တောက်တီးတောက်တဲ့

အိုင်တွေ့တိုင်း ခြေမဆေးနဲ့

”အနောက်တောင်ဆီ က ရွာမည်ဟန်ပြင် မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင်.. စစ်မျက်နှာ ဖွင့် တိမ်ခိုး လွင့်စဉ်. မှိုင်းမှိုင်း ရိပ်မှောင် စွန်တောင်အဆင်”

ဘာလိုလို နဲ့ အယ်နီညို ဆိုတဲ့ ဆီဒယ်အိုးထဲ က ရာသီကြီးကို ဖြတ်ကျော်ပြီး ဝသန်ချိန်ခါ တောင် ရောက်ပါပေါ့။

အပူလှိုင်း ဖြတ်ခဲ့တဲ့ နွေကာလ တုန်းက ဦးနှောက် သွေးကြောပြတ် မှာတို့ ၊ အပူရှပ် မှာတို့ အဲ့ဒီ အရေးတွေ ကိုကြောက် ပြီး အိမ်အပြင် မထွက်ရဲ တဲ့ မောင်တောက် တီး ဟော့ဒီ မိုးရာသီ လေးမှာတော့ ထီးကလေးနဲ့  မပေါ့။

အဲ့ဒီလို အားခဲ ထားတဲ့ မောင်တောက်တီး တစ်ယောက် အခုတော့ ကြားရတဲ့ သတင်းတွေ ကြောင့် အိမ်တွင်းပုန်း ဘဝ ပြန်ရောက် ရတော့ မလိုဘဲဗျို့။
ဘာကြောင့်လဲ ဆိုတော့ ..မကြားလိုက်ကြဘူး လားဗျာ။

လမ်းသွားရင်း တစ်ပေ သာသာရေအိုင်လေး ထဲ ဆင်းပြီး ဖြတ်ကူးမိ တဲ့ကောင်လေး ဓာတ်လိုက် သေ သွား သ တဲ့။ ကျောင်းက အပြန်ချော်လဲ ကျလို့ လမ်းဘေး ဓာတ်တိုင် ကို လှမ်းကိုင်မိတဲ့ ကလေး ဓာတ်လိုက်သေသတဲ့။

ကိုင်း.. ကြားရ ကြားရ နားဝမှာ မသက် သာလှဘူး ကိုယ့်ဆရာတို့။

ကိုယ့်ဆရာ တို့က လျှပ်စစ်မီး မှန်မှန်မလာ ဘူး ဘာဘူး သာပြောနေတာ..။ အရင်ခေတ် ကဆို လျှပ်စစ်တွေ ပိုလျှံ လို့ နိုင်ငံရပ်ခြား ရောင်း စားရတယ်။ အခုခေတ်ကျ လျှပ်စစ်တွေ ပိုလွန်းလို့ ရေအိုင်တွေ ဓာတ်တိုင်တွေထဲ အထိ စီးကျနေတာမြင်ရဲ့ မဟုတ်လား။

ဒီလိုမျိုး ပြသနာတွေနဲ့ ပတ်သက်လို့ ဆိုင်ရာ လူကြီး များကလည်း ပြည်သူတွေ စိတ် အားမငယ်အောင် ဒီဂလို ထပ်အားပေးလိုက် ပါသေးတယ်။

ရန်ကုန်မြို့တွင်း ဓာတ်ကြိုးများ အချိန် မရွေးပြတ်ကျနိုင်တဲ့ ။

အရင်ကဆို မြို့ထဲသွားရင် မော်တော်ကား တိုက်မှာ စိုးလို့ ဘေးဘယ်ညာပဲ ကြည့်ရတာ။ အခုဆို အပေါ်က ဓာတ်ကြိုးကို ကြည့်ရ အောက် က ရေအိုင်ကို လည်း ကြည့်ရနဲ့ ဇက်ကို ဆုံလည် ဖြစ်ပါရောလား။

ဒီနေရာကျတော့ တောက်တီးရဲ့ မဟေသီ မယ်တောက်တဲ့ဟာ ရှေးရေးကို ကြိုမြင်တဲ့ အာဂ မိန်းမဗျိုး။
အရင့် အရင်ကတည်းက မောင်တောက်တီး အပြင်သွားရင် သူမှာနေကျ စကား ရှိတယ်။
တော် အိုင်တွေ့တိုင်း ခြေမဆေးနဲ့နော်တဲ့ ။
သိပ်မှတ်သပဗျာ။ အခုကာလက အိုင်တွေ့လို ခြေဆေးမိရင်ကို ဓာတ်လိုက်ပြီး မာလကီးယား သွားနိုင်တားကိုဗျနော့။

တရားခံ ဖြစ်သွားတဲ့ ရွာက အမေ

သို့ကလို..ဒီလိုနှယ့်ပေါ့ဗျာ။

 မောင်တောက်တီး တို့ လင်မယားမှာ လက် လုပ်လက်စား ဘဝ ဆိုတော့ကာ ရန်ကုန်လိုမြို့ ကြီးမှာ သိပ်ပြေလည် လှတယ် ရယ်တော့ မဟုတ် ဘူး။

ကုသိုလ်ကံ က ကွက်ကြား မွဲနေတော့လည်း သူများတကာတွေ လို ပင်စင် ယူပြီးမှ ခြံကြီး ဝန်းကြီး ဆိုင်ကြီး မလိုင် ကြီးတွေ ဖွင့်ဖို့မပြော နဲ့ ကွမ်းယာ ဆိုင်လေးတောင် ဖွင့်ဖို့ အနိုင်နိုင် ရယ်။

ကွမ်းယာဆိုင်လေး ဖွင့်ဖို့ဆိုပြန်တော့လည်း ကြားရတဲ့ ကောလာဟလတွေ က ကွမ်းယာတောင် တရားမဝင် ကုန် ပစ္စည်းဖြစ် မယ့် သဘော ဆိုတော့ ခက်သပေါ့ဗျာ။

ဒါနဲ့ပဲ လင်မယားနှစ်ယောက် တိုင်ပင်လိုက် တယ်။

အမေ့ရွာ ကို ပြန်ပြီး အသိမ်း မခံရဘဲ ကျန် နေတဲ့ ဘိုးဘွားပိုင် လယ်ပပ် ကြားလေးတွေမှာ စပါးပြန် စိုက် ငွေစု ပြီး ငွေရင်းလေး ရမှမြို့ပြန် တက် လာမလားရယ်ပေါ့ ။

ဒီလို ဆုံးဖြတ်ပြီးတာနဲ့ မွေးသမိခင် ကျေးဇူး ရှင် အမေကြီး ရှိရာ ရွာကို ဖုန်းခေါ်လိုက်တယ်။

”ဟယ်လို.. အမေလား .. သားပါ တောက်တီးပါ.. သား အမေ ရှိတဲ့ ရွာကို ပြန်လာတော့မလို့”

”အောင်မယ်လေး ..တောက်တီး .သား.. အခုပဲ အမေလည်း မင်းဆီ ဖုန်းဆက်မလို့ မင်း ပြန်မလာပါနဲ့ကွယ်.. အမေတို့ပဲ ရွာက နေ သားရှိတဲ့ မြို့ကို ပြောင်း လာတော့ မယ်”

”ဟင်..အမေ ဘာဖြစ်လို့လဲဗျ”

”အမေတို့ ရွာမှာနေရင်းတရားခံဖြစ်နေပြီသားရယ်”

”ဟင်..အမေက ရွာမှာ ဘာပြစ်မှုကျူးလွန် လို့တုံးဗျာ”

”အမေ ထမင်းအိုးတည်မိတာပါ သား ရယ်”

”ဟာဗျာ..အမေကလည်း ထမင်းအိုး တည်တာ ပြစ်မှုလားဗျ”
”ရွာမှာက လျှပ်စစ်မီးမရှိတော့ ထင်း ခြောက်လေး ကောက်ပြီး မီးဆိုက်တည်မိပါတယ် သားရယ်”

”အိုဗျာ..အမေကလည်း ထင်းခြောက်နဲ့ မီး ဆိုက်တာများဘာအပြစ်ရှိလို့တုံး”

 ”ဟဲ့..တောက်တီးရယ် ရန်ကုန်သားတစ် ပိုင်းဖြစ်နေပြီဆိုပြီး အလှချည်းလား ..ဟို တစ်နေ့က သတင်းစာထဲမှာ သစ်တောဌာန က ဟိုညွှန်မှူး ဆိုလာ ဘာလားပြောတာ နင်မသိ ဘူးလား ..မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီး မှုက အမေတို့ ထင်းသုံး လို့တဲ့.. အဲဒါကြောင့် တောပြုန်းတဲ့ တရားခံဖြစ်မှာ အမေ ကြောက်တယ် သားရယ်.. ရန်ကုန် မှာပဲ လာရှောင်နေပါ ရစေ”

”ကိုင်း..အဲဒီလို နဲ့ပဲ တောက်တီးတို့ လင်မယား ရဲ့ ရွာပြန်ရေး စီမံကိန်းလေးလည်း ပျက်သွားသပေါ့ဗျာ။

စုံစီနဖာ အတင်းချုပ်

ဒီတစ်လတာ ဆုံကြပြန်ပြီမို့ မင်္ဂလာပါလို့ တောက်တဲ့မက နှုတ်ဆက်ပါတယ် ပရိသတ်တို့ ရေ။

 ရှေ့ပိုင်းက ကျွန်မ လင်ကြီး ကိုတောက်တီး က ဘာတွေ ဘယ်လိုပြော သွားပြောသွား တောက်တဲ့မ တို့ကတော့ ထုံးစံ မပျက်ပါဘူး အေ။

အဆင်းလေး လှသလို အတင်းလေးလည်း ချရင်း စာရင်းလေးတွေ လည်း ပြကြတာပေါ့။

အိမ်း… အခုတလောလေး လူကြီးတွေ ကြား ဟိုးအရင်က စာရင်းလေးတွေ ဘောက်ချာ စုတ် နေတယ် ဆိုတာတော် တို့ လည်း မြင်ရကြားရမှာ ပေါ့ ။

ယုန်စားတဲ့ မုန်လာဥစာရင်းတို့၊ ဆင်ကြီး တွယ်သွားတဲ့ ကြံစာရင်းတို့၊ ခြင်္သေ့အုပ်သွားတဲ့ အမဲသား စာရင်းတို့ ဘာတို့ အသာထားပါအေ။ ဒါတွေက အမြင် ဟုတ်သလုပ် ရင်ရှုပ်တဲ့ သဘင် အလုပ်လိုပဲ ဘုရင် အထုတ်တွေ ဖြည်တဲ့ပွဲ မို့ လား။

 တောက်တဲ့မတို့ တစ်တွေကတော့ ရပ်ထဲရွာထဲ အေးအေးချမ်းချမ်း ပဲအတင်းတုပ်နေ ချင်တာ။

တစ်ခါတစ်ခါ စိတ်ပျက်မိတာ က အဲ့ဒီလို အတင်းတုတ်ခွင့်လေး မရအောင်ကို လိုက်ပြီး ပိတ်ဆို့နေတဲ့ လော်တွေ ကို ပဲအေ။

အတင်း ဆိုတာ တိုးတိုးလေး တုတ်ရတာ မဟုတ်လား။ တစ်ယောက် နဲ့ တစ်ယောက်ကြား နှစ်ကိုယ်ခြားလေး ပြောရတာ။

သို့ပေသိ.. ဒီလော်စပီကာ ဆိုတာတွေက အလှူခံလည်း လော်စပီကာ ၊ အသုဘလည်း လော်စပီကာ ၊ မင်္ဂလာဆောင်လည်း လော်စပီကာ ပါလေရောလော်တွေပါပဲ။

သူတို့က ခုနစ်အိမ်ကြား ရှစ်အိမ်ကြား မက ယူဇနာတိုက်ပေါင်း သောင်းချီ ကြားစေချင်တဲ့ စေတနာနဲ့ အသံကုန် ဖွင့်ကြတော့ တောက်တဲ့မတို့ အတင်း တုတ်ရတာ မလွယ် လှ ဘူးအေ့။

အခုဆိုလည်း ဝါတွင်း ကာလရောက် တော့မှာမို့ လော်တွေ လာကြတော့မယ်။ ဒါပေမဲ့ အစိုးရသစ် လက်ထက်မှာ လော်တွေကို ဥပဒေတစ်ခု ထုတ်ပြီး ကန့်သတ် လိုက်ပြီ လို့တော့ ဈေးထဲမှာပြောသံကြား ရတယ်အေ့။

ဒီလို ဆိုရင်တော့ဖြင့် တောက်တဲ့မတို့ လော်ဘေး ဒုက္ခသည် ဘဝက လွတ်တော့မယ်လို့ ထင်ပါရဲ့အေ။ လော်ဘေးရန်က လွတ်ပြီ ဆိုရင် ဖြင့် ဟိုတက်သစ်စ မင်းသမီးလေး မွေးနေ့ မှာ အကျော်ကြားဆုံး ရော့ခ် တီးဝိုင်းကြီးက လာ ဖျော်ဖြေပေးတာက ဘယ်သူနဲ့ ဘယ်လိုပတ် သက်လို့ဆိုတာမျိုးတွေ ။

ရှစ်စပ်က ဂျင် လို ခြေခြေလည် ပါတယ်ဆိုတဲ့ ရုပ်ရှင်၊ ဂီတလောကသားတွေ ကို မျက်လှည့်ပြပြီး ငွေတွေ သန်းချီးပတ်တီး ရိုက်သွားတဲ့ သွားလေသူ နာမည်ကျော် ပလေယာ ကြီးရဲ့ အဆိုတော်မမကြီး တို့လင်မယား သတင်းက မှန်မမှန် ဆိုတာမျိုး တွေ။

ရင်ရှုပ်လွန်းတဲ့ ဟိုအစည်းအရုံးထဲ ဟို မင်းသားနဲ့ ဟိုဒါရိုက်တာ အုပ်စုတွေ ရှင်းလင်းပွဲ တွေလုပ်ရင်း စကား လုံးနှောင်ဂျိန်ချ ကြတဲ့ အကြောင်းတွေ ။

အို.. အဲ့ဒီလို အတင်းလေးတွေ ခပ်တင်း တင်းချလို့ရပြီပေါ့အေ။

 အခုတော့ရ အဲ့ဒီအတင်းတွေ မပြောသေး ပါဘူး။

ဒီတစ်လ ဒီမျှပဲမို့နောက်တစ်လ လော်တွေ မရှိတော့မှ လာပြောပြတော့မယ် ပရိသတ်တို့ ရေ..နော့။

Both comments and pings are currently closed.