အေးစက်စက်နှလုံးသားပိုင်ရှင် ရေခဲသခင်မ Emily Blunt

 

ဒီတစ်လမှာတော့ ရတီစာဖတ်ပရိသတ်ကြီး ကို အနုအရွအကြမ်းအရမ်းစုံအောင် သရုပ် ဆောင်နိုင်စွမ်းရှိတဲ့ မင်းသမီးချော Emily Bluntရဲ့အကြောင်းတွေ တင်ဆက်လိုက်ပါ တယ်။ မြန်မာနိုင်ငံမှာတော့ Emily ကိုTom Cruise ခေါင်းဆောင်ပါဝင်ထားတEdge of Tomorrow’ သိပ္ပံရုပ်ရှင်ဇာတ်ကားမှာ စပြီးသတိ ထားမိခဲ့ကြမှာပါ။ အခုလတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ Huntsman: Winter’s War’ ဇာတ်ကားကို ရုံတင်ပြသနေဆဲ ဖြစ်ပါတယ်။ ဒီတော့Emily Bluntရဲ့အကြောင်း တွေကို သူမရဲ့ ငယ်ဘဝကနေစပြီး ကြည့်ကြရ အောင်။

အင်္ဂလိပ်လူမျိုး ရုပ်ရှင် မင်းသမီးတစ်ဦးဖြစ်တဲ့ Emily Olivia Leah Blunt ကို ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကWandsworth အရပ်မှာ မွေးဖွား သန့်စင်ခဲ့တာ ဖြစ်ပါတယ်။ Emily ဟာ ဝတ်လုံ တော်ရရှေ့နေ ဖခင် Oliver Simon PeterBlunt နဲ့ ရုပ်ရှ င်မင်းသမီးဟောင်း၊ ဆရာမတစ်ဦး ဖြစ်သူ မိခင် Joanna Mackie တို့ရဲ့ သားသမီး ၄ ယောက်ထဲက ဒုတိယမြောက်သမီးဖြစ်ပါ တယ်။Emily ဟာ အသက် ၇ နှစ်ကနေ ၁၄ နှစ် သမီးအရွယ်အထိ စကားထစ်ထစ်အအ ဖြစ်နေ ခြင်းက သူမအတွက် ခက်ခဲတဲ့အချိန်အတိုင်း အတာတစ်ခု ဖြစ်ခဲ့ရပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ဆရာမတစ်ဦးက ကျောင်းကပွဲမှာ မတူ ညီတဲ့လေသံနဲ့ ဇာတ်ကောင်နေရာတစ်ခုအတွက် သရုပ်ဆောင်ခိုင်းစေခဲ့တာကတော့ နှစ်ပေါင်း များစွာ ကြုံတွေ့နေခဲ့ရတဲ့ စကားထစ်ဝေဒနာ အတွက် ကုသနည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။Emily ဟာ သရုပ်ဆောင်ခြင်းအပြင် သီချင်း ဆိုတဲ့ အပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါ တယ်။

ရုပ်ရှင်သရုပ်ဆောင် တစ်ဦး မဖြစ်ခင်က Emily ဟာ ပြဇာတ်အတော်များများမှာလည်း ပါဝင် အသုံးတော်ခံခဲ့ပါတယ်။ ဒါကြောင့်ပဲ Emily Blunt ဟာ ရုပ်ရှင် အတော်များများမှာ တော်ဝင်နန်းဆန်တဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ ပိုပြီးအံဝင်ခွင်ကျ ဖြစ်နေတတ်တယ်ဆိုတာငြင်းဆန်လို့မရတဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။ ၂ဝဝ၁ ခုနှစ်မှာတော့ Emily ဟာSir Peter Hall ရဲ့ ‘The Royal Family’ ပြဇာတ်မှဲာJudi Dench နဲ့အတူ တွဲဖက်သရုပ်ဆောင်ပြီးတဲ့အခါ မှာတော့ ၂ဝဝ၂ ခုနှစ်မှာလည်းNicholas Wright ရဲ့ Vincent in Brixton’ပြဇာတ်မှာEugenie နေရာ၊Indhu RubasinghamရဲRomeo and Juliet  ပြဇာတ်မှာလည်းJuliet နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာတော့Emily ဟာ သူမရဲ့ပွဲဦး ထွက်တီဗီဖန်သားပြင်တင်ဆက်မှုအနေနဲ့ အင်္ဂလိပ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ’Boudica’ မှာ စတင်ပြီးအသုံးတော်ခံခွင့် ရရှိ ခဲ့ပါတယ်။

တစ်နှစ်တည်းမှာပဲ ဗြိတိန်တီဗီဇာတ် လမ်းတွဲတစ်ခုဖြစ်တဲ့ ‘Herry VIII’ မှာလည်း၁၆ ရာစုနှစ်က ဘုရင်မတစ်ဦးဖြစ်တဲ့ Catherine Howard နေရာကနေ အပိုင်း ၂ ခုစာ ပါဝင်ဖြစ် ခဲ့ပြန်ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာတော့Emily ဟာ သူမရဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကို’My Summer of Love’ ရုပ်ရှင်ဇာတ်ကား မှာ စတင်ပြသခွင့်ရရှိခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာEmily ဟာ Bill Nighy, Miranda Richardson တို့နဲ့အတူ ဗြိတိန် တီဗီဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ‘Gideon’s Doughter’ မှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပြီး သူမရဲ့ သရုပ်ဆောင်ထူးချွန်မှုအတွက် ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။Emily Blunt & ရဲ့ဘဝကို တစ်ဆစ်ချိုးပြောင်း လဲစေပြီး အောင်မြင်မှုနဲ့အတူ တစ်ကမ္ဘာလုံးရဲ့ အချစ်တွေကို ရရှိစေခဲ့တာကတော့ ၂ဝဝ၆ ခုနှစ်မှာ Meryl Streep, Anne Hathaway တို့နဲ့ အတူတွဲဖက်သရုပ်ဆောင်ရတဲ့ ‘The Devil Wears Prada’ ဇာတ်ကားပါပဲ။

The Devil Wears Prada’ ဇာတ်ကားဟာ Box Office မှာ အကြီးအကျယ်အောင်မြင်ခဲ့ပြီးEmily ဟာလည်း ၂ဝဝ၆ ခုနှစ်ရဲ့BAFTA Award, Golden Globe Award တို့မှာ ဆန်ခါ တင်အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ အဲဒီနှစ်မှာ ပဲ Emily ဟာSusan Sarandon နဲ့အတူ ‘Irresistible’ ဇာတ်လမ်းတွဲမှာ တွဲဖက်ပါဝင် ဖြစ်ခဲ့ပါသေးတယ်။ ၂ဝဝ၇ ခုနှစ်မှာEmily ဟာWind Chill, The Jane Austen Book Club,Dan in Real Life, Charlie Wilson’s War, ၂ဝဝ၈ ခုနှစ်မှာSunshine Cleaning, The Great Buck Howard ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ တော့ Emily ဟာ ulian Fellowes ဇာတ်ညွှန်း ရေးသားပြီးJean -Marc Valle’e တင်ဆက်တဲ့The Young Victoria’ ပြဇာတ်မှာ Queen Victoria နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။

Emily ဟာSuper Hero တစ်ယောက်ဖြစ်လာဖို့ အခွင့်အလမ်းရှိခဲ့ပေမဲ့ ရိုက်ကွင်းတိုက်ဆိုင်မှု တွေကြောင့် ကပ်လွဲခဲ့ရသူတစ်ဦးပါ။ မဟုတ်ရင် တော့ အခုချိန်မှာMarvel ရဲ့ Avengers တွေ ထဲEmily တစ်ယောက်Fighting အကြမ်းစား တွေနဲ့ တိုက်ခိုက်နေတာကို တွေ့မြင်နေရမှာပါ။Emily Blunt ကို’Iron Man 2′ မှာBlack Widow အဖြစ်သရုပ်ဆောင်ဖို့ ဒါရိုက်တာJan Favrea ရဲ့ ပထမဦးစားပေးအရွေးချယ်ခံခဲ့ရ ပေမဲ့ တစ်ချိန်တည်းမှာEmily Gulliver’s Travels’ ဇာတ်ကားမှာ ပါဝင်ရိုက်ကူးမိလျက် သားဖြစ်နေခဲ့တာကြောင်Black Window ဇာတ်ရုပ်ဟာ သူမဆီက လွင့်ထွက်သွားပြီှးScarlett Johansson ဆီကို ဆိုက်ဆိုက်မြိုက် မြိုက် ရောက်ရှိသွားခဲ့တာပါ။

၂ဝ၁ဝ ခုနှစ်ထဲမှာBudget မြင့် ထိတ်လန့် သည်းဖိုဇာတ်ကားThe Wolfman မှာBenicio del Toro, Anthony Hopkins တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး မြန်မာရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို စတင်ရရှိခဲ့ပါ တယ်။ ၂ဝ၁ဝ ခုနှစ်ဟာ Emily အတွက်တော့ စူပါသရုပ်ဆောင် ထိတ်ထိတ်ကြဲတွေနဲ့အတူ အလုပ်လုပ်ခွင့်ရပြီး သူမပါ အောင်မြင်တဲ့ကြယ် တစ်ပွင့် ဖြစ်စေခဲ့တဲ့ခုနှစ်တစ်ခုပါပဲ။ The Wolfman’ပြီးတဲ့အချိန်မှာတော့Gulliver’s Travel’s’ မှာ ကမ္ဘာကျော်ဟာသမင်းသားJack Black နဲ့အတူ သရုပ်ဆောင်ခဲ့ရပြီး The Adjustment Bureauဇာတ်ကားမှာတော့ အက်ရှင်မင်းသားMatt Damon နဲ့ အက်ရှင် ဇာတ်ဝင်ခန်းတွေမှာ စတင်ပါဝင်ဖြစ်ခဲ့ပါ တယ်။ ဒီလိုအားထုတ်မှုတွေဟာ နောင်တစ်ချိန်မှာEmily Blunt ကို အက်ရှင်မင်းသမီးတစ်ယောက် အဖြစ် ပရိသတ်လက်ခံလာစေမယ့် ခြေလှမ်း အစပါပဲ။ ၂ဝ၁၁ ခုနှစ်မှာတော့ Emily က ဗြိတိန်ဟာသဇာတကားတစ်ခုဖြစ်တဲ့Fishing in the Yemen’ မှာပါဝင်သရုပ်ဆောင် ခဲ့ပြီDisney ရဲ့ ‘The Muppets’ ဇာတ်ကားမှာ လည်း Miss Piggy ရဲ့ ဧည့်ကြိုမိန်းကလေးအဖြစ် သရုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။ပြီးတောGnomeo & Juliet (2011) မှာလည်း Juliet နေရာက အသံသရုပ်ဆောင်လုပ်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်အတွင်းမှာပဲ မင်းသားကြီးBruce Willis, Joseph Gordon Levittတို့ ခေါင်း ဆောင်ပါဝင်ထားကြတဲ့ အမေရိကန် သိပ္ပံဇာတ် ကား Looper’ မှာ ထပ်မံသရုပ်ဆောင်ဖြစ်ခဲ့ပါ သေးတယ်။

၂ဝ၁၂ ခုနှစ်မှာတော့ Emily ဟာ Jason Segel နဲ့အတူ The Five Year Engagement’ ဇာတ်ကားမှာပါဝင်ခဲ့ပါတယ်။တော်ဝင်နန်းဆန်ဆန် အနုအရွဇာတ်ရုပ် လေးတွေသာ သရုပ်ဆောင်ဖြစ်ခဲ့တဲ့ Emily ဟာ ခေတ်နဲ့အညီ ပရိသတ်အကြိုက် အက်ရှင် အကြမ်းအရမ်းတွေကို ပြောင်းလဲသရုပ်ဆောင် ရဖို့ အကြောင်းကံကတော့ ၂ဝ၁၄ ခုနှစ်မှာ အစပျိုးခဲ့ပါတယ်။ ဂျပန်လူမျိုးစာရေးဆရာ Hiroshi Sakurazaka ရဲ့All You Need Is Kill’ ဂျပန်ဝတ္ထုကို အသွင်ပြောင်း ရိုက်ကူးထား တဲ့ Edge of Tomorrow အက်ရှင်ဇာတ်ကား မှာ မင်းသားချော Tom Cruise အတူ စစ် မြေပြင်မှာ တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးစစ် သည်တစ်ဦးနေရာက ပီပြင်စွာ ပါဝင်သရုပ် ဆောင်ထားခဲ့ပါတယ်။ တစ်နှစ်တည်းမှာပဲEmily ဟာDisney နဲ့ ထပ်မံအလုပ်လုပ်ဖို့ အခွင့်အလမ်း ရရှိခဲ့ပါတယ်။ Disney ရဲ့ ဇာတ် လမ်းမျိုးစုံ ပေါင်းစပ်ထားတဲ့ ဂီတရုပ်ရှင်The Woodsဇာတ်ကားထဲမှာEmily ဟာ မုန့်ဖုတ်သမားရဲ့ ဇနီးနေရာကနေ ပါဝင်သရုပ် ဆောင်ဖြစ်ခဲ့ပါတယ်။ ‘Devil Wears Prada ဇာတ်ကားမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့ရတဲ့Meryl Streep က စုန်းမကြီးအဖြစ်သရုပ်ဆောင် ခဲ့တဲ့ into The Woods’ ဇာတ်ကားကတော့ ပြဇာတ်တွေနဲ့ သိပ်မဝေးလှတဲ့Emily အတွက် တော့ သူမရဲ့အဆိုကျွမ်းကျင်မှုတွေကို ရုပ်ရှင် ကြည့်ပရိသတ်တွေပါ သိအောင်ပြသခွင့်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

အဲဒီဇာတ်ရုပ်နဲ့ပဲ Emily ဟာ ရွှေကမ္ဘာလုံးဆု အတွက် ဆန်ခါတင်နေရာကို ရောက်ရှိခဲ့ပါသေး တယ်။၂ဝ၁၅ ခုနှစ်မှာတော့ Emily ဟာ မက်စီ ကန်မူးယစ်ဆေးဝါးဂိုဏ်းတွေနFBI Agent တွေရဲ့ ပြဿနာတွေကို ရိုက်ပြထားတဲ့ မှုခင်း အက်ရှင်ဇာတ်ကား Sicario မှဲာJosh Brolin ‘The Wolfman’ ဇာတ်ကားမှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့တဲ့ Benicio Del Toro တို့နဲ့အတူ အမျိုးသမီးFBI Agent တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသမီးအေးဂျင့် တစ်ဦးအဖြစ် သရုပ်ဆောင်ဖို့အတွက်ကိုလည်း Emily ဟာ တကယ့် FBI အမျိုးသမီးအေးဂျင့် တွေနဲ့ စကားပြောဆိုမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ဘဝရပ်တည်မှု၊ နေထိုင်မှုပုံစံတွေအစ ထပ်တူညီအောင်ကြိုးစားသရုပ်ဆောင်ပြခဲ့ပါ တယ်။

အက်ရှင်ဇာတ်ကားတွေနဲ့ အသားတကျ ဖြစ်လာနေတဲ့ Emily Blunt ရဲ့ ပထမဆုံးဗီလိန် ဇာတ်ရုပ်ကိုတော့ အခု ၂ဝ၁၆ ခုနှစ်ထဲမှာရုံတင်ပြသခဲ့တဲ့ The Huntsman:Winter’s War’ မှာ စတင်သရုပ်ဆောင်ခဲ့ရပါတယ်။Chris Hemsworth, Charlize Theron, Jessica Chastain တို့နဲ့အတူ သရုပ်ဆောင် ထားခဲ့တThe Huntsman : Winter’s War မှာEmily ဟာ ချစ်သူနဲ့သမီးလေးကို ဆုံးရှုံး လိုက်ရလို့ ချစ်ခြင်းတရားကို အမုန်းကြီးမုန်းပြီး အချစ် မရှိတဲ့ တပ်ဖွဲ့ကြီးကို ဖွဲ့စည်းမင်းပြုနေတဲ့ ရေခဲ ဘုရင်မFreya ရဲ့ ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ကြည်လင်တဲ့မျက်လုံး၊ ဖြောင့်စင်းတဲ့နှာတံ၊ ပါးမို့မို့နဲ့ တော်ဝင်ဆန်ဆန် အလှသွေးတြွေ<ွကယ် နေတဲ့ Emily ဟာQueen Freya ရဲ့ ဇာတ် ရုပ်နဲ့ အလွန်ပဲလိုက်ဖက်လွန်းလှပါတယ်။ အဆိုပါဇာတ်ရုပ်နဲ့ ပတ်သက်ပြီးတော့လည်း Emily က ”ကိုယ့်ကိုယ်ကိုယ် ဆိုးသွမ်းအောင် လုပ်ရတာ အရမ်းလွယ်ကူတယ်ဆိုတာ ကျွန်မ လက်ခံသွားပါပြီ” တဲ့။ အခုတော့ Emily တစ် ယောက်လည်း ကလေးတွေကြောက်ရတဲ့သူ တစ်ယောက် ဖြစ်သွားပြီပေါ့။

များမကြာမီမှာလည်း စာရေးဆရာ Paula Hawkin ရဲ့ The Girl on the Train’ ဝတ္ထုကို အသက်သွင်းထားတဲ့ ဇာတ်ကားမှာRebecca Ferguson, Justin Theroux, Allison Janney တို့နဲ့အတူ ပရိသတ်ရှေ့မှောက်ကို ရောက်ရှိလာဦးမှာပါ။ ရှေ့ဆက်ပြီး ထွက်ရှိလာ မယ့်Romeo & Juliet 2′ မှာလည်ဲးJuliet နေရာကနေ ထပ်မံပါဝင်လာဦးမှာ ဖြစ်ပါ တယ်။Emily တွဲဖက်ပြီး အလုပ်လုပ်ချင်တဲ့ အမျိုးသမီး ဒါရိုက်တာတွေလည်း ရှိပါတယ်။ သူတို့ကတော’Hurt Locker’ ကို ရိုက်ကူးခဲ့တဲ့Kathryn Bigelow /The Babadoo ကို ရိုက်ကူးတဲ့ သြစတြေးလျလူမျိုး ဒါရိုက်တာ Jennifer Kent တို့ပဲ ဖြစ်ပါတယ်။ သူမကို လူသိများစေခဲ့တဲ့ ‘The Devil Wears Prada’ ဇာတ်ကားနဲ့ပတ်သက်လို့လည်း အမှတ်ရစရာ တွေက ကျန်နေရစ်ခဲ့ပါတယ်။The Devil Wears Prada’ ဇာတ်ကားဟာ uper Modelတွေရဲ့အကြောင်းကို မီးမောင်းထိုးရိုက်ပြထား တာဖြစ်တဲ့အတွက် Emily ဟာ ကိုယ်အလေး ချိန်အတော်များများကို လျှော့ချခဲ့ရပါတယ်။

သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့Anne Hathaway ကလည်း ဒီလိုအလားတူ အဖြစ် အပျက်မျိုးကို ပြောပြခဲ့ဖူးပါတယ်။ Anne Emily တို့နှစ်ဦးစလုံးဟာ အနောက်တိုင်းSuper Model ပုံစံ ပိန်ညှောင်ညှောင်ဖြစ်နေဖို့ အတွက် အရမ်းတင်းကျပ်တဲ့ Diet အစီအစဉ် တွေဖြတ်သန်းခဲ့ကြရပြီး ရိုက်ကွင်းပေါ်မှာလည်း အမြဲတမ်းဆာလောင်နေခဲ့ကြရပါတယ်။ Emily နှစ်သက်သဘောကျရတဲ့ အမျိုးသမီးသရုပ် ဆောင်တွေကတော့ Cate Blanchett, Emma Thompson, Meryl Streep နဲ့ Nicole Kidman တို့လို့ Heavy Drama တွေ ပိုင်နိုင်တဲ့ မင်းသမီးတွေပါပဲ။ Emily ရဲ့ မျိုးရိုးအမည်ကBlunt ဖြစ်နေပေမဲ့လည်း Pop အဆိုတော်ဲJames Blunt (You’re Beautiful) နဲ့တော့ အမျိုးမတော်ပါဘူး။

ပရိသတ်တွေ သတိမထား မိတဲ့ အချက်တစ်ခုကတော့ Emily ဟာ အသံ အမြင့်ဆုံး ဆိုနိုင်ပါတယ်ဆိုတဲ့ အမျိုးသားတွေရဲ့ ဆိုပုံဆိုပေါက်ထက်ပိုပြီး အားကောင်းကောင်းနဲ့ သီဆိုနိုင်သူတစ်ဦး ဖြစ်ပါတယ်။ Emily ဟာ Super Hero ဇာတ်ကားတွေနဲ့ အတော်ကံမစပ် သူတစ်ဦးလို့ ဆိုနိုင်ပါတယ်။BlackWidow’ အဖြစ် အရွေးချယ်မခံရသလိုBatman ဇာတ်ကားတစ်ကားဖြစ်တဲ့ Dark Knight (2008)’ မှာလည်Rachel Dawes အဖြစKatie Holmes ကို ရည်ရွယ် ထားရာက Emily နဲ့ အစားထိုးဖို့ စီစဉ်ခဲ့ကြပေ မဲ့အဆုံးသတ်မှာတော့ Maggie Gyllendhaal ကိုသာထည့်သွင်းရိုက်ကူးသွားခဲ့ပါတယ်။ ပြီးတော့ Marvel ရဲ့Captain America:The First Avenger (2011)’ ဇာတ်ကားထဲမှာလည်းPeggy Carter အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ထုတ်လုပ်သူတွေက သတ်မှတ်ခဲ့ကြပါသေး တယ်။Steve Rogers / Captain Americaနေရာမှာလည်း လက်ရှိမင်းသားChris Evans မတိုင်ခင်က သူမရဲ့အမျိုးသားဖြစ်သူJohnKrasinski ကို ထည့်သွင်းရိုက်ကူးဖို့ တိုင်ပင်ခဲ့ကြ ပါသေးတယ်။

‘Edge of Tomorrow (2014)’ ဇာတ်ကား ဟာ Emily ရဲ့ ပထမဆုံး အက်ရှင်ဇာတ်ကား တစ်ကားဖြစ်သလို အရမ်းရုန်းကန်ခဲ့ရတဲ့ ဇာတ် ကားတစ်ကားလည်း ဖြစ်ပါတယ်။ EoT စရိုက် တုန်းကဆိုရင်Tom Cruise ကတောင် Emily တစ်ယောက် ဖြစ်မြောက်အောင် လုပ်နိုင်လိမ့် မယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ တကယ်တမ်း ဇာတ်ကားထွက်ရှိလာတဲ့အခါမှာတော့ Emily ရဲ့ သရုပ်ဆောင်မှုတွေဟာ တကယ့်စစ်သည် တစ်ယောက်လို မာန်အပြည့်နဲ့ ဖြစ်နေခဲ့တာ ကြောင့် Tom Cruise ကတောင် ပြန်ချီးကျူးခဲ့ ရပါတယ်။ Emily ကလည်း EoT မှာ Tom Cruise နဲ့အတူ သရုပ်ဆောင်ရခြင်းဟာ သိပ်ကိုပျော်စရာကောင်းပေမဲ့ ဇာတ်ကားထဲက လို ဧရာမချပ်ဝတ်ကြီးတွေကို နေ့တိုင်းဝတ်ဆင် နေရတာကတော့ တော်တော်ကိုပင်ပန်းခဲ့ရ တယ်လို့ ပြောပြခဲ့ပါတယ်။ ထပ်ပြီးတော့ Emily က ပြောခဲ့ဖူးပါသေးတယ်။ ”ကျွန်မကိုယ်ဝန် ဆောင်ပြီးတဲ့အချိန်မှာ ပြန်ပြီးလှုပ်ရှားဖို့ အကြောင်းဖန်ပေးတဲ့သူကတော့ Tom Cruise ပါပဲ။ သူ့ကို ကျွန်မရဲ့ Diet ဆေးတစ်ခုအဖြစ် သတ်မှတ်ထားသင့်ပါတယ်။

ဘာလို့လဲဆိုတော့ ကျွန်မ ကလေးမွေးပြီးတဲ့အချိန်၊ ခန္ဓာကိုယ် အချိုးကျနေတဲ့အချိန်မှာ သူက EoT’ ဇာတ်ကား ရိုက်ဖို့ လာပြောတယ်လေ။ ဒီတော့ ကျွန်မရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပုံစံမပျက် ထိန်းသိမ်း ဖို့အတွက် ပိုအဆင်ပြေသွားတာပေါ့” လို့ ပြောပြခဲ့ပါတယ်။ Emily ရဲ့ နှလုံးသားရေးရာမှာတော့ ကနေဒါအဆိုတော် Michael Buble နဲ့ ၂ဝဝ၅ ခုနှစ်မှာ စတင်တွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး ၃ နှစ် တာ ချစ်ခရီးလမ်းကို ဖြတ်သန်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ၂ဝဝ၈ ခုနှစ်မှာ ခွာပြဲခဲ့ကြပြီး ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလမှာတော့ Emily ရဲ့သူငယ်ချင်းဖြစ်သူ Anne Hathaway ရဲ့ မိတ်ဆက်ပေးမှုကြောင့် John Krasinski နဲ့ စတင်တွေ့ဆုံဖြစ်ခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်မှာတော့ သူတို့နှစ်ဦး စေ့စပ် ခဲ့ကြပြီး ဇူလိုင်လ ၁ဝ ရက်၊ ၂ဝ၁ဝ မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ မင်္ဂလာပွဲကိုတော့ သူတို့ရဲ့မိတ်ဆွေ သရုပ်ဆောင်မင်းသာွးGeorge Clooney ရဲ့နေအိမ်ရှိရာ အီတလီ နိုင်ငံက Como ရေကန်နံဘေးမှာကျင်းပခဲ့ကြပါ တယ်။ လက်ထပ်ပြီး ၄ နှစ်အကြာ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှာတော့ သူတို့ရဲ့သမီး ဦးလေးံHazel Grace ကို မွေးဖွားခဲ့ပါတယ်။၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီမှာတော့ သူတို့ဟာ နာငူပ မှာ ဒုတိယကလေးကိုယ်ဝန်ကို လွယ်ထား ရပြီလို့လည်း ပျော်ရွှင်ဝမ်းမြောက်ဖွယ်သတင်းကို ထုတ်ပြန်ခဲ့ကြပါတယ်။ Emily ဟာ လက်ရှိမှာ တော့ American ရော၊့ United Kingdom နိုင်ငံသားပါခံယူထားပြီး မိသားစုနဲ့အတူ Los Angeles, California မှာ အတူတကွ နေထိုင် လျက်ရှိပါတယ်။

နွေးအိမ်လင်း

Both comments and pings are currently closed.