စိန်တစ်ပွင့်၏သစ္စာ

အဲဒီမြို့လေးရဲ့အစ
သြရသအမည်ကိုထမ်း
တောင်တစ်လုံးရဲ့အနမ်းကို
ကြိုးတစ်ချောင်းတည်းနဲ့ ထွန်ယက်စိုက်ပျိုး
လွင့်မြောဖြူအငွေ့
တံခါးရွက်နဲ့တိုးဝင်ထိစပ်
တိမ်တွေရဲ့ ခရီး
သူကလည်း ရောယောင်။

အစုန်ခေတ်
အဆန်ခေတ်
သေသေဝပ်ဝပ်လမ်းလျှောက်
တရင်းတနှီးကိုင်းဆက်ကူးသလို
လက်ညှိုးညွှန်ရာ
မီးခိုးရောင်ဖော့ဦးထုပ်တွေပျံသန်း
ကိုယ်ကိုယ်တိုင်က ရင်ဝယ်သား
စကားအဖြစ်နဲ့ ပုံတူကူးရင်တောင်
သက္ကရာဇ်ကိုခါးတောင် ကျိုက်ထားခဲ့တာ
အခုဆို
လက်ချောင်းများပေါ်က သွေးလေညီညွတ်မှု
ရတုတစ်ခုကို အိပ်တန်းတက်စေပြီ။

ချိုချို(အရိန္ဒမာ)

Both comments and pings are currently closed.