ရူးသွပ် ရတဲ့ ဂီတကို လူတိုင်းရဲ့ရင်ထဲ အရောက် ထည့်သွားမယ့် X Box ရဲ့ Music Diary

ဒီလရဲ့ ရတီ စာဖတ် ပရိသတ်ကြီး အတွက် Music Diary စာမျက်နှာတွေပေါ်မှာ ‘9’ Album နဲ့ လူငယ်၊ လူကြီးတွေရဲ့ လက်ခံအား ပေးမှုတွေ ရရှိလာ ခဲ့ပြီး အောင်မြင်မှု မှတ်တိုင် တစ်ခုကို စိုက်ထူ နေနိုင်ပြီ ဖြစ်တဲ့ X Box ရဲ့ Diary လေးကို တင်ဆက်ပေးချင်ပါတယ်။ X Box ဟာ ၂ဝဝ၉ ခုနှစ်ကတည်း ကစပြီး မြန်မာ နိုင်ငံ ရဲ့Hip Hop Underground လောကထဲမှာ ရှင်သန် နေထိုင်ခဲ့ပြီး  ‘4’ Album (X Box ၊ ရွှေထူး၊ ထက်သံ၊ Lil’z) ၊ ‘9’ Solo Album  စတဲ့ Album တွေနဲ့ မြန်မာနိုင်ငံ  Hip Hop Mainstream ပေါ်မှာ ထိုက်ထိုက်တန်တန် ရပ်တည် လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တခြား Rapper  တွေနဲ့မတူတဲ့ ဆိုပုံ ဆိုပေါက်တွေနဲ့ Hip Hop ဂီတရဲ့ အရသာ အသစ်တွေကို မီးမောင်း ထိုးပြလိုက်တဲ့ X Box ရဲ့ လူငယ်ဘဝ မှာလည်း အောင်မြင်မှု အတွက် ရုန်းကန်ခဲ့ရတာ တွေက ဒုနဲ့ဒေးပါပဲ။ ဒါပေမဲ့ ဒီလိုလောကဓံတွေ ကို ကိုယ်ချစ်ရတဲ့ ဂီတ တစ်ခုတည်း အတွက် အားတင်းကျော်ဖြတ်ပြီးံ Hip Hop ယန္တရားကြီး ကို တစ်နေရာ တစ်ဒေသကနေ မောင်းနှင်နေတဲ့ X Box ရဲ့ Music Diary လေးကို ဖတ်ကြည့် ကြရအောင်နော် …

အိမ်ပြန်ချင်တယ်

ဒီသီချင်း ကတော့ နယ်ဝေးရောက်နေတဲ့ နိုင်ငံခြားရောက်နေတဲ့ လူတွေ၊ အိမ် နဲ့ဝေးနေတဲ့ လူတွေ ခံစားလို့ရအောင် ကျွန်တော် ရေးဖြစ်ခဲ့ တာပါ။ ဒီသီချင်းက Hip Hop ကြိုက်တတ်တဲ့ လူငယ်တွေ အတွက်ချည်းပဲ ရည်ရွယ်တဲ့ သီချင်း မဟုတ်ပါဘူး။ ကျွန်တော် Rap တွေဆိုတယ်၊ ဒီတစ်ပုဒ်မှာ ဆိုရင် Rap တွေ အများကြီး ဆိုထား တယ်။ Bar အကျဲကြီးတွေကိုမှ Rap စာသား တွေ အများကြီး ထည့်ထားတယ်။ Verse တစ်ခု မှာ Bar ၂ဝ ကျော်လောက်ကို ဆိုထားတယ်။ Chorus ကိုလည်း နားစွဲအောင် သေသေချာချာ ဆိုထားတယ်။ အကြောင်းအရာ လည်း ခိုင်လုံ အောင် ရေးထားပါတယ်။ အဓိကကတော့ အိမ်ကို မခင်တွယ်တဲ့ လူတွေ၊ မိဘနဲ့ အဆင်မပြေ တဲ့ လူတွေရဲ့ ရင်ဘတ် ထဲရောက်အောင် ထည့် လိုက်တဲ့သီချင်းပါ။ ကျွန်တော့် ခံစားချက်ထက် လူတွေရဲ့ ခံစားချက်ထဲ ကိုဝင်ပြီး ရေးထားတဲ့ သီချင်းပါ။ ကျွန်တော်လည်း အဲဒီလိုမျိုး အိမ်မှာ မကပ်ဘဲနဲ့ ဘော်ဒါတွေနဲ့ ပျော်ပါးတာ၊ လူငယ် ဆန်ဆန် ကမြင်းကြော ထခဲ့တဲ့ အချိန်လေးတွေ ရှိခဲ့တာပေါ့။ အဲဒီထဲက ခံစား ချက်လေးတွေ ရော ထည့်ပြီး ရေးဖြစ်ခဲ့တာပါ။

ကျွန်တော်က စာအုပ်တော့ ဖတ်တယ်။ ဒါပေမဲ့လည်း စာပေ ဝါသနာပါလို့ ဖတ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် သဘောကျတဲ့ စာအုပ် လေးမှာ ကျွန်တော် ကြိုက်တဲ့ စကားလုံးတွေပါ ရင် Rhyme Book ထဲမှာ မှတ်ထားလိုက်တယ်။ မှတ်ထားတာတွေ များလာတဲ့ အချိန်မှာ ကျွန်တော် ဖြတ်သန်းနေတဲ့ လက်ရှိ အသက် အရွယ်ထိ ကြုံတွေ့နေရတဲ့ နားထဲမှာ ကြားနေ ရတဲ့ ပတ်ဝန်းကျင် က စကားတွေ၊ ကိုယ့်ရင်ဘတ် ထဲမှာ ရှိပြီးသား စကားလုံးတွေနဲ့ ပေါင်းပြီးတော့ သီချင်းတွေ အများကြီး ထွက်လာတယ်။ စာသား အသုံးအနှုန်းနဲ့ ပတ်သက်လို့လည်း အရင်က တည်းက ကျွန်တော် ပွင့်ပွင့် လင်းလင်း ရေးတာ ပါပဲ။ Mainstream က လူတွေနဲ့ တွဲပြီးအလုပ် လုပ်တာမှာလည်း ပွင့်လင်းတဲ့ခေတ် ကိုရောက် လာတော့ ပိုပြီး သုံးလို့ရလာတယ်။ ရိုင်းတဲ့စာ သားတွေကိုလည်း သိပ်မဖြတ်ကြတော့ဘူး။ သုံးခွင့်ရှိတယ် ဆိုပေမယ့် လည်း အလွန်အကျွံ ကြီးလည်း သုံးလို့မရဘူးပေါ့။ ကျွန်တော်တို့ဆီ မှာ လွတ်လပ်မှုတွေ ရလာပေမဲ့လည်း အဲဒီ လွတ်လပ်မှု ကိုတော့ အလွဲသုံးစား မလုပ်ကြပါ ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မလုပ်ပါဘူး။ ခံစားချက်တွေကို သီချင်းအဖြစ်နဲ့ လူတွေရင်ထဲ ကို ပို့တယ်၊ အနုပညာမြောက်အောင် ပို့ပါတယ်။ အရမ်းကြီး ပွင့်လင်းချင် တိုင်းလည်း မပွင့်လင်း ပါဘူး။

ကျွန်တော့်ကို လက်ရှိ အားပေးနေကြတဲ့ လူငယ် ပရိသတ်တွေရော၊ ကျွန်တော့်ကို ကြိုက်တဲ့ လူကြီး ပရိသတ်တွေရောကို ပြောချင်တာက ကျွန်တော့် ရဲ့ ဒုတိယ အခွေ စလုပ်နေပါပြီ။ ကျွန်တော့်ရဲ့ ‘9’ Album Music Video အခွေ ကို ဒီနှစ်အကုန်၊ နောက်နှစ် အစလောက်မှာ အမြန်ဆုံး ပြီးမြောက်အောင် ကြိုးစားနေပါ တယ်။

I Love You

ကျွန်တော့် အခွေထဲက သီချင်းတွေ အားလုံး ကတော့ ကျွန်တော် ကြိုက်လို့ ထည့်ထားတဲ့ သီချင်းတွေ ချည်းပါပဲ။ အဲဒီ သီချင်းတွေထဲ ကမှ အကြိုက်ဆုံး သီချင်း ဆိုရင်တော့ ‘I Love You’ ဆိုတဲ့ သီချင်းလေး ကို ကြိုက်ပါတယ်။ ဘာလို့ ကြိုက်လဲ ဆိုတော့ ကျွန်တော့် ဘဝမှာ ပထမဦးဆုံး Story ဆန်ဆန်တွေးပြီး ရေးခဲ့ရတဲ့ သီချင်း ပါ။ အဲဒီသီချင်း ကို စပြီး ရေးကတည်း က  MTV ဘယ်လို ရိုက်ရမလဲ ဆိုတာကိုပါ တွေးထားတဲ့ သီချင်းလည်း ဖြစ်တယ်။ ကျွန်တော့် အတွက် စိတ်ကူးယဉ် ဆန်ထားတဲ့ သီချင်းလေးပေါ့။ အဲဒီ သီချင်းလေးက ကျွန်တော့် ရဲ့ သီချင်းတွေထဲက အမှတ်တရ အများဆုံး ရှိတဲ့ သီချင်းလေးပါပဲ။ အဲဒီသီချင်းကို ၃ ခေါက်လောက် ပြန်ပြီးအသံ သွင်းခဲ့ရပါတယ်။ ပထမ တစ်ခေါက် ဆိုကြည့် တယ်။ အသံနဲ့ မလိုက်ဘူး။ Rap  တွေကလည်း Bounce မဖြစ်ဘူး။ အဲဒီ သီချင်းကို စသွင်းတုန်း က ကျွန်တော် ယုံကြည်မှု သိပ်မရှိခဲ့ဘူး။ ကျွန်တော်က အမြဲတမ်း လိုလို အမြန်တွေ ဆို တော့မှ ကိုယ့်ကိုယ် ကိုယ် ပြည့်စုံ တယ်လို့ ထင်တဲ့ အတွက် ဒီသီချင်းလိုမျိုး ခပ်လေးလေးနဲ့ Trap Music ပုံစံဆိုတဲ့ ကပ္ပလီတွေ လိုမျိုး အသံကို လုပ်ပြီး ဆိုတဲ့ ပုံစံမျိုးတွေ၊ ကျွန်တော့် အသံကို Auto Tune ထည့်ပြီး ဆိုရတာမျိုးတွေ မှာ ယုံကြည်မှု သိပ်မရှိဘူး။ ပုံစံသစ် တစ်ခု ပဲပေါ့၊ ကြိုက်တဲ့လူက လက်ခံမှာပဲ၊ မကြိုက်တဲ့ လူက ကျော်သွားမှာပဲ ဆိုတဲ့ စိတ် နဲ့ပဲ ဒီသီချင်းလေး ကို ဖြစ်ချင် တာ ဖြစ် ဆိုပြီး ထုတ်လိုက်တာပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီ သီချင်းက ကျွန်တော့် တစ်ခွေလုံးမှာ ပရိသတ် အတောင်း ဆိုဆုံး သီချင်း အဖြစ် တစ်ပုဒ် ပါဝင်နေခဲ့တာပါ။

အဲဒီ သီချင်းရဲ့ အဖြစ်အပျက် ကတော့ ကျွန်တော် ငယ်ငယ်တုန်းက အကြောင်း အရာ လေးလည်း နည်းနည်းပါးပါး ပါပါတယ်။ ၉ တန်း၊ ၁ဝ တန်း တုန်းက ခံစားချက်လေး ကို မှ ဇာတ်လမ်း ဆန်ဆန်လေး ပြန်ရေးဖြစ်လိုက်တာ ပါ။

ကျွန်တော်က တခြား အဆိုတော်တွေလိုမျိုး အသံ ကာလာကောင်းတဲ့ အဆိုတော် မဟုတ်ဘူး။ ကျွန်တော့် အသံကို ကျွန်တော် Control လုပ်ဖို့ အတွက် အချိန် တော်တော် ကြာကြာ ကြိုးစားခဲ့ ရတယ်။ သူများ Melody သီချင်းတွေလိုလည်း Key ချိန်ပြီး မဆိုနိုင်ဘူး။ ကျွန်တော့် သီချင်းတွေ ဆိုရင် Key ချပြီး ဆိုရတယ်။ ကျွန်တော် Key ချပြီး ဆိုတဲ့ ဟာကလည်း Melody အစစ်မဖြစ် သွားဘူး။ Rap လိုပဲ ရေးပြီးတော့မှ Melody ဆန်ဆန်လေး ကွန့်တဲ့ ပုံစံမျိုးလေးတွေ ပဲ ဆိုထား တာပါ။ Pop ဆန်ဆန်ကြီးတွေ၊ R & B ဆန်ဆန်ကြီးတွေ လည်း ဆိုလို့မရပါဘူး။ ဆိုလို့ မရဘူး ဆိုတာထက်ကို မဆိုတတ်သေးတာပါ။ ကျွန်တော်က Rap ပဲ အမြဲတမ်း ဆိုခဲ့တဲ့ လူဖြစ်တဲ့ အတွက် Rap Melody ဆန်ဆန်လေးပဲ၊ ကျွန်တော် ဆိုနိုင်တဲ့ ပုံစံလေးပဲ ရေးခဲ့တာပါ။ သိပ်တော့ မကြိုးစားခဲ့ ရပါဘူး။ ဒါပေမဲ့ အသံ ကို တော့ တော်တော်လေး ထိန်းခဲ့ရပါတယ်။

စည်သူဟိန်း

Both comments and pings are currently closed.