ဖရုံစေ့ စားရင်း ရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများ

အစေ့အဆံတွေ စားရင် လူ့ခန္ဓာကိုယ် အတွက် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရနိုင်တာကို ကျန်းမာရေး လိုက်စားတဲ့  လူတိုင်းလိုလို သိကြ ပါတယ်။ ဖရုံစေ့လှော်က ကြွ ပ်ရွကာဆိမ့်တဲ အရသာရှိပြီး စားပြီးရင်း စားချင်တဲ့ စိတ်ကို ဖြစ် ပေါ်စေနိုင်တဲ့ အစေ့အဆန် တစ်မျိုးပါ။ ဖရုံ စေ့မှာ ကယ်လိုရီ ၊ကစီဓာတ်၊ ပရိုတိန်း ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဇင့်ဓာတ်၊ ဆဲလီနီ ယမ်ဓာတ်ပို တက်ဆီယမ်၊  ကယ်လ်စီ ယမ် ဓာတ်နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။ ဖရုံစေ့ လှော်စားရင် ရနိုင်မယ့် ကျန်းမာရေး အကျိုး ကျေးဇူးတွေကို စုစည်းရေးသားလိုက်ရပါ တယ်။

၁။နှလုံးသွေးကြောကျဉ်းရောဂါမှ ကာကွယ်ပေး ခြင်း

ဖရုံစေ့မှာ မဂ္ဂနီဆီယမ်ဓာတ် ပါဝင်တာမို့ ပင်ပန်းနွမ်းနယ်မှုတွေ ကို ပြေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဖရုံစေ့ လက်ဖက်ရည် ဇွန်းနှစ်ဇွန်းမှာ မဂ္ဂနီဆီယမ် ၇၄ မီလီဂရမ် ပါဝင် ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ မဂ္ဂနီဆီယမ် ဓာတ်ချို့ တဲ့မှုဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချို ရောဂါ ၊အရိုးပွ ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် မဂ္ဂနီ ဆီယမ်က ခန္ဓာကိုယ်တွင်း ဓာတ် ပြုမှုများစွာမှာ ပါဝင်နေပါတယ်။ အာရုံကြော တွေကနေ ကြွက်သားတွေ ဆီ သတင်းပို့ ဆက် သွယ်မှု စနစ်တွေမှာလည်း မဂ္ဂနီဆီယမ် က ပါဝင် ပါတယ်။ ဖရုံစေ့ကို ပုံမှန်စားသုံးရင် နှလုံးသွေး ကြောကျဉ်းရောဂါ ၊ရုတ်တရက်နှလုံး သွေးခုန် ခြင်းရပ်ကာ သေဆုံးခြင်း တို့မှ ကာကွယ် တားဆီး ပေးပါတယ်။

၂။ကိုယ်ခံအား ကောင်းစေခြင်း

ဖရုံစေ့က ဇင့်ဓာတ်ကြွယ်ဝတဲ့ သရေစာ တစ်မျိုးပါ။ ဖရုံစေ့ တစ်အောင်စမှာ ဇင့် ၂ မီလီဂရမ် ပါဝင်ပါတယ်။ ဇင့်ဓာတ်ဟာ ကျွန် တော်တို့ ခန္ဓာကိုယ် အတွက် များစွာ အသုံးဝင် ပါ တယ်။

ဇင့်ဓာတ်ဟာ  ကိုယ်ခံအားကို အားကောင်း စေခြင်း၊ ဆဲလ်တွေ တည်ဆောက်ခြင်း၊ အိပ်ပျော် စေခြင်း၊ အရေပြား နဲ့မျက်လုံး ကျန်းမာရေး၊ အင် ဆူလင် ထုတ်လုပ်မှုနဲ့ ကာမ ဆိုင်ရာစိတ်ဆန္ဒဖြစ် ပေါ်စေခြင်းတွေမှာ ပါဝင်လျက်ရှိပါတယ်။ လူ့ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့ရင် မကြာခဏ

အအေးမိ တုပ်ကွေး ဝေဒနာတွေဝင်နိုင်ခြင်း၊  မောပန်းနွမ်းနယ်နေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အရိုးပွခြင်း၊ မိခင်မှာ ဇင့်ဓာတ်ချို့တဲ့ ပါက ပေါင် ချိန်မပြည့်တဲ့ ကလေးမွေးခြင်း၊ ကလေးငယ်မှာ ဥာဏ်ရည် မမီခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဝက်ခြံ အထွက်များတဲ့ သူတွေဟာ ဇင့်ဓာတ် ကြွယ်ဝတဲ့ ဖရုံစေ့ကို နေ့စဉ် စားသုံးပါက ဝက်ခြံတွေ ကို လျော့နည်း သက်သာ စေပါတယ်။ အသားရေ စိုပြည် လှပဖို့ အတွက်လည်း ဖရုံစေ့မှာအစွမ်း အာနိသင် ရှိပါတယ်။ အရေပြားပေါ်က သေဆုံး သွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ် အသစ်တွေ နဲ့  ပုံမှန်ပြန်လည် အားဖြည့်ပေးဖို့ ဖရုံစေ့တွေ စားသုံးပေးခြင်းက အထောက်အကူ ဖြစ်စေနိုင် ပါတယ်။ ဖရုံစေ့ ပုံမှန်စားရင် သားအိမ်ရောဂါ တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။သွေးတွင်းမှ ခန္ဓာကိုယ်ကို အကျိုးမပြုတဲ့ အဆီတွေ လျော့ချပေးခြင်း

ဖရုံစေ့မှာပါတဲ့ အိုမီဂါ ၃ ၊ အိုမီဂါ ၆၊ ဓာတ်တိုး ဆန့်ကျင်ဒြပ်ပေါင်းနဲ့ အမျှင်ဓာတ် တွေကြောင့် အသည်းနဲ့ နှလုံးကို ကျန်းမာစေပါ တယ်။  အိုမီဂါ ၃ က ခန္ဓာကိုယ်ကို အကျိုး မပြုတဲ့ အဆီတွေ ကို လျော့ကျစေနိုင်ပါတယ်။ ခန္ဓာ ကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို လျော့ချ ပေးတာမို့ ဦးနှောက်သွေးကြော ပိတ်ခြင်း၊ သွေး ခဲခြင်း နဲ့နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ် များစွာကို  လျော့နည်းစေပါတယ်။

၎။ အမျိုးသားများလည်း မှီဝဲသင့်တဲ့ သရေစာ

အမျိုးသားတွေဟာ အသက်ရလာတာနဲ့ အမျှ ဆီးကျိတ်က ကြီးလာတတ်ပါတယ်။ ဖရုံစေ့ ပုံမှန်စားရင် ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေး ပါတယ်။

၅။ဆီးချိုရောဂါအတွက် သဘာဝဆေးတစ် လက်

ဖရုံစေ့မှာ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါ တယ်။ မဂ္ဂနီဆီယမ်ဓာတ် နည်းပါးရင် အင်ဆူ လင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး အင်ဆူလင်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေနိုင် ပါတယ်။ အင်ဆူလင် ဆိုတာက လူ့ခန္ဓာကိုယ်တွင်းက သကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း တစ်မျိုးပါ။ သွေးထဲမှာ သကြားဓာတ်တွေ များ လာတာကို ဆီးချိုရောဂါ လို့ ခေါ်ပါတယ် ။

၆။သွေးဆုံးခါနီး အမျိုးသမီးတွေ အတွက် သဘာဝကပေးတဲ့ ဓာတ်စာ

ဖရုံစေ့မှာ phytoestrogens  တွေ ပါဝင် တာမို့ ရာသီသွေး ဆုံးခါနီးမှာ ဖြစ်တတ် တဲ့  အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်း၊ စိတ်ခံစားချက် ရုတ်ချည်းပြောင်း လဲခြင်း၊ ခေါင်းကိုက် ခြင်းစတဲ့ သွေးဆုံးချိန် ကိုက်ခဲမှုဝေဒနာ သက် သာစေပါတယ် ။သံဓာတ် ပါဝင်မှုက အမျိုးသမီး တွေ အတွက် သွေးအား ကောင်းစေပြီး ရောင်ရမ်း မှုတွေကို လျော့ကျစေပါတယ်။ ဖရုံစေ့မှာ ပါဝင် တဲ့ မဂ္ဂနီဆီယမ် ဓာတ်က အရိုး သိပ်သည်းဆ ကောင်းစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

၇။သဘာဝ အိပ်ဆေး၊ စိတ်ငြိမ်ဆေး
ဖရုံစေ့မှာ အမိုင်နို အက်စစ်တစ် မျိုးဖြစ် တဲ့ Tryptophan (ထရစ်ပတိုဖန်) ပါဝင်မှု မြင့်မား ပါတယ်။ Tryptophan(ထရစ်ပတိုဖန်) ကို ခန္ဓာကိုယ် ကနေ Serotonin အဖြစ် ပြောင်းလဲစေနိုင်ပါတယ်။ Serotonin ကနေ  melatonin  (အိပ်ပျော်စေတဲ့ဟော်မုန်း ) အဖြစ် ပြောင်း ပေးပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။ နာတာရှည် အိပ်မပျော်ရောဂါ စွဲကပ်နေတဲ့ လူတွေအနေနဲ့ ညအိပ်ရာ မဝင်ခင်မှာ ဖရုံစေ့ မှာပါဝင်တဲ့ Tryptophan နဲ့ ကဆီဓာတ်ပါတဲ့ အစားအစာ တစ်ခုခု တွဲပြီး စားသုံး ရင် နှစ်ခြိုက် စွာ အိပ်ပျော်စေနိုင်ပါတယ်။ ဒါ့အပြင် ဖရုံစေ့ မှာပါတဲ့ Glutamate ဆိုတဲ့ အမိုင်နို အက်စစ်က Glutamate ကို ဖွဲ့စည်းပေးပြီး စိတ်လှုပ်ရှားခြင်း၊ စိတ်ဂနာ မငြိမ်ခြင်း ၊သောကရောက်ခြင်း စတဲ့ စိတ်ဖိစီးမှု ဝေဒနာတွေကို လျှော့ချပေးပါ တယ်။

၈။  အရောင်ကျဆေးခြင်း

ဖရုံစေ့ မှာ အင်ဒိုမက်တာစင် (Indomethacin)ဆေး နဲ့တူတဲ့အကျိုးအာနိသင်တွေ ရှိပါတယ်။ အင်ဒိုမက်တာစင် (Indomethacin) ဆိုတာ အဆစ်အမြစ် ရောင်ရမ်း နာတွေမှာ အသုံးပြု တတ်တဲ့ အရောင်ကျဆေးပါ။ အင်ဒိုမက်တာ စင်(Indomethacin) မှာ အစာလမ်းကြောင်း ဆိုင်ရာ  ဆေးအပြစ်တွေ ရှိပေမဲ့ ဖရုံစေ့မှာ တော့ မရှိတာ မို့ အဆစ်ရောင်၊ အဆစ်နာဝေဒနာ သည်တွေ နေ့စဉ်မှီဝဲသင့်ပါတယ်။

ဖရုံစေ့ကို နေရာ အမျိုးမျိုးမှာ အသုံးပြု နေကြပါတယ်။ မက္ကဆီကန် ဟင်းလျာတွေမှာ ဖရုံစေ့ကို ထည့်သွင်း ချက်ပြုတ်ကြပါတယ်။ ဥရောပ အလယ်ပိုင်းမှာ ဖရုံသီး စိုက်ခင်းတွေကို စိုက်ပျိုးပြီး ဖရုံစေ့ကိုကျိတ်ကာ အဆီထုတ် လုပ်ကြပါတယ်။ ဖရုံစေ့ကို ပေါင်မုန့်၊ ကိတ်မုန့် တွေထဲ ထည့်ဖုတ်လို့ရသလို အသီးအရွက် သုပ် တွေထဲ မှာ လည်းထည့်ပြီး စားလေ့ရှိကြပါတယ်။ ကျွန်တော် တို့နိုင်ငံမှာတော့ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ကနေ အများဆုံး ထွက်ရှိလာတဲ့ ဖရုံစေ့တွေ ကိုလှော်ပြီး နိုင်ငံ အနှံ့ဖြန့်ချိ ကာ သရေစာ အဖြစ် စားသုံးကြပါတယ်။ ဖရုံစေ့ အမျိုးအစား အနေနဲ့ အဖြူရောင်၊ အညိုရောင်၊ အမည်းရောင်တွေ ရှိတတ်ပါတယ်။ ဒါကြောင့် အားလပ်ချိန် များမှာ(TV ရုပ်ရှင်  ကြည့်နေစဉ်မှာ) ခန္ဓာကိုယ်ကို အကျိုး မပြုတဲ့ အစားအစာတွေ စားမယ့်အစား ဖရုံစေ့ကို စားသုံးဖို့ တိုက်တွန်း လိုက်ရပါတယ်။

ဟမ်စိုင်း(ဆေး-မန်း)
Reference -articles.mercola.com/pumpkin-seed-benefits.asp_

Both comments and pings are currently closed.