ညှောင်

 

ဇာတ်သိမ်း

သူ့ညီမဂရီတီက မတ်တတ် ရပ်၍နေသည်။ တစ်ခုခုကို စောင့် နေသည့်ပုံဖြင့်၊ ပြီး… ရှေ့သို့ ရုတ်ခနဲထွက်လိုက်သည်။ သူ ကပ် လာမှုကို ဂရီဂေါ်သတိထားမိ။ ”ကဲ… နောက်ဆုံးတော့” သော့ ခလောက်ထဲသို့ သော့ကိုလှည့်ရင်း သူက မိဘများကို အော်ပြောလိုက် သည်။

”ဘာတွေများ ထပ်ဖြစ်ဦးမှာ လဲ”

ဂရီဂေါ် သူ့ကိုယ်သူ မေးမိ သည်။ အမှောင်ထဲတွင် ဘေးဘီကို လှည့်ပတ်ကြည့်ရင်း မေးလိုက်ခြင်း။ သူ နောက်ဆုံးသိလိုက်သည်က သူ့ တစ်ကိုယ်လုံး လူပ်၍မရတော့ခြင်း။ တစ်ဖက်ကကြည့်လျှင်တော့ ကြောင်ကြီးဂျိုးဇက်ကေ ကိုယ်ခန္ဓာ ထက် အများကြီးပိုကြီးသည့် ခန္ဓာ ကိုယ်ကို ထိန်းထောက်ထားရသည်သူ့ခြေထောက် ပိန်လှီလှီလေးများ ကိုသုံး၍ ဟိုဟိုဒီဒီ လှုပ်ရှားသွား လာနိုင်ခဲ့သော်လည်း ယခုအချိန် တွင် မသွားမလာနိုင်တော့သည်က မယုံနိုင်စရာ။ ဒီအကြောင်းကို ဂရီဂေါ် လုံးဝမတွေးချင်။ သူ့တစ် ကိုယ်လုံး နာကျင်နေသော်ငြား ထူးထူးခြားခြား သူကျေနပ်နေမိ သည်။ သို့သော် ယင်းနာကျင်မှု များက တဖြည်းဖြည်းနှင့် သက်သာ လာပြီး နောက်ဆုံးတွင် ပျောက် ကွယ်သွားမည်ကို သူသိနေသည်။ သူ့လည်ပင်းတွင် တင်းကျပ်စွာရှိ နေသည့် လည်ပတ်ကို သတိမထား မိတော့သလို လည်ပတ်ကြောင့် လည်ပင်းတစ်ဝိုက် နာကျင်မှုကို လည်း အမှတ်မထားမိတော့၊ လည် ပတ် ပတ်လျက်သား သူ့ကိုယ်ကြီးက ကြီးကြီးလာနေသလို အမွေးများ က ထူလာသည့်အတွက် လည်ပတ် အောက်ရှိ အရာများကို မည်သူမှ မမြင်နိုင်။

သူ့လည်ပင်းကို အနှီ လည်ပတ်က ဘယ်လိုညှစ်ညှစ် သူ ဘာမှ မခံစားရ၊ သူတွေးနေသည်က သူ ဒီနေရာက ခွာကိုခွာရမည်ဟုပင်၊ သူ့မိသားစုကို စူးစူးနစ်နစ်ချစ်သော် လည်း သူ ဒီနေရာက ခွာရမည်။သူ့ညီမ သူ့ကိုနှင်သည်ဖြစ်စေ၊ မနှင်သည်ဖြစ်စေ သူ သွားကိုသွား ရမည်။ ဟာလာဟင်းလင်း ခံစားမှု နှင့် ငြိမ်းချမ်းစွာမျောပါနေရာမှ နာရီကြီး က နံနက် ၃ နာရီထိုးပြီဖြစ် ကြောင်း အသံပေးသည်။ ပြတင်း ပေါက်ကိုဖြတ်ရာ ရောင်နီကွန့်မြူး လာသည်ကို သူ မြင်ရသည်။ အရုဏ်တက်ပြီပဲ၊ ဒီနောက် သူ အလိုလိုခေါင်းငိုက်စိုက် ကျသွား သည်။ ပန်းနုရောင်နှာခေါင်းက ကြည့်ကောင်းမြဲ၊ အမွေးတွေက သူ၏ နောက်ဆုံးထွက်သက်ကို မဝံ့မရဲဖေးမထားကြသည်။ နောက် ဆုံး ထွက်သက်မတိုင်မီ ကြောင်များ ၏တေးသံကို သူ ကြားလိုက်ရသည်။ တစ်စုံတစ်ခုက သူ့ကိုယ်ထဲမှာ ပိတ်မိနေပြီဖြစ်သည်။

နောက်တစ်နေ့ မနက်စော စော သန့်ရှင်းရေးမိန်းမလာသည်။ သူမ ချိနဲ့နဲ့ခန္ဓာကိုယ်မှ ထွက်သမျှ အားဖြင့် အခန်းတံခါးတွေကို လိုက်ခေါက်နေသည်။ သူ့ကို ဒီလို မလုပ်ဖို့ ပြောထားလည်း မမှတ်၊ သူလာသည်နှင့် တစ်အိမ်လုံး ဘယ်သူမှ အိပ်မရတော့။ ဂရီဂေါ် ကိုမြင်တော့ သူ ထွေထွေထူးထူး မတွေးမိ၊ ဂရီဂေါ် မလှုပ်မယှက် အိပ်နေသည်က သည်အိမ်က စော်ကားမော်ကား ပါတီပွဲကို ဝင်နွှဲချင်သည့်ပုံဟု သူ ထင်မိသည်။သန့်ရှင်းရေးမိန်းမကြီးက ဂရီဂေါ့် ကို အမှတ်ပေးလိုက်သည်။ သူ ဘာလုပ်လုပ် ဂရီဂေါ်က နားလည် ပေး၍ ကြမ်းပေါ်တွင် လှဲနေသည့် ဂရီဂေါ့်ကို နေရာမှထသွားဖို့ သူ့ လက်ထဲတွင် တမြက်စည်တစ် ချောင်းကို ကိုင်ထားသည်။ တံမြက် စည်းနှင့် နှင်မရသည့်အဆုံး မိန်းမ ကြီး စိတ်ထွက်လာသည်၊ တံမြက် စည်းဖြင့် ဂရီဂေါ်ကို အသာအယာ ရိုက်သည်။နောက်ဆုံး ဂရီဂေါ့်ကို တံမြက်စည်းနှင့် အကြမ်းပတမ်း ကော်ထုတ်သည်၊ မရ။ ဘယ်လိုလုပ် လုပ်မရသည်ကို မိန်းမကြီးသိသွား သည်။ ဟူးခနဲ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သို့သော် သိပ်မကြာ၊ အိပ်ခန်း တံခါးကိုဖွင့်၍ အမှောင်ထဲသို့ အော်ထည့်လိုက် သည်။

”လာကြည့်ကြပါဦး၊ သွားပါ ပြီ၊ အဲဒီမှာအသေကောင်လိုပဲ လှဲနေတယ်တော့”

ဟူ၍။ သန့်ရှင်း ရေးမိန်းမ အသံပြဲကြီးကြောင့် ဂရီဂေါ့်အဖေနှင့်အမေ သူတို့ မင်္ဂလာဦးခုတင်ပေါ်မှ လူးလဲထ လာကြသည်။ ဘာတွေအော်နေ မှန်းမသိခင် ကသောကမြောထလာ ကြသည်။ ဂရီဂေါ့်အဖေပခုံးပေါ် တွင် အိပ်ရာခင်းကြီးက တိုးလိုး တန်းလန်းကြီး၊ အမေက ညဝတ် အင်္ကျီကပိုကရိုနှင့် ဂရီဂေါ်ရှိနေ သည့် အခန်းတွင်း ဝင်လာကြသည်။ ဂရီတီကတော့ မိဘနှစ်ပါးနောက် က ကပ်လျက်သား ပါလာသည်။ သူ့ကို ကြည့်ရသည်မှာ ဖြူဖျော့ ဖျော့နှင့် တစ်ညလုံး အိပ်ရသေး ဟန်မတူ သူတို့အားလုံး သန့်ရှင်း ရေးမိန်းမကို ဘာဖြစ်တာလဲဟူ သော စောကြောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

”သေပြီလား”

ဟူ၍လည်း မေးလိုက်ကြသည်။ ဒေါ်သန့်ရှင်းရေးကြီးက ပြန်ဖြေ သည်။

”အင်း သေပြီလို့ပဲ ပြောရ မှာပဲ၊ ဒီမှာကြည့်”

ဟု ပြောပြော ဆိုဆို ဂရီဂေါ့်ကို တံမြက်စည်းဖြင့် ရိုက်ပြသည်။ ဂရီဂေါ်အမေပုံစံက တံမြက်စည်းနှင့် ဆက်၍ မထိုးစေ ချင်သည့်ပုံ၊ ဒါပေမဲ့ ဘာမှထပ် မလုပ်။

”ကဲ… မိန်းမရေ၊ ဘုရား သခင်ကို ကျေးဇူးတင်ပေတော့”

ဂရီဂေါ်အဖေက လက်ဝါးကပ် တိုင်အသွင်လုပ်၍ ဘုရားရှိခိုးလိုက် သည်။ နှစ်ဦးစလုံးလည်း သူ လုပ်သလို လိုက်လုပ်ကြသည်။ ဂရီတီက အလောင်းကောင်ကို မမှိတ်မသုန်ကြည့်ရင်း ပြောလိုက် သည်။

”ကြည့်ပါဦး၊ သူ အစား မစားတာ ကြာလှပြီ၊ ဒါပေမဲ့ စားထားသလို ထွားသည်ထက် ထွားနေလိုက်တာ၊ ကျွန်မတို့ကျွေး တာမှန်သမျှ အရာကိုမယွင်း ဘူး၊ ဒီအတိုင်း ပြန်တွေ့ရတယ်”

အမှန် တော့ ဂရီဂေါ်တစ်ကိုယ်လုံး ပိန်ချုံး ချိနဲ့နေပြီဖြစ်သည်။ သို့သော် အရိုး ပြိုင်းပြိုင်းဖြစ်နေသော်ငြား အစာ ငတ်ရေငတ်ဖြစ်နေသော်ငြား ထွား ကြိုင်းနေဆဲ။ ဂရီဂေါ်၏ ဖွားရရား အမွေးနှင့် နှုတ်ခမ်းမွေးများက ယခင်ကလို တာဝန်မထမ်းဆောင် တော့ပြီ ဖြစ်သည်။ ဖွားရရားအမွေး များနှင့် မဆွဲဆောင်နိုင်သလို နှုတ်ခမ်းမွေးကားကားကြီးများက ကြည့်သူ၏စိတ်ဝင်စားမှုကို မရယူ နိုင်တော့ပြီ ဖြစ်သည်။ဂရီဂေါ့်အမေ မစ္စဆမ်မ်ဆာ က ချိနဲ့နဲ့အပြုံးဖြင့် သမီးဖြစ်သူကို ဆိုလိုက်သည်။

”ဂရီတီ အမေတို့ အခန်းထဲ ခဏလိုက်ခဲ့”

ဟူ၍၊ ဂရီတီက ရုပ်အလောင်းကိုတစ်ချက် မှလှည့်မကြည့်ဘဲ မိဘတို့အိပ်ခန်း ထဲ လိုက်ဝင်လာသည်။ သန့်ရှင်း ရေးမကြီးက တံခါးကိုပိတ်၍ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ နံနက်စောစောဆိုပေမဲ့ လေထုက ပူနွေးနေသည်၊ မတ်လကုန်ခဲ့ပြီ ကိုး။အိမ်ငှားသကောင့်သားကြီး ၃ ယောက် သူတို့အခန်းတွေထဲက ကိုယ်စီကိုယ်စီထွက်လာပြီး နံနက် စာပြင်ထား မထားကြည့်သည်၊ မည်သည့်နံနက်စာမှ ပြင်မထား။

”ဘယ်မှာလဲ မနက်စာ”

သူတို့ထဲမှ တစ်ယောက်က သန့်ရှင်းရေးသမ ကို မေးသည်။ သူက နှုတ်ခမ်းပေါ် တွင် လက်ညှိုးတင်၍ တိုးတိုးဟူ သည့်အမူအရာလုပ်ပြကာ ဂရီဂေါ့် အခန်းထဲဝင်ကြည့်ဖို့ မေးထိုးပြ သည်။ ဂရီဂေါ့်အခန်းထဲ သူတို့ ဝင်လာပြီး အခန်းလယ်တွင် မတ် တတ်ရပ်နေကြသည်။ ဂရီဂေါ့်ရုပ် အလောင်းက အခန်းအလယ်တွင် ထင်းထင်းကြီး၊ သူတို့ဘောင်းဘီ အိတ်ထဲ လက်အလျှိုအလျှိုနှိုက် လျက် ရပ်နေကြသည်။

ခဏအကြာ ဂရီဂေါ့်အဖေ အခန်းတံခါးပွင့်လာပြီး ဇနီးနှင့် သမီးကို တစ်ဖက်တစ်ချက် ခြံရံ လျက် ထွက်လာသည်။ ဝတ်နေကျ ယူနီဖောင်းဝတ်စုံဖြင့်။ သူတို့အား လုံး မျက်ရည်စမ်းစမ်းဖြင့်၊ ဂရီတီက သူ့မျက်နှာကို ဖခင်လက်မောင်း ပေါ်အပ်လျက်။ ဂရီဂေါ့်အဖေ မစ္စတာဆမ်မ်ဆာက အိမ်ငှား ၃ ဦးအား ရုတ်     ချည်း ပြောလိုက်သည်။

”ကျုပ်အခန်းက အခုပဲ ထွက်သွား ကြ”

ဟူ၍ပြောရင်းဆိုရင်း အခန်း တံခါးကို ဖွင့်လိုက်သည်။ ဇနီးနှင့် သမီးကိုတော့ လက်ကမလွှတ်။ အိမ်ငှားထဲမှ ခေါင်းဆောင်ဖြစ်သူ က မေးသည်။

”ဒါက ဘာသဘော လဲဗျ”

ဟူ၍။ ဟန်ဆောင်ပြုံးနှင့် မေးခြင်းဖြစ်သော်လည်း သူ့အသံ က မကျေမချမ်းဖြစ်မှုကို မဖုံးမဖိ နိုင်၊ ကျန်နှစ်ယောက်က သူတို့လက် တွေကို နောက်ပစ်ထားကြသည်။ တစ်ယောက်လက် တစ်ယောက် ကုတ်ရင်း ရှေ့ဘာဆက်ဖြစ်မလဲ ဟူသည်ကို ငံ့လင့်လျက်၊

”ကျုပ် ပြောတာ ခင်ဗျားတို့ ကြားတဲ့ အတိုင်းပဲ”

မစ္စတာဆမ်မ်ဆာက ဆိုသည်။ ဇနီးနှင့်သမီးကိုဆွဲ၍ ထိုသူသုံးဦးဆီ တည့်တည့်ကြီး ကပ်လာရင်း ဆိုလိုက်ခြင်းဖြစ် သည်။ သူ့ဟာသူ အဆင်ပြေသွား မှာပါဟူသောအတွေးဖြင့် အိမ်ငှား များက မလှုပ်မယှက်ရှိနေကြသည်။

”ကောင်းပြီလေ၊ ဒါဆို ကျွန်တော်တို့ သွားမယ်”

ခေါင်းသူကြီးအိမ်ငှားက မစ္စတာဆမ်မ်ဆာကို ကြည့်ရင်း ပြောလိုက်သည်။ ဂရီဂေါ့်အဖေကို သွားခွင့်ပေးဖို့ ခွင့်တောင်းသည့် အကြည့်ဖြင့် ပြောလိုက်ခြင်းဖြစ် သည်။ ဂရီဂေါ့်အဖေမစ္စတာ ဆမ်မ်ဆာက ခေါင်းကို အားရပါးရ ညိတ်လိုက်သည်။ မျက်လုံးကြီး အပြူးသားဖြင့်။ခေါင်သူကြီးအိမ်ငှားများက ဟောခန်းထဲသို့ နောက်သို့လှည့် မကြည့်တမ်း ထွက်သွားကြ သည်။ နောက်နှစ်ယောက်က သူ့နောက်မှ သုတ်သုတ်သုတ်သုတ် လိုက်သွား ကြသည်။မစ္စတာဆမ်မ်ဆာများ သူတို့နောက်လိုက်လာပြီး တစ်ခုခု လုပ်မည်ကို စိုးရွံ့သည့်အသွင်ဖြင့်၊ ဟောခန်းထဲတွင် သူတို့ပစ္စည်း သူတို့ယူနေကြသည်။ ကုတ်အင်္ကျီ ချိတ်စင်မှ ဦးထုပ်၊ တုတ်ကောက် ထားသည့်နေရာမှ တုတ်ကောက်စ သည် တို့ကို အသီးသီးအသကယူ၍ ဂရီဂေါ့်ဖခင်ပိုင်တိုက်ခန်းမှ ထွက် ခွာသွားကြသည်။ မစ္စတာဆမ်မ် ဆာက သူတို့ တကယ်ရောသွားမှ သွားပါ့မလားဟူသည် စိုးရိမ်စိတ် ဖြင့် ဇနီးနှင့်သမီးကိုခေါ်ကာ အပေါက်ဝမှ ထွက်ကြည့်သည်။အိမ်ငှားတွေကတော့ ကြောင်လိမ် လှေကားမှ ဣနြေ္ဒရရဆင်းသွားပြီး အကွေ့တွင် ပျောက်ကွယ်သွား ကြပြီဖြစ်သည်။

သူတို့မြင်ကွင်းထဲမှ ပျောက်သွားသည်နှင့် ဆမ်မ်ဆာ တစ်မိသားစုလုံး ယင်းတို့အကြောင်း ခေါင်းထဲမရှိတော့။ အမဲသားသည် တစ်ဦး ခေါင်းပေါ်ဗန်းရွက်လျက် သူတို့ကိုဖြတ်၍ လှေကားထစ်တွေ ကို တက်သွားသည်ကို သူတို့မြင်ရ ပြီး ဆမ်မ်ဆာတို့ သူတို့အခန်း သူတို့ပြန်ဝင်လာကြသည်။ ဒီနေ့ တစ်နေ့လုံးလုံး အနားယူကြမည်၊ ပြီး… ဟိုဒီလျှောက် သွားကြမည် ဟု သူတို့ဆုံးဖြတ်ထားသည်။ အလုပ်မလုပ်ဘဲ အနားယူရန် သူတို့တကယ့်ကို လိုအပ်သည်ကိုး။ စားပွဲတွင်ထိုင်ပြီး တောင်းပန်စာ သူတို့ရေးကြသည်။မစ္စတာ ဆမ်မ်ဆာက သူ့အထက်အရာရှိ၊ မစ္စဆမ်မ်ဆာဂရီဂေါ့်အမေက သူ့ဖောက်သည်၊ ညီမဂရီတီက သူ့အလုပ်ရှင် စသည်စသည်တို့ထံ ခွင့်တောင်းစာ ရေးကြသည်။ သူတို့ရေးချွတ်နေကြစဉ် အလုပ်ပြီး ၍ အိမ်ပြန်မည်ဖြစ်ကြောင်းပြောဖို့ သန့်ရှင်းရေး မိန်းမ အခန်းထဲဝင် လာသည်။ စာရေးရင်း အလုပ်ရှုပ် နေကြသဖြင့် သူ့ကို စောင်းငဲ့မကြည့် ဘဲ ခေါင်းသာလျှင် ညိတ်ပြနိုင်ကြ သည်။ ခေါင်းညိတ်သော်လည်း မိန်းမကမသွား၊ ဘာကြောင့်မသွား သလဲဆိုသည်ကိုသိဖို့ သူတို့ခေါင်း ထောင် ကြည့်လိုက်ကြသည်။ ဂရီဂေါ့်အမေက…..

”ဘာတုံး”

ဟု အဆို မိသားစုကို စိတ်ချမ်းသာစရာ သတင်းစကားပါးမည့်ပုံဖြင့် သန့်ရှင်းရေးမိန်းမက တံခါးဝတွင် ပြုံးပြုံးကြီးရပ်နေသည်။ သူ့ကို သေချာမေးမှ သတင်းကောင်းကို ပြောမည့်ပုံ။ ဒီမိန်းမကို ခိုင်းခဲ့သမျှ ကာလပတ်လုံး အနှီငှက်ကုလား အုတ်မွေး သေးသေးလေးထိုး ထားသည့် ဦးထုပ်ဆောင်းထား သည့် မခိုးမခန့်မိန်းမကို မစ္စတာ ဆမ်မ်ဆာ ယခုလောက် တစ်ခါမှ ဒေါသမဖြစ်ဘူး၊ ဂရီဂေါ့်အမေ မစ္စဆမ်မ်ဆာက မေးလိုက်သည်။

”ကောင်းပြီ၊ ရှင် ဘာလိုချင်တာလဲ ခု”

ဟူ၍မပြောရမနေနိုင် ရွှင်မြူး သည့်ပုံဟန်ဖြင့် မိန်းမကဆိုသည်။

”ဟိုအခန်းထဲက အမှိုက်တွေ သွန် ပြီးပါပြီ။ ရှင်တို့ ဘာမှပူစရာမလိုပါ ဘူး၊ အားလုံးရှင်းပြီးလင်းပြီးပါပြီ”

မစ္စဆမ်မ်ဆာနှင့် ဂရီတီက ဆက် ရေးရန် ခေါင်းငုံ့လိုက်ကြသည်။ သူလုပ်ခဲ့သမျှကို ခရေစေ့တွင်းကျ ပြန်ပြောချင်လွန်းနေသည့် သန့်ရှင်းရေးမကို မစ္စတာ ဆမ်မ်ဆာ က လက်ဟန်ခြေဟန်ဖြင့် တား လိုက်သည်။ ရှင်းပြ၍မရသည့် အဆုံး မိန်းမက သုတ်ခြေတင်ဖို့ ဟန်ပြင်သည်။ ပြီး မခန့်လေးစားဖြင့်…………

”ကဲ … အားလုံးပဲသွားတော့မယ် တော်တို့ရေ”

ဟု ဆိုကာ စိတ်ဆိုး မာန်ဆိုဖြင့် တံခါးပေါက်မှ ထွက် သွားသည်။ တံခါးကို ဂျိန်းခနဲ ဆောင့်ပိတ်လျက်။

”ဒီညနေ ဒီဟာမကို ထုတ်လိုက်တော့ မယ်”

မစ္စတာဆမ်မ်ဆာက ဆိုသည်။ ဆိုလိုက်ပေမဲ့ ဇနီးသည်ဆီကရော သမီးဆီကပါ မည်သည့် တုံ့ပြန်မှုမှ မကြားရ၊ ဘယ်ကြားရမတုံး၊ ရတောင့်ရခဲ ရှားရှားပါးပါး အေးချမ်းမှုကို ဒီမိန်းမ ဖျက်လို ဖျက်ဆီး ထပ်လုပ်သည်ကိုး။ သူတို့ နှစ်ဦးလုံး ပြတင်းပေါက်ဆီ ထသွား ကြသည်။ တစ်ဦးပခုံး တစ်ဦးဘက် လျက်။ သူတို့ ဘာလုပ်မည်လဲဆို သည်ကို ဂရီဂေါ်အဖေ မစ္စတာ ဆမ်မ်ဆာက စူးစမ်းသလိုကြည့်နေ သည်။ ပြီးတော့ သူအော်လိုက် သည်။

”ကဲဟေ့… ဒီကိုလာကြ ဦး၊ အကျိုးမပြုတဲ့ဟာတွေ ဖယ်ကြ ဦးစို့ရဲ့၊ ဟိုဒီ လျှောက်တွေးမနေ ကြနဲ့၊ ငါ့ကိုလည်း ဂရုစိုက်ကြဦး”

ဟူ၍…သူတို့နှစ်ဦးလုံး စာကိုအပြီး သတ်ကာ သူ့ထံ ဖျတ်ခနဲရောက် လာကြသည်။ သူတို့ အားလုံး တိုက်ခန်းမှ အပြင်ထွက်လာကြ သည်။ လပေါင်းများစွာ မလုပ်ခဲ့ သည့်အလုပ် သူတို့ လုပ်ကြသည့် သဘော။ ပြီးတော့ မြို့ပြင်လေ ကောင်းလေသန့်ရှိရာသို့ ဓာတ် ရထားစီးလာကြသည်။ ဓာတ် ရထားထဲ သူတို့ထိုင်သည့် နေရာကို နေခြည်နွေးနွေးက ဖျန်းပက်နေ သည်။ ဆိုဖာ နောက်မီကို ဇိမ်ကျ ကျမီရင်း မိသားစုရှေ့ရေးနှင့် ပတ်သက်၍ တိုင်ပင်ကြသည်။ အသေ     အချာတိုင်ပင်ပြီး ဘာလုပ်မည်ကို သူတို့ဆုံးဖြတ်လိုက်ကြသည်။

အမှန်တော့ သူတို့သုံးယောက်လုံး အလုပ်ရှိပေမဲ့ သူတို့အလုပ်နှင့်ပတ် သက်၍ ဘာမှမဆွေးနွေး။ ရှေ့ရေး ကောင်းဖို့ကိုသာ တိုင်ပင်ကြခြင်း ဖြစ်သည်။ အလုပ်ရှိခြင်းမှာ အနာ ဂတ်ရှိခြင်းဖြစ်ပြီး အကောင်းဆုံး မျှော်လင့် ချက်လည်း ဖြစ်သည်ကို သူတို့ထည့်မတွက်။ တိုင်ပင်ကြရင်း ရရှိလာသည့်အကောင်းဆုံးအကြံ က သူတို့အိမ်ပြောင်းမည်ဟူသည့် စိတ်ကူး။ နောင်အခါတွင်တော့ သူတို့ ဈေးပေါပေါတိုက်ခန်းတစ်ခု ကို ငှားနေဖို့ ရည်ရွယ်ထားသည်။ ယခင် သူတို့နေသည့်တိုက်ခန်း ထက်သေးငယ်သော်ငြား ပိုကောင်း သည့်နေရာတွင်တည်ရှိပြီး ပို၍ လက်တွေ့ကျသည့်၊ ပို၍နေပျော် သည့် တိုက်ခန်းတစ်ခန်း။ ဂရီဂေါ် ရှာတွေ့ခဲ့သည့် အခန်း။ ရှေ့ရေးကို တိုင်ပင်နေသည့် သူတို့အားလုံး အဆိုပါကိစ္စအပေါ်၌သာ အာရုံ စူးစိုက်နေကြသည်။

ယခင်ကကဲ့သို့ ဂရီဂေါ့်အဖေနှင့် အမေတွေးမိ သည်က တစ်ချိန်လုံး တိရစ္ဆာန်များ နှင့် ပို၍လက်ပွန်းတတီးနေသူ သမီးဂရီတီတစ်ယောက် မကြာ သေးမီကပင် သီးချိန်တန်သီး ပွင့် ချိန်တန်ပွင့်ချိန် ရောက်ပြီဖြစ်သည်။ ဒုက္ခသုက္ခမျိုးစုံကြောင့် အခါမလပ် ဖြူဖျော့ဖျော့ ပါးပြင်ပိုင်ရှင်က မိန်းမချောမိန်းမလှလေးဖြစ်၍ နေပေပြီ။သူတို့မိဘနှစ်ပါး တစ်ဦး နှင့်တစ်ဦး ကြည့်သည့်အကြည့်က အဓိပ္ပာယ်များစွာ ရှိနေသည်။ ယခုအခါသမယက သူတို့သမီး အတွက် လင်ကောင်းသားကောင်း ရှာရမည့်အချိန်၊ မိဘတို့အဖြစ်စေ ချင်ဆုံး အိပ်မက်၊ ယင်းတို့မျက်စိ မမှိတ်ခင် လောကခရီးမဆုံးခင် တွေ့လိုသည်က၊ ရည်ရွယ်သည်က ယင်းတို့၏သမီး အိပ်ရာမှနိုးသည် နှင့် အေးချမ်းစွာဆွတ်ပျံ့မှုကို ခံစားစေလိုခြင်းပင်။ လောက တံထွာ လူတို့ဓမ္မတာလောကဓံကို ရင်ဆိုင်ရမည်ဖြစ်သော်ငြား သားသမီးရတနာကို ကောင်းသော နိုးထခြင်းဖြင့် နိုးထစေလိုခြင်းပင် ဖြစ်ပေသည်တကား။

ရွှန်းတင့်

Both comments and pings are currently closed.