ဒီဇိုင်နာမပုံ့ (My Favourite) နှင့် စကားလက်ဆုံ

Model – Ma Pont
Make-up – Htay Win
Designer – Ma Pont (My Favourite
Photo – Kansuho (Black & White Studio)
Arranged by Thida Soe

ဒီဇိုင်နာလောကမှာ နှစ် ၂ဝ လောက် ရပ်တည်နေပြီး နိုင်ငံတကာမှာ သွားရောက်ယှဉ် ပြိုင်မယ့်Miss တွေအတွက် ဝတ်စုံတွေကို
ဖန်တီးပေးနေသူ ဒီဇိုင်နာ မပုံ့ (My Favourtie) နဲ့တွေ့ဆုံခိုက် စကားလက်ဆုံပြောဖြစ်တာတွေ ကတော့ …

အစ်မအနေနဲ့ ဒီဇိုင်နာပညာရပ်ကို ဘယ် မှာသွားရောက်လေ့လာ ဆည်းပူးခဲ့တာပါလဲ။

အစ်မက ဂျပန်ဆရာဆီမှာ သင်တန်း စတက်ခဲ့တာပါ။ ဒီဇိုင်းဆွဲတာတွေကတော့ ဂျပန်ဆရာသင်ပေးတာပါ။ ချုပ်တာနဲ့ပတ်သက် တာတွေကလည်း ဂျပန်ဆရာ သင်ပေးတာပါ။ ပြီးတော့မှ လိုအပ်တာလေးတွေ ထပ်ဖြည့်ဖို့ အတွက် မလေးရှားမှာဖွင့်တဲ့ Linkokwing University Colleage မှာ short course လေးတွေ တက်ခဲ့ပြီး Certificate ရခဲ့တယ်။ငယ်ငယ်တုန်းကတော့ အစိုးရကဖွင့်တဲ့သင်တန်း မှာ အခြေခံတက်ခဲ့တယ်။ဒီဇိုင်နာလောကကို ဘယ်နှခုနှစ်လောက် က စတင်ဝင်ရောက်ခဲ့တာပါလဲ။My Favourite ဆိုပြီး ၁၉၉၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဇိုင်နာစလုပ်တာက တော့ ၁၉၉၄ ကတည်းကပါ။

ဒီဇိုင်နာလောကကို ဝင်လာတုန်းက အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါသလား။

အစ်မဒီဇိုင်နာစလုပ်တုန်းက ဒီဇိုင်နာတွေ သိပ်မရှိသေးဘူး။ လက်ချိုးရေရင်တောင် လက် ၅ ချောင်းမပြည့်သေးဘူး။ အစ်မမှာက ဒီဇိုင်နာ မျိုးရိုးလည်းမရှိဘူး။ အစ်မက ဒီဇိုင်နာအလုပ်ကို အရမ်းရူးသွပ်ပြီး ဝင်ခဲ့တာပါ။ စလုပ်ကတည်းက မော်ဒယ်တွေရဲ့ ပြိုင်ပွဲတွေ၊ကြော်ငြာတွေအတွက် ဝတ်စုံတွေ ဖန်တီးပေးဖြစ်တယ်။ ပြိုင်ပွဲတွေ အတွက်တော့ အဓိကလုပ်ပေးရတယ်။ အစ်မက ဒီဇိုင်နာအနေနဲ့ ဆန်းသစ်တီထွင်ရတာကိုကြိုက် တယ်။ ဒီဇိုင်နာစလုပ်ကတည်းက အခက်အခဲ တွေ အများကြီးတွေးခဲ့တယ်။ တစ်ခါတလေကိုယ်လုပ်ချင်တဲ့ ဒီဇိုင်းတစ်ခုကို ကိုယ်လိုချင်တဲ့ ပိတ်စတို့၊ accessories တို့ ပြည့်ပြည့်စုံစုံ မရှိ တဲ့ဒုက္ခတွေ တွေ့ရတယ်။ ကိုယ်လိုချင်တဲ့အရာ ကို ကိုယ့်ဘာသာဖန်တီးပြီး accessories က အစ လုပ်ယူရတယ်။ ဒီဇိုင်နာပညာက ပြီးပြည့် စုံသွားတယ်ဆိုတာ မရှိပါဘူး။အမြဲတမ်း up to date တွေပေါ်နေတော့ အမြဲတမ်းလေ့လာ နေရပါတယ်။ အစ်မ ဒီဇိုင်နာလုပ်လာတဲ့ သက်တမ်းကလည်း နှစ် ၂ဝ လောက်ရှိပြီဆို တော့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးလုပ်တဲ့အခါ ကျတော့ ဒီဇိုင်နာလောကကို စဝင်တုန်းက လောက်တော့ အခက်အခဲတွေ အများကြီးမရှိ တော့ဘူးပေါ့။

အစ်မကို ဒီဇိုင်နာမပုံ့ဆိုပြီး သတိထားမိစေခဲ့တဲ့ အမှတ်တရဝတ်စုံလေးကိုလည်း ပြောပြပေးပါ ဦး။

သက်မွန်အကယ်ဒမီပွဲတက်တုန်းက အစ်မ ဖန်တီးပေးခဲ့တဲ့ ချင်းဝတ်စုံဆိုရင် လူကြိုက်များ ကြတယ်။ နိုင်ငံတကာအထိပါ လူကြိုက်များခဲ့ တယ်။ အစ်မဖန်တီးခဲ့တဲ့ ရိုးရာဝတ်စုံလေးတွေ ကို တော်တော်များများ ကြိုက်နှစ်သက်ကြပါ တယ်။များသောအားဖြင့် နိုင်ငံတကာမှာ ရှိနေ တဲ့ ဗမာတွေကတော့ ဗမာပြည်တွင်းဖြစ် ရိုးရာ ဆင်လေးတွေနဲ့ creation လုပ်တာလေးတွေ ကို ကြိုက်ကြတယ်။

ဒီဇိုင်နာတစ်ယောက်အဖြစ် စတင်လုပ်ကိုင် တုန်းက ဘယ်လို creation တွေလုပ်ရတာ အားသန်ခဲ့လဲ။

အစ်မ ဒီဇိုင်နာစလုပ်တုန်းက creation ကို လုပ်ရတာ ပိုအားသန်ခဲ့တယ်။ အဝတ်အစား မှာ accessories တွေနဲ့ ပြန်ပြီးcreation လုပ်ရတာကို ကြိုက်ခဲ့တယ်။ အဲဒီလိုပုံစံတွေကို အများဆုံးလုပ်ခဲ့တယ်။ လူကြိုက်များခဲ့တယ်။ အစ်မရဲ့ creation ၅ဝ ရာခိုင်နှုန်းလောက်က အခုအချိန်ထိ အနုပညာရှင်တွေပါ။ အစ်မဖန် တီးတဲ့ ခမနအေငသည တွေကို အစ်မရဲ့ creation အနုပညာရှင်တွေကနှစ်သက်တယ်၊ လက်ခံ တယ်။ အဲဒါကတော့ အစ်မငယ်ငယ်ကတည်းက ဝါသနာပါခဲ့တဲ့ လိုင်းပေါ့နော်။ အခုကျတော့ အသက်အရွယ်တွေ ရလာတယ်၊ လုပ်သက်တွေ ရလာတဲ့ အချိန်ကျတော့ ကိုယ့်အသက်အရွယ် အရ တည်တည်ငြိမ်ငြိမ်ပုံစံလေးတွေ ဖန်တီးရ တာ ပိုကြိုက်လာတယ်။ ဒါကတော့ အသက် အရွယ်အရ ကိုယ့်ရဲ့စိတ်ခံစားချက် ပြောင်းလဲ လာတာပေါ့။ အမြဲတမ်းချည်းတော့လည်း မလုပ်ဖြစ်ပါဘူး။ creation လုပ်ချင်တဲ့အချိန် လည်း ရှိပါတယ်။ အခါအခွင့်သင့်လို့ One Lady Show ရှိတဲ့အခါ၊ creation ပါတဲ့ ရုပ်ရှင် ကားကြီးတွေဆိုရင်တော့ လုပ်ပေးဖြစ်ပါတယ်။ အရင်တုန်းက ဖန်တီးဖြစ်တာကို ထပ်ပြီးဖန်တီး ဖြစ်တာပေါ့နော်။

အခုနောက်ပိုင်းမှာ မြန်မာဝတ်စုံကို ဒီဇိုင်နာ တော်တော်များများက ဖန်တီးလာကြ တယ်လေ။ အစ်မအနေနဲ့ မြန်မာဝတ်စုံတွေ ဖန်တီးရင် အများနဲ့မတူအောင် ဘယ်လိုမျိုးတွေ ကြိုးစားအားထုတ်ရပါသလဲ

မြန်မာဝတ်စုံကတော့ သူ့ဘာသာသူ ဖန်တီးလို့ရမယ့် ဘောင်ရှိပြီးသားပေါ့နော်။ ရှိပြီး သားကိုမှ အစ်မက သူများနဲ့မတူအောင်ကိုယ်ပိုင်ဒီဇိုင်းတွေ ဖန်တီးရတာပေါ့။ မြန်မာ ဝတ်စုံမှာ အသုံးပြုတဲ့ ပန်းကြယ်သီးလေးတွေ ထည့်တ accessories လေးတွေမှာ ပြန်ပြီး ဆန်းသစ်ရတာပေါ့နော်။ အဲဒါလေးတွေကို ပုံစံ မျိုးစုံဖန်တီးရတယ်။ ကာလာလေးတွေနဲ့ ပြန်ပြီး ဖန်တီးရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ကတည်း က ပန်းကြယ်သီးလေးတွေနဲ့ အကယ်ဒမီပွဲမှာ ဖန်တီးဖြစ်ခဲ့တယ်။ သက်မွန်မြင့်ဝတ်ဖို့အတွက် ဖန်တီးပေးခဲ့တယ်။ အခုနောက်ပိုင်းမှာ ပန်း ကြယ်သီးလေးတွေနဲ့ တော်တော်များများ ဝတ် လာတာ တွေ့ရပါတယ်။ ဟိုးခေတ်က လုပ်ခဲ့တဲ့ ပန်းကြယ်သီးလေးတွေကအစ်မက ဒီဘက် ခေတ်ပုံစံဖြစ်အောင် ပြန်လည်ဆန်းသစ်တာပေါ့ နော်။

တိုင်းရင်းသားဝတ်စုံတွေ ဖန်တီးတာကိုလက်ခံပြီး ကြိုက်ကြတယ်လေ။ တိုင်းရင်းသားဝတ်စုံတွေကို ရှေးမူမပျက်ဘဲ ဒီဘက်ခေတ်လည်း လက်ခံ အောင် ဖန်တီးဖြစ်တာကို ပြောပြပေးပါဦး။

တိုင်းရင်းသားဝတ်စုံတွေကို ဖန်တီးရတာ အရမ်းတာဝန်ကြီးပါတယ်။ ချင်းဆိုရင်လည်း ချင်းလူမျိုးမှာ လူမျိုးစုအများကြီးရှိတယ်။ လူမျိုးစုအများကြီးမှာမှသူ့လူမျိုးနဲ့သူ ထဘီတွေ က မတူကြဘူး။ သက်မွန်မြင့်ဝတ်တဲ့ထဘီက သူ့လူမျိုးရဲ့ ပုံစံမဟုတ်ဘူး။ ဒါပေမဲ့ သူ့လူမျိုးစုက ဘယ်လိုလူမျိုးစုလဲဆိုတာ မမေးဘဲနဲ့ချင်းဝတ်စုံ တွေထဲက အစ်မအာသီသဖြစ်တာကိုပဲ ယူလုပ် တယ်။ ကြည့်လိုက်ရင် ချင်းလူမျိုးတွေသုံးတဲ့ accessories တွေနဲ့ပဲ ဖန်တီးထားတယ်။ဒါပေမဲ့ ခေတ်ဘက်လည်းရောက်အောင် လုပ် ထားတယ်။ ကာလာအတွဲအစပ်ကိုကျတော့ ချင်းလူမျိုးတွေ အများစုသုံးတဲ့ အနီ၊ အစိမ်း၊ အနက်တို့ကို ပြန်ယူလိုက်တယ်။ရိုးရာချိတ်တွေ ကလည်း အရမ်းလှပါတယ်။ လူမျိုးစုတွေထဲမှာ ချင်းရဲ့ pattern လေးတွေကလှပပေမဲ့ အရောင် က နည်းနည်းကျတယ်။ပထမတော့ သက်မွန် မြင့်က မွဲပြီးမပေါ်မှာကို စိုးရိမ်စိတ်ရှိခဲ့တယ်။ ဒါပေမဲ့ အစ်မအပေါ်မှာ သူအများကြီး ယုံကြည်မှုပေးခဲ့တယ်။ အစ်မလုပ်ပေးတဲ့ creation ပုံစံအတိုင်းဝတ်မယ်ဆိုပြီး ဝတ်ပေးခဲ့ တယ်။ အဲဒီဝတ်စုံလေးနဲ့ အကယ်ဒမီရခဲ့တော့ အမှတ်တရဖြစ်သွားတာပေါ့နော်။

တိုင်းရင်းသားအဆင်လေးတွေကို ယနေ့ ခေတ်ပုံစံလေးတွေ ဖန်တီးလာတာကို တွေ့ရပါ တယ်။ အဲဒီအပေါ် အစ်မရဲ့အမြင်ကို ပြောပြ ပေးပါဦး။

နိုင်ငံတကာကဖန်တီးနေတdress တွေ ကို ကြည့်ပြီးချုပ်တဲ့အတွက် သူများရဲ့ image ကို ဝင်နေတာပေါ့နော်။ နိုင်ငံတကာမှာ သွားပြ မယ့်ပွဲတွေကျတော့ကိုယ့်နိုင်ငံကထွက်တဲ့ patten နဲ့ ကိုယ်ပိုင် creation ၊ ကိုယ်ပိုင်ဒီဇိုင်း ဖြစ်တာပေါ့။ ကိုယ့်ပြည်တွင်းဖြစ်တွေကို ဒီဇိုင်နာ တွေ ထွင်လာတဲ့အတွက်customer တွေနဲ့ လူငယ်တွေက လိုက်ဝတ်လာမယ်။ ကိုယ့်ပြည် တွင်းဖြစ်ကို ပြန်အားပေးရာရောက်တဲ့အတွက် တိုင်းရင်းသားအဆင်တွေကိုထွင်တာအစ်မ တော့ ကြိုက်ပါတယ်။မြန်မာနိုင်ငံက miss တွေ နိုင်ငံတကာမှာ သွား ရောက်ယှဉ်ပြိုင်ကြတာ တွေ့ရပါတယ်။ နိုင်ငံ တကာအလယ်မှာ မြန်မာနိုင်ငံက miss တွေကို သတိထားမိစေဖိုဝတ်စုံတွေ ဖန်တီးပေးရတဲ့ အစ်မရဲ့ ကြိုးစားအားထုတ်မှုတွေကတာဝန်လည်း ကြီးတယ်၊ ပိုက်ဆံလည်း ကုန်တယ်၊ အချိန်တွေလည်း ကုန်တယ်။ အများ ကြီးလည်း လိုက်ပြီးလေ့လာရတယ်။

နိုင်ငံတကာ ကို ပြရမှာဖြစ်တဲ့အတွက် ဖန်တီးတဲ့ဝတ်စုံက copy ဖြစ်လို့မရဘူး။ ကိုယ်ပိုင်ဟန်လည်း ဖြစ်ရ မယ်၊ မြန်မာမှုဟန်တွေလည်း ပါရမယ်။ နိုင်ငံ တကာမှာ ကိုယ့်ရဲ့ miss က မျက်နှာမငယ်စေ ရဘူး။ National Course တွေဆိုရင် ဝတ်စုံ တစ်စုံရဲstory ကို သိရမယ်။ ဒီဝတ်စုံက ဘာကို အခြေခံပြီး ဖန်တီးထားတယ်။ ကိုယ့်နိုင်ငံရဲ့ ဘယ်image ကို ပြသစေတယ်။ ဘယ်လို တန်ဖိုးရှိတယ်ဆိုတဲ့short story လေးတွေကိုကိုယ်တိုင်ရေးပေးရတယ်။ဝတ်စုံက လှရင်ပြီး ရောလည်း လုပ်လို့မရဘူး။ အဖက်ဖက်က အရမ်းကြီးစဉ်းစားပြီးမှ သေချာအချိန်ပေးပြီး လုပ်ရတယ်။ ဒီဘက်နှစ်ရောက်မှ miss တွေကinternationalလွှတ်တာတွေ စပြီးခေတ်စား လာတယ်။ missတွေအတွက် ဝတ်စုံတွေကို ချက်ချင်း ရဲရဲဝံ့ဝံ့ကြီး မဖန်တီးရဲတဲ့အချိန်မှာ အစ်မက ဖန်တီးပေးခဲ့တယ်။ အစ်မတို့ဖန်တီး ထားတာတွေကို facebook ကနေဖြစ်ဖြစ်၊ တစ်နေရာကနေဖြစ်ဖြစ် ဆိုးတာတွေ၊ ကောင်း တာတွေပြောတာကို လက်ခံနိုင်ရမယ်။ ကိုယ့် ကိုယ်ကိုယ် ခံနိုင်ရည်ရှိအောင် အရင်ဆုံး အားမွေးရတာပေါ့နော်။ အကောင်းမြင်တဲ့သူ ရှိမယ်၊ အဆိုးမြင်တဲ့သူရှိမယ်လေ။ လူဆိုတာက ကောင်းတာပြောဖို့ထက် ဝေဖန်မယ့်သူကပိုများ တယ်။ အဲဒီဒဏ်တွေကို ခံနိုင်ရည်ရှိအောင် အရင်ဆုံးလုပ်ရပါတယ်။ miss တွေအတွက် ဝတ်စုံတွေ ဖန်တီးပေးဖြစ်တဲ့ အဓိကရည်ရွယ် ချက်ကတော့ ကိုယ့်နိုင်ငံက သွားပြိုင်တဲ့ miss တွေ နိုင်ငံတကာရောက်ရင် မျက်နှာမငယ်စေဖို့ နဲ့ ကိုယ့်နိုင်ငံရှဲု့image ကို အဓိကပြသတဲ့ ဝတ်စုံကိုပဲ ပြသချင်တဲ့ စေတနာနဲ့ အဓိက ဖန်တီးခဲ့တာပါ။ အစ်မဖန်တီးခဲ့တဲ့national cosume ဆို ၁၆ စုံလောက် ရှိပါပြီ။ အဲဒီဝတ်စုံ တွေထဲမှာမှ တရားဝင်ဆုရခဲ့တဲ့ ဝတ်စုံတွေလည်း ရှိပါတယ်။

Top 10 တို့၊ Top 10 တို့အထိ ဝင်ခဲ့ တဲ့ ဝတ်စုံတွေလည်း ရှိတယ်။ မနှစ်ကMiss Universe ကလည်း ပြည်တွင်းက ဒီဇိုင်နာ အငယ်လေးတွေအတွက်ကNational Cosume ပြိုင်ပွဲလေး လုပ်တယ်။ အဲဒီပွဲကို အစ်မ သွားကြည့်ခဲ့ပါတယ်။ လူငယ်တွေ ဖန်တီး ထားတာကောင်းတယ်၊idea လေတွေလည်း ကောင်းတယ်။ အစ်မလည်း သဘောကျတယ်။ တကယ်တော်တဲ့ လူငယ်ဒီဇိုင်နာတွေဆိုရင် လူငယ်လည်း ဖြစ်တယ်၊ ပိုလည်း ဖန်တီးနိုင် တယ်။ အစ်မအမြင်ဆိုရင် လူငယ်တွေကို နေရာပေးပြီး လုပ်စေချင်တယ်။ အစ်မတို့အနေ နဲ့ကျတော့ ၁၆ စုံဆိုတာ အရမ်းများနေပြီ။ဝတ်စုံတွေ ဖန်တီးမယ့်လူငယ်တွေအတွက်လိုအပ်တဲ့အကူအညီရှိရင် ပေးမယ်၊ လိုအပ်တဲ့ အကြံÓဏ်တွေလည်း ပေးပါမယ်။

နိုင်ငံခြားမှာ အစ်မရဲ့show ပွဲ ဘယ်နှပွဲလောက် ပြသပြီးသွားပါပြီလဲ။

Japan မှာ Asian Fashion Week ပွဲ မှာ တစ်ခေါက် သွားပြခဲ့တယ်။ ဘန်ကောက် မှာတော့ ၃ ခါလောက် သွားပြခဲ့တယ်။ ကျန် တာကတော့ နိုင်ငံခြားတွေမှာလုပ်တဲ့ပွဲတွေကို လေ့လာရေးအနေနဲ့ သွားခဲ့တယ်။ ကိုရီးယားမှာ လည်း အွန်ဆိုင်းတို့နဲ့အတူ အစ်မရဲ့ဖက်ရှင်ပုံစံ တွေ သွားပြခဲ့တယ်။ ဒီနှစ်ကတော့ ဟောင် ကောငFashion Week မှာ ဝတ်စုံတွေ သွား ရောက်ပြသမယ်ဆိုပြီး စီစဉ်ထားတာ။ အလုပ် အရမ်းများနေတဲ့ အချိန်ဖြစ်တဲ့အတွက် ဒီနှစ် တော့ မပြဖြစ်တော့ဘူး။ နောက်ပိုင်းမှာလည်း လုပ်ချင်တာတွေ များတော့ နည်းနည်းလျော့ဖြစ် နေတယ်။ မိသားစုကို အချိန်ပြန်ပေးမယ်ဆိုပြီး စဉ်းစားထားလို့ပါ။

နိုင်ငံခြားမှာ အစ်မတို့ရဲ့ ဝတ်စုံတွေကို သွား ရောက်ပြသရင် ဝတ်စုံတွေအများကြီး ဖန်တီး ရတယ်လေ။ ပွဲမှာ ကိုယ့်ကို မြန်မာဆိုပြီး သိအောင်လို့ ဘယ်လိုမျိုးတွေ ဖန်တီးဖြစ်လဲ။

ကိုယ့်ရိုးရာချိတ်၊ ကချင်အဆင်တွေကို အဓိကထားပြီး ပြဖြစ်တယ်။ ပြည်တွင်းဖြစ် အင်းလေးအစတွေနဲ့ ဂုန်နီကြိုးတွေနဲ့ hand made တွေ လုပ်ပြီးပြသခဲ့တာတွေကို လူကြိုက် များခဲ့တယ်။ မြန်မာချိတ်ကိုပိုးနဲ့ပေါင်းစပ်ပြီးdress တွေ ဖန်တီးတာတွေလည်း ပြသခဲ့တယ်။ ပုံစံကတော့ တစ်ခုနဲ့တစ်ခု မထပ်အောင် ပုံစံစုံ ဖန်တီးခဲ့တယ်။ ချိတ်တွေကို ဖန်တီးပြီးပြသတယ် ဆိုတာက ချိတ်ဆိုတာကို ဘယ်နိုင်ငံက ထွက် တယ်ဆိုတာ international က မသိတာတွေရှိ တယ်။အဲဒါကြောင့် မြန်မာချိတ်ကို ဦးစားပေးပြီး ပြတယ်။ နိုင်ငံခြားမှာ ချိတ်တွေကို သွားရောက် ပြသတဲ့အချိန်မှာ ထိုင်မသိမ်းတွေ၊ မြန်မာဝတ်စုံ ပုံစံတွေပြသရင် international အမြင်မှာ ကိုယ့်နိုင်ငံရဲ့ ရိုးရိုး national dress တစ်ခုအနေ နဲ့ မြင်မှာပေါ့နော်။ အဲဒါကြောင international က လူတွေပိုစိတ်ဝင်စားအောင်၊ မျက်စိအမြင်မှာ ဆန်းသွားအောင် short dress တွေlong dress တေ ဖန်တီးပြီးပြသရတယ်။ ရိုးရိုးမြန်မာ ဝတ်စုံတွေချည်းပဲ ရိုးရိုးရှင်းရှင်းသွားပြရင်သူတို့ မျက်စိအမြင်မှာ သိပ်ပြီးဆန်းကြယ်မှာ မဟုတ် ဘူးလေ။ ချိတ်တွေကို ပြန်ပြီးcreation လုပ်ပြီး ပြသတယ်။ ရှေးပုံစံတွေကိုမှ ပြန်ပြီးဒီဇိုင်းဖော် ထားတဲ့ ပုဂံခေတ်တို့၊ ပျူခေတ်တို့ပုံစံတွေကို လည်း ပြသခဲ့ပါတယ်။

ဒီဇိုင်နာတစ်ယောက်အနေနဲ့ မြန်မာထိုင်မသိမ်း တွေ ဖန်တီးတဲ့အခါမှာ ဘယ်လိုပုံစံတွေ ဖန်တီး ရတာ အားရကျေနပ်မိပါသလဲ။

အဓိကကတော့ color လေးတွေနဲ့ မျက်စိ အမြင်ဆန်းအောင် ဖန်တီးပါတယ်။ ပဝါတို့၊ ရေစည်နားတို့ကို ဆန်းသစ်တယ်။ ချိတ်ပေါ်မှာခရစ်စတယ်တွေ၊ ပုလဲတွေနဲ့ ဖန်တီးဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့အခြေခံရင်ခံနဲ့ အပေါ်လွှာကိုတော့ သိပ်ပြီးမဆန်းသစ်ဘူး။ တချို့ကတော့ ဆန်းသစ် တဲ့ ဒီဇိုင်းတွေ လုပ်ကြတယ်။ ဆန်းသစ်တာက တော့ ပွဲလုပ်တုန်းခဏတော့ ဆန်းသွားရင် ဆန်းသွားလိမ့်မယ်။ မင်္ဂလာဓာတ်ပုံတွေ၊ ဝတ်စုံ တွေက တစ်သက်လုံး သူတို့ဘဝအတွက် သိမ်း သွားရမှာဆိုတော့ ဘယ်အချိန်ကြည့်ကြည့် မရိုးဘဲနဲ့ ကိုယ့်ရိုးရာလေးကို အမြဲတမ်းထိန်း သိမ်းထားတဲ့ပုံစံလေးတွေ ပိုပြီးနှစ်သက်တယ်။ ရင်ခံတွေကို တအားကြီး ဆန်းထားတာမျိုးကို အစ်မ အားမပေးပါဘူး။ ကျန်တာကတော့ ဝတ်စုံပေါ်မှာသုံးတဲ့ accessories aလေးတွေတို့၊ ပဝါတွေတို့ကို ဆန်းတာ များပါတယ်။

လူမှုဆက်ဆံရေးက ဘယ်လောက်အထိ အရေး ပါတယ်လို့ သတ်မှတ်ထားပါသလဲ။

အစ်မတို့ရဲ့အလုပ်မှာ လူမှုဆက်ဆံရေးက နံပါတ် ၁ ပါ။ အစ်မစိတ်ကလည်း အရင်ကတည်း က ကိုယ့်စိတ်ထက် သူများစိတ်ကို ပိုပြီးဦးစား ပေးတဲ့စိတ်ရှိတယ်။ အစ်မက customer တွေ ကို ဦးစားပေးတယ်၊ အလိုလိုက်တယ်။ အဲဒါ ကြောင့်လည်း လူက ချုံးချုံးကျတာပေါ့နော်။ ပြောထားတဲ့ရက်ချိန်းက နှစ်လဆိုပေမဲ့ ကိုယ်နဲ့ ချုပ်နေတဲ့ customer တွေက အရေးကြီးရင် ၁ ရက်နဲ့အပြီး၊ ၂ ရက်နဲ့အပြီး လုပ်ပေးရ တယ်။ မင်းသမီးတွေဆိုလည်း ကိုယ့်ဆီချုပ်နေကြလူ တွေ၊ ကိုယ့်လူရင်းတွေ ဖြစ်နေတော့ message ပို့ပြီး အပ်ကြတယ်။ ပြီးမှ လူလွှတ်ပြီး ဝတ်စုံယူခိုင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက်တောင် မမြင်လိုက်ရဘူး။ တစ်ယောက်ချုပ်ပြီးရင် အဲဒီတစ်ယောက်နဲ့ ပတ်သက်တဲ့လူတွေကို ဆက်ချုပ်ပေးရတယ်။ အစ်မရဲ့ ခကျအသာနမ အများစုက ပွဲရှိလို့ တစ်ပွဲ ထိုး လာအပ်တဲ့လူထက် အမြဲတမ်း creation က ပိုများပါတယ်။ တချို့ဆို အပျိုဘဝကတည်းက အစ်မဆီမှာ ဝတ်စုံတွေလာချုပ်ကြတာ အခုဆို ကလေးအမေတွေဖြစ်ကုန်ပြီး သူတို့ရဲ့ ကလေး တွေအထိ ချုပ်ပေးနေရတုန်းပဲ။ လုပ်သက်လည်း များနေပြီဆိုတော့ အစ်မဆီမှာ အမြဲတမ်း customer တွေ များပါတယ်။

လူတစ်ယောက်အတွက် ဖက်ရှင်က ဘယ် လောက်အထိ အရေးပါတယ်လို့ အစ်မထင်ပါ သလဲ။

တစ်ယောက်နဲ့တစ်ယောက် အခုမှစမြင်ဖူး ပြီး တွေ့ရတယ်ဆိုရင် ဖက်ရှင်ကို အရင်ဆုံး ကြည့်ကြတယ်လေ။ ဖက်ရှင်က အနည်းဆုံး ၅ဝ ရာခိုင်နှုန်းလောက် အရေးပါတယ်လို့ ထင်ပါ တယ်။ဒီဇိုင်နာပညာရပ်က အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြစ်တယ်ဆိုတာကို အစ်မအနေနဲ့ လက်ခံပါသလား။လက်ခံပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာလည်း ဖြစ်တယ်။ ကိုယ်ဝါသနာပါတာကို လုပ်ရတဲ့အလုပ်လည်း ဖြစ်တယ်။ ဒီအလုပ်ကို လုပ်ရတာ ပင်ပန်းတယ်လို့ မထင်ပါဘူး။ဒီဇိုင်နာပြိုင်ပွဲတွေ လုပ်လာကြတဲ့အပေါ် အစ်မ ရဲ့အမြင်ကို ပြောပြပေးပါဦး။ဒီဇိုင်နာပြိုင်ပွဲတွေ လုပ်လာတာ အရမ်း ကောင်းပါတယ်။ ပြိုင်ပွဲတွေမှာ အစ်မဒိုင်လုပ်ခဲ့ တယ်။ တကယ်တော်ပြီး တကယ့် creation ကောင်းတဲ့လူငယ်တွေ အများကြီး ပေါ်လာတာ ပေါ့နော်။ ပြိုင်ပွဲမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပြိုင်ရ တဲ့အတွက် သူတို့တစ်တွေ ထပ်ပြီးလေ့လာရ တယ်။ ပြိုင်ပွဲအတွင်းမှာပဲ အများကြီးအတွေ့ အကြုံရတယ်။ ပြိုင်ပွဲမှာ ရှုံးခြင်း၊ နိုင်ခြင်းက အရေးမကြီးပါဘူး။ ပြိုင်ပွဲဝင်ပြိုင်လိုက်တဲ့ အတွက် ခေါင်းစဉ်မျိုးစုံနဲ့ဖြစ်တော့ ခေါင်းစဉ် နဲ့ပတ်သက်တာတွေ လိုက်လေ့လာရတယ်။ လိုက်ချုပ်ရတယ်။ အဲဒီအတွက် ပညာတွေရမယ်။ ဖန်တီးထားတဲ့ ဝတ်စုံမှာ လိုအပ်ချက်တွေရှိတာ တွေကို ဒိုင်တွေက ရှင်းပြတယ်။ အဲဒီလိုရှင်းပြ၊ သင်ပြ ပေးတဲ့အတွက် ကိုယ့်ထက်experience ရှိတဲ့ ဒိုင်တွေဆီကလည်း အတွေ့အကြုံတွေ အများကြီးရတယ်။ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်လိုက်ပြီ ဆိုတာနဲ့ ပြိုင်ပွဲပြီးသွားရင် အတွေ့အကြုံရထား တဲ့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ရပ်တည်လို့ ရသွားပြီပေါ့နော်။

ဒီဇိုင်နာလောကကိုဝင်လာတဲ့ လူငယ်တွေ အတွက် အကြံပေးစကားလေး ပြောပေးပါဦး။

အရင်ကထက်စာရင် ဒီဇိုင်နာတွေ များလာ တယ်။ အစ်မတို့အနေနဲ့ကတော့ သဘောကျပါ တယ်။ ဒီထက်ပိုပြီး ဒီဇိုင်နာတွေ ပေါ်ပေါက် စေချင်တယ်။ အစ်မအဓိကပြောချင်တာက တော့ ဒီလုပ်ငန်းကို လုပ်တဲ့အခါမှာ စေတနာကို အရင်းခံပြီး ထားရမယ်။ အောင်မြင်သွားတဲ့ အလုပ်တစ်ခုပေါ်မှာ သာယာပြီးရပ်နေလို့ မရဘူးပေါ့နော်။ အစ်မတို့လည်း ဝတ်စုံတစ်စုံလုပ် လိုက်လို့ အောင်မြင်သွားရင် ရပ်နေလို့မရဘူး။ စဉ်ဆက်မပြတ် ကြိုးစားနေရတာပေါ့။ အောင် မြင်မှုဆိုတာကလည်း အမြဲတမ်းထိပ်မှာ ရပ်နေ တာမဟုတ်ဘူးလေ။ ပြေးစက်တစ်ခုပေါ်မှာ ရောက်နေသလို ဒီပြေးစက်အရှိန်နဲ့ အမြဲတမ်း လိုက်ပြေးနိုင်မှ ရပ်လိုက်တာနဲ့ ချော်ပြီးပြုတ်ကျ သွားနိုင်တယ်လေ။

အစ်မအနေနဲ့ သင်တန်းတွေဖွင့်ဖို့ အစီအစဉ် ရှိပါသလား။

အစ်မ သင်တန်းမဖွင့်ထားပါဘူး။ အစ်မ လုပ်ချင်တဲ့ ဒီဇိုင်းတွေကို ဖန်တီးရတာ ပိုဝါသနာ ပါတယ်။ ဒီစာချည်းပဲ တစ်နေ့ထက်တစ်နေ့ ထပ်ကာထပ်ကာ သင်ရတဲ့အလုပ်ကို အမှန်တိုင်း ပြောရရင် မလုပ်ချင်ဘူး။ ပျင်းတာပေါ့နော်။ သင်တန်းဖွင့်ရင် ပိုက်ဆံအများကြီးရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဝါသနာမပါတဲ့အတွက် မလုပ်ချင်ဘူး။ အစ်မက ခရီးထွက်တာဝါသနာ ပါတော့ သင်တန်းဖွင့်ရင် ခြေချုပ်မိတယ်လို့ မြင်တာပေါ့နော်။ အစ်မမှာ သားသမီး ၃ ယောက်ရှိတော့ သင်တန်းဖွင့်လိုက်ရင် အချိန် တွေကို သူတို့ဆီက ထပ်ဖဲ့ယူရမှာဆိုတော့ မဖွင့်တာပါ။ လုပ်သက် ၂ဝ အတွင်းမှာတော့ မဖွင့်သေးဘူး။ ကြုံကြိုက်လို့ သိချင်တာတွေရှိရင် ဖြေပေးတယ်။ ဒိုင်လုပ်တဲ့ အချိန်မှာလည်း ကလေးတွေ သိချင်တာကို ရှင်းပြပေးခဲ့တယ်။ နောက်ပိုင်းမှာ အချိန်ရလာရင်တော့ သင်တန်း ဖွင့်တာမျိုးထက် ပရဟိတပုံစံမျိုး၊ ပညာဒါနပုံစံ မျိုးနဲ့ အစ်မသိတာတွေကို ပြောပြသွားမှာပါ။ တကယ်မရှိတဲ့သူတွေအတွက် ပညာဒါနလိုပုံစံ မျိုးလုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။

အစ်မရဲ့ဆိုင်လိပ်စာလေး ပြောပြပေးပါဦး။

အမှတ် ၅၄၇၊ ဓမ္မာရုံလမ်း၊ ၆ မိုင်ခွဲပါ။ ဖုန်းနံပါတ်ကတော့ ဝ၉ ၅ဝ၂၃၃၂၃ ပါ။

Both comments and pings are currently closed.