လက်ဖမိုးရဲ့ လက်ဖဝါး

လက်ဖမိုးရဲ့ လက်ဖဝါး

”လာ…ဟေ့၊ မင်းကို မျှော်နေတာ”

မိသားစုတစ်စုလုံး စားပွဲဝိုင်း ပတ်လည်တွင်ထိုင်ရင်း ထမင်းစား ပြီး ရေနွေးကြမ်းသောက်နေကြ သည်။

”ဝိုင်းတော်သူ ဝိုင်းတော်သား တွေက အစောကြီးတွယ်ပစ်ကြတာ ကိုးကွ၊ ငါ့တောင် မစောင့်ဘူး၊ ဘာလဲ၊ ဒီနေ့ ဟင်းကောင်းချက် တယ် ထင်တယ်”

သရော်သလိုအပြုံး၊ ငေါ့တော့ တော့စကားလုံးတို့ဖြင့် မခိုင်က ကျွန်တော့်ကို ဆီးတွယ်လိုက် သည်။

”ြ<ွကပါ စာရေးဆရာကြီးရယ်၊ ငါးပိတောင် အစော်နံအောင် မခပ် နိုင်တဲ့ ကျုပ်တို့ဘဝမှာ ဟင်းချိုမှုန့် အားကိုးနဲ့ ဆိတ်သားတွေတွယ်နေ ရတာ ဘယ်အချိန်စောင့်နိုင်ပါ့ မလဲ၊ ဆာတဲ့အချိန်တွယ်ပေါ့၊ ဟုတ်ဘူးလား”

”ဟား…ဟား…ဟား၊ လုပ်ပြီ…လုပ်ပြီ၊ ကျုပ်ဘုတ် အုတ်ထဲက ကျုပ်ရဲ့ စကားတွေနဲ့ ကျုပ်ကို ပြန်တွယ်ကြတယ်ပေါ့ လေ”

ရယ်ကျဲကျဲ စပ်ဖြဲဖြဲနှင့် ကျွန်တော်၏ အမူအရာကိုကြည့်ပြီး သူငယ်ချင်း စိုးဦး နည်းနည်းတည် သွားတာ သတိထားလိုက်မိပါ သည်။

”အေးကွ၊ သူငယ်ချင်းရဲ့စာ ကို ဖတ်ပြီးကတည်းက အစာမကြေ ဖြစ်နေတာ၊ မင်းကိုတွေ့ချင်နေ တာ၊ တစ်အိမ်လုံးဆိုပါတော့ကွာ၊ အဲ… ငါတော့ မပါဘူးနော်၊ မပါဘူးဆိုတာလည်း ကြိုပြောထား မယ်၊ မင်းသိတဲ့အတိုင်း ငါက စာ ဆိုရင် ဝါးလုံးခေါင်းထဲဝင်တဲ့စာ လောက်ပဲ နားလည်တာ၊ မင်းတို့ စာတွေကို ဘယ်လိုပြောရမလဲ၊ ဆရာမလုပ်တတ်ဘူး။ ကျန်တာကို ခိုင်နဲ့မင့်တူမတွေက ပြောလိမ့်မယ်၊ မင်း ရှင်းပေတော့”

”မင်းကလည်းကွာ၊ ပြောစရာ ရှိတာများ ဘာအားနာစရာရှိလို့လဲ၊ ပုလိပ်မဖမ်းပါဘူးကွ၊ ပြောစမ်းပါ၊ ဝေဖန်စမ်းပါ”

သူငယ်ချင်းစိုးဦးက အားနာ ဟန်နှင့် ဘာမှဆက်မပြောတော့ဘဲ ရေနွေးကြမ်းသောက်နေတော့ သည်။ ကျွန်တော့်အစ်မနှင့် မခိုင် က ကျောင်းနေဘက်သူငယ်ချင်း များ ဖြစ်ရုံသာမကဘဲ ကျွန်တော် တို့အိမ်သည် မခိုင်၏ စားအိမ် သောက်အိမ်ဖြစ်နေသည်။ ကျွန်တော့်အစ်မနှင့် ပတ်သက်ပြီး မခိုင်သည် ကျွန်တော်တို့တစ်အိမ် လုံးနှင့် ပြောမနာဆိုမနာရင်းနှီးနေ သူလည်း ဖြစ်ပေသည်။ မခိုင်က ပြောစရာရှိလျှင် ပွင့်ပွင့်လင်းလင်း နှင့် အားမနာဘဲ ပြောတတ်သည်။ သို့သော် စိုးဦးက ငယ်စဉ်ကတည်း က လူတစ်ဖက်သားကို အားနာ တတ်သည်။ ပြောစရာရှိလျှင်လည်း ပြောမထွက်ဘဲ သည်းခံနေတတ် သည်။စိုးဦး၏ရုပ်ရည်က ဇာတ်မင်း သားလိုလို လူဟန်က ပျော့ပျော့ နွဲ့နွဲ့နှင့် စိတ်ဓာတ်လည်း ပျော့ သည်။ ပြတ်သားမှုမရှိပေ၊ မခိုင်က ပြောစရာရှိလျှင် ဟောဟောဒိုင်း ဒိုင်းနှင့် ဘယ်သူ့မှ အားမနာတတ် ပေ။ ပြောစရာလုပ်စရာရှိလျှင် ဗြောင်ပြောသည်။

မေဂျာခြင်းတူသောသူတို့ နှစ်ယောက် စာတွေရှင်းပြရင်း စာ တွေကျက်ကြရင်း ဘော်ဒါတစ် အုပ်က ဝိုင်းနောက်ကြ၊ ပြောင်ကြ ရင်းက မခိုင်က စွတ်ရွဲ့ပြီး စိုးဦးကို ခိုးပြေးခဲ့သည်မှာ အံ့စရာပင်။ အသက်ကလည်း ကွာသည်။ စိတ် ချင်းကလည်း နီးစပ်မှုမရှိပေ။ သို့သော်လည်း အိမ်ထောင်ရက် သားကျသွားကြသောအခါ မခိုင် က လျှော့ပါသည်။ သားတွေ သမီး တွေကိုငဲ့ညှာ၍ မခိုင်စိတ်တွေကို အတတ်နိုင်ဆုံး လျှော့ချလိုက်ပုံရ သည်။

အရေးကြီးသော အကြောင်း တွေကို ကျွန်တော် ပြောရန်မေ့နေ သည်။ သူတို့နှစ်ယောက်စလုံး မြို့နယ်သမဝါယမရုံးမှာ အထက် တန်းစာရေးကြီးတွေအဖြစ် တာဝန် ထမ်းဆောင်ကြသော ဝန်ထမ်းများ ဖြစ်ကြသည်။ ကျွန်တော်လည်း သူတို့ဇနီးမောင်နှံကဲ့သို့ ဝန်ထမ်း တစ်ဦးပင်ဖြစ်သည်။ ဝန်ထမ်းချင်း တူသော်လည်း သူတို့နှင့်ကျွန်တော် က ဘဝချင်းမတူပါ။ ကျွန်တော် ဝန်ထမ်းဖြစ်ပေမဲ့ အေးအေးဆေး ဆေးပါပဲ။ ကျွန်တော်၏ဇနီးက မေမေ့အကြိုက်ချွေးမဆိုတော့ ဘာဆိုဘာမှ ကျွန်တော့်မှာ တာဝန် မရှိပေ။ မေမေကပဲဒီအချိန်ထိ လုပ်ငန်းများကို စီစဉ်ဆောင်ရွက် နေသည်။ တစ်ခါတစ်ခါ စိုးဦးဆိုတဲ့ ကောင်ပြောတဲ့စကားက ကျွန်တော် စိတ်မကောင်းအတော်ဖြစ်ရ သည်။

”မင်းက စာရေးနိုင်တာပေါ့ ကွာ၊ တစ်ထွာတစ်မိုက်ရဲ့ဝန်မှ မထမ်းရတာ၊ ငါ့မှာက ငါးထွာ ခြောက်ထွာဝန်ကို ထမ်းနေရတာ၊ ပြေးမှလွှားမှ၊ အလျဉ်မီတယ် ရှိရုံ လေးဆိုတော့ ဒီစာရေးဖို့ ဝေး၊ ဖတ်တောင် မဖတ်နိုင်ပါဘူးကွာ”

စားကောင်းသောက်ကောင်း တဲ့ အရွယ်တွေရဲ့ ပညာရေးစရိတ် ကလည်း အတော်လေး ခါးစည်းခံ နေရတာ ရပ်ကွက်ထဲမှာ ဆူလွယ် နပ်လွယ်စာအုပ်ဆိုင်လေးဖွင့်၊ ဘော်ဒါတချို့ရဲ့မစမှုနဲ့ ဘက်ထရီ ဆိုင်လေးဖွင့် ဗျူဟာမျိုးစုံနဲ့ စစ်ဖွင့် ပြီး နေ့မီးညမီးဆက်အောင် ပြာနေ အောင် ကြိုးစားရသည့် စိုးဦး၏ ရုန်းကန်လှုပ်ရှားမှုတွေကို ရင်ဖွင့် လာသောအခါ ကျွန်တော့်ရင်ထဲမှာ မချိမဆံ့ခံစားရပါသည်။ ကျွန်တော် က အိမ်မှာ ဒီနေ့အထိ ဘုရားစူး ဘာဆိုဘာမှ ဝင်တာထွက်တာ မသိခဲ့ပါ။အိမ်မှာဆိုလျှင် မကြာခဏ မေမေက ကျွန်တော့်ကို ပြောဖူး သည်။

”ဟဲ့… မောင်အောင်ရဲ့၊ အိမ်စရိတ် ဘယ်လောက်ကုန်လို့ ဘယ်လောက်ဝင်တယ်၊ ဘယ်လို စီးပွားရေးရှာရတာလဲ မေးစမ်းပါ ဦး၊ မင့်ဟာက ရုံးအလုပ်ရယ်၊ လက်ဖက်ရည်ဆိုင်ရယ်၊ စာအုပ် ဆိုင်ရယ်နဲ့ တစ်နေ့ဝင်တစ်နေ့ထွက် ကိုယ့်သားမယားအတွက်လည်း ဦးနှောက်ထဲ ထည့်ထားစမ်းပါဦး”
”ဟာဗျာ မေမေကလည်း၊ မေမေတို့၊ မမတို့ရှိတာပဲဟာ၊ ကျွန်တော် ဘာလုပ်ရဦးမှာလဲ”

မေမေရဲ့ သွေးတိုးစမ်းတဲ့ လေသံကို ကျွန်တော်ကတော့ အမြဲတမ်း လေပြေအေးနဲ့ လျော့ချ စမြဲ။

”အေး…အေး၊ နင် အဲဒီလို ကျပ်ကျပ်ပြော၊ ငါတို့မရှိမှ နင် သိမယ်၊ ငအောင်၊ မေမေပြောလိုက် ရင် ဒီလိုချည်းပြော၊ ယောက်ျားလေး ဖြစ်ပြီးများ အံ့ပါ့တော်၊ ဘာမှအပူ သောက၊ လောဘမရှိဘူး၊ နားရွက် ရေစိမ်ပဲ”

မမ တစ်ချက်တစ်ချက် ဝင် တွယ်လိုက်သည့်အခါ ကျွန်တော် ကလည်း အားကျမခံ။

”ဟာ…မမကလည်း၊ နင် အပျိုကြီးလုပ်နေတဲ့ဟာ၊ နင် ရှာလို့ ရသမျှ နင် ဘယ်သူ့ကိုကျွေးမှာလဲ၊ နင့်တူတွေ တူမတွေအတွက်ပဲမို့ လား၊ ဒါနဲ့များ နင် အလကား လျှောက်ပြောနေပြန်ပါပြီ”

”ခွေးကောင်၊ ပြောလိုက်ရင် ဒါပဲ”

မမဒေါမပွခင် ကျွန်တော် လည်း သားတွေလက်ဆွဲပြီး လက် ဖက်ရည်ဆိုင်သို့ အမြဲအရှောင် အတိမ်း ဂျက်စီဂျိန်းလုပ်ခဲ့ရပါ သည်။စိုးဦးနှင့်မခိုင်တို့မိသားစု အခြေအနေက ကျွန်တော်နှင့် ကွာ ခြားလှသည်။ ကျွန်တော်အတွေး ကောင်းနေစဉ်မှာ..

”ဦးကို သားပြောရမှာပဲ၊ စိတ် မဆိုးရဘူးနော်”

စိုးဦးသား တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ကောင် ချစ်ခိုင်က စကားစလာသည်။

”ခေါင်းစဉ်ကတော့ မိုက်ပါ တယ်ဦးရာ၊ ‘ဖက်စုပ်ခြင်း’

ဆိုတော့ ကျွန်တော်က ချက်ချင်းစဉ်းစား လိုက်တော့ ဦးက အတော်ခပ်မိုက် မိုက် နာမည်ပေးလိုက်တာပဲလို့ ထင်လိုက်မိတယ်၊ ဆက်ဖတ်ကြည့် တော့ တကယ့်အပ္ပလာပဲ၊ ဘာတွေ မှန်းကို မသိဘူး၊ ဒီလောက်စုတ် ပြတ်နေတဲ့ဘဝတွေ အကြောင်း မရေးစမ်းပါနဲ့ဗျာ၊ အပျံစား ဟော့ ရှော့တွေ၊ အပြင်းစားတွေ၊ ရှယ် တွေ ရေးစမ်းပါ၊ ဦးရေးပုံက ဟိုးအရင်တုန်းက ဘိုးဘိုးစာရေး ဆရာကြီးတွေ ရေးသလိုမျိုးဖြစ်နေ တယ်၊ ခုခေတ် သိတယ်မို့လား၊ အပျံစား ထူးရှယ်လို ဇာတ်လမ်းမျိုး ကမှ အလုပ်ဖြစ်တာ၊ ဒါမှ နာမည် ကြီးလာမှာ၊ သားကို စိတ်မဆိုးပါနဲ့ နော်”အရွယ်နဲ့လိုက်ဖက်သော ဝေဖန်မှုဖြစ်သောကြောင့် ကျွန်တော် ကျေကျေနပ်နပ်ကြီး ပြုံးပြီး ကောင်းချစ်ခိုင်ကို ကြည့်မိ သည်။ ကျွန်တော့်ကို အားနာသွား ပုံရသည်။

”ကဲ… ဒေါ်မမခိုင်ကကော ဘာတွေများ ကျွန်တော်မျိုးကို ချီးမွမ်းခန်း ဖွင့်ဦးမှာလဲ၊ ကြားပါရ စေဗျာ”

မပွင့်တပွင့် ခနဲ့တဲ့တဲ့အပြုံးနှင့် မခိုင်က ကျွန်တော့်ကို စောင့်ကြည့် နေသည်။ စိုးဦးနှင့်မျက်နှာချင်းဆိုင် ထိုင်ပြီး..

‘ဖက်စုပ်ခြင်း’

ဝတ္ထုတိုပါရှိ သည့် ဆုရဂျာနယ်ကို စိတ်လှုပ်ရှား စွာဖြင့် ကျွန်တော် ဟိုလှန်ဒီလှန် လုပ်မိသည်။

”ပြောရမှာတော့ အားနာပါ တယ်၊ မခိုင်က သားလိုပြောမှာ မဟုတ်ဘူး၊ ခုပြောမှာကလည်း မောင်အောင်တို့လို စာရေးဆရာ ပေါက်စတွေ၊ နောင် အမြဲ သင်ခန်း စာယူရမယ့်အကြောင်းပါ၊ စာဖတ် တယ်ဆိုတာ လူတိုင်းရဲ့စိတ်ဖြေ သိမ့်မှုတစ်ခု မဟုတ်လား၊ ရှင်းရှင်း ပြောရရင် ကိုယ့်ဘဝကို ခဏမေ့ ထားချင်တဲ့ သဘောပဲ၊ မခိုင်တို့ မိသားတစ်စု တစ်ခါတလေ ဗီဒီယို သွားကြည့်တယ်ဆိုတာကလည်း လူတွေ အများကြီးရှိတဲ့ ဗီဒီယိုရုံမှာ ချွေးစော်နံ၊ သေးစော်နံအနံ့ခံပြီး သွားကြည့်တာက မိနစ်လေးဆယ် လောက် ကိုယ့်ဘဝကို ခဏမေ့ဖို့ ပေါ့ကွာ၊ ကိုယ့်အိမ်မှာ ကိုယ့်အပေါ် စက် အောက်စက်နဲ့ နေချင်တာပေါ့၊ အခြေအနေမပေးတဲ့ဘဝမှာ ဒီလိုပဲ နေရမှာပေါ့၊ မခိုင်တို့အိမ်ရဲ့ အနေ အထားကို မောင်အောင်လည်း သိပါတယ်၊ ဘယ်လိုရုန်းကန်ရ သလဲဆိုတာ၊ ဒီလိုဘဝမျိုးရှိတဲ့လူ တွေဟာ လေးဆယ်ရာနှုန်းလောက် ပေါ့၊ ဒီထက်ပိုပြီး ဆင်းရဲတွင်းနက် နေတဲ့လူတွေဟာ ရာနှုန်းငါးဆယ် လောက် ရှိသေးတယ်။ ထားပါ တော့…၊ ဒီလိုဘဝမျိုးရှိတဲ့ မခိုင် တို့အနေနဲ့ ‘ဖက်စုပ်ခြင်း’ လိုစာမျိုး ဖတ်ရတော့ နာပါတယ်ဆိုမှ အချွန် နဲ့ထိုးသလိုမျိုး ဖြစ်မနေဘူးလား၊ ဆင်းရဲမွဲတေလှတဲ့ဘဝမှာ ကလေး တောင် နို့တိုက်စရာ နို့သီးနို့တံမပါ ဘူးဆိုတော့ မောင်အောင်ရယ်၊ ဒီထက်မွဲတဲ့ဘဝ ဆင်းရဲတဲ့ဘဝ ဘယ်လာရှိတော့မှာလဲ၊ ပြောရဦး မယ်၊ မောင်အောင်တို့ဘဝက ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက ခုချိန်ထိ ဆင်းရဲတယ် ဆိုတာ ချိုနဲ့လားလို့မေးရမယ့်သူက ကိုယ်နဲ့မအပ်စပ်တဲ့ ဆင်းရဲသား အကြောင်းတွေ ရေးရတယ်လို့၊ မခိုင်တို့ကတော့ဟေ့ စာဖတ်ပြီဆို ရင် တို့စီးရ မစီးရ၊ နေရ မနေရ နောက်ဆုံးပေါ်ကားအသစ်ကြီးနဲ့ ခေတ်မီတိုက်အသစ်ကြီးတွေနဲ့ လောကကြီးမှာ ကုဋေရှစ်ဆယ် သူဌေးသားထက် အဆရာထောင် ချီတဲ့ လူ့မလိုင်ခဲဘဝတွေကိုပဲ မြင်ချင်တယ်၊ တွေ့ချင်တယ်၊ ခံစား ချင်တယ်၊ စံစားချင်တယ်၊ ကိုယ် ကမှ နပ်မမှန်ရတဲ့အထဲ ကိုယ့်ထက် ဆိုးတဲ့ဘဝတွေကိုတော့ဖြင့် မသိ ချင်ဘူး၊ မခံစားချင်ဘူး၊ ဆုရစာရေး ဆရာကြီးရေ၊ နောင်ကို မခိုင်တို့ အကြိုက်၊ ရေးစမ်းပါ၊ ဒီလိုရေးလို့ အောင်မြင်ကျော်ကြားနေတဲ့ စာရေးဆရာတွေ ဒုနဲ့ဒေးပါ ကွယ်”

ဆုရဂျာနယ်ကို ကိုင်တွယ် ကြည့်နေရင်းမှ မခိုင်၏စကားသံ တွေကို ကြားရသောအခါ ကျွန်တော့်ရင်ထဲမှာ ငလျင်လှိုင်း တွေ၊ အပူလှိုင်းတွေ၊ ဆီးနှင်းမုန် တိုင်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနှင့် တစ်နင့်တစ်ပိုးကြီး ခံစားလိုက်ရ သလို ဖြစ်မိသွားသည်။ရုတ်တရက် ကျွန်တော့် ပခုံး ပေါ်သို့ ညင်သာစွာကျရောက်လာ သော လက်တစ်ဖက်ကို လန့်ပြီး ဆတ်ခနဲကြည့်မိသောအခါ ပီဘိ တည်ကြည်သောအပြုံးနှင့် ကြည့် နေသည့် စိုးဦး၏နှုတ်ခမ်းဖျားမှ..

”ဒီလိုပေါ့ကွာ ဖိုးအောင်ရာ၊ လက်တစ်ဖက်ကို မင်းဘက်က ကြည့်ရင် လက်ဖဝါးပေါ့၊ အေး … ငါ့ဘက်ကကြည့်တော့ လက် ဖမိုးပေါ့၊ ဒါပါပဲကွာ”

ခပ်တိုတိုစကားဆိုသော စိုးဦး ကျောပေး၍ ကျွန်တော့်နားမှ ထွက်သွားလေသည်။

သင်းအောင်သန်း

Both comments and pings are currently closed.