Strategic Notes


ဓာတ်ပုံတွေထဲမှာ သမိုင်းကြောင်းတွေနဲ့ အတိတ်ရဲ့ အမှတ် တရတွေရှိနေပါတယ်။ ယနေ့ ခေတ်ကမ္ဘာကြီးကလည်း ဆန်းသစ် တီထွင်မှု၊နည်းပညာသစ်တွေက အရှိန်အဟုန်ကြီးကြီးနဲ့ ပေါ်ပေါက်နေပါတယ်။ အဲဒီလိုခေတ်မီနည်း ပညာသစ်တွေကို အမီလိုက်နိုင်ဖို့ ငယ်ရွယ်သူတွေ၊ ဆယ်ကျော်သက် လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပျိုးထောင်ပေးတဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့လိုပါတယ်။ အဲဒီလိုဝန်းကျင်တွေထဲမှာ ဓာတ်ပုံလေးတွေ ကလည်းတစ်ခုအပါအဝင်ပါ။ နည်းပညာတိုးတက်လာမှုတွေနဲ့ Digital Camera မတွေ အဆင့်မြင့်ပေါ်ပေါက်လာပြီးချိန်မှာ တချို့သော လူငယ်ဓာတ်ပုံပညာရှင်တွေရဲ့ အတွက်စိတ်ကူး ဖန်တီးမှုတွေက သူမတူတဲ့အနုပညာတွေပေါ် ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် ဒီလရဲ့Strategic Notes ကဏ္ဍအတွက် လူငယ် ဓာတ်ပုံပညာရှင်နဲ့ တင်ဆက်ပေးလိုက် ပါတယ်။

( Love Space )အောင်ဇော်

ဓာတ်ပုံပညာမှာ ကျွန်တော့်ရဲ့လက်ဦး ဆရာက ဆရာဖေမြင့်ဦးပါ။ ၂ဝ၁၂ ခုနှစ် လောက်မှာစပြီးဆရာ့ဆီမှာ လေ့လာသင်ယူခဲ့ တာပါ။ ဒီပညာကို ကျွန်တော် ငယ်ငယ်ကတည်း ကအရမ်းစိတ်ဝင်စားခဲ့တာပါ။ ဝါသနာလည်းပါ တယ်။ ဒါကြောင့် ကျွန်တော်တကယ်လုပ်နိုင်ပြီဆိုတဲ့အချိန်ဒီပညာကို သေချာလေလာ သင်ယူပြီး အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအနေနဲ့ ဇောက်ချလုပ်ဖြစ်ခဲ့တာ ပါ။ ဒီဓာတ်ပုံပညာကို စတင်မလေ့လာခင် ကျွန် တော်ဝါသနာပါနေ    ပြီဆို ကတည်းက မိသားစုက ကျွန်တော့်ကို အားပေးခဲ့ တာပါ။ ကျွန်တော်ဝါသနာ ရှင်အဆင့်မှာ ကျွန်တော့်ကို ပထမဆုံး ကင် မရာလေးဝယ်ပေးခဲ့တာကကျွန်တော့်အစ်ကိုပါ။ မေမေဆိုလည်း ဒီပညာကိုလေ့လာသင်ယူဖို့ အများကြီးပံ့ပိုးပေးခဲ့ပါတယ်။

အမြဲတမ်းဖြစ်မြောက်အောင်လုပ်ဖို့လည်း ဆုံးမခဲ့ပါတယ်။ မိသားစုကအဲဒီလိုတော့ အားပေးခဲ့လို့လားမသိဘူး။ ကျွန်တော်ဒီ အလုပ်ကို စလုပ်တဲ့အချိန်ကနေအခုထိ အရမ်းကြီးမားတဲ့ ခက်ခဲမှုတွေဆိုတာ မတွေ့ခဲ့ရပါဘူး။ ကျွန်တော်ကလည်း အားလုံးနဲ့ အဆင်ပြေ အောင်နေတယ်။ ပျော်ပျော်နေတတ် တယ်။ဒီတော့ အခက်အခဲတစ်ခုခုရှိရင်တောင် ဝိုင်းပြီး ကူညီဖေးမမယ့်သူတွေ ရှိနေတတ်တယ်။

စိန်ခေါ်မှုဆိုတာကတော့ အနည်းနဲ့ အများတော့ ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ကိုယ်လုပ်နေတဲ့ ပုံအတိုင်းပဲ ပုံမှန်နဲ့ ဒီအချိန်ထိ လုပ်ခဲ့တာပါ။ Photo Shooting တွေမှာ ကြုံတွေ့နေကျဖြစ်တဲ့ အခက်အခဲလေးတွေတော့ ရှိတာပေါ့။ ဒီလိုဖြစ် လာရင်လည်း ချက်ချင်းဖြေရှင်း၊ အားလုံးကူညီ ပေးရင်းနဲ့ ပြီးသွားတာပါပဲ။ ဘယ်အရာမဆိုအားစိုက်ထုတ်မှုမရှိရင် ဘယ်တော့မှပြီးပြည့်စုံတဲ့ ရလဒ်မျိုးမရနိုင်ပါဘူး။ ဓာတ်ပုံလည်း ဒီလိုပါပဲ။ နည်းပညာပိုင်းကတော့ တိုးတက်နေတဲ့အတိုင်း ကျွန်တော်တို့လည်း လိုက်ရမှာပေါ့။ ခေတ်ကို ပြတ်ကျန်ခဲ့လို့မရဘူးလေ။ အဲဒီ ၂ မျိုးအတွက် အချိန်ကunity ဖြစ်အောင်လုပ်ပေးပါတယ်။

အချိန်တစ်ခုစောင့်နိုင်ရင် စောင့်နိုင်သလောက် ပိုကောင်းအောင်ပုံဖော် နိုင်ပါတယ်။ ကျွန် တော်ရဲ့ တခြားဝါသနာDesign အလုပ်ပါ။ ဓာတ်ပုံပညာနဲ့အလုပ်တွေ မလုပ်ခင်မှာ Designrတစ်ယောက်အဖြစ်ရပ်တည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံအလုပ်ကိုရအောင် မဖြစ် ဖြစအာင် လုပ်ခဲ့တာ ဆိုတော့ ကျွန်တော့်အတွက် တခြား အလုပ်ထပ်မရွေးချယ်ဖြစ်တော့ ပါဘူး။ ဒီအလုပ်ကိုပဲ တစ်သက် လုံး လုပ်သွားမှာပါ။ဒီလောကမှာ ပြိုင်ဆိုင်မှုတွေများတာတော့ မှန်ပါတယ်။ ကျွန်တော့်အတွက် တော့ ပြိုင်ဆိုင်မှုဆိုတာ ကိုယ် လုပ်လိုက်တဲ့ နောက်ဆုံးရလဒ်လို့ ထင်ပါတယ်။

ကျွန်တော့်ရဲ့ နောက်ဆုံးရလဒ်က ကျွန်တော် မကြိုက်ဘူးဆိုရင် နောက်တစ်ခါ ဒီထက်ပိုကောင်း အောင်လုပ် မယ်ပေါ့။ ကျွန်တော့်ရဲ့ အားသာ ချကဆိုတာထက် ကျွန်တော် ဘယ်လောက် ပိုကောင်းအောင် လုပ်နိုင်လဲဆိုတာကိုပဲ ချပြချင် တာပါ။ ပြီးတော့ ကျွန်တော်တို့ အလုပ်ကTeam Work နဲ့သွားမှအကောင်းဆုံးရလဒ်တွေ ရနိုင် မှာပါ။ ဒါကြောင့် ကျွန်တော် တစ်ယောက်တည်းကောင်းနေရုံ နဲ့လည်းမရပါဘူး။ ဓာတ်ပုံ ရိုက် ရရင်တော့ န်တော်ကFashion Photography ပိုင်းကိုပဲ စိတ်ဝင်စားပြီး အဲဒါကိုပဲ ပိုပြီး အားသန်တဲ့သူဆိုတော့ တကယ် သာလုပ်နိုင်ရင် လုပ်ခွင့်ရရင်theme အကြီးကြီး တစ်ခု စဉ်းစားပြီး team Work စစ် စစ်တစ်ခုနဲ့ လုပ်ပြချင်ပါတယ်။ ဓာတ်ပုံဆိုရင် ကျွန်တော်ကPortrait ပဲဖြစ်ဖြစ်Landscape ပဲဖြစ်ဖြစ်Fashion ၊ Beauty ၊Sports ၊Snap နောက်ဆုံးPaparazi တွေအထိ ကျွန်တော် အားလုံးစိတ်ဝင်စားတယ်။

ဒီတော့ ဓာတ်ပုံပညာရှင်အားလုံးကို လေးစား တယ်။ ပြည်တွင်း ပြည်ပအားလုံးပေါ့။ ဘယ် နိုင်ငံက ဘယ်သူရိုက်ထားတဲ့ပုံပဲဖြစ်ဖြစ် ကျွန် တော်ကစိတ်ဝင်တစားနဲ့ သေချာကို ကြည့်ပြီး လေ့လာပါတယ်။ ဓာတ်ပုံဆရာ တစ်ယောက် အတွက်တော့ သူ့ရဲ့ ရင်ထဲကလာတဲ့ အနုပညာ စိတ်ကူးကိုလက်တွေ့နဲ့ အကောင်းဆုံးပုံဖော်ပြ ပေးနိုင်တာ အရည် အချင်းတစ်ရပ် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါ ကျွန်တော်တစ်ယောက် တည်းရဲ့ အမြင်ပါ။

        ဖြိုး စု ပို ပို

Both comments and pings are currently closed.