လှပစိုပြည် ရတီမေ

မလိုအပ်တဲ့ အမွေးအမှင်တွေ ပယ်ရှားနည်း များ

မိန်းကလေးတွေ ကြား တစ်ယောက် နဲ့ တစ်ယောက် အကြိုက်ချင်း မတူနိုင်ကြပါဘူး။ တချို့က အမွေးအမှင်တွေ ထူထဲတာကို ချစ်စရာ ကောင်းတယ် လို့ မြင်တတ် ကြပေမဲ့ တချို့ ကတော့ အမွေးအမှင် ကင်းစင်စွာ ပြောင်လက်တောက်ပ နေတာကမှ တကယ့် အလှစစ်လို့ ယူဆတတ်ပါ တယ်။ ဒီလမှာတော့ အမွေး ထူထူထဲထဲ ကလေး တွေပေါက်နေတာကို ရှက်တတ်တဲ့ သူတွေ အတွက် အလှပြင်ဆိုင် ကိုလည်း သွားဖို့မလိုဘဲ ကိုယ့် အိမ်ထဲမှာပဲ ဖြေရှင်းနိုင်မယ့် နည်းလမ်း လေးတွေကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်။ မျက်နှာပြင်ပေါ်က အမွေးအမှင်တွေ အပါအဝင် ချိုင်းမွေး၊ ခြေသလုံးမွေး၊ နှုတ်ခမ်းမွေးရေးရေး တွေ အားလုံးကို ရှင်းပစ်လို သူတွေ အတွက် အသုံးတည့်ပါလိမ့်မယ်။

ရိတ်ခြင်းဖြင့် ပယ်ရှားနည်း

အမွေးတွေ ထူထဲနေတာကို ရှင်းလင်းသွား အောင်လို့ ရိတ်သိမ်းလိုက်တဲ့ နည်းကတော့ အရိုးရှင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းက ကြာရှည်ခံ ဖို့တော့ မျှော်လင့်လို့ မရပါဘူး။ ချိုင်းမွေးတွေ ရှင်းဖို့အတွက်တော့ အလွယ်ကူ ဆုံးနဲ့ အလွယ်ဆုံးနည်းပါပဲ။ ဘရိတ်ဓားနဲ့ ရိတ်တာမှာ နှုတ်ခမ်း အထက်နားက အမွေးနု လေးတွေ ကိုတော့ လုံးဝမလုပ်သင့်ပါဘူး။ နောက်တစ်ချက်က ဓားနဲ့ရိတ်လို့ လွယ်လွယ်ပြီး သွားပေမဲ့ ပြန်ထွက် လာတဲ့အခါ အနည်းငယ် မသေမသပ် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဒီလို အချိန်ကုန် အသက်သာဆုံး နဲ့ ပယ်ရှားလိုက်ပေ မဲ့ ပြန်ပေါက်စပြုလာတဲ့ အမွေး ငုတ်တိုတွေ ကြောင့် စူးရှရှ ခံစားချက် ကလည်း အနှောင့် အယှက် ဖြစ်စေပါတယ်။

နုတ်ခြင်းဖြင့် ပယ်ရှားနည်း

ဘရိတ်ဓား နဲ့ရိတ်တာအပြင် နောက်တစ် နည်းကတော့ နုတ်တဲ့နည်း ဖြစ်ပါတယ်။ ဒါလည်း လွယ်ကူပါတယ်။ များသောအားဖြင့် မြန်မာ မိန်းကလေးတွေ ဟာ ဒီနည်းကို အသုံးပြုကြလေ့ ရှိပါတယ်။ အဖျားပိရိသေသပ်ပြီး ချွန်ထက်တဲ့ ဇာဂနာနဲ့ နုတ်တာဟာ ဓားနဲ့ရိတ်တာ  ထက်ပိုပြီး ရှည်ကြာစွာ ခံပါတယ်။ ဓားနဲ့ရိတ်တဲ့ အခါ ၂ ရက်၊ ၃ ရက်လောက် နဲ့ ပြန်ထွက်လာပေမဲ့ ဇာဂနာနဲ့နုတ်တာဟာ လေးငါးရက်လောက်ထိ တော့ စိတ်ချလက်ချ နေနိုင်ပါတယ်။ နုတ်တဲ့ အခါမှာ ချိုင်းမွေးဆိုရင် နာကျင်မှု မရှိပေ မဲ့ ခြေသလုံး မှာပေါက်တဲ့ အမွေးအမှင် တွေလိုမျိုး အခြားနေရာတွေက အမွေးတွေကတော့ နာကျင်စေပါတယ်။ ဒါ့အပြင် အမွေးတွေ ကို အရင်း ကနေ ကျွတ် သွားအောင် ဆွဲနုတ်လိုက်တဲ့ အတွက် အရေပြား ပျက်စီးမှုကို ကာကွယ်ဖို့ အတွက် Roll-on တစ်မျိုးမျိုးကို မဖြစ်မနေ ပြန်သုံးပေးဖို့ လိုပါတယ်။

ပျားဖယောင်းတိုက်ခြင်းဖြင့် ပယ်ရှားနည်း

ပျားဖယောင်း တိုက်တယ်လို့ လွယ်ကူစွာ ပြောလိုက်ပေမဲ့ တကယ်တော့ ဒီနည်းနဲ့ ပယ်ရှားပုံတွေ အများကြီး ရှိပါတယ်။ အရိုးရှင်း ဆုံးကတော့ ပူနွေးတဲ့ ဖယောင်းနဲ့ အမွေး အမှင် တွေထွက်လာရာ ဦးတည်ချက်နဲ့ ဆန့်ကျင်ဘက် ကို ပွတ်တိုက်နည်းပါပဲ။ ဒါက ရက်သတ္တသုံးပတ် လောက်အထိ ကြာရှည်ခံစိတ်ချရပါတယ်။ တံဆိပ် အမျိုးမျိုးနဲ့ အမွေးအမှင်တွေ ဖယ်ရှားဖို့ ဖယောင်းတွေ ရှိပါတယ်။ မီးနဲ့အပူပေးပြီး ပျော်ကျလာအောင် လုပ်ပြီးမှ ပွတ်တိုက် သုတ်ပေး ရပါမယ်။ အသားမှာ ကပ်နေတာ ကို ခြောက်သွား မှ ခွာချလိုက်တဲ့အခါ အသားတွေလည်း ချောမွတ် လာပါလိမ့်မယ်။ ပိုလို့ နက်ရှိုင်းစွာ ထိရောက်မှု ရှိစေချင်ရင်တော့ အောက်ဖော်ပြပါ နည်းတွေကို ကိုယ်တိုင် ဖန်တီးကြည့်ပါ။

အိမ်တွင်းဖြစ် သကြား၊ သံပရာ၊ ဖယောင်း အမွေးချွတ်ဆေး

ဒီနည်းက အသားရေကို အလှမပျက်ဘဲ ချောမွတ် ရှင်းသန့်စေဖို့ အာမခံပါတယ်။ ပြုလုပ် ပုံကတော့ သန့်စင်တဲ့ ဒယ်အိုးထဲကို သကြား ထည့်ပြီး ရေလောင်း ထည့်လိုက်ပါ။ သကြားတွေ ပျော်သွားတဲ့ အထိ အပူပေးပြီးကျိုပါ။ ကပ်စေးနှဲ ကျလာသလို ညိုလာတဲ့အထိ ကျက်ပါစေ။ အဲဒီ အခြေအနေကို ရောက်လာတဲ့ အခါ သံပရာ ရည်ညှစ် ထည့်ချပြီး သမအောင်မွှေပါ။ ပြီးနောက် ဖယောင်းကို ပူနွေးနေတဲ့ အချိန်မှာပဲ လောင်းချလိုက်ပါ။ မျက်နှာပေါ်က အမွေးအမှင် တွေမက လက်တွေ ခြေထောက်တွေ မှာရှိတဲ့ အမွေးအမှင်တွေကို ဖယ်ရှားဖို့ ဆိုရင်တော့ လိုသလောက် ပမာဏကို ကိုယ်တိုင်မှန်းဆပါ။ ဒီလို အားလုံးကို သမအောင်ရောစပ်ပြီး သွားတဲ့ အခါ အလှ မပျက်စေ မယ့် အိမ်တွင်းဖြစ် ပျား ဖယောင်းအမွေးချွတ်ဆေးကို ရပါပြီ။

အသုံးပြုနည်း

အမွေးချွတ် လိုတဲ့နေရာကို ရေနွေးပွတ် ဆေးပြီး မျက်နှာသုတ် တဘက်နဲ့ ခပ်ဖွဖွပုတ်ပြီး အခြောက်ခံပါ။ ယောက်မနဲ့ အမွေးပေါက်တဲ့ အတိုင်း သပ်ချသုတ်လိမ်းပါ။ တဘက် သို့မဟုတ် ထုတ်ပိုး ပလတ်စတစ်ပါးနဲ့ အုပ်ချ ရစ်နှောင်ပြီး ပတ်ထားပါ။  တအောင့်နေရင်တော့ အုပ်ထားတာကို ပြန်ခွာပါ။ ခွာတဲ့အခါ အမွေး ပေါက်တဲ့ဘက်ကို ဆန့်ကျင်ပြီး ခွာပါ။ ဒီနည်း ဟာ အမြန်ဆုံးနဲ့ အထိရောက်ဆုံးပါပဲ။ ပြီးရင် တော့ အစိုဓာတ် ထိန်းညှိမယ့် moisturizer တစ်ခုခုကို ညင်သာစွာ လိမ်းပေးပါ။ ရှားစောင်း လက်ပပ် နဲ့ပြုလုပ်တဲ့ moisturizerဟာ ချွေးပေါက်တွေထဲကို အားဖြည့်ပေးဖို့ အတွက် အကောင်းဆုံးသော သဘာဝတရားပါပဲ။

ရွှေနေခြည်

Both comments and pings are currently closed.