မိတ်ကပ် Gucci အောင်နဲ့ စကားလက်ဆုံ

Model – Gucci Aung
Photo – Tharr Zaw (Eros)
Arranged by Thida Soe

သင်ယူထားတဲ့ ပညာရပ်တွေနဲ့ မရပ်တည် ဘဲ ဝါသနာပါတဲ့ မိတ်ကပ် ပညာရပ်နဲ့ အသက် မွေး ဝမ်းကျောင်းပြုသူ၊ ယခု အချိန်မှာတော့ မိတ်ကပ်လောက မှာ နေရာ တစ်ခု ရရှိပြီး အောင်မြင်စွာ ရပ်တည်နေနိုင်သူ မိတ်ကပ်ပညာ ရှင်  Gucci အောင်နဲ့ စကား လက်ဆုံပြောဖြစ်ခဲ့ တာတွေကတော့ …

Gucci  အောင် အနေနဲ့ မိတ်ကပ်လောက ထဲကို ဘယ်နှခုနှစ်လောက်က ဝင်ရောက်ခဲ့တာပါလဲ။

မိတ်ကပ်လောက ထဲကို ၂ဝဝ၈ ခုနှစ်က ဝင်ရောက်ခဲ့တာပါ။ ၂ဝ၁၃ ခုနှစ် မှာတော့ ကိုညီမောင် (စမ်းချောင်း) က ဆိုင်ခွဲလို့ရပြီး ဆိုင်ခွဲ ခိုင်းလိုက်တော့ လုပ်ဖြစ်ခဲ့တယ်။ ၂ဝ၁၅ ခုနှစ်၊ ၉ လပိုင်းမှာကျတော့ ကိုယ်ပိုင် အခန်း လေးဝယ်ပြီး ဆိုင်ဖွင့်နိုင်ခဲ့တယ်။ ပြောင်းရရွှေ့ ရတာလည်း မလွယ်ဘူးလေ။ မိုးမခလမ်းမှာ ဆိုင်ဖွင့် ထားပါတယ်။

 Gucci  အောင်ရဲ့ လက်ဦးဆရာတွေကိုလည်း ပြောပြပေးပါဦး။

လက်ဦးဆရာ ကတော့ ညီညီမောင် (စမ်းချောင်း) ပါ။ ကိုညီမောင် ဆီကို စရောက်ခဲ့ တယ်။ ကိုညီမောင် ဆီကနေပဲ ဆိုင်ခွဲ ဖွင့်နိုင်တဲ့ အထိနေပြီး ကြိုးစားခဲ့ ရပါတယ်။ လေ့လာခဲ့ တယ်။

မိတ်ကပ် ပညာ ကို ဝါသနာပါတယ် ဆိုတာကို သိလိုက်တဲ့ အချိန်မှာ ကြုံတွေ့ခဲ့ ရတာတွေ ပြော ပြပေးပါဦး။

မိတ်ကပ်ပြင် ရတာကို ဝါသနာပါနေတယ် ဆိုတာ အိမ်က သိတော့ သဘော မတူဘူး။ မိဘ တွေကလည်း  Gucci မိတ်ကပ်ပညာရှင် ဖြစ် သွားမှာကို မကြိုက်ကြဘူး။ မိဘ နဲ့ အတိုက် အခိုက်လုပ်ပြီး လုပ်ရတာပေါ့နော်။ မိတ်ကပ် လောကထဲကို ဝင်ရောက်တော့လည်း အခက် အခဲတွေကတော့ မျိုးစုံပါပဲ။

 Gucci  အနေနဲ့ မိတ်ကပ်လောကထဲ ကို စဝင် တော့ ဘယ်သူတွေကို အရင်ဆုံး လိမ်းဖြစ်ခဲ့ လဲ။

အဲဒီတုန်းက ကိုညီမောင် လိမ်းပေးတဲ့ မင်းသမီးတွေ၊ မော်ဒယ်တွေနောက် ကို လိုက်ရ တာပေါ့နော်။ ကိုယ်က ဆိုင် မှာလည်း အငယ်ဆို တော့ လိမ်းပေးလိုက်သူတွေ ရဲ့ ရှူတင်တွေကို လိုက်ရတာပေါ့။ မေကဗျာ၊ ခွန်းဆင့်နေခြည်၊ မိုးပြည့်ပြည့်မောင် တို့ရဲ့ ရှူတင်တွေကို လိုက်ခဲ့ရ တယ်။ ကိုယ့်ဘာသာ လိမ်းပေးပြီး လိုက်ဖြစ်တာ ကတော့ သင်ဇာဝင့်ကျော်၊ ဝိုင်းစုခိုင်သိန်း၊ စန္ဒီ မြင့်လွင်၊ ချောရတနာ၊ မိုးဟေကို၊ စံရတီမိုးမြင့် တို့ကတော့ ရှူတင်လိုက်ရင်း နဲ့ မိတ်ကပ်လိမ်းဖြစ် တဲ့ မင်းသမီးတွေပေါ့။

မိတ်ကပ်လိမ်းတဲ့ အခါမှာ ဘယ်လို မိတ်ကပ်ပုံစံ မျိုးကို လိမ်းရတာ သဘောကျလဲ။

 Gucci  ကတော့ မိတ်ကပ် အညိုဘက်လိမ်း ရတာကို သဘောကျပါတယ်။

မင်းသမီးတွေ၊ မော်ဒယ်တွေရဲ့ ရှူတင်တွေကို လိုက်တုန်းက အခက်အခဲတွေ ကြုံတွေ့ရသေး လား။

အခက်အခဲတွေ ရှိပါတယ်။ မင်းသမီးနဲ့ မိတ်ကပ်နဲ့ လိမ်းတာကြာရင် တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ မတည့်တာတွေ ရှိလာတတ်တယ်။  Gucci ဆိုရင် မိတ်ကပ်လော ကထဲ စရောက်တုန်းက မျက်ရည် ကျခဲ့ရတဲ့ ရက်တွေရှိတယ်။ ကိုယ်က စေတနာ ထားပြီး လုပ်ပေမဲ့ အဆင်မပြေဘူး၊ ကတောက်ကဆ ဖြစ်တယ် ဆိုရင် ကိုယ်လည်း ခံစားရတာပဲလေ။ အဆင်မပြေတဲ့ ကြားထဲကနေပဲ ကိုယ်လည်း နေရာတစ်နေရာ ရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကလေး နဲ့ရှင်သန်ပြီး နေထိုင်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ် လုပ်တာကို မိဘတွေက သဘောမတူဘူး။ မိဘတွေသဘော မတူတဲ့ အလုပ်ကို ငါရွေးချယ်ပြီးပြီ၊ ဖြစ်သမျှ ကိုယ်ပဲ ခံဆိုပြီး စိတ်ကို ဆုံးဖြတ် ထားတယ်။ နေရာတစ်နေရာ ရအောင်တော့ ကြိုးစားရမှာပဲ လေ။ ကိုညီမောင် ကလည်း အမြဲတမ်းပြောပြ တာကတော့ မင်းသမီးတွေ ဆိုတာ ကိုယ့်ဘဝ အတွက် အမြင့်ရောက်အောင်လို့ တွန်းပို့ပေးနိုင် တဲ့ လှေကားထစ်လေးတွေ ပဲပေါ့။ ကိုယ် မင်းသမီးကို လိမ်းတယ်။ ကိုယ်လိမ်းတဲ့ မိတ်ကပ် က မင်းသမီး နဲ့လိုက်တယ် ဆိုတာကို ပရိသတ်က လက်ခံကြတယ်လေ။

မိတ်ကပ်ပညာကို သင်ယူနေတဲ့ အချိန်မှာ ဘယ် လိုမျိုးပြန်လေ့ကျင့်ဖြစ်လဲ။

 မြန်မာ ဆံထုံးတွေက ထုံးရတာ ပုံကျဖို့ခက် တယ်။ ကိုညီမောင် ဆီ မှာနေတုန်းက ရှူတင်အား တဲ့နေ့တွေ ဆိုရင် ဆံထုံး ထုံး တာတွေ လေ့ကျင့် တယ်။ အိမ်နီးနားချင်းက ကလေးတွေကို မုန့်ဖိုး ပေးပြီး ခေါ်ထုံး ရတယ်။ ကိုညီမောင် ထုံး သွားတဲ့ ဆံထုံးပုံစံ ကိုမှတ်ထားပြီး အိမ်နီးနားချင်းက ကလေးတွေကို မုန့်ဖိုးပေးပြီး လေ့ကျင့်ရတယ်။ မိတ်ကပ် ပညာ နဲ့ ပတ်သက်ရင်တော့ ကိုညီမောင် လိမ်းနေရင် အနားကနေ အမြဲကြည့်ပြီး လေ့လာတယ်။ အမြဲတမ်း ထိတွေ့နေ မှပဲ ဒီပညာ တွေက သိတာ၊ တစ်ခါတည်း နဲ့ရသွားတာလည်း မဟုတ် ပါဘူး။

Gucci တို့တုန်းက မိတ်ကပ်လောကနဲ့ ယနေ့ ခေတ် မိတ်ကပ်လောကနဲ့ ဘာတွေကွာခြားသွား လဲလို့ ထင်မိလဲ။

အခုနောက်ပိုင်း ကျတော့ ရှူတင်တွေကို သိပ် မလိုက်ကြတော့သလိုပဲ။ ကလေးတွေက လည်း ကြိုးစားမှု အပိုင်းမှာ နည်းနည်းလျော့ တယ်လို့ ထင်တယ်။  Gucci  တို့တုန်းကဆိုရင် ကိုယ့် ဆရာသမားဆီမှာ နေတယ်။ ကြိုးစား တယ်။ ၆ နှစ်လောက် ကို ဆရာသမား နဲ့လက်တွဲ ပြီး အလုပ်လုပ်တယ်။ ကိုညီမောင်က ဆိုင်ခွဲဖွင့် လိုက်တော့ ဆိုမှသာ ဖွင့်ခဲ့ တာပါ။ ဆိုင်ခွဲပြီး မဖွင့်ဖြစ်ခဲ့ရင် ကိုယ့်ဆရာသမား နဲ့ တော်တော် အသက် ကြီးတဲ့အထိ လက်တွဲဖို့ စဉ်းစား ထားတာ ပါ။ အခုခေတ် ကလေးတွေကျတော့ အဲလိုမဟုတ် ဘူး။ ပညာတစ်ခုရတယ်။ ဒါပေမဲ့ အဲဒီပညာ တစ်ခုကိုလည်း တန်ဖိုး မထားဘူး။ ပြီးတော့ ဘယ်နေရာ သာလဲ၊ ဘယ်ဆိုင်မှာ ပိုက်ဆံ ပိုရလဲ ဆိုပြီး ကူးဖို့၊ ခုန်ဖို့ပဲ သူတို့ စဉ်းစားနေကြတာ။ ခုနောက်ပိုင်း ကလေးတွေရဲ့ ကြိုးစားမှုကို အားမရဘူး။ ရည်မှန်းချက် တစ်ခုတော့ ရှိကြမှာ ပေါ့။ တချို့ ဆို တော်တော်လေး လေ့လာတယ်။ ဖုန်းတွေပေါ်လာတော့ ဖုန်းနဲ့ Game  ဆော့ တယ်။ တစ်ယောက် နဲ့ တစ်ယောက် ချိတ်ဆက် ကြတယ်။ အပျော်အပါး ဘက်ကို မက်တာပေါ့ နော်။

မိတ်ကပ်  Gucci အောင် နာမည်နဲ့ နေရာ တစ်ခု ရလာပြီး အောင်မြင်စွာ ရပ်တည်နေတဲ့  Gucci ရဲ့ ပီတိကို ပြောပြပေးပါဦး။

မိတ်ကပ် ပညာကို အိမ်က သဘော မတူတဲ့ ၂ဝဝ၈ ခုနှစ်လောက်မှာ အဝေးသင် တက်နေရင်း နဲ့ ရန်ကုန် မှာလာနေတယ်။ အဝေးသင် နောက် ဆုံးနှစ် ပဲခူးမှာ သွားဖြေ ခဲ့တယ်။ စာမေးပွဲပြီး တာနဲ့ ရန်ကုန်တန်းပြန်မယ် ဆိုပြီး လုပ်ထား တယ်။ စာမေးပွဲ ဖြေပြီးတော့ အိမ်ကလူတွေ လာကြိုတာနဲ့ ကျောက်ကြီးကို ပြန်လိုက် သွားရ တယ်။ နယ်ကနေ ရန်ကုန်ကို ပြန်ပြီးထွက်ပြေး လာခဲ့တယ်။ အဲဒီကနေ စပြီး ကိုညီမောင်ဆိုင် မှာ နေခဲ့တယ်။ အဲဒီမှာပဲ အိမ်က ဝါသနာ ပါတာကို လုပ်ပါ။ ဒါပေမဲ့ မိန်းကလေးလို မဝတ်ရဘူး လို့ ပြောခဲ့တယ်။ အဲဒီလိုတွေ ကျော်ဖြတ်ပြီးတော့ မှ မိတ်ကပ်  Gucci အောင်ဆိုပြီး ရပ်တည်ခဲ့တယ်။ အဓိကကတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ကျေးဇူးပေါ့နော်။  Gucci အဖေ၊ အမေ ဆိုရင် ငယ်ငယ်တုန်းက အရမ်း ပင်ပန်းခဲ့တာပါ။ နောင်တစ်ချိန် အသက်ကြီးရင် သူတို့ တာဝန်ကို ပြန်ယူနိုင်တဲ့ သားသမီး ဖြစ်ချင်တယ်။ အဖေနဲ့ အမေ အသက်ကြီးလာတဲ့ အချိန်မှာ ကျန်းမာရေး၊ လှူရေးတန်းရေး မှာ တစ်ထောင့် တစ်နေရာကနေ လုပ်ပေးချင်တယ်။ ဒီအချိန်မှာ ကိုယ် ကြိုးစား နေတာတွေ ကလည်း လှူဒါန်းနိုင်အောင် နဲ့ မိဘ တွေ အတွက်ပဲ အဓိက ထားပြီး ကြိုးစားနေတာပါ။ အဲဒီ အတွက်လည်း အရမ်း ပီတိဖြစ်ပါတယ်။ မိတ်ကပ် လိမ်းလို့ ရတဲ့ပိုက်ဆံ တော်တော်များများ ကို လှူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မွေးနေ့က ဆိုရင် ဓမ္မာရုံဆောက်ဖို့ လှူတယ်။ ပါပါးနဲ့မာမားကို လည်း ဗုဒ္ဓဂါယာ သွားဖို့ ဆိုပြီး လှူပေးဖြစ်တယ်။ အဲဒီအတွက် လည်း ကျေနပ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့  Gucci တို့အနေနဲ့ ကလည်း ကိုယ် ရွေးချယ်တဲ့ လမ်းကြောင်းက မိဘတွေလည်း သဘော တူပေးထားတယ်၊ အသိုင်းအဝိုင်း က လည်း ကျေနပ်ကြတဲ့ အတွက် ကြိုးစားရ ကျိုးနပ် ပါတယ်။

မိတ်ကပ်ပြင်တဲ့ အခါ မျက်နှာ တစ်ခုလုံးမှာ  Gucci ပြင်ရတာ အားရတဲ့ အပိုင်းက ဘယ် အပိုင်းများ ဖြစ်မလဲ။

 Gucci  ကတော့ မျက်နှာ တစ်ခုလုံးမှာ မျက်လုံးကို ခြယ်ရတဲ့ အပိုင်းကို ကြိုက်တယ်။ Shooting မှာတော့ များသောအားဖြင့် ဇာတ်ရုပ် နဲ့ လိုက်မယ့် ပုံစံကို ခြယ် ရတာပေါ့ ။ ဆင်းရဲသား ကားဆိုရင် ပေါ့ပေါ့ပါးပါး နဲ့ မျက်တောင်တု အပါး တပ်ရတယ်။ တချို့ဆို မျက်တောင်တု တောင် မတပ်ဘူး။

အခုဆိုရင် Make-up မှာ  Artist တွေကို လက် ခံပြီးနေရာ တစ်ခု ပေးလာကြတဲ့ အပေါ် Gucci ရဲ့အမြင်ကို ပြောပြပေးပါဦး။

 ကောင်းပါတယ်။ Gucci တို့ကတော့ Third Generation လို ဖြစ်နေတာပေါ့နော်။ နေရာ တစ်နေရာလည်း ပေးတယ်။ ကိုယ်တွေကို လူတန်းစား မခွဲခြားဘဲ မိတ်ကပ် ဆရာ လူတန်းစား တစ်ရပ်အနေနဲ့ လက်ခံပေးတာ ကိုလည်း ကျေနပ်ပါတယ်။ ကိုယ်တွေကို နေရာ တစ်နေရာ ပေးတဲ့ အပေါ်မှာ အငယ်တွေကို တလေးတစား နဲ့ ကြိုးစား ဖို့ ပြောချင်ပါတယ်။

မိတ်ကပ်ပညာ နဲ့ ပတ်သက်ပြီး Gucci ရဲ့ လေ့လာမှုတွေကိုလည်း ပြောပြပေးပါဦး။

အဓိကကတော့ ကိုယ့်ဆရာသမားတွေ ရဲ့  နည်းတွေကို အခြေခံပြီး လေ့လာတယ်။ နိုင်ငံ တကာက ဖန်တီးတဲ့ မိတ်ကပ်၊ ဆံပင်တွေကို ကြည့်တယ်။ အဲဒီအထဲ ကမှ ကိုယ်ကြိုက်တာ နဲ့ ကောင်းတာလေးတွေ၊ သင့်တာလေးတွေ ယူတယ်။ အဆက်မပြတ် လေ့လာနေ ရတာပေါ့။ မြန်မာနိုင်ငံက မိတ်ကပ် ပညာရှင်တွေ ထဲကမှ အကြီး ပဲဖြစ်ဖြစ် ၊ အငယ်ပဲဖြစ်ဖြစ် ကိုယ်ကြိုက် တာလေးတွေ တွေ့ရင်လည်း လေ့လာ တာတွေ ရှိပါတယ်။

မိန်းကလေး တစ်ယောက် အတွက် မိတ်ကပ်လိမ်း ခြယ်မှုအပိုင်းက ဘယ်လောက် အထိ လိုအပ် တယ်လို့ ထင်ပါသလဲ။

ရုံးသွားတဲ့ သူတွေရော၊ သာမန်ထသွား ထလာသွားတာ ကအစ မိတ်ကပ် ကတော့ လိုတယ်။ ဘာမှမလိမ်းဘူး ဆိုရင်တောင် Two Way လောက်လေး လိမ်းမယ် ။ Eyeliner လောက်လေး ဆိုးရင်တောင် မျက်နှာက တစ်မျိုး ပြောင်း သွားတယ်လေ။ ရုံးသွားတဲ့သူတွေ ဆိုရင် ပိုလိုတာပေါ့နော်။ ပုံမှန် လိမ်းနေကျ သမား ရိုးကျ လေးတွေ ကတော့ လိမ်းသင့်ပါတယ်။ မိတ်ကပ် လိမ်းတာကို မကြိုက်တဲ့ သူတွေတော့ ရှိပါတယ်။ သနပ်ခါးရည်ကျဲလောက် နဲ့ နေတယ် ဆိုရင် တောင် မျက်ခုံးမွေးလေး ဆွဲမယ်၊ နှုတ်ခမ်းနီလေး ဆိုးမယ်ဆိုတဲ့ အပိုင်းလောက်တော့ လိုပါ တယ်။

မိတ်ကပ် လိမ်းခြယ်ထားသူ နဲ့ မိတ်ကပ် မလိမ်း ခြယ်ထားသူ နဲ့ ဘယ်လောက် အထိ ကွာခြား သွားတယ် လို့ Gucci ထင်မိလဲ။

ကွာပါတယ်။ အင်တာနက်တွေ က လေ့လာ ကြည့်ရင်တောင် မိတ်ကပ် လိမ်းထားတာ နဲ့ မလိမ်းထားတာ နဲ့က အရမ်း ကွာတယ်။ တချို့ ဆို မျက်ကွင်းတွေ ကျနေတယ်။ မျက်ခုံးမွေးက မရှိ ဘူးပေါ့နော်။ မိတ်ကပ် ပညာရှင် တစ်ယောက် နဲ့ ထိတွေ့လိုက် မယ် ဆိုရင် ဆီနဲ့ရေလို ကွာသွား တာ။ မိတ်ကပ်က လူတစ်ယောက် ရဲ့ မျက်နှာ ကို ပြောင်းလဲ စေပါတယ်။ မိတ်ကပ်ဆရာ တစ်ယောက် ရဲ့ Idea နဲ့ လိမ်းခြယ်မှု အပေါ် မူတည်ပြီး အရမ်းပြောင်း လဲသွားပါတယ်။

ယောက်ျားလေး ပုံစံဝတ်နေရာ ကနေ မိန်းကလေး ပုံစံ ပြောင်းလဲ ဝတ်ဆင်တဲ့ အချိန်မှာ စိန်ခေါ်မှု တွေ ကြုံရသေး လား။

ခရီးသွားလို့ သန့်စင်ခန်း ဝင်မယ်ဆိုရင် အဆင် မပြေဖြစ်ပြီ။ မိန်းကလေး သန့်စင်ခန်းထဲ ဝင်မှာလား ၊ ယောက်ျားလေး သန့်စင်ခန်း ထဲ ဝင်မှာလားပေါ့နော်။ ဘန်ကောက်မှာ ဆိုရင် တော့ Gucci တို့ Lady Boy  တွေဆို မိန်းကလေး သန့်စင်ခန်း ပဲ ဝင်ခိုင်းတာ။ ဒီမှာကျ တော့ မိန်းကလေး သန့်စင်ခန်းထဲ ဝင်ရင် တစ်ခါ တလေ ကျရင် ဆွဲထုတ် ခံရတာ ရှိ တယ်။ ယောက်ျားလေး သန့်စင်ခန်းထဲ ဝင်ရင် သန့်စင် ခန်းမှားလား ဆိုပြီး ပြောကြတယ်။ မိန်းကလေး ပုံစံကို ဝတ်ရတာလည်း ကြိုက်တယ်၊ နေရထိုင် ရတာလည်း ကြိုက်တယ် ဆိုတော့ ကြုံတွေ့ရ တာတွေကို လက်ခံ ပြီး ကျော်ဖြတ် ရတာပါပဲ။

ယောက်ျားလေး ကနေ အသွင် ကူးပြောင်းပြီး လုပ်နေတဲ့ Make-up Artist  တွေက အခုအချိန် မှာဆိုရင် ခန္ဓာကိုယ် အစိတ် အပိုင်း ပြောင်းလဲမှု တွေ လုပ်လာကြတယ်။ တချို့ကလည်း မိန်းမ သား ဘဝကို လုံးဝ ခံယူလိုက် ကြတယ်လေ ။ Gucci အနေ နဲ့ကရော ပြောင်းလဲမှုတွေ လုပ်ဖို့ အစီ အစဉ်တွေ ရှိပါသလား။

Gucci ကတော့ ဘာမှမပြင်ပါဘူး။ အခု ဆိုရင် ကိုညီမောင် က ပြောတယ်၊ နင်က မိန်းမ လိုလည်း ဝတ်နေပြီး မိန်းမ နဲ့လည်း တူတယ်ပေါ့ နော်။ အနည်းဆုံးတော့ ဆီလီကွန်တော့ ထည့် သင့်တယ်ပေါ့။ မေမေ တို့ကလည်း စိတ်ပူတာ က အဲဒါကို စိတ်ပူတာ။ မိန်းကလေးလို ဝတ်တာကို လည်း သဘော တူပြီးပြီ။ မိတ်ကပ်ပြင်တာကို လည်း သဘော တူပြီးပြီ။ ဆီလီကွန် ထည့်တာ တော့ မထည့်နဲ့ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ မေမေ တို့ကလည်း ဆိုးကျိုးတွေ ကို ကြောက် တယ်။ ပါပါးတို့၊ မေမေ တို့ကလည်း မလုပ်စေချင် ဘူး၊ ဆွေမျိုးတွေလည်း မတိုက်တွန်းဘူး။ Gucci ကိုယ်တိုင် ကလည်း အဲဒီဟာကိုကြောက် တယ်။ နောင် တစ်ချိန် ဖြစ်လာမယ့် အရာကို မမြင်နိုင်ဘူးလေ။ ကံတရား ကိုလည်း Gucci မယုံဘူး။ ပိုက်ဆံရှိလို့ ဆီလီကွန် ထည့်လိုက် တယ်။ နောင်တစ်ချိန် မှာ ကိုယ် အသက် ကြီးလာ လို့ ဒီလောက် အထိ ငွေရှာနိုင်ပါ့မလား။ ငယ် ငယ်တုန်းက လှတယ်။ အသက် ကြီးလာတော့ မှ ဖြစ်လာမယ့် ဆိုးကျိုး ကို ကြောက်တယ်။ အဲဒါ ကြောင့်မို့ Gucci ဘာမှ မလုပ်ပါဘူး။

မိတ်ကပ်ပညာ က အသက်မွေး ဝမ်းကျောင်း ပညာရပ်ဆိုတာကို Gucci အနေနဲ့ လက်ခံပါ သလား။

လက်ခံပါတယ်။ Gucci တို့ဆိုရင်လည်း ကျောင်းတွေ ပြီးခဲ့တယ်။ A.G.T.I  တွေ တက်ခဲ့ တယ်။ အဝေးသင် နဲ့လည်း Physics ဘွဲ့တစ်ခု ရခဲ့တယ်။ အဲဒီပညာတွေ နဲ့ အသက်မွေး ဝမ်း ကျောင်း မပြုဖြစ်ဘူး။ တကယ်တမ်း အိမ်ကိုပြော ပြီး ထွက်လာတာက Auto Cad တက်ပြီး သူငယ်ချင်းတွေ ရှိတဲ့ စင်ကာပူကို သွားမယ်ပေါ့။ ဒါပေမဲ့ Gucci ရဲ့ အသက်မွေး ဝမ်းကျောင်းနဲ့ ရပ်တည်မှုက မိတ်ကပ်ပညာနဲ့ပါပဲ။ ခုနောက် ပိုင်းကလေးတွေ ဆိုရင်လည်း ပညာ မတတ်တာ၊ ဘွဲ့မရတာ အရေးမကြီးဘူး။ လမ်းကြောင်း တစ်ခု မှာ တစိုက်မတ်မတ်နဲ့ ကြိုးစားဖို့ပဲ လိုတာပါ။ မိတ်ကပ်ပညာ သည်လည်း အသက်မွေးဝမ်း ကျောင်းပညာ တစ်ခုပါပဲ။ ကိုယ်လျှောက်မယ့်၊ ကိုယ်ရွေးချယ် မယ့် လမ်းကိုတော့ တန်ဖိုးထားဖို့ လိုပါတယ်။

Gucci  ရဲ့ လက်ဦးဆရာ ကိုညီမောင် (စမ်းချောင်း) အပေါ်ထားတဲ့ ဂါရဝတရား ကို ပြောပြပေးပါဦး။

အခုလက်ရှိ ရပ်တည်နေတယ်၊ လှူနိုင် တန်းနိုင်တယ်။ Gucci အောင်ဆိုပြီး ရပ်တည် နေနိုင်တယ် ဆိုတာတွေက ကိုညီမောင် ရဲ့ ကျေးဇူးတွေ တစ်ရာမှာ ကိုးဆယ့် ကိုးလောက် ပါပါတယ်။ ကိုညီမောင် ဆိုရင် မိတ်ကပ် လိမ်း တာလည်း အရမ်းမြန်တယ်၊ ဆံထုံး ထုံးတာလည်း အရမ်းမြန်တယ်၊ အဲဒီတော့ ကိုညီမောင် ဆီကပဲ အားကျ၊ အတုယူ ခဲ့ရတာပေါ့။ အမြဲတမ်းပဲ ကျေးဇူး တင်နေမိတာပါ။ ကိုညီမောင် ရဲ့ ကျေးဇူးတွေကို အမြဲတမ်း အောက်မေ့ပါတယ်။ လေ့လာရတဲ့ အပိုင်းက တခြား သင်ဆရာ ၊ မြင်ဆရာတွေ ကိုလည်း ဒီကနေပြီးတော့ ကျေးဇူးတင်ပါတယ်။

Gucci အနေနဲ့ မိတ်ကပ်သင်တန်း ဖွင့်ထား ပါသလား။

ဟုတ်ကဲ့။ Gucci သင်တန်းဖွင့်ထားပါ တယ်။ သင်တန်းကြေး ကတော့ ၅ သိန်းပါ။ မိတ်ကပ်၊ ဆံထုံး အတတ်သင် ၃ အပြတ်ပေါ့ နော်။

Gucci ရဲ့ ဆိုင်လိပ်စာလေးကို ပြောပြပေးပါ ဦး။

 အမှတ် (80/B) ၊ မြေညီထပ်၊ မိုးမခ လမ်း၊ စမ်းချောင်းမြို့နယ်ပါ။

Both comments and pings are currently closed.