သူပြောတဲ့ သူ့အကြောင်း

‘အိပ်မက်ဆုံရာ’ ပြိုင်ပွဲ ကနေ အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိခဲ့ပြီး အနုပညာ လောကမှာ ရပ်တည်နေတဲ့ ဝိုင်းလေးနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ Miss Myanmar World ပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့သူ ဝိုင်းလေးပြောပြတဲ့ သူ့အကြောင်းတွေ ကတော့ …

ဝိုင်းလေးပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရ အချိန်များ

‘အိပ်မက်ဆုံရာ’ ပြိုင်ပွဲ သီချင်းဆိုပြီး ဝင်ပြိုင်ဖြစ်ခဲ့တာက ဘဝမှာ ပထမဆုံးပါပဲ။ 2nd runner up ရခဲ့တာလည်း အမှတ်တရ တစ်ခုပါ။ TV Channel ကနေ လွှင့်တဲ့ပြိုင်ပွဲ အကြီးကြီးမှာ မပါဖူးပါဘူး။ အရာရာမှာ အသစ် ပဲဖြစ်ခဲ့တော့ ၁ဝ ယောက်ထဲမှာ ပါရင်တောင် ကံကောင်းတယ် ဆိုပြီး တွေးမိတယ်။ Top 10 မှာ No 3 ရခဲ့တဲ့ ကိုယ့်ရဲ့ အတိုင်းအတာနဲ့ ကိုယ့် ကြိုးစားမှု အတွက် ကျေနပ်တယ်။ ဆုပေးပွဲလုပ်တဲ့ ညတုန်းက အရမ်းပျော်ခဲ့ပါတယ်။ ဖေဖေဖြစ်ချင်တဲ့ အရာ တစ်ခုကို အဲဒီကနေ မှစပြီး ဂီတ လမ်းကြောင်းပေါ် ရောက်ခဲ့တာပေါ့နော်။

ဝိုင်းလေး သည်းမခံနိုင်တဲ့ လုပ်ရပ်များ

ကိုယ့်ရဲ့ ပညာနဲ့ ဂုဏ်သိက္ခာ ထိခိုက်မယ် ဆိုရင်တော့ လူတစ်ယောက် ရဲ့ သည်းခံနိုင်မှု အတိုင်းအတာ ကျော်လွန် သွားတယ် လို့ ပြောလို့ ရတယ်။ အဲဒီအခါ ကျရင်တော့ ထားသင့်တဲ့ မာန နဲ့ ဒေါသတော့ ရှိသင့်တယ် ထင်ပါတယ်။ ကိုယ် တည်ဆောက် ထားတဲ့ ဂုဏ်သိက္ခာ မာန၊ ပညာဆိုရင် ပညာ မာနတော့ ရှိသင့်တယ်။ ဝိုင်းလေး တို့ဆို အနုပညာ သမားတွေဆိုတော့ အနုပညာ မာန ဆိုတာ ရှိတယ်။ အဲဒီမာနကို ထိခိုက်လာရင် အနုပညာ သမားတိုင်းလည်း မခံနိုင်ကြဘူးပေါ့နော်။

ကိုယ် ရှာဖွေ ထားတဲ့ ငွေကြေးတွေ ကို ဒီလိုနေရာ တွေမှာ များများ သုံးစွဲဖြစ်တယ်

အနုပညာ နဲ့ ပတ်သက်တဲ့ ငွေကြေးတွေ ဆိုရင် ဝိုင်းလေး မယူပါဘူး။ အမေ ကိုပဲ အကုန် လုံးပေးတာပါ။ အမေ ကနေ မှ တစ်ဆင့် လိုအပ် တာလေးတွေ ခွဲဝေပေး တာပေါ့နော်။ ငယ်ငယ် လေး ကတည်းက ပိုက်ဆံကို မသုံးတတ်ဘူး။ အခုအချိန် ထိလည်း ဝိုင်းလေး ရသမျှ ပိုက်ဆံ တွေကို အမေ ကိုပဲ ပေးပါတယ်။ အမေကပဲ ဝိုင်းလေး လိုအပ် တာလေးတွေ ဝယ်ပေးပါ တယ်။ ပွဲ အတွက် လိုအပ်မှ ဝယ်ပါတယ်။ တော်ရုံတန်ရုံ ဆို တစ်လ အင်္ကျီတစ်ထည်တောင် မဝယ်ဖြစ်ပါ ဘူး။

မိဘအပေါ်ထားတဲ့ ဝိုင်းလေးရဲ့စိတ်သဘော ထား

ဝိုင်းလေး အသက်အရွယ် နဲ့ ကြည့်မယ် ဆို ရင်တော့ မိဘကို ပြန်ရှာကျွေး လို့ရနေပြီလို့ ကိုယ့်ကိုယ် ကိုယ်တော့ ခံစားမိတယ်။ ဒါပေမဲ့ တစ်သက်လုံး မိဘကို ဘာမှ မလုပ်စေဘဲနဲ့ ကိုယ် ရှာဖွေလို့ ရတာလေးတွေနဲ့ ကျွေးမွေးချင် တယ်။ ပြုစုစောင့်ရှောက် ချင်တယ်။ အခုအချိန် မှာတော့ မိဘနှစ်ပါးကို မတောင့်မတ ထားနိုင်ဖို့ အတွက် ကြိုးစားနေတုန်းပါပဲ။

အိပ်မက်ဆုံရာ ပြိုင်ပွဲ ဝင်ပြိုင်စဉ် ဝိုင်းလေးကြုံ တွေ့ခဲ့ရတဲ့ အခက်အခဲများ

အိပ်မက်ဆုံရာ ပြိုင်ပွဲပြိုင်တုန်း က ကြုံတွေ့ ရတဲ့ အခက်အခဲ ကတော့ သီချင်းရွေးချယ်မှု အပိုင်းပါပဲ။ အရာရာက အသစ်ဖြစ်နေတယ်။ သီချင်းတွေကို အရမ်းကြီး နားထောင်တာလည်း မရှိဘူး။ ဝါသနာပါပေမဲ့ မ Lဆိုင်းဇီသီချင်း ကြိုက်တယ်ဆို မ Lဆိုင်းဇီသီချင်းပဲ နားထောင်ဖြစ် တယ်။ ပြိုင်ပွဲပြိုင်တဲ့ အခါမှာ ဆရာတွေ က ကိုယ် ဆိုနေကျ မဟုတ်တဲ့ သီချင်းတွေရွေးဆိုတော့ မLဆိုင်းဇီရဲ့ အငွေ့အသက် ပါတဲ့ သီချင်းတွေကို ရှောင်ခိုင်းတယ်။ သူများဆိုထားတဲ့ အသံနဲ့ ကိုယ့်အသံ နဲ့ တစ်ထပ် တည်း ဖြစ်နေမယ်။ တခြားကွဲပြားတဲ့ သီချင်းကိုရွေးပါ ဆိုပြီး ပြော တယ်။ အဲဒီမှာစပြီး ပြဿနာ တက်တော့တာ ပါပဲ။ ဝိုင်းလေးက တခြား သီချင်းတွေ မရဘူး။ မရတော့ စာသားတွေ ကျက်ရတယ်။ Stage ရဲ့ အရှိန်ကြောင့် စာသားတွေ မေ့သွားမှာ စိုးရိမ်မိ တယ်။ ပြိုင်ပွဲ တောက်လျှောက်မှာ နေမကောင်း ဖြစ်တာတွေ ရှိတယ်။

သီချင်းနဲ့ပတ်သက်ပြီး ဒီအရွယ်ကတည်းက ဝါသနာပါခဲ့တယ်

စန္ဒရား တီးတာကတော့ ငယ်ငယ်ကတည်း က တီးတာပေါ့နော်။ မြန်မာ သံစဉ်တွေ တီးခဲ့ တယ်။ ဒါပေမဲ့ အဆိုတော်ဖြစ်ဖို့ တစ်ခါမှ စိတ် ကူးမယဉ်ခဲ့ဖူးဘူး။ ၈ တန်းလောက်မှာ စပြီး တော့ သီချင်းတွေစဆိုခဲ့တယ်။ ဖေဖေကတော့ ကျောင်းစာဘက်မှာ အားနည်းသွားမှာစိုးပြီး မလုပ်ခိုင်းခဲ့ဘူး။ ၁ဝ တန်းတက်တဲ့ အချိန်မှာ အဖေနဲ့ အပေးအယူ လုပ်ခဲ့တယ်။ အနုပညာ အလုပ်လုပ်မယ် ဆိုရင် ၁ဝ တန်းမှာ အမှတ် ကောင်းရမယ်။ ၁ဝ တန်းမှာ အမှတ်မကောင်း ဘူး ပညာရေးဘက် မှာ အားနည်းမယ် ဆိုရင် လုံးဝ မလုပ်ခိုင်းဘူး ဆိုပြီး ပြောခဲ့တယ်။ ၁ဝ တန်းအောင် စာရင်းထွက်တဲ့ အချိန်ဆို တော် တော်ရင်ခုန်ရတယ်။ တစ်ခုခု ကျရှုံးသွားရင် အနုပညာကို လုံးဝ စွန့်လွှတ် ရတော့မှာလေ။ ဖေဖေက ဗိုလ်မှူး အဟောင်းဖြစ်ပြီး စစ်တပ်က လာတော့ အရမ်းပြတ်သားတယ်။ အဲဒီတော့ ဖေဖေက မလုပ်ခိုင်းရင် လုံးဝ လုပ်ရမှာ မဟုတ် ဘူး။ အရမ်း ကို စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ၁ဝ တန်း အောင်စာရင်း ထွက်တော့ ၄ ဘာသာ ဂုဏ်ထူး ထွက်ခဲ့တယ်။ အဲဒီလိုတွေ အပေးအယူ လုပ်ပြီး တော့ ၁ဝ တန်းဖြေပြီးတဲ့ အချိန်မှာ အဆိုပညာ ကို လေ့လာရတာပေါ့နော်။

ပြိုင်ပွဲ ပြိုင်တဲ့ အချိန်မှာ စိတ်လှုပ်ရှားမှုများ

ပရိသတ်တွေရဲ့ တွန်းအားနဲ့ ဖိအားတွေ များတယ်။ အခု ပြိုင်ပွဲတွေမှာ Voting  တွေ ပါလာပြီး ဆိုတော့ ပိုပြီး ဖိအား များတာပေါ့နော်။ ဝိုင်းလေး တို့တုန်း က Voting  တော့ရှိတယ်။ ဒါပေမဲ့ facebook က အရမ်းကြီး ခေတ်မစား သေးဘူး။ ပြိုင်ပြီးတဲ့ အချိန်မှာ စနေ၊ တနင်္ဂနွေ ဆိုရင် ပြန်လွှင့်ပြီလေ။ တစ်ပတ် အတွင်း ဆို ထားတာတွေကို ပြန်လွှင့် တာပေါ့နော်။ အပြင်မှာ ဆိုတာ ကောင်းပေမဲ့ TV Channel က ပြန်လွှင့် ရင် အသံက ဘယ်လိုနေမှန်း မသိဘူးလေ။ စနေ၊ တနင်္ဂနွေ ဆိုရင် တော်တော်လေးကို ကြောက်နေရတယ်။ အဲဒီနေ့တွေ ရောက်မှာကို ကြောက်နေရတယ်။ ကိုယ့် ကိုယ် ကိုယ် ပြန် ကြည့်တဲ့ အချိန်မှာ ဒီတစ်ပတ် ဆိုရင် ဘာလိုတယ် ဆိုတာ ကို ဖေဖေ က သူများ မဝေဖန်ခင် အရင် ဆုံးဝေဖန် တယ် ။ ဖေဖေ ဝေဖန်တာကို တော် တော်မခံနိုင်ဘူး။ ကျင့်သား ရအောင် အိမ်မှာ ကျင့်ရတယ်။ ဘာလိုတယ်၊ ဘယ်နေရာတွေ မှားနေတယ်၊ ဘယ်နေရာတွေ အသုံးမကျဘူး ဆိုပြီး အမြဲတမ်းပြောပေးတယ်။ နောက်ကျ တော့ ကိုယ့်ရဲ့အမှားကို သိလာ တယ်။ ဝေဖန် တာကိုလည်း ခံနိုင်လာတယ်။

Selfie တစ်ကိုယ်တော် အခွေအပေါ် ဝိုင်းလေး ရဲ့ သုံးသပ်ချက်

သီချင်းတွေလည်း အားရပါတယ်။ ဝိုင်းလေးမှာ ကျောထောက်နောက်ခံ မရှိပါဘူး။ နဂိုကတည်းက ကိုယ်တိုင်ရေးထားတဲ့ သီချင်း တွေကို အခွေထဲမှာ ထည့်ချင်တယ် ဆိုပြီး စုထားတယ်။ အဲဒီအချိန်မှာပဲ ကံအားလျော်စွာ Miss Myanmar World ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ် ခဲ့တယ်။ ပြိုင်ပွဲနဲ့ ကိုက်ညီအောင် ကြိုးစားခဲ့တယ်။ မထင်မှတ်ဘဲ နဲ့ ပြိုင်ပွဲမှာ ဆုရရှိခဲ့တယ်။ အဲဒီမှာ မှ ဝိုင်းလေးကို အခွေထုတ်ပေးဖို့ Producer ပေါ်လာတယ်။ MRTV – 4 ကနေ Producer ပေါ်လာတယ်။ ညီမရဲ့ အခွေကို နားထောင် ပြီး တော့ နောက်ဆုံးမှာ ထုတ်ဖြစ်သွားတာပေါ့နော်။ ဝိုင်းလေးရဲ့ အတိုင်းအတာ အနေ နဲ့ ဆိုရင်တော့ ကျေနပ်ပါတယ်။

Music နဲ့ ပတ်သက်ပြီး ဝိုင်းလေးရဲ့လေ့လာမှု များ

ဂီတနဲ့ ပတ်သက်ပြီး အမြဲ လေ့လာဖြစ်တယ်။ အသံ ဆိုရင်လည်း အသံ အလျောက် လေ့ကျင့်ရ တယ်။ Gym တွေ ဘာတွေ မသွားနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဝိုင်းလေး တို့အတွက် အချိန်က သတ်သတ်မှတ်မှတ် မရှိဘူးလေ။ Gym မသွားနိုင်တဲ့ အချိန်မှာ အမောခံနိုင် အောင် အိမ်မှာ ကတယ်။ သီချင်းတွေ လေ့ကျင့် တယ်။ သီချင်းတွေရေး တယ်။ စန္ဒရား တီးတယ်။ ဝိုင်းလေးရဲ့ အားလပ်ချိန် ဆိုတာ အိမ်ထဲမှာပဲ များတယ်။ အသစ်ထွက်တဲ့ သီချင်းတွေကို စဉ်ဆက် မပြတ်အောင် လေ့လာတယ်။ ဘယ်သူ တွေ က ဘယ်သီချင်း ကို ဘယ်လို ဆိုထားလဲဆိုပြီး လေ့လာတယ်။ ကိုယ့်နိုင်ငံက အဆိုတော်တွေရဲ့ သီချင်းတွေ နားထောင်တယ်။  International ချည်းပဲ နားထောင် လို့ မရဘူးလေ။ ဒီနိုင်ငံက အဆိုတော်တွေက ဘယ်လိုလေးကို ဘယ်လို လေး အသံဝိုက် ဆိုထားတယ် ဆိုပြီး လေ့လာရ တယ်။ ဝိုင်းလေးရဲ့ ဒုတိယ အခွေလည်း လုပ်နေ ပါပြီ။ ပထမ အခွေနဲ့ မတူတဲ့ ပုံစံ တစ်မျိုးကို သွားချင်တယ်။ ဆိုပုံ ဆိုနည်းတွေ ထပ်နေမှာကို လည်း စိတ်ပူတယ်။

ပြိုင်ပွဲကနေ တစ်ဆင့် အနုပညာလောက ထဲကို ဝင်လာမယ့် လူငယ်တွေ အတွက် ဝိုင်းလေးရဲ့ အကြံပေးစကား

ပြိုင်ပွဲကနေ ဆုရသွားတယ် ဆိုပေမဲ့ တကယ်တမ်း အနုပညာလောကထဲ ကို ထဲထဲ ဝင်ဝင် လျှောက်တဲ့ အခါမှာ အရမ်းကိုခက်ခဲပါ တယ်။ ကိုယ်တိုင်တောင်မှ ဒီအချိန် အထိကို အခက်အခဲတွေ ရှိနေတုန်းပါပဲ။ အသစ်တစ် ယောက် အနေနဲ့ ရပ်တည်ဖို့ အတွက် background လိုပါတယ်။ background ဆိုတာက အနုပညာ နဲ့ပတ်သက်တဲ့ connection ပေါ့။ အရမ်းကို အရေးကြီးပါတယ်။ ပြိုင်ပွဲ ကပြီးသွားပေမဲ့ ကိုယ့် ကိုမသိသေးတဲ့ သူတွေကို မိတ်ဆက်ရမယ်။ ကိုယ့်ကို အသိ အမှတ်ပြုအောင် ပြောတတ်၊ ဆိုတတ်ရမယ်။ ဂီတ နဲ့ပတ်သက်ပြီး သီချင်းတွေ ကို စဉ်ဆက်မပြတ် ဖန်တီးနေရမယ်။ လေ့လာ နေရမယ်။ အဲဒါက အရမ်း အရေး ကြီးပါတယ်။

Selfie အခွေအပေါ် ပရိသတ်ရဲ့ တုံ့ပြန်မှု

FM  တွေကနေ ဝိုင်းလေးရဲ့ သီချင်းကို တောင်းလာကြတယ်။ ကားထဲမှာ ရောက်နေတဲ့ အချိန် FM က ဝိုင်းလေး ရဲ့သီချင်း လွှင့်ရင် ထအော်မိတယ်၊ ဝမ်းသာမိတယ်။ ဝိုင်းလေးရဲ့ တစ်ကိုယ်တော် အခွေက  DVD မထွက်သေးပါ ဘူး။  DVD မထွက်သေးတာတောင် ပရိသတ် တွေက ဝိုင်းလေးရဲ့ သီချင်းကို အာရုံစိုက်ပြီး နားထောင်ပေး တဲ့ အတွက် တကယ်ကို ရင်ထဲက ကျေးဇူးတင်တယ်။  DVD ထွက်လာရင်လည်း အများကြီး ကြိုးစားထားတဲ့ အတွက် ပရိသတ် တွေ ကျေနပ်ကြ မှာပါ။ သီချင်းတွေ တစ်ယောက် တစ်မျိုးစီ ကြိုက်ကြပါတယ်။ တော်တော်များများ ကတော့ Pop သီချင်းကို သဘောကျကြတယ်။ ဝိုင်းလေး၊ ဟန်ထူးဈာန် တို့နဲ့ ‘တေးသီငှက်တို့ ဒဏ္ဍာရီ’ ဆိုပြီး အခွေ ထွက်တုန်းက ပရိသတ်တွေ သိပ်ပြီး သတိမထားမိကြဘူး။  Promotion အား လည်း လိုသွားတာပေါ့နော်။ ဝိုင်းလေးရဲ့  Selfie အခွေထွက် ပြီးတဲ့နောက် မှာ အဲဒီအခွေထဲက သီချင်းတွေကို ပြန်ပြီး နားထောင် လာကြတယ်။

Show ပွဲတွေနဲ့ ပတ်သက်ပြီး ဝိုင်းလေးရဲ့ အတွေ့အကြုံများ

အခက် အခဲတွေ ကတော့ သူ့ဒေသ နဲ့သူ ရှိပါတယ်။ ဥပမာ – ဝိုင်းလေး လမိုင်းပွဲ ကို ပထမဆုံး သွားဆိုတုန်း ကပေါ့နော်။ လမိုင်း မြို့ သူ့ရဲ့ အထာလေးတွေ ရှိတယ်။ စတိတ်စင် က လက်ဝှေ့စင် လိုမျိုး လေးဖက် လေးတန် ရှိတယ်။ ပရိသတ်က လေး ဖက်လေး တန် ရှိတာပေါ့နော်။ ဝိုင်းလေးက ပထမဆုံး ရောက်ဖူးတာ ဖြစ်တဲ့ အတွက် မနီနီခင်ဇော် တို့က သင်ပေးပါတယ်။ ပရိသတ်က တစ်ဖက်တည်း ကြည့်ပြီး ဆိုတာကို သဘော မကျဘူး။ စင် ပတ်ပတ်လည် ကို လှည့်ပြီး ဆိုမှ သဘော ကျတာတဲ့။ အဲဒီလို အထာလေးတွေ ရှိတယ်။ စင် ပတ်ပတ်လည် လှည့်ပြီး ဆိုတဲ့ အတွက် ခေါင်းတွေ လည်း မူးခဲ့တယ်။ သူတို့က ရင်း ရင်းနှီးနှီး နှုတ်ဆက်တာကို သဘောကျတယ်။ သီချင်း ဆိုတာချည်းပဲ မဟုတ်ဘဲ သူတို့တွေ နဲ့ စကားပြောပေး ရတယ်။ စကား နည်း ရင်လည်း မကြိုက်ဘူး။ ပရိသတ်တွေ ကို မေးခွန်းတွေ မေးတယ်။ ကခုန် လာအောင် ပြောရတယ်။ လက်ဆောင် လေးတွေ ယူသွားရတယ်။ ဦးထုပ် ဆို ဦးထုပ် ချွတ်ပေးရတယ်။ သူ့နေရာ နဲ့သူ အပေးအယူ မျှအောင် တော်တော် ကြိုးစားရ တယ်။ နေရာ တစ်နေရာ သွားဖျော်ဖြေရရင် မဖျော်ဖြေခင် ပရိသတ် အခြေအနေကို အရင် ဆုံးကြည့်တယ်။ ပရိသတ်တွေ ထိုင်နေတာလား၊ မတ်တတ် ရပ်နေတာလား ဆိုတာ ကြည့်တယ်။ ထိုင်နေရင် ဘယ်သီချင်း ဆိုရမလဲ၊ မတ်တတ် ရပ်နေရင် ဘယ်သီချင်း ဆိုရမလဲ ဆိုပြီး သီချင်း အပြောင်းအလဲလေး တွေ လုပ်ရတာမျိုးလည်း ရှိတယ်။

ဝိုင်းလေး ပြောပြတဲ့ ဖက်ရှင်အကြောင်း

တချို့ကျတော့ ကိုယ့်ရဲ့ Fashion ကို တစ်လိုင်းတည်း သွားတာ ရှိတယ်။  Street Style ကြိုက်ရင်  Street Style ဝတ်ကြ တယ်။ ဝိုင်းလေးကျတော့ Miss Myanmar နဲ့ အဆို တော်ဆိုပြီး Life နှစ်ခု ဖြစ်နေတယ်။ အဆိုတော် တစ်ယောက် အနေနဲ့ ဂျင်းဘောင်းဘီ နဲ့ တီရှပ် တွဲဝတ်ပြီး ဆိုလို့ရတယ်။ Fashion ကတော့ သူ့ Trend နဲ့သူပေါ့။ ဝိုင်းလေး ကျတော့ တစ်ဖက် မှာ Miss Myanmar တစ်ယောက် အနေနဲ့ Street Style လိုမျိုးဝတ်ပြီး ပွဲတက်လို့မရဘူး။ အဲဒီတော့ ဝိုင်းလေး သွားရမယ့် ပွဲပေါ် မူတည် တာပေါ့နော်။ သီချင်းဆိုတဲ့ အခါမှာ သီချင်းနဲ့ လိုက်ဖက်တဲ့ ပုံစံ၊  Free Style  ဖြစ်မယ့် ပုံစံကို ရွေးပါတယ်။ တခြား Miss နဲ့ ပတ်သက်တဲ့ ပွဲ တွေ သွားပြီ ဆိုရင်တော့ Smart ပုံစံနဲ့ အရမ်း မရိုင်းတဲ့ ပုံစံလေးတွေ ဝတ်ဖြစ်တယ်။

ဝိုင်းလေးရဲ့ အနာဂတ် အစီအစဉ်

စီးပွားရေး လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ကျောင်းလည်း ပြန်တက်ဖို့ ရှိပါတယ်။ ပညာရေးဘက်မှာ ဆိုရင်တော့ language အသစ် ထပ်သင်နေတယ်။ တတ်ပြီး သား language တွေကိုလည်း ကောင်းကောင်းပြန် လုပ်နေပါ တယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ပညာတွေ လည်း လေ့လာဖို့ရှိ ပါတယ်။ ဘဝမှာ လုပ်စရာ တွေ အများ ကြီးပေါ့နော်။ ကိုယ့်ရဲ့ မှတ်တိုင်ကို ကိုယ်ကိုယ်တိုင် ချထားတယ်။ ဘယ်အရွယ် ရောက်ရင် ဘာလုပ်မယ်ပေါ့နော်။ ဝိုင်းလေးရဲ့ ပထမခြေလှမ်း ကတော့ DVD Album ထွက်ဖို့ လုပ်နေပါတယ်။

သီတာစိုး

Both comments and pings are currently closed.