အာစီယံမှာ အမှောင်ဆုံး

အဲဒီ့အလင်းမှိန်မှိန်ထဲက
တိုက်ခန်းကျဉ်းလေးမှာ
ကျွန်တော့်ရဲ့ ခေါက်မသိမ်းရသေးတဲ့
အိပ်ရာလေးရှိတယ်
ကျည်ဆန်ရထားကိုအားကျတဲ့စိတ်လေးရှိတယ်
မီးခဏခဏမလာလို့
ပိုးမျှင်တန်းနေတဲ့ ရေဒီယို တစ်လုံးရှိတယ်
နံနက်နေထွက်ပေမဲ့
မလင်းသေးတဲ့အရပ်
လမ်းပေါ်တက်လိုက်တာနဲ့
တောက်ခေါက်သံနဲ့ သက်ပြင်းချသံတွေ
ဆူဆူညံညံ ပုံမှန်ရှိတယ်
ဘာမှန်းမသိတဲ့ ကောင်းကင်ကြီးအောက်
ညှိုးညှိုးငယ်ငယ်နဲ့
ကိုယ်စီကိုယ်ငလူအဖြစ်
မလှပနိုင်သေးတဲ့အရပ်
မျက်စိနဲ့နား
မွေးကတည်းကကန်းဖို့ပါလာခဲ့တယ်
အဲ့ဒီ့အရပ်
ထိုးထိုးထောင်ထောင်
တိုက်ခေါင်မိုးတွေနဲ့
သေးသေးကွေးကွေးမြေစိုက်တဲလေးတွေ
ပျားအုံလိုရှုပ်ထွေး
ကိုယ့်ဒဏ်ရာကိုယ်ပြန်သပ်
အောက်စီဂျင်အလုအယက်ရှာကြတယ်
အဲ့ဒီ့အလင်းမှိန်မှိန်ထဲမှာ
ကျွန်တော့်ရဲ့ ခေါင်းမသိမ်းရသေးတဲ့
အိပ်ရာလေးရှိတယ်
ကမ္ဘာကြီးကို အလျားလိုက်မြင်နိုင်တဲ့
ရေဒီယိုတစ်လုံးလည်းရှိတယ်
လောလောဆယ်တော့ ပိတ်ထားရတယ်ပေါ့။

လက်ျာ

Both comments and pings are currently closed.