တစ်ကိုယ်ရည်စီးချင်း

စာအုပ်ကိုဖွင့်
စာမျက်နှာတစ်ဖက်မှတစ်ဖက်လွင့်
တိမ်ရဲ့ရင်အစုံကိုထိုးခွဲ
မိုးသည်းညများအကြောင်း
အကောင်းဆုံးသီချင်းတစ်ပုဒ်ကို
အညည်းညူဆုံးဖွင့်ဖတ်
တစ်သက်နဲ့တစ်ကိုယ်
လက်ဖက်ရည်ခွက်ကိုငေးကြည့်ရင်း
အလွမ်းတွေဖြတ်ပြေးလာတာ မမြင်ဖူးဘူး။

တိတ်ဆိတ်မှုကို ဓားနဲ့ဆောင့်ထိုးပြီး
ဆူညံ
အပြန်လမ်းဟာ
စိတ်ကိုအုံ့မှိုင်း
ဒီအတိုင်းဆို မိုးများရွာမလားမသိ
ကိုယ့်ကြောင့်ဖြစ်တဲ့ခလုတ်ကန်သင်းနဲ့
ကိုယ်တိုင်မိတော့
သွေးရူးသွေးတန်း…။

တစ်ခုပြီးတစ်ခုကျကွဲနေတယ်
အသံလာရာဆီ ခေါင်းငဲ့မိပြန်တော့
ဘဝမှာ
ကျကွဲဖို့ကျန်သေးလား
ဆိုတော့…
တစ်ခါတလေ
တိတ်နေတဲ့လက်ဖက်ရည်ဆိုင်ရသဟာ
စိတ္တဇလူသတ်သမားထက်
ကြောက်စရာကောင်းတယ်။

မော်မော့်မောင်

Both comments and pings are currently closed.