Back To The Future

Model               – Moe Min
Photo               – Ko Naing (Popular)
Arranged by – Thida Soe

ဇာတ်မင်းသားကြီး မိုးမင်းကို လူကြီးတွေ ရော၊ လူငယ်တွေပါ သိပြီးသားဖြစ်မှာပါ။ မြန်မာ့ ဇာတ်သဘင်လောက မှာ အထင်ကရဖြစ် ခဲ့ပြီး နိုင်ငံကျော် လူကြိုက် များခဲ့တဲ့ ဇာတ်မင်း သားတစ်ယောက်ပါ ။ Stage Show မှာ တစ် ခေတ်ဖြစ်ခဲ့သူ ဇာတ်မင်းသားကြီး ကိုမိုးမင်းနဲ့ ပြောဖြစ်ခဲ့တာတွေ ကတော့ …

ဇာတ်သဘင် စင်မြင့်ပေါ်ကို သီချင်းဆို ဖျော်ဖြေ တင်ဆက်ပြီး စတက်ခဲ့တာက ၁၉၈၃ ခုနှစ်မှာပါ။ အဲဒီကနေမှ ဇာတ်သဘင်ဖျော်ဖြေ တင်ဆက်ရေးတွေ ကို ကိုမိုးဝင်းနဲ့ တွဲပြီးလုပ် ဆောင်ခဲ့တယ်။ ကိုမိုးဝင်း နဲ့တွဲဖက်ပြီး ဖျော်ဖြေ တင်ဆက်ကတည်းက  stage show နဲ့ အစ်ကို နာမည်ကျော်ကြား လာခဲ့တယ်။ ဇာတ်သဘင် ကို ခေါင်းဆောင် တစ်ယောက် အနေနဲ့ တည်ထောင် သူ၊ ဇာတ်မင်းသား ခေါင်းဆောင်တစ်ဦး အနေနဲ့  ဆိုင်းဘုတ် စတင်တာ ကတော့ ၁၉၉၁ ခုနှစ်မှာ စတင်တာပါ။ အဲဒီ ကနေ စတင်ပြီး ဇာတ်သဘင် လောကထဲကို ခေါင်းဆောင် အဖြစ် ဝင်ရောက် လာတာပေါ့။ တီထွင် ဆန်းသစ်ရတာကို ကြိုက် တဲ့သူ တစ်ယောက် အနေနဲ့ စင်မြင့်ပေါ် မှာ stage show မီးတွေ ကစားဖို့အတွက် မြန်မာ့ အသံမှာ သူများနိုင်ငံရဲ့ show တွေကို ပြတယ်။ သူများတွေရဲ့ ဆန်းကြယ်စွာ လုပ်ပြတာတွေကို အဲဒီကတည်းကစပြီး စိတ်ဝင်စား ခဲ့တယ်။ အဓိက အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ပြီး သဘော ကျခဲ့တာ။ မိုက်ကယ် ဂျက်ဆင်ပါ။ မိုက်ကယ် ဂျက်ဆင်ရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေက တစ်ကမ္ဘာလုံး ကို တုန်လှုပ်ချောက်ချားစေခဲ့ တယ်။ အကနဲ့ပတ်သက်ပြီး တုန်လှုပ်ချောက်ချား စေခဲ့တယ်။ နောက်က background က မီး lighting ၊ arrangement အားလုံးသည် မိုက် ကယ်ဂျက်ဆင်ရဲ့ အားသာမှုတွေပေါ့။ နောက်ခံ ဖွဲ့စည်းမှုတွေ၊ music ရဲ့arranged တွေ၊ lighting တွေ၊ program စီစဉ်တာတွေ၊ လှုပ်ရှားမှု tempo အနိမ့်အမြင့် ထိန်းသိမ်းမှုတွေ ကို မိုက်ကယ်ဂျက်ဆင် ဆီက ရခဲ့တယ်။ အဲဒီ တုန်းက ဝေဖန်မှုတွေ တော်တော် ခံခဲ့ရပါတယ်။ သီချင်းတောင် copy စပ်ခဲ့ပါသေး တယ်။

”အပုပ်ချကျောင်းက သင်လာသလား” ဆိုပြီး စပ်ခဲ့တာပါ။ ဝေဖန်တာကို လက်ခံပါတယ်။ ဝေဖန်တယ် ဆိုရင် အကြံပြုတဲ့ အပိုင်းလာရ မယ်။ အကြံပြုတာထက် လူငယ် တစ်ယောက်ရဲ့ ဖန်တီးမှုတွေ၊ တိုးတက်မှုတွေ၊ ပြောင်းလဲမှုတွေ ကို လိုက်ပိတ်ပစ်တဲ့ သဘောမျိုး သက်ရောက် တယ်။ ဝေဖန်မှုနဲ့ အပုပ်ချမှုက မတူဘူးလေ။ သဘင်သည် ဆိုတာကို အဓိပ္ပာယ်မမြင်ဘူးလို့ ဦးမိုးက ဒီအရွယ်မှာ သုံးသပ်မိသွားတယ်။ သဘင်သည် ဆိုတာ ဖျော်ဖြေတင်ဆက်ရေး သမားတွေပါ။ ယဉ်ကျေးမှု ထိန်းသိမ်းရေး သမား တွေ လို့ ထင်နေကြတယ်။ ဖျော်ဖြေတင်ဆက် ရေးဖြစ်တဲ့ အတွက် မျိုးစုံ ကပြဖျော်ဖြေကြတယ်။ ကောလိပ်ဂျင်နေဝင်း အိုက်တင်မျိုး ဇာတ်သဘင် မှာ ဖျော်ဖြေ တင်ဆက် ခဲ့တယ်။ ကျော်ဟိန်း အိုက်တင်မျိုး ဇာတ်သဘင်မှာ ဖျော်ဖြေတင် ဆက်ခဲ့တယ်။ ပေါ်ပြူလာဖြစ်ရင် ပရိသတ်ကို ဖျော်ဖြေ တင်ဆက်ဖို့ အတွက် ဇာတ်သဘင်က တင်မှာပဲလေ။ ဒါပေမဲ့ အခြေခံကတော့ ရိုးရာ ယဉ်ကျေးမှုကို အခြေခံတယ်။ ကိုယ့်ကို လွှမ်းမိုး သွားတာကတော့ မိုက်ကယ် ဂျက်ဆင်ပါပဲ။ အခုထိလည်း လွှမ်းမိုးနေ ဆဲပါပဲ။ ကိုယ့်အနေနဲ့ ဖက်ရှင်ကို သဘောကျတယ်။ အမြဲတမ်းလို လှပနေအောင်တော့ မလုပ်ပါဘူး။ နေရာဒေသ အပေါ် မူတည်ပြီး ဝတ်ဆင်ပါတယ်။ ကိုယ့် အသက် အရွယ်ရောက်နေတဲ့ သူတွေ ဘောင်း ဘီဝတ်တယ်၊ စကတ်ဝတ်တဲ့ အပေါ်မှာ အမြင် မစောင်းစေချင်ပါဘူး။ ကိုယ့်ရဲ့ ရိုးရာပွဲလမ်း သဘင်တွေ မှာတော့ ကိုယ့်ရဲ့ ရိုးရာဝတ်စုံ ကို လေးလေးစားစား မြတ်မြတ်နိုးနိုး ဝတ်စေချင်ပါ တယ်။

ယနေ့ခေတ် ဇာတ်သဘင်လောကမှာ တိုးတက်လာတဲ့ အပိုင်းတွေ ရှိသလို၊ ရပ်တန့်နေ တဲ့ အပိုင်းတွေလည်း ရှိပါတယ်။ နည်းပညာ ပိုင်းတွေ၊ ပစ္စည်းတွေ တိုးတက် လာတယ်။ ဒါပေမဲ့ တီထွင်ဖန်တီးမှုတွေ ရပ်တန့်နေတယ် လို့ မြင်ပါတယ်။ အရေးကြီးဆုံး အနေနဲ့ အကြံပေး ချင်တာကတော့ စာဖတ်ဖို့ပါပဲ။ စာဖတ် အား တော်တော် နည်းလာတာ တွေ့ရပါတယ်။ facebook အသုံးပြုမှုကိုသတိထားပြီး ရပ်တန့် စေချင်ပါတယ်။ စာအုပ်ကိုင်ဖို့ လိုပါတယ်။ E-Book တွေကိုဖတ်ရင် မျက်စိကို ထိခိုက်မှာ စိုးရပါတယ်။ မိမိရဲ့ နယ်ပယ်နဲ့ ပတ်သက်တာ တွေကို လေ့လာပါ၊ ဆည်းပူးပါ။ အနုပညာတွေ ကို အသစ်အသစ် မွမ်းမံပါ။ ခသစပ မဖြစ်ပါစေနဲ့။ မိုးမင်းက မိုက်ကယ် ဂျက်ဆင်ပုံစံ ပြန်လုပ်ပြ တယ်။ ဒါက ကမ္ဘာကျော်တဲ့ ကော်ပီပါ။ ကိုယ် အနီးအနားမှာ ရှိတဲ့ အောင်မြင်ကျော်ကြားတဲ့ သူရဲ့ copy တော့ မကူးမိပါစေနဲ့။ အဲတော့ … copy မသောက်ပါ နဲ့ပေါ့နော် (ရယ်လျက်) ဇာတ်သဘင်လောက ကနေ နားထားပါတယ်။ ဇာတ်သဘင်လောကမှာ ကပြဖျော်ဖြေမှု ထက် စာရင် လိုင်းပြောင်း သွားတာက ဒါရိုက်တာ ဘက် ရောက်သွားပါတယ်။ သဘင်ဆိုင်ရာ ဒါရိုက်တာ ပိုင်းကို ပြောင်းလဲ လုပ်ဆောင်နေပါတယ်။ ဇာတ် သဘင်လောကမှာ လိုအပ် လာရင်တော့ ကပြ ဖျော်ဖြေ မှာဖြစ်ပါတယ်။ အဖွဲ့ထောင်ပြီး ဖျော်ဖြေ တင်ဆက်မှု ကတော့ မလုပ်တော့ပါဘူး” လို့ ပြောဖြစ်ခဲ့ပါတယ်။

Both comments and pings are currently closed.