စပြီး သွင်းပေး ခဲ့တဲ့ ကျွန်တော့်ရဲ့အစ်ကို လည်းဖြစ်တဲ့ ဆရာ လည်းဖြစ်တဲ့ Philip မိုးပေါ့။ မြန်မာပြည်မှာ ဆိုင်စပြီး ဖွင့်ဖြစ်ခဲ့တာတော့ အရင်ကတော့ ကျွန်တော် က ဒီမှာ ဆိုင်ဖွင့်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ ဘူး။ နိုင်ငံခြားမှာပဲ ပြန်အလုပ် လုပ်ဖို့ပါ။ ဒီကို ခဏပဲပြန်လာပြီး တခြားနိုင်ငံ တစ်ခုကို ပြန်ထွက် ဖို့ လုပ်ခဲ့တာ။ ဒါပေမဲ့ စင်ကာပူနိုင်ငံ ကလုပ်ငန်း ရှင်တစ်ယောက်က ရောက်လာပြီး သူ နဲ့တွဲပြီး မြန်မာပြည်မှာ အလုပ်တွေ လုပ်ဖို့အကြောင်း ကိစ္စတွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ အလုပ်တွေ လုပ်ဖြစ်သွားပြီး မြန်မာပြည်မှာ စီးပွားရေး အပြောင်းအလဲတွေ ဖြစ်ပြီး စင်ကာပူနိုင်ငံသား လုပ်ငန်းရှင်က ဒီကအလုပ်တွေကို ရပ်ပြီး ပြန် သွားတယ်။ ဒီတော့ ကျွန်တော် က လုပ်လက်စ နဲ့ဆိုတော့ ဆက်ပြီးလုပ်ဖြစ်သွားရင်း ဒီနေ့အထိ လုပ်ဖြစ်နေခဲ့တာပါ။ ကျွန်တော့်ရဲ့ ဒီအလုပ်က မိရိုးဖလာလည်း မဟုတ်ဘူး။ အစိမ်းသက်သက် နဲ့ ဒီအလုပ်တွေ စလုပ်ခဲ့တော့ အခက်အခဲတွေ လည်း အများကြီး ကြုံခဲ့ရတယ်။ ကြိုးလည်း ကြိုးစားခဲ့ရတယ်။ ကျွန်တော်တို့ ဒီအလုပ် စလုပ် ချိန် ၉၉ – ၂ဝဝဝ လောက်မှာက ကိုယ့်ပြည် တွင်း ပန်းတွေပဲ အဓိကထားသုံးခဲ့ရတယ်။ နောက်နှစ်နှစ် သုံးနှစ်လောက် ကြာမှ နိုင်ငံခြား ပန်းတွေစပြီး သွင်းကြတာ။ အခုလို ပန်းဒိုင်တွေ တော့ မဟုတ်ဘူး။ ပန်းတွေကို သယ်လာရုံပဲ သယ်လာကြတာ။ ပန်းအရမ်းရှားတယ်။ ကာနေရှင်းပန်းလောက်ကိုပဲ ပန်းအကောင်းလုပ် ပြီး သုံးနေရတဲ့ အခြေအနေပေါ့။ အဲဒီတုန်း က ပြည်တွင်း ပန်းတွေဖြစ်တဲ့ ပိန်းပန်း၊ သစ္စာပန်း၊ ပြည်တွင်း သစ်ခွပန်းတွေကိုပဲ အများဆုံး သုံးခဲ့ရ တယ်။ အခုကတော့ ခေတ်တွေ၊ စနစ်တွေ ပြောင်း သွားတော့ Supplyer  တွေလည်း ရှိလာတယ်။ ပြီးတော့ နိုင်ငံခြားက လုပ်ငန်းရှင်တွေက ကျွန်တော့် တို့ကို ဆက်သွယ်ပြီး သူတို့ ကိုယ်တိုင် က ပန်းတွေ တင်သွင်းချင် ကြတယ်လို့ လာပြီး ကမ်းလှမ်းကြတယ်။ ဒီမှာတောင်လာပြီး စိုက်ပျိုး ချင်ကြတဲ့ အဆင့်ထိ စိတ်ဝင်စားလာကြတယ်။ အခုချိန်မှာတော့ ပြည်တွင်းပန်းတွေ အပြင် တရုတ်ပြည် ကူမင်က ဝင်တဲ့ပန်းတွေ၊ ယိုးဒယား၊ စင်ကာပူက ပန်းတွေ ရနိုင်ပြီ။ စင်ကာပူနဲ့ ယိုးဒယားက ပန်းတွေကတော့ အရည်အသွေး ကောင်းသလို ဈေးလည်း အတန် အသင့်ရှိတယ်။ တရုတ်ကဝင်တဲ့ ပန်းတွေကတော့ အရည် အသွေးကလည်း မဆိုးသလို ဈေးလေးကလည်း နည်းနည်း သက်သာတယ်။ အခု အများဆုံးသွင်း ကြတာတော့ တရုတ်ကပန်းတွေ လေယာဉ် နဲ့ သွင်းကြတယ်။ ကားနဲ့လည်း သွင်းပါတယ်။ အများအားဖြင့်တော့ Lily ၊ ကျားပါးစပ်၊ ခြောက်လပန်း၊ ဒေစီ၊ ကာနေရှင်း၊ ပိန်းပန်းအကြီး ကြီးနဲ့ တချို့သစ်ခွတွေကို အများ ဆုံးသွင်းကြ တယ်။ ကျွန်တော်တို့ ပြည်တွင်း ကတော့ အဓိက သုံးတာတော့ နှင်းဆီပန်းပေါ့။ နောက် ပြင်ဦး လွင်ကထွက် တဲ့ ဂေါ်ဖီပန်းလို့ခေါ်တဲ့ ပန်းသေး လေးတွေ ရှိတယ်။ အဲဒီလို ပန်းမျိုးဆို ခြံပြတ်ဝယ် ထားပြီး သုံးရတယ်။ ကျွန်တော် ကတော့ ကိုယ့် ပြည်တွင်းက ထွက်သမျှပန်း အကုန် သုံးတာပဲ။ အခုဆိုရင် ပိတ်စွယ်လို့ခေါ်တဲ့ နတ်သမီးဖယောင်း တိုင်ပန်းတွေ ထွက်တယ်။ ပန်းဆိုပေမယ့် သူက အရိုးရှည်ရှည် နဲ့ Filler အနေနဲ့သုံးရင် အရမ်းလှ တယ်။ သူ့အရွက်တွေ ကလည်း ခပ်ရှည်ရှည်လေး တွေ။ ကျွန်တော်တို့က ပြည်တွင်းပန်း ဆိုရင် သုံးလို့ရသလောက် ထွက်သလောက် အကုန်သုံး ပါတယ်။ ကျွန်တော်ဆို တို့စားတဲ့ မာလာဖူးလေး တွေတောင် သုံးတယ်။ ပုဏ္ဏရိပ် ပန်းပင်က အသီး လေးတွေလည်း သုံးတယ်။ အရွက် ဆိုရင်လည်း မြက်တောင်သုံးတယ်။ နိုင်ငံခြားပန်း မှ လှတယ်၊ အားကိုးတယ် မဟုတ်ပါဘူး။ ကိုယ် ဖန်တီးနိုင်ရင် ဖန်တီးနိုင်သလို လှသွားတဲ့ အတွက် ပန်းဆိုရင် အကုန်သုံးပါတယ်။ ပန်းအလှပြင် ပညာဆိုတာ လည်း အချိန်တွေပြောင်းလာတာ နဲ့အမျှ စနစ် တွေက အမြဲပြောင်းနေတာပါ။ ကျွန်တော့်ကို ဒီပညာရပ်ပိုင်း မှာ အမြဲ Update ဖြစ်အောင် သင်ပေးနေတာက ကျွန်တော့်ရဲ့ အစ်ကိုဆရာ Philip မိုးပါပဲ။ သူက အခုလည်း UK မှာ Floralist လုပ်နေတာပါ။ သူက စာအုပ်တွေ အမြဲပို့ပေးတယ်။ နှုတ်ကနေလည်း အမြဲ သင်ပေးတယ်။ နောက်ပြီး ကျွန်တော်က တစ်နှစ်ကို အနည်းဆုံး နှစ်ခါလောက်တော့ မြန်မာနိုင်ငံပြင်ပ ကို အမြဲ သွားနေရတယ်။ ကျွန်တော်က မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းရဲ့ CEO လည်းဖြစ်တော့ အသင်းကိစ္စ နဲ့ ပတ်သက်ပြီးတော့လည်း သွားနေရတယ်။ ဘယ်နိုင်ငံရောက်ရောက် သူတို့နိုင်ငံမှာ ဘာ တွေ လုပ်နေတယ်။ ဘာတွေ ကတော့ ရေပန်း စား နေတယ် ဆိုတာတွေ အမြဲလေ့လာခွင့် ရတယ်။ နည်းပညာတွေ၊ နောက်ဆုံးပေါ် အရာတွေ လေ့လာခွင့်ရတယ်။ ပန်းစိုက်တာကနေ Arrangement လုပ်သည် အထိ ပြည့်ပြည့်စုံစုံ လေ့လာခွင့် ရတယ်။ ပန်းတွေကို ကြာရှည်ခံ အောင် ထိန်းသိမ်းနည်းတွေ၊  Setting တွေ၊ Material တွေ ဘာတွေသုံးလဲ၊ Design တွေက ဘယ်လိုလဲ ဆိုတာ အားလုံးလေ့လာခွင့် ရတယ်။ ပန်းထိုးတယ် ဆိုတာ ပန်းထိုးတဲ့ အတတ်ပညာပဲ မဟုတ်ဘူး။ Design ပညာရယ်၊ Color Combination ရယ်၊ ဖန်တီး တည်ဆောက်တဲ့ ပညာရယ်၊ Drawing ပညာရယ် ဒါတွေအားလုံး တတ်ရတယ်။ ကျွန်တော်တို့ မြန်မာတွေက တီထွင်ဖန်တီးတဲ့ ဥာဏ်အားမှာ နိုင်ငံတကာကို ယှဉ်နိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာမှာ ပြပွဲတွေ သွားပြရင် သူများနိုင်ငံတွေက Machine  တွေ ဘာတွေနဲ့ တည်ဆောက်နေချိန် မှာ ကျွန်တော်တို့က ဝါယာကြိုးလေး နဲ့ တုတ် နှောင်ပြီး တည်ဆောက် ကြရတယ်။ သစ်ချောင်း တွေ ဘာတွေကို ပူးသွားအောင် ဘာစက်မှ မပါဘဲ လုပ်နိုင်တယ်။ နိုင်ငံတကာပြပွဲတွေ မှာ ဆို မြန်မာရဲ့ပြခန်း Making ကို သူတို့တွေ လာကြည့်ကြတဲ့ အထိ ဖြစ်ပါတယ်။ သူတို့က ပြခန်းကို နှစ်ရက် သုံးရက် ကြိုလာပြီး ပြင်ကြ တယ်။ ကျွန်တော် တို့မြန်မာတွေက မနက် ၉ နာရီ လောက် ကစရင် ညနေ ၃ နာရီမှာ အပြီး ပဲ။ ရှိတဲ့ပစ္စည်း နဲ့လှအောင်၊ အကုန်အကျသက် သာပြီး နိုင်ငံတကာ အဆင့်မီအောင် ပြင်ဆင်နိုင် လို့ သူတို့ လာကြည့်ရတဲ့အထိပါ။ ချီးကျူးတာ အရမ်းခံရတယ်။ ကျွန်တော် တို့မှာက Supporting အားနည်းနေလို့ပါ။ အခုခေတ်မှာ က မင်္ဂလာဆောင် အခမ်းအနားတွေ မှာ Flower Decoration က အဓိကကျတယ် ဆိုတာ ပွဲရှင် တွေက လက်ခံကြတဲ့ခေတ်ပေါ့။ ကိုယ့်ရဲ့ပွဲ ထည်ထည်ဝါဝါ ဖြစ်ချင်ရင်  Flower Decoration ကို ကောင်းကောင်း လုပ်မှ။ အခု ကျွန်တော့်ဆီကို ရောက်လာတဲ့ Customer တော်တော်များများ က ကိုထွန်းထွန်း ကြိုက်သလို လှအောင်လေး ပြင်ပေး ပါပဲ ပြောအပ် ကြတာ များတယ်။ ကျွန်တော်ကတော့ နေရာပေါ် မူတည် ပြီး အဆင်ပြေဆုံးနဲ့ အလှဆုံးဖြစ်အောင် ဖန်တီး ပေးပါတယ်။ သုံးနိုင်တဲ့ ငွေကြေး ပမာဏပေါ် မူတည်ပြီး ပန်းကတော့ ကွာတာပေါ့။ အခု နောက်ပိုင်းမှာ ဆို ဖော့ပြားတွေကို သုံးပြီး Setting တွေ လုပ်တယ်။ အခုမှာ Photo Setting တွေပါ လုပ်ကြတယ်။ အခုနောက်ဆုံး ကျွန်တော် လုပ်ခဲ့တာဆို 36′ ပေကျယ်တဲ့ Photo booths ကို လုပ်ခဲ့ဖူးတယ်။ အခုတွေ့ နေရတာတော့ ပန်းတွေပြွတ်သိပ် ခဲနေအောင် ထုနဲ့ထည်နဲ့ လုပ်လာကြတာ များတယ်။ အဲဒီလို တွေလုပ်ရင် ကျွန်တော်တို့ ကြုံရတဲ့ အခက်အခဲ ကတော့ မင်္ဂလာပွဲ မတိုင်မီ ရက်အနည်းငယ် လောက်တည်းက ပစ္စည်းတွေ၊ လူအင်အား အားလုံး အဆင်ပြေအောင် ကြိုတင် စီစဉ်ထားရ တယ်။ Hotel တွေမှာလုပ်တဲ့ ပွဲတွေဆိုတာ သူ့ရဲ့ အချိန်ပိုင်းတွေ အလိုက်ရှိတော့ တစ်ပွဲနဲ့ တစ်ပွဲ အဝင်အထွက်တွေ ရှိတယ်။ ပွဲချိန်တွေ ထပ်နေရင် ကျွန်တော်တို့ဘက်က သိပ်အဆင် မပြေဘူး။ ကျွန်တော့်ဆီက Setting  တွေက တော့ ဖြုတ်တပ်လို့ ရတဲ့ Setting တွေ လုပ်ထား တယ်။ တခြား အခက်အခဲတွေ ကတော့ ကျွန်တော်မှာတဲ့ ပန်းက Code No နဲ့ မှာပေမဲ့ ပို့လိုက်တဲ့ အခါ ကိုယ်မှာသလို အရောင်မဟုတ် တာတို့ ဘာတို့ပေါ့။ နောက်ပြီး မြန်မာတွေ အများ စုက မေလလို နွေရာသီမှာ မင်္ဂလာပွဲလုပ်လေ့ ရှိတယ်။ အဲဒီအချိန်မှာ ဆို ပန်းတွေနွမ်းကုန်တာ မျိုး ဖြစ်တတ်တော့ ပန်းကို အပိုတွေပြင်ဆင် ထားရတာမျိုးတွေ ရှိတယ်။ နောက် အခုခေတ် မှာ မင်္ဂလာပွဲတွေ အပြင်  Valentine’s Day, Mothers’ Day, Fathers’ Day, Teachers’ Day တွေမှာလည်း ပန်းစည်းတွေပေးတဲ့ ဓလေ့ တွေရှိလာတယ်။ ကလေးမွေးရင်လည်း ပန်းစည်းလေး လက်ဆောင်ပေးကြတယ်။ နာရေး ကျတော့လည်း ဝမ်းနည်းခြင်း ကိုပြတဲ့ ပန်းခြင်းလေးတွေ ပို့ကြတယ်။ ဒီတော့ ပန်းတွေ က မွေးဖွားခြင်း ကနေ သေဆုံးသည် အထိ ပန်းယဉ်ကျေးမှုက မလွတ်ကင်းကြဘူး။ ကျွန်တော်က သင်တန်းလည်းပေးတော့ ကျွန်တော့်မှာ သင်တန်းသားတွေ လည်း ရှိတယ်။ ကလေးတွေမှာ ပန်းအလှပြင်လုပ်ငန်းကို စီးပွားရေးတစ်ခု အနေနဲ့ လုပ်ဖို့နဲ့၊ အသက်မွေး ဝမ်းကြောင်းပညာအနေနဲ့ လုပ်ဖို့ နိုင်ငံခြား သွား ရင် အဆင်ပြေတယ် ဆိုပြီး လာကြတယ်။ ကျွန်တော်က ဘယ်သူ့ကိုမဆို ဒီအလုပ်ကိုလုပ် ရင် အမှန်တကယ် စိတ်ဝင်စားရဲ့လား၊ နောက်ပြီး ဝါသနာလေး ပါရင် ပိုကောင်းတာပေါ့။ ဝါသနာ မပါရင်တော့ စိတ်ဝင်စားမှု ရှိမှလေ။ မဟုတ်ရင် တော့ ဒီအလုပ်ကို မရွေးချယ်တာ အကောင်း ဆုံးပဲ။ တချို့ကျတော့ ပိုက်ဆံ ရှိလို့ စီးပွားရေး လုပ် ချင်လို့ ရွေးကြတယ်။ ဒီလုပ်ငန်းက စီးပွားရေး တစ်ခုပဲ မြင်လို့ မရဘူး။ ဒါရဲ့နောက်ကွယ်မှာ ဖိအားတွေ အများကြီးပဲ။ ကျွန်တော့်ရဲ့လုပ်ငန်း အတွေ့အကြုံ အရတော့ ဒီပညာကို ကိုယ်ကိုယ် တိုင် တတ်မြောက် ကျွမ်းကျင်ရမယ်။ လုပ်ငန်းနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်ရမယ်။ လုံလောက်တဲ့ ငွေကြေး အရင်းအနှီးကလည်း ရှိရမယ်။ ဒီအလုပ်က ကာယရော ဥာဏရော သုံးရတယ်။ မြန်မာဓလေ့တွေ၊ အယူအဆတွေ အားလုံး သိထားရမယ်။ ပန်းတွေမှာ သုံးသင့်၊ မသုံးသင့်တဲ့ ပန်းတွေ မြန်မာ အယူအဆ မှာ ရှိတယ်။ ရိုးရာ အစဉ်အလာတွေကို သိထားရ မယ်။ ဘိသိက်ပွဲမှာ ဘယ်လို၊ အုန်းပွဲငှက်ပျော ပွဲထိုးတာတောင် ကျွမ်းကျွမ်းကျင်ကျင် ရှိရမယ်။ အခုက ပန်းအလှပြင်တယ် ဆိုတာ Opening ပွဲတွေ၊ ဘာသာရေးပွဲတွေ၊ တရားပွဲ၊ စာပေဟော ပြောပွဲတွေ အထိ လာကြမှာ။ ဒါတွေ အားလုံးကို သင့်တင့်လျောက်ပတ် တဲ့ Service ပေးဖို့က ကိုယ်က အားလုံးကို ဗဟုသုတအနေနဲ့ သိထား ရမယ်။ ဒါကြောင့် ပန်းအလှပြင်တာ နဲ့ ပတ် သက်ပြီး အသက်မွေး ဝမ်းကျောင်းချင်ရင် ဖိအားတွေ ကို ခံနိုင်ရမယ်။ လုပ်မယ်ဆိုပြီး ရွေးပြီးရင်တော့ မရောက်ရောက်အောင် သွား ရမယ်။ မလုပ်နိုင်တော့ဘူး ဆိုပြီး နောက်ပြန် မဆုတ်ပါနဲ့။ ကိုယ့်ရည်ရွယ်ချက် ကို ပြီးမြောက် အောင် လုပ်ပါ။

Both comments and pings are currently closed.