Strategic Notes

KanSuho

ဓာတ်ပုံပညာကို ကျွန်တော်လေ့လာနေတာ တော့ ကြာပါပြီ။ ပထမဆုံး ကျွန်တော့်ရဲ့ ဆရာ ကိုအောင်ပြည့်စုံနဲ့ ဦးသန်းက သင်ပေးခဲ့တယ်။ နောက်ပိုင်ကျတာ့ မြန်မာ နိုင်ငံဓာတ်ပုံအသင်း မှာသင်တန်းတက်ဖြစ်တယ်။ပြီးတော့ သင်တန်း မှာလုပ်တWork Shop တွေရှိရင်လည်း အချိန် ရရင် ရသလိုအမြဲတက်  ဖစ်ပါတယ်။ ဒီဓာတ် ပုံပညာအလုပ်ကိုလုပ်ဖို့ ရွေးခဲ့တာကလည်း ဒီအလုပ်ကို လုပ်ရတာကို ကျွန်တော်ပျော်တယ်။ ကင်မရာ ကိုင်လိုက်ရရင်ပဲ ကျွန်တော့်ဘဝက အပြည့်အစုံဆုံးလို့ထင်မိတယ်။ ဒါကြောင့် ကိုယ့် ရဲ့အသက် မွေးဝမ်းကျောင်းအလုပ်ကိုလည်း ဒီဓာတ်ပုံပညာနဲ့ လုပ်ဖို့ရွေးချယ်လိုက်တယ်။ကျွန်တောင်္က ရန်ကုန်ဇာတိမဟုတ်တော့ မိသား စုဘက်က စိတ်ပူကြတယ်။ နောက်ပြီး ဒီလောက ထဲမှာလည်း အသိမိတ်ဆွေ အဆက်အသွယ်ဆိုတာမရှိဘူးလေ။ ဒီတော့ ကျွန်တော့်မိဘတွေ ကအိမ်မှာပဲသူတို့နဲ့အတူတူနေပြီး အခြားအလုပ် လုပ်စေချင်ခဲ့တာပါ။ အခုတော့ကျွန်တော့်ရဲ့ ကြိုးစားမှုကိုမြင်ပြီး လက်ခံသွားပြီ။ ဖေဖေနဲ့ မေမေက ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားတွေ အမြဲပေးပါတယ်။

စလုပ်တဲ့အချိန်မှာတော့ အခက်အခဲတွေကများခဲ့တယ်။ တော်တော်လေး ရုန်းကန်ကြိုးစားခဲ့ရတယ်။ ကျွန်တော့်မှာက ကြိုးစားချင်စိတ်ပဲရှိခဲ့တာလေ။ စစချင်းဆို နေထိုင်ဖို့ ရပ်တည်ဖို့အခက်အခဲတွေရှိတော့ အလုပ်ဝင်လုပ်ဖို့ကြိုးစားခဲ့ရတယ်။ ဓာတ်ပုံပညာ လေ့လာဖို့ အတွက် အချိန်ရရင်ရသလို၊ အခွင့်အရေးရင်ရသလို စာအုပ်တွေ ဝယ်ဖတ်တယ်။ ကျွန်တော်ဓာတ်ပုံတွေစပြီး ရိုက်တော့လည်း တိုက်ခိုက်ခံရမှုတချို့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်အေးအေးနဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်။ ကင် မရာစပြီးကိုင်လိုက်တာနဲ့ကျွန်တော့်ကိုယ်ကျွန်တော်ဒီနေ့ နဲ့မနက်ဖြန်ပိုကောင်းအောင် ကြိုးစားရမယ်ဆိုတဲ့စိတ်ပဲရှိ ပါတယ်။ အရမ်းငယ်တဲ့အရွယ်တုန်းကတော့ လုပ်ချင်တာ တွေ ဖြစ်ချင်တာတွေ စိတ်ကူးတွေကများခဲ့တာပေါ့။ ဒါပေမဲ့Photographer တစ်ယောက် ဘဝကို ရွေးလိုက်ပြီးကတည်း က ဒီအလုပ်မရွေးချယ်ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးမရှိတော့ဘူး။ ကျွန်တော်ရိုက်တဲ့ပုံတိုင်းကို ကောင်းချင်တဲ့ ကြိုးစားမှုနဲ့ပဲ Photographer တစ်ယောက်ရဲ့ ဘဝကိုကျေနပ်ရတယ်။

ကျွန်တော်က ဓာတ်ပုံရိုက်ရင်တော့ စိတ်ကြိုက် ဖန်တီးပြီး ရိုက်ပါတယ်။ မိတ်ကပ်၊ ဝတ်စုံကအစ စီစဉ်တာပါ။ ကိုယ် ရိုက်မယ့ှ်Subjectခအ ပေါ်မူတည်ပြီး ဘယ်လိုရိုက်ရမလဲဘဲ တွေးတယ်။ ဥပမာ – အိတ်ကှိုSubject ထားရင် လူပုံ လှဖို့မလှဖို့ကျွန်တော်မတွေးဘူး။ ပုံကြည့်တဲ့သူက ဒါ အိတ်ကလအပအို ပြချင်တာ၊ ဖိနပ်ကိုပြချင်တာ၊ မျက်နှာကမိတ်ကပ်ကိုပြချင်တာဆိုတာမျိုး သိစေနိုင်တဲ့အနေအထားဖြစ်အောင်ပဲ ဖန်တီးပါတယ်။ အခု လောလောဆယ်တော့ ကျွန်တော် ရေအောက်မှာရိုက်တဲ့ Photography တွေ အရမ်းကြိုက်ပြီး စိတ်ဝင်တစားလေ့လာနေတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရေမငုပ်တတ်သေးဘူးဗျ။
ကျွန်တော်က ဓာတ်ပုံရိုက်ရင Outdoor တွေထက် မှာ Indoor တွေမှာ Setting ပြင်ပြီး ရိုက်ရတာကို ပိုပြီး နှစ်သက်တယ်။

ကျွန်တော်တို့အလုပ်လုပ်နေတဲ့ လောကကတော့ ပြိုင်ဆိုင်မှုတွေများတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတာပဲ လုပ်ပါတယ်။ကိုယ်ရိုက်လိုက်တဲ့ဓာတ်ပုံကိုပဲ အာရုံဝင် စားပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးပါတယ်။ ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ပရိ သတ်က ကြိုက်ရဲ့လား။ သူတို့ကြိုက်နှစ်သက်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာပဲ အမြဲခေါင်းထဲထည့်ထားပါတယ်။ အမှန်ကဓာတ်ပုံကောင်း တစ်ပုံဆိုတာ နည်း ပညာရယ်၊ အချိန်ရယ်၊ အားစိုက်ထုတ်ရမှုရယ်အနုပညာခံစားမှုရယ် အားလုံးပေါင်း စုံနေတာပါ။ အဲဒီမှာမှ အဓိက ကျတာကအနုပညာခံစားမှုပါ။ ဘာလို့လဲဆို တော့ အနုပညာခံစားမှုမရှိဘဲ ပုံကောင်းတစ်ပုံဘယ်လိုမှ မဖြစ်နိုင်လို့ပါ။ ဘယ် လောက်ထိနည်းပညာပြုလုပ်မှုတွေကောင်းနေတယ်။ အချိန်တွေအများကြီးပေး ထားပါတယ်။ ငွေတွေအကုန်ခံထားပါတယ် ပြောပြော အနုပညာမမြောက်ရင် ပုံကောင်းမဖြစ်နိုင်ပါဘူး။ ဓာတ်ပုံရိုက်တာကတော့ အခုခေတ်မှာ သင်ပေးပြီး ခလုပ်နှိပ်တတ်ရင် လူတိုင်းရိုက် နိုင်ပါ တယ်။

ဒါပေမဲ့ အဲဒီလူမှာ အနုပညာခံစားမှု မရှိရင် ထွက်လာတဲ့ပုံက အနှစ်သာရမရှိနိုင်ပါ ဘူး။ အဲဒီလိုပုံကောင်းတွေရိုက်နိုင်လို့ ကျွန်တော်လေးစားအား ကျရတဲ့ ဓာတ်ပုံဆရာတွေ အများကြီးပါပဲ။ ကျွန်တော့်ရှေ့က စီနီယာဆရာကြီးတွေကိုလည်း နှစ်သက်တယ်။ ကျွန်တော်နဲ့ တူ တူ အခုမှဝင်လာတဲ့တခြားဓာတ်ပုံဆရာတွေကိုလည်း ကြိုက်ပါ တယ်။ ဘာလို့လဲဆို အားလုံးမှာ တော်တဲ့အချက်တွေရှိကြ လို့ပါ။ ဆန်းဆန်း ပြားပြားအတွေးအခေါ်နဲ့ ရိုက်တဲ့ လူတိုင်း ကိုနှစ်သက်ပါတယ်။ အမှန်တော့ ကျွန်တော် တို့လို အနုပညာနဲ့ ဆက်နွှယ်တဲ့အလုပ်ကိုလုပ်ရတဲ့သူဆိုတာ ဓာတ်ပုံဆရာမှ မဟုတ် ပါဘူးလူတိုင်းက ကိုယ်လုပ်တဲ့အနုပညာ တစ်ခုကို သွေးနဲ့ချွေးနဲ့ရင်းပြီး ခံစားဖန်တီး ရတဲ့အတွက် ကိုယ်လုပ်ရတဲ့ အနုပညာကို သေးသေးလေးကနေ ကြီးကြီးအထိ သာ တယ်နာတယ် ဆိုတဲ့ အကျိုးအမြတ်မတွက်ဘဲ ကိုယ့်ရဲ့အနုပညာကိုပဲ အများကြိုက်အောင် ဖန်တီးချပြရတဲ့သူတွေပါ။ ဓာတ်ပုံဆရာ ဆိုတာလည်းဝါသနာ အရင်းခံပြီး ဘဝကို တည်ဆောက်ထားရတဲ့သူတွေဆိုတော့အလုပ်ကိုလုပ်ပြီ ဆိုတာနဲ့ကို ဖန်တီးမယ့်ပုံကို အကျိုးအမြတ်အရင်မတွေးဘဲ အကောင်း ဆုံးဖန်တီးဖို့ပဲ နံပါတ်တစ်ဦးစားပေးရပါမယ်။

ဒါကြောင့် ဓာတ်ပုံဆရာဆိုတာ စီးပွားရေး အတွက်ပဲလုပ် လုပ်၊ အပျော်တမ်းပဲလုပ်လုပ် ကိုယ့်အနုပညာကို ကိုယ် တတ်စွမ်းသမျှအစွမ်းကုန်ကြိုးစားပြီး ဘာအတွက် လုပ် လုပ် စေတနာအပြည့်အဝနဲ့ လုပ်ဖို့သာအဓိကလို့ ကျွန်တော်ကတော့ ခံယူထားပါတယ်။

  ဖြိုး စု ပို ပို

Both comments and pings are currently closed.