Busy Woman တွေ ခပ်မြန်မြန် အလှပြင်မယ်

ဒီနေ့ခေတ် အမျိုးသမီးတွေ ဟာ လုပ်ငန်းခွင်တွေ ထဲမှာ လှုပ်ရှား လုပ်ကိုင်နေကြရင်း သူမ တို့ရဲ့ အချိန်တွေကို အသုံးပြုနေ ကြပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန် လာတဲ့ ခေတ် ကြီးထဲမှာ လှုပ်ရှား ရုန်းကန်ရင်း တစ်နေ့တာမှာ ရှိတဲ့ ၂၄ နာရီဆိုတဲ့ အချိန်ဟာ မလောက်မင ဖြစ်လာကြပါတယ်။ အချိန်ဟာ ရွှေ ဆိုတဲ့ စကား အတိုင်း သွားလာ လုပ်ကိုင်ရင်း စူးစမ်းမှုတွေ လည်း ပြု လုပ်ရပါတယ်။ ဒါကြောင့် တစ်နေ့တာ အချိန် တွေကို သင်ဘယ်လို လည်ပတ်နေလဲ ဆိုတာ စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝ ရဲ့လည်ပတ်မှု ထဲမှာ လှုပ်ရှားရင်း အလှအပ အတွက် အချိန် အသုံးပြုမှု ကို ဆုံးရှုံး လိုက်ရတာတွေ ရှိပါတယ်။ လှပဖို့ လိုအပ်တယ် ဆိုတာဟာ ပွဲလမ်းသဘင် သွားသလို မျိုး ပြင်ဆင် ထားရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ကို မြင်တွေ့သူရဲ့ ထင်မြင်ချက် ကောင်းဖို့တော့ သေသပ် လှပ အောင် နေထိုင် သင့်ပါတယ်။ ဒါကြောင့် အလုပ်ရှုပ်တဲ့ အမျိုးသမီးတွေ အတွက်  beauty idea တွေကို ဖော်ပြပေး လိုက်ပါတယ်။

အပြစ် အနာအဆာတွေ ကို ဖုံးကွယ်ဖို့ ကွန်ဆီလာ

အလွန်အမင်း အလုပ်လုပ်တဲ့ အမျိုးသမီး တွေဟာ ဘယ်တော့မှ အိပ်ရေး မဝတတ်ပါဘူး။ ဒါကြောင့် မျက်ဝန်း တစ်ဝိုက်ရှိ အရေပြားတွေ ကို ဖုံးကွယ်ပေးဖို့ ကွန်ဆီလာ ကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ကွန်ဆီလာကို အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ အသားအရောင် နဲ့ ကိုက်ညီမယ့် အရောင် ကို ရွေးချယ်ပါ။ မျက်နှာသစ် အစိုဓာတ်ထိန်း ခရင်မ် လိမ်းခြယ်ပြီးချိန် မှာ မျက်ဝန်းဧရိယာ တစ်ဝိုက်ရှိ အရေးကြောင်းဖြစ်ခြင်း၊ မျက်ဝန်း တစ်ဝိုက် မို့အစ်နေခြင်းတို့ကို ဖုံးကွယ်စေနိုင်ဖို့ ကွန်ဆီလာကို အသုံးပြုပေးရမှာပါ။ ကွန်ဆီလာ လိမ်းခြယ်ခြင်းဟာ ၃ မိနစ်ခန့်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဆွဲဆောင်နိုင်တဲ့မျက်ဝန်း

အချိန် မရလို့ ပါးနီနဲ့နှုတ်ခမ်းနီကို မလိမ်း ခြယ်နိုင်တော့ဘူး ဆိုရင်တောင်မှ eyeshadow eyeliner နဲ့ mascara ကိုတော့ လိမ်းခြယ်ပေး ပါ။ ဘာကြောင့်လဲ ဆိုရင် လူတစ်ယောက် ကိုမြင် တွေ့လိုက်တဲ့ အခါမှာ မျက်လုံးဟာ သတ်မှတ် ချက်တွေ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လူတွေကို ဆွဲဆောင်နိုင်ဖို့ အတွက် မျက်လုံးဟာ အရေးကြီး ပါတယ်။ eyeshadow အရောင်ရွေးချယ်တဲ့ အခါမှာတော့ ကိုယ့်ရဲ့အသားအရောင်၊ ဆံပင် အရောင်၊ အဝတ်အစား စတာတွေ နဲ့ကိုက်ညီတဲ့ အရောင် ကို ရွေးချယ်ပါ။ eyeliner ကတော့ အရည်၊ ဒါမှမဟုတ် ခဲတံ ပုံစံမျိုးကို အသုံးပြုနိုင် ပါတယ်။ မျက်တောင်တွေကို ရှည်လျားကော့ပျံ စေတဲ့ mascara ကတော့ ပြီးပြည့်စုံတဲ့ မျက်ဝန်း အလှကို ရရှိစေ မှာဖြစ်ပါတယ်။ မျက်လုံးကို ပြီးပြည့်စုံအောင် ပြင်ဆင်ဖို့ အတွက် အချိန် ၁ဝ မိနစ်ခန့်ပေးရင် ရနိုင်ပါပြီ။

အစိုဓာတ်ထိန်းခရင်မ်

လှပစိုပြည်တဲ့ မျက်နှာပြင် အရေပြားမျိုး မဟုတ်ဘဲ ခြောက်သွေ့ကြမ်းတမ်းတဲ့ အရေပြား ပုံစံအဖြစ်တော့ မြင်တွေ့ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အစိုဓာတ်ထိန်း ခရင်မ် ကို လိမ်းကျံပြီး အရေပြားနူးညံ့ ပျော့ပျောင်းမှုကို ရယူပါ။

မမေ့သင့်တဲ့နှုတ်ခမ်းနီ

သင်ဟာ လုပ်ငန်း ကိစ္စဖြစ်စေ၊ လူမှုရေးကိစ္စ ဖြစ်စေ ချိန်းဆိုမှုတစ်ခု အတွက် သွားရောက်တွေ့ ဆုံစကားပြောဆိုရမည့် အခါ သင့်နှုတ်ခမ်းကို ခြယ်သ သွားဖို့တော့ မမေ့ပါ နဲ့လို့ ဆိုချင်ပါတယ်။ နှုတ်ခမ်းကို နေရောင်ခြည် ဒဏ်မှ ကာကွယ်ဖို့ အတွက် SPF  ပါဝင်တဲ့ Lip balm ကိုလည်း တွဲဖက် အသုံးပြုပေးပါ။

သပ်ရပ်ပုံကျတဲ့မျက်ခုံး

အချို့ အမျိုးသမီးတွေဟာ မျက်ခုံးမွေးနဲ့ ပတ်သက်လို့ ပြင်ဆင် ခြယ်သရမှာကို အချိန်ကုန် စေတဲ့ အပိုအလုပ်လို့ ထင်မြင် တတ်ကြပါတယ်။ မျက်ခုံးမွေးကို ကိုယ့်မျက်နှာ အနေအထားနဲ့ လိုက်ဖက်မယ့်ပုံစံ ရိတ်သိမ်း ပုံသွင်းပြုပြင်ခြင်းကို သင် ကိုယ်တိုင်ပြုလုပ်နိုင်မယ့် အရည်အသွေး ရှိအောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ သင်လေ့လာ ကြည့်ရှုနိုင်ဖို့ အတွက် online မှာ လက်တွေ့ သရုပ်ပြထားတဲ့ ဗီဒီယိုဖိုင်တွေ အများအပြား ရှိနေပါတယ်။ သင်ကော်ဖီ သောက်ချိန်လေး မှာပဲဖြစ်ဖြစ် လေ့လာ ကြည့်ရှု ပေးနိုင်ပါတယ်။ မျက်ခုံးမွေးသေသပ် ပုံကျနေ ခြင်းက မိတ်ကပ်မပါရင်တောင်မှ သင့်မျက်နှာ အလှကို ပြည့်စုံ သွားစေပါတယ်။

ပါးနီကိုပေါင်းစပ်ပါ။

သင့်မျက်နှာ ကို မြင်တွေ့ရတာ ဖြူဖတ်ဖြူ လျော်ဖြစ်နေတယ် လို့ထင်တဲ့အခါ ပါးနီကို အသုံးပြုပေးနိုင်ပါတယ်။ မိတ်ကပ် Foundation နဲ့ Face Powder ကိုအသုံးပြုပြီး ချိန်မှာ ကိုယ့် အသားအရောင် နဲ့ကိုက်ညီမယ့် ပါးနီအရောင် ကို ခြယ်သပေးပါ။

Hair Style ပြင်ဆင်မှု

ညှို့ယူ ဖမ်းစားနိုင်ဖွယ် မိတ်ကပ်ပြင်ဆင်မှု မျိုးရှိပြီးသွားပြီ ဆိုရင်တော့ ဆံပင်ပုံစံကို ပြုပြင် ရမှာပါ။ အချိန်အတော် ကြာပြုပြင်ရတဲ့ ဆံသား ပြင်ဆင်မှုမျိုး ပြုလုပ်ဖို့ အလုပ်များတဲ့ အမျိုးသမီး တွေဟာ အဆင်မပြေနိုင်တဲ့ အခါ ဆံသားကို ဘရပ်ရှ် နဲ့သေသပ်အောင် ဖီးပြီး ပိုနီတေးစည်း နှောင်လိုက်ခြင်းက အကောင်းဆုံး ပဲဖြစ်ပါတယ်။ ဒီလို ကြည့်ကောင်းတဲ့ အသွင်အပြင်နဲ့ နေ့သစ်ကို အကောင်းဆုံး စတင်လိုက်ပါ။ ဒါဟာ မိမိကိုယ် ကိုယ်ယုံကြည်မှု တိုးမြင့်စေရုံ သာမက အခြားသူ တွေကိုလည်း ဆွဲဆောင်နိုင် မှာ ဖြစ်ပါတယ်။

ဒါတွေဟာ များပြားလှတဲ့ အလှအပရေးရာ အကြံပြုချက်တွေ ထဲကမှ လုပ်ငန်းတာဝန် များပြားတဲ့ အမျိုးသမီးတွေ အတွက် အသုံးဝင် မယ့်အချက်တွေ ကို ရွေး ထုတ်ဖော်ပြပေးလိုက် ခြင်းပဲ ဖြစ်ပါတယ်။

အေမီချို

Both comments and pings are currently closed.