Strategic Notes

တင်ကိုထွန်း

ကျွန်တော်က ဓာတ်ပုံသင်တန်းကို ၂ဝဝ၈ လောက်မှာ ကျွန်တော်တို့ မန္တလေးမြို့မှာ ဖွင့်ခဲ့တှဲ့Sun Star Studio မှာ တက်ခဲ့တာပါ။ ဝါသနာပါပြီး စမ်းသပ်ရိုက်နေတာတော့ ကျွန်တော် အလယ်တန်းကျောင်းသားဘဝ ကတည်းကပါ။ငယ်ငယ်ကတည်းက ဒီအလုပ် ကိုပဲလုပ်ချင်ပြီး ဓာတ်ပုံရိုက်ရတာကိုပဲ ဝါသနာ ပါနေတော့ကိုယ့်ဘဝရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အတွက် ရွေးတော့လည်း ကိုယ် ဝါသနာပါတဲ့ အတတ်ပညာနဲ့လုပ်ရင် ပိုအဆင် ပြေမယ်ဆိုပြီး ဓာတ်ပုံလုပ်ငန်းကိုရွေးခဲ့တာပါ။

ကျွန်တော့်မိဘတွေကတော့ ဝန်ထမ်းလုပ်စေချင်ခဲ့ တာပါ။ ဒါပေမဲ့ ကျွန်တော်က ဒီလမ်းကြောင်းကိုပဲ ခေါင်းမာစွာနဲ့ ဇွတ်ရွေးချယ်ခဲ့တော့ သူတို့လည်း ပြောမရလို့ လွှတ်ထားရင်း ကျွန်တော်လမ်းကြောင်း လေး တစ်ခုပေါ်ရောက်လာတဲ့အခါမှာတော့ ကျွန် တော့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးခဲ့ကြ ပါတယ်။ ကျွန်တော်က ဒီအခြေအနေရောက် လာတဲ့အထိ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်ခဲ့ ရတာပါ။

အလုပ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုဆိုတာ တွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုဆို တာ ဒီအလုပ်မှာမှ မဟုတ်ပါဘူး။ နေရာတိုင်း လုပ် ငန်းခွင်တိုင်းမှာ ရှိနေတာပဲလေ။ ကိုယ်မကျွမ်းကျင် တဲ့အရာတွေ၊ ကဏ္ဍတွေလုပ်ဆောင်ရတိုင်း အခက် အခဲတွေ့ရစမြဲပါ။ ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ အားလုံးအဓိကကျပြီး အရေးပါတယ်။ အနုပညာရော၊ အချိန်၊ နည်းပညာ၊ အားလုံးဟန်ချက်ညီညီလုပ်ဆောင်နိုင်မှ ရလဒ်ကောင်းရမှာလေ။ ကြိုးစား အား ထုတ်မှုလည်းပါရမယ်။ ကျွန်တော်အရင် ဒီအလုပ် စလုပ်တဲ့ တစ်ချိန်မှာတုန်းကတော့ ဘယ်လိုလေးဖန်တီးလိုက်ချင်တယ်ဆိုတာတွေ ရှိခဲ့ဖူးတယ်။

အခုချိန်မှာတော့ အဲဒီလိုမျိုး ဖန်တီးချင်တယ်ဆိုတဲ့ စိတ်ကတော့ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Customer တွေလိုချင်တဲ့ ပုံစံတွေပဲ ရိုက်ပေးရတာဆိုတော့ သူတို့လိုချင်တဲ့ ပုံစံကို ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ စိတ်ပဲရှိတော့တယ်။ ကျွန်တော် ကိုယ် တိုင်လည်းCreative သိပ် မမြင် တာလည်းပါမလားဘဲ။ ကျွန်တော် သာဓာတ်ပုံဆရာအလုပ်ကို မရွေးချယ် ဖြစ်ခဲ့ရင် အေးအေးဆေးဆေးလုပ်လို့ ရတဲ့စီးပွားရေး တစ်ခုခုလုပ်ဖြစ်နေမ လားဘဲ။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ ဓာတ်ပုံဆရာတွေကတော့ အများ ကြီးပဲ။ အားလုံးကိုတောင်ပြောလို့ရ တယ်။ သူတို့အားလုံးဆီက ကျွန်တော် နှစ်သက်တာတွေ၊အတုယူစရာတွေတွေ့ ရင် လေ့လာအတုယူပါတယ်။

ကျွန် တော့်အမြင်ပြောရင် ဓာတ်ပုံဆရာ ကောင်း တစ်ယောက်ဟာ Creative ဖြစ်ရပါမယ်။ လက်ရှိဖြစ်နေတဲ့ အရာတွေကို အမြဲ့ Up Date ဖြစ်အောင်       ကြိုးစားလေ့လာနေဖို့လိုပါတယ်။ အခု နောက်ပိုင်းမှာဆို ပြောင်းလဲလာတဲ့ Photography အရဆိုရင်Make up နဲ့ Fashion ပိုင်းကိုလည်း နားလည်ဖို့လိုတယ်။

    ဖြိုး စု ပို ပို

Both comments and pings are currently closed.