အချစ်ဖြင့် ထုံမွှမ်းအပ်သော

ကုန်လွန်သင့်ချိန် တန်ပြီဖြစ် သော နွေနေပူပူ ၏ ရက်ကြာရှည် လာခြင်းက မကြူအတွက် အား တက်စရာ။ ပြင်းရှ ပူလောင်သော နွေနေကို မည်သူပင် မကြိုက်လင့် ကစား မကြူ ကတော့ ဝမ်းပန်း တသာ ကြိုဆိုမိသည် သာပင်။ အရှိန်ပြင်းပြင်း တောက်လောင်နေ သော နေမင်း ၏ ဖွားဖက်တော် အပူရှိန် တငွေ့ငွေ့က မကြူ၏ အိမ် ရှေ့မြေပြောင်ပြောင် တွင် နေရာ ယူထားသော အမိုး မလုံ့တလုံ့ တာလပတ်စပေါ် သို့ ကြီးစိုးလာနေ ချေပြီ။ အအေးဆိုင် ကလေး အတွက် လိုအပ်သော ဖျော်ရည် အဆီ ပုလင်းရောင်စုံလေး များက ဖျော်စင်ပေါ်တွင် မျက်စိပသာဒ ရှိလှသည်။ ခဏတာ အေးမြခြင်း ကိုပေး၍ ရင်ပူစေတတ်သည့် နိယာ မရှိသော ရေခဲတုံးများက လည်း ဖော့သေတ္တာကြီး ထဲတွင် စပါးခွံများ ခြံရံလျက် သူ့အား ထုနှက် ရိုက်ချမည့် အချိန်ကို စောင့် နေပေလိမ့်မည်။

မကြူ၏ အလုပ်က မနက်လင်း သည်နှင့် အမေ့အတွက် မနက်စာ တစ်ခုခု အဆင်သင့် ဖြစ်စေရန် တစ်မျိုးနှင့် တစ်မျိုး မထပ်အောင် ကြံဆောင်ရသည်။ သို့နောက် နေ့လယ်စာ အတွက် ချွေးခံတွင်းရှိ အသေးအနုပ် ပိုက်ဆံ ကလေးများ နှင့် အရေအတွက် နည်းလွန်းသော ၁ဝဝဝ တန်တို့ကို စုပေါင်းကာ ဖယ်သင့်သည် များကိုဖယ်၍ ဦးနှောက် ပူတိုက်ရပြန်သည်။ မိမိ တဝမ်းတခါး အတွက် ဖြစ်သလို စား၍ရသော်လည်း အမေက မဖြစ်။ ”လာပြန်ပြီ ဒီငါး၊ ဒါချည်း မစားချင်ပါဘူးတော်” ဆိုသည့် နှုတ်ထွက် စကားများ ကြားရလျှင် မကြူ သနားစိတ်ဝင်မိသည်။ ညဦးကတည်းက အမေစားချင် တာလေးကို မေးမိလျှင်သော်လည်း ညတစ်မျိုး၊ မနက် တစ်ဖုံ ဖြစ်ဖြစ် နေတတ်သော အမေ့အကြိုက် သွေဖည်ခြင်း များကြောင့် ဇာချဲ့ မနေချင်တော့။ နေ့စဉ် ဟင်းလျာ မထပ်စေအောင် ကိုသာ ခေါင်းစား ခံလိုက်သည်သာ။ တစ်ပတ်ပြည့်လျှင် အစမှပြန်စကာ စီစဉ်ချက် ပြုတ်ပေးလိုက်သည်။ ဤသည်မှ အဆင်ပြေချောမွေ့ခြင်း သို့ အမေ နှင့် မကြူ ရောက်ရလေပေသည်။ အမေက နှစ်ရက် ဆက် တိုက် ဟင်း လျာကိုသာ ဂရုပြုကာ အတေး အမှတ်ထားတတ်သူမို့ပင်။

ရုံးဆင်းချိန် ရောက်လာ၍ ထင့်။ မကြူတို့လမ်းထိပ်ကလေး တွင် လူစည်စပြုလာသည်။ တစ်ယောက်စ၊ နှစ်ယောက်စက ဆိုင်ထဲသို့ ခြေလှမ်း ပြင်လာကြ သည်။ ဆိုင်ဖွင့်စ က တစ်ထောင် တန်လေးဖြင့် သီးစုံဖျော်ရည် အဆီ ပုလင်းများ၊ ဖန်ခွက်များ၊ ပိုက်များ၊ ထိုင်ခုံများကို ရိုက်၍ ‘နင့်အဖော် ငါးသောင်းခေါ်’ ဟု နှုတ်မှ တတွတ်တွတ် ရွတ်ထား ခဲ့သည်ကို သတိရမိသည်။ ဘယ်တုန်းကမျှ ငါးသောင်းပြည့်အောင် မရဖူးသော သည်အိမ်ရှေ့မှ အအေးဆိုင်လေး ကို တစ်နေ့တာ အတွက် နေ့စဉ် တောင်း ဆုချွေမိ ခဲ့သည်ချည်း။ တစ်သောင်း၊ တစ်သောင်းခွဲ လောက်ရောင်းရလျှင်ပင် မကြူ အတွက် ကံကောင်းခြင်း လက် ဆောင်တစ်ခုနှယ်။ အမေ့ အတွက် ဆေးဖိုးများ၊ အိမ် ကလေး၏ ပြင် စရိတ်၊ နွေကုန်လျှင် ရမရ မသေ ချာသည့် အလုပ်တစ်ခုကို အိုးမကွာ အိမ်မကွာ လုပ်နိုင်ရန် အတွက်က ရှိနေပြန်သေးသည်။

သည်အမေနှင့် သည်သမီး ဘာအလုပ်မှ မလုပ်ဘဲ ထိုင်စားနေ ၍ကလည်း ပိုက်ဆံချမ်းသာသူ မဟုတ်။ လမ်းလေးထဲ မှ နေ့စဉ် ရုံးသွားရုံးပြန်၊ ကျူရှင်သွား ကျူရှင် ပြန်ကလေးငယ် များ၏ ၁ဝဝ ဖိုး၊ ၂ဝဝ ဖိုး ပုံမှန်ရောင်းနေ ရသော အအေးဆိုင်လေးက ဆွဲဆောင်မှု ရှိနေ၍သာ တော်တော့သည်။ ဝန်ထမ်း မိသားစုများ နေထိုင်ကြ သည်ဖြစ်သဖြင့် ရေခဲခြစ်နှင့်ကြိုက် နှစ်သက်ရာ အခြေခံ အအေးမျိုးစုံ ရနိုင်သော ဤ ၁ဝဝ၊ ၂ဝဝ တန် အမျိုးအစားတို့ကိုသာ အကောင်း စားအဖြစ် သတ်မှတ် ကြသည် သာ။ ၁ဝ နာရီလောက်မှစတင်လိုက် သောဆိုင်ကလေးက လူရှိလျှင်ရှိ သလို ရေခဲကုန်ကာ ကြုံရာ ဆိုက် ကားသမားကို ဝယ်ခိုင်း၍ ဆိုင် သိမ်းချိန်ရယ်ဟု အတိအကျမရှိ။

”ဇီးဖျော်ရည်တစ်ခွက်”

အသံလာရာသို့ ကြည့်မိတော့ ဦးကြီးမောင်။ အာလာပ သလ္လာပ နှုတ်ဆက်၍ ခပ်မြန်မြန်ဖျော်ပေး လိုက်ရသည်။ တစ်နေ့တာ အလုပ် ဝင်လာရ၍ အလုပ် သိမ်းပြန် လာသူ ဖြစ်သဖြင့် မောပန်းလာရော့မည်။ သူက မကြူဆိုင်လေး အတွက် နေ့စဉ် မပြတ်သော ဖောက်သည်။ မကြူကို သနားသည်ဟုတွင်တွင် ပြောကာ လာလာ အားပေး တတ် သည်။ မကြူကလည်း စေတနာ ပါသည်။ မခိုမကပ်သော စိတ်ဓာတ် နှင့် မိမိအတွက် အမြတ်များ ကျန် ရန်ကိုသာ စိတ်မကူး ဘဲ ကောင်း ကောင်း မွန် မွန်လေးဖြစ်အောင် ဖျော်စပ်ရောင်းချတတ်သည်ပင်။

”မကြူရေ”

အပြုံးကလေးဖြင့် ဝင်လာသူ က တစ်လမ်းတည်းနေ ကေသွယ်။ သူမက ကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ။ မကြူနှင့် ငယ်စဉ် မှစ လေးတန်းရောက် သည်ထိ ကျောင်းသွားတူ၊ ကျောင်းပြန်တူ သူငယ်ချင်း။ ဘဝပေး အခြေအနေ မတူညီမှု များကြောင့်သာ သူမက ပညာတတ် ဘွဲ့ရဖြစ်ကာ လစာ ကောင်းကောင်းဖြင့် ထူးချွန်နေပေ ပြီ။ ကေသွယ်၏ လက်တွင်း မှာ တော့ ရွှေရောင်လေးထောင့် ဘူးရှည်လေး တစ်ဘူး။

”ငါ့မင်္ဂလာဆောင်၊ ဆက် ဆက်လာခဲ့ရမယ်နော်။ ဆီဒိုးနား မှာလုပ်မှာ။ ဒီမင်္ဂလာဆောင်မှ မလာရင်တော့ ညည်းအလှည့်ကျ ရင် ငါ မလာဘူးမှတ်”

ပြုံးစစနှင့်ပြောသွားသော ဖြူဖြူသွယ်သွယ် ကလေးနှင့် ချစ် စဖွယ်မျက်နှာပေးလေးကို ပိုင်ဆိုင် ထားသော ကေသွယ် က ပီတိအပြုံး ဖြင့် မကြူ၏ ဆိုင်ကလေး အတွင်း မှ ထွက်သွား ခဲ့ချေပြီ။ သူမနောက် သို့ လိုက်ကြည့်နေမိသော မကြူ၏ မျက်ဝန်း အိမ်ထဲတွင် သူငယ်ချင်း စိတ်ဆိုးမှာ စိုးနေသည်ကတော့ ပါဝင် ရောစွက်နေသည်။ ရာထူး ကြီးကြီး အိမ်ထောင်ဖက်နှင့် ပေါင်း ဖက်ရသော ရွှေရောင် မင်္ဂလာရက် မြတ်တစ်ခုက ပီတိဖြစ်စရာကောင်း လှသော ချီးမြှင့်ချင်စဖွယ် မင်္ဂလာပွဲ ဖြစ်သည်။ သို့သော် မိမိ၏ လက် တွေ့ဘဝက ထိုမင်္ဂလာအချိန်တွင် ယခုကဲ့သို့ နေ့စဉ်ဖောက်သည် ကလေးများကို မိတ် မပျက်စေရန် စောင့်ဖွင့်ရမည့် အအေးဆိုင် ကလေး၏ တာဝန်က ရှိနေပြန်သေး သည်။ ထို့အပြင် ခမ်းနားကြီးကျယ် သော ဟိုတယ်တစ်ခု၏ အရိပ် အာဝသဟူသည် မကြူကဲ့သို့သော ဘဝကို ရုန်းကန်နေရသူ အတွက် လိုက်ဖက် ညီ ပနံရအောင် ဝတ်စား ဆင်ယင်ရန်အလို့ငှာ မစွမ်းသာ ချေ။

”မကြူမင်္ဂလာဆောင်ကျရင် မလာဘူး” ဆိုသည့် သူငယ်ချင်း လေး၏ အပြောက မကြူလည်း တစ်နေ့ မုချ အိမ်ထောင်ဖက်ရမည် လိုလို။ သည်အမေကို စိတ်ကျေနပ် စေမည့် အမျိုးသား ရှိလျှင်သော် ကား မည်မျှသော အတိုင်းအတာ ထိ စိတ်ရှည် သည်းခံနိုင်ပါမည် နည်း။ ငိုင်တွေတွေ ငေးမောနေမိ သောမကြူကို အအေးထိုင်သောက် နေသည့် ဦးကြီးမောင်က သတိ ထားမိသည် ထင်သည်။

”သူများတွေ ယူကုန်ကြပြီ လေ။ မကြူရော ဘယ်တော့ စားရ မှာတုန်း”

”အမေရှိနေသရွေ့တော့ စားဖို့မပြင်နဲ့ ဦးကြီးရေ။ သိတယ် မို့လား”

ခေါင်းတညိတ်ညိတ်နှင့် စကားစဖြတ်လိုက်သော ဦးကြီး မောင်က မကြူ၏ လှုပ်ရှားရပုံ၊ ရုန်းကန်ရပုံကို သိနှင့်နေသည်မို့ အထူးတလည် ရှင်းပြစရာ မလို တော့။ ထိုသို့ အမေးခံလိုက်ရသည် နှင့် ကိုညီထွေးအား သတိပြန်လည် လာမိသည်။ မည်သူကမျှ အစ ဖော်မပေးပါသော်လည်း တိတ် ဆိတ်စွာ ဖုံးကွယ် လိုက်ရသည့် ရင်တွင်းမှာ သူနှင့် ပတ်သက်၍ သေချာရေရာသည့် အဖြေ တစ်ခုက ရှိနှင့်နေသည်ပဲလေ။ သူ့အချစ်က မိမိထံသို့ ဦးတည်နေပြီဖြစ်မှန်း စာတစ်တန် ပေတစ်တန် ပေးပို့မှု အရ သိရှိ ထားနှင့်ပြီးဖြစ်သော ကြောင့် စစ်မှန်သည့်ချစ်ခြင်းကို ပြန်လည် ပေးအပ်ရန် အဆင်သင့် ဖြစ်ခဲ့သော်လည်း ငဲ့ကွက်စရာ နှောင်ကြိုးတစ်ခု မကြူသို့ ပြန်လည် တင်းပတ်ကာ ချည်နှောင် ထားပြန် သည်။ ဖွင့်ဟ ဝန်ခံခဲ့သော ကိုညီ ထွေးတွင် အပြစ်မရှိ။ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင် တစ်ခု နှင့် ညီမလေးယောက် ကို တစ်ဦးပြီး တစ်ဦး ကျောပိုး၍ ပညာရေး ဆုံးခန်းတိုင်သည်အထိ ထမ်းတင် ပေးနေသော သူ့တွင် ဝန်ပေါ့ချိန်၊ အသက်အရွယ် အရရော၊ ငယ်သံ ယောဇဉ် အရပါ ဖြစ်တည်ပေါက် ဖွားလာ သည့် အချစ်တစ်ခု၏တန် ပြန်လိုမှုသည် မကြူတွင် ဖြစ်ပေါ် လာခြင်းကရော အပြစ်ဖြစ်ခဲ့ပါ သလား။

‘ကံပါရင်တော့’ ထိုစကားလုံး သည် မကြူဘဝ အတွက် ဖြတ်သန်း ရသော ကာလတစ်လျှာက်လုံး ပထမ အဦးဆုံး သုံးဖြစ်ခဲ့ခြင်းပင်။ မိမိကိုယ်ကို နှစ်သိမ့်ခြင်းလည်း မည်ပေ၏။ ချစ်လျက်နှင့် မချစ်ပါ ဟူသော အဖြေကို ဖြေကြားရဦး မည်မှာ ခက်ခဲ ပင်ပန်းလွန်းလှသည် ထင်မိပြန်သည်။ တွေးလိုက်သည် နှင့် မုန်းသွားမည်လား ဟူသော အတွေးစ များက ဥဒဟိုဝင်ရောက် နှောင့်ယှက်နေလေသည်။ ကမ္ဘာ ပေါ်တွင် အမေ့ကို နားလည်စွာ ဖေးမ ကူညီ၍ စိတ်ရှည်တတ်သူမှာ မကြူ  တစ်ယောက်တည်းသာ ရှိနိုင် သည်ဟု ထင်မှတ် ထားသည်။ အချစ်တစ်ခုနှင့် ခေါင်းညိတ်လက်ခံ ပြီးကာမှ အမေ စိတ်ဆင်းရဲရမည့် ကျဉ်းကျပ်မှုမျိုး ကိုတော့ အလျဉ်း စဉ်းစားမည် မဟုတ်။

”ကြံရည် တစ်ခွက် ပါဆယ်”

ထိုအမှာစကားက မကြူ၏ စိတ်ကူးယဉ်ချစ် အဖြေရှာခြင်း လုပ်ငန်းစဉ်ကို ပြတ်တောက်သွား စေတော့သည်။ ကြံခွံသင်ထားပြီး ဖြစ်သော ကြံတစ်ချောင်း ကို ကောက်ကိုင် လိုက်ချိန်တွင်

”အမေမ၊ ငါ့ကို ဘာလို့သော့ ခတ်ထားတာလဲ၊ ခုဖွင့်စမ်း၊ ငါ အထဲမှာနေ ရတာ အိုက်လွန်းလို့ ပါအေ”

ညက တစ်ညလုံး မအိပ်သဖြင့် ဆေးတိုက်ထားရသော အမေ၏ မျက်လုံးများက ယခုအချိန်ဆို ပုံမှန်ပြန်လည် နိုးကြားလာတတ် သည်။ သို့သော်လည်း ကြာကြာ မနေ၊ ဂချီဂချောင် အနည်းငယ်ကျ ပြီးလျှင် ပြန်အိပ်ပျော်သွားစမြဲ။

”အင်းပါ အမေရယ်။ ခဏ လေးနော်။ ဝယ်သူလာနေလို့”

”ဟာ … ဘယ်ဝယ်သူဖြစ် ဖြစ် ငါ့လောက် အရေး မကြီးပါဘူး အေ၊ လာခဲ့စမ်းပါ။ ငါအရည်ပျော် တော့မယ်နော်”

ပြုံးစစဖြစ်နေသော ကြံရည်  လာဝယ်သူ အိမ်နီးချင်း ဖိုးတာတီး လေးက မကြူထံမှသော့တွဲကို ယူ၍ ကိုယ်တိုင် သွားဖွင့်ပေးလိုက်သည်။ အလှအပ ကြိုက်တတ်သော အမေ က သနပ်ခါး လိမ်းရန် ဘယ်သော အခါမှ သတိမပေးရ။ သနပ်ခါးများ ဖွေး၍ အက်ကွဲနေအောင် ခပ်ထူထူ လိမ်းတတ်သည်က သူ့သင်္ကေတ သာဖြစ်သည်။ ကြံရည် ကြိတ်စက် တွင် ချိတ်ထားသည့် ခေါင်းလောင်း သံကို သူမသဘောကျသည်။ ထိုတချွင်ချွင်သံကိုကြားလျှင် သူမ ရယ်သည်။ ခေါင်းလေးကို ဘယ်မှ ညာ၊ ညာမှဘယ် ယိမ်းနွဲ့ ကာ စည်း ချက်လိုက်တတ်သည်။ တဖြည်း ဖြည်းနှင့် ဝယ်သူကျ လာပြန်တော့ ဘေးဘီမှ အိမ်နီးချင်းများက ကူညီ ရိုင်းပင်းတတ်ကြသည်။ လူတစ် ယောက် ၏မနိုင်ဝန်ကို ကူညီသယ် ပိုးပေးကြသော စိတ်ကောင်း စေတနာရှိ သူများကို မကြူကျေးဇူး တင်မိသည်။

”ဟဲ့ အမေမ၊ ဒီကြံရည် ထဲမှာ ငရုတ်သီးလည်း မပါဘူး”

”အာ… ဒေါ်ကြီးကလည်း၊ ငရုတ်သီးထည့်ရင် ဗိုက်နာမှာပေါ့ ဗျာ။ ဒါကြောင့် မထည့်နဲ့လို့ ပြော ထားတာ”

အမေ၏ ဆိုးသွမ်းမှုလျော့ သော စိတ်ရောဂါက တစ်ခါတစ်ခါ ချစ်စဖွယ်ကောင်းသည်။ စိတ်သက် သာရာရအောင် ပြောပြသွားတတ် ကြသော ရပ်ကွက်သူ၊ ရပ်ကွက် သားများနှင့် အမေ့ဝေဒနာ က အပေးအယူမျှကာ ကိုက်ညီလှ သည်။

”ဟင် နင် ရူးနေလား၊ ဒီအတိုင်းသောက်မှ ကိစ္စချောမှာ၊ ဒါလေးတောင် မသိဘူး။ အူကြောင် ကြောင်နဲ့၊ အိမ်ထဲပြန်နေတာပဲ ကောင်းမယ်၊ တော်ကြာ အရူးတွေ ကူးကုန် မယ်၊ ကြောက်တယ်”

အမေက အဲသည်လို တုတ် ထိုးအိုးပေါက် ပြောတတ်သည်။ သူ့စိတ်ဝေဒနာ အကြောင်း သိကြ ကုန်သော ဖောက်သည် များနှင့်ဆို လျှင် ပြောမနာဆိုမနာ ခွင့်လွှတ် တတ် ကြသည်။ အပြစ်ယူ၍ မရအပ် သော ဝေဒနာသည် တစ်ယောက် ၏ဘဝကို စာနာ နားလည်တတ်ကြ သူများပင်။ ယခုကဲ့သို့ အမေ အိမ် ပေါ်တွင်နေမှ မကြူ စိတ်ချရသည်။ ရပ်ထဲရွာထဲ လျှောက်သွားလျှင် သော်ကား လိုက်လံ ထိန်းနေရသည့် အလုပ်ကြောင့် စီးပွားကမဖြစ်လှ။ ညကတစ်ညလုံး မအိပ်သဖြင့် ဆေးတိုက်ကာ အိပ်စေခဲ့သည်မို့ ယခုလည်း ထပ်မံ အိပ်လိမ့်ဦးမည် သာ။ အခြေအနေ မမှန်ပါက ဆေး ခန်းပြေးရပြန်သည်မို့ အမေ၏ တစ်နေ့တာ လှုပ်ရှားမှုများကို စိတ် ဝင်တစား စောင့်ကြည့်ရသည်က မကြူ၏ ထပ်ဆောင်း အလုပ်တစ်ခု နှယ်။

မိုးချုပ်စပြုလာလေပြီ။ အရောင်းလည်း ပါးလာချေပြီမို့ အအေးဆိုင် ကလေးကို စတင်သိမ်း ရချေပြီ။ ရောင်းရသလောက် ပိုက် ဆံလေးရေတွက်ရန် အံဆွဲကို ဖွင့်မိ သောအခါ ပန်းနုရောင် စာအိတ် ကလေးကို တွေ့ရပြန်သည်။ မနေ့ က အလုပ် အလွန်ရှုပ်လွန်း၍ ကိုညီထွေးအား ကျသင့်ငွေကို အအေးဖျော်စင်ပေါ် တွင် တင်ထား ခဲ့ရန် ပြောလိုက်မိသည်နှင့် ထိုစာ အိတ်ကလေးကိုပါ အပါထိုးထည့် ခဲ့ခြင်းပင်။ စိတ်ကူးယဉ်စရာ ကောင်းလှသော ထိုစာအိတ် အရောင်လေးက မကြူအတွက် ယဉ်သာ စရာမရှိ။ ရှေ့မဆက်သင့် သည့်ခြေလှမ်း များသည် နောက် သို့သာ တစ်လှမ်းချင်း ဆုတ်ရပေ တော့မည်။

မကြူဘဝ ရပ်တည်မှု အတွက် အဓိကကျသည်က ချစ်ခြင်းတစ်ခု မဟုတ်ကြောင်း သက်ရှိ ထင်ရှား ရှိနေသည့် အမေကို နှောင်တွယ်မှု သံယောဇဉ်ကြိုး က သက်သေပြ နေ သည်။ သူမငယ်စဉ်ကတည်းက ကျွေးမွေးပြုစုခဲ့၍ မကြူ သည် အရွယ်ထိ လူလားမြောက် လာခဲ့ သောကြောင့် အမေ့ကို ၁၅ဝဝ အချစ်စစ်ဟူသော အမည်နာမဖြင့် သူရဲကောင်း လုပ်ကာ ခွဲမထွက်ချင် ခဲ့။ တဖန် အမေ့ရောဂါအတိမ် အနက်ကပိုဆိုးလာမလား၊ ကောင်း သွားမလားဟူသည် တပ်အပ် မပြောနိုင်သော အခြေအနေမို့ မကြူ တစ်ဦးတည်းသာ သူမအပေါ် နားလည်စွာ ခွင့်လွှတ်နိုင်ပေဦး မည်။ သူစိမ်းဆိုသည်မှာ တွေ့ကြုံ စဉ်ခဏသာ ဆက်ဆံရသည်မို့ သွေးသားရင်းလောက် မည်သို့မျှ မကောင်းနိုင်။ ရင်တွင်းမှ အချိန် အခါမဟုတ် ဖြစ်တည်လာသော အချစ် တစ်ခုသည် ၅၂၈ ဟူသော ဂဏန်း အရေအတွက်နှင့် ယှဉ်လိုက် လျှင် အသေးအမွှား ခပ်ပါး ပါးလေး သာ ကျန်ရှိတော့သည်ပင်။ သူ့ကို ချစ်မိသော်လည်း မိမိဘဝအ ကြောင်းက နောက်ဆံ တင်းစရာ ရှိနေပြန်သေးသည်ကို ကိုယ်ကိုယ် တိုင်သာ သိသည်။ ခံစားချက် တို့က ရင်တွင်းတွင် ဗလောင်ဆူနေသော် လည်း အမေတည်းဟူသော အာရုံ တစ်ခုက ဆွဲဆောင်လိုက်လျှင် မကြူသည် အိပ်မက်မှ လန့်နိုးသူ နှယ်။ လက်တွေ့ ဘဝ ကို ပြန်လည် အသက်ဝင်လာပြန်သည်။ စိတ်ကူး နှင့် လက်တွေ့တို့၏ လွန်ဆွဲပွဲတွင် အချစ်ဖြင့် ထုံမွှမ်းအပ်သော လျစ်လျူရှုခြင်းသည်သာ အစစ် အမှန် အားထားရာ အဖြစ် ကိုးကွယ် ရမည်ပင်။

ဟော … ပြောပြောဆိုဆို လမ်းထိပ်မှ လာနေသော ကိုညီထွေး ကို တွေ့လိုက်ရသည်နှင့် မကြူ၏ ပူပန်ရမှု ရင်တွင်းအပူတို့က ငယ် ထိပ်သို့ တက်လာတော့သည်။ ပစ္စုပ္ပန် ကာလ၏ ရုန်းကန်ရေးများ ကို ဖော်ပြကာ ငြင်းဆိုရခြင်းထက် မိမိ မချစ်နိုင်ကြောင်း ဣနြေ္ဒဆည် ကာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား ပြောရပေတော့မည်။ လက်ဖျားတွေ အေးစက်ကာ မိမိ ရင်ခုန်သံများကို တဒိုင်းဒိုင်းကြား နေရသည်ထိ ဆောက်တည် ရာမရ ဖြစ်နေမိသည်။ သူကတော့ မကြူ ၏ အအေးဆိုင် အမိုးလေးတွင်း သို့ ခေါင်းငုံ့ကာ ဝင်လာချေပြီလေ …။

ရေကြည်သူ

Both comments and pings are currently closed.