လေဟုန်ခွင်းမည့် တောင်ပံအစုံ

”သားရေ…ဝေယံ”

”လာပြီ ဖေကြီး”

”ကဲ…ရော့..ဒီမှာကြည့်၊ သားအတွက် ဆု”

ဖေကြီး ကမ်းပေးလာသော ပစ္စည်းလေးက ဝေယံ မျှော်လင့်တောင့်တခဲ့ရသော ပစ္စည်းဆို တာ ဝေယံသိပါသည်။ ဆယ်တန်းအောင်လျှင် လက်ကိုင်ဖုန်းဝယ်ပေးမည်ဆိုတဲ့ ဖေကြီး ကတိ။

”ကြည့်ပါအုံး သားရဲ့၊ သားကြိုက်ရဲ့လား ဆိုတာ”

”ဟုတ်ကဲ့ ဖေကြီး၊ ကြိုက်ပါတယ်”

အရင်အချိန်တုန်းကဆိုလျှင် ဒီလိုဖုန်းလေး ရသည့်အတွက် ဝေယံ အရူးအမူးဖြစ်မိမှာ သေချာသည်။ အခုတော့ မိဘမဲ့ကလေးများကို တွေ့ပြီးကတည်းက သူတို့နှင့်ယှဉ်တိုင်း ကိုယ်က အသုံးစရိတ်တွေ ပိုသည်ဟု ထင်သည်။ ငွေ၏ တန်ဖိုးကို သူ ပိုပြီး နားလည်ခဲ့သည်။ ထို့်ကြောင့် ဝေယံ့ မျက်နှာမှာ ဝမ်းသာရိပ်တို့သိပ်ပြီး မပေါ် လွင်။ သာမန်ခံစားချက်ကိုသာ မြင်တွေ့ရသည်။ ဝမ်းသာအားရ ဖြစ်စေချင်သောဆန္ဒဖြင့်အဖေ ဖြစ်သူက ဝယ်ပေးခဲ့သော်လည်သူ၏ခံစား ချက်က လှုပ်လှုပ်ရှားရှားမဖြစ်။ သား၏တည် ငြိမ်သော အမူအရာကိုကြည့်ပြီး ဖခင်ဖြစ်သူ အနေနှင့် စိတ်ထဲမှာ ဘဝင်မကျသော်လည်း နောက် သေသေချာချာတွေးတော့ ကျေနပ်မိ သည်။

”သက်ရေ”

”ဘာလဲ…ကိုရဲ့”

”တို့သားကြီးက တော်တော်ကို ပြောင်းလဲ သွားပြီနော်”

”ဘာကို ပြောတာလဲ ကိုရဲ့”

”ဟိုလေကွာ၊ အခုဆိုရင် သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ပရဟိတလုပ်နေတာတွေ.. ပြီးတော့ အခုဆို အချိန်မှန်အိပ်ရာဝင်၊ အချိန်မှန် အိပ်ရာ ထတယ်ကွာ၊ အထူးသဖြင့် ဟိုနေ့က သူ့အတွက် ဖုန်းဝယ်လာတဲ့အချိန်မှာ သူ့မျက်နှာက ခံစား ချက်ပေါ့။ ဘာမှ လှုပ်လှုပ်ရှားရှား ဝမ်းသာအားရ မဖြစ်ဘဲ သာမန်လိုပဲ အရမ်းကို တည်ငြိမ်နေ တယ်ကွ”

”ဟုတ်တယ် ကိုရဲ့၊ အခုသားက မကြာခင် တက္ကသိုလ် တက်တော့မှာဆိုပြီး စာတွေလည်း ထိုင်ဖတ်နေတာ တွေ့ရတယ်။British Council  က စာကြည့်တိုက်မှာ အဖွဲ့ဝင်ဖြစ်ချင်တယ်ဆိုလို့ ဝင်ကြေးတောင် သွင်းပေးထားရတယ်”

”တယ်ဟုတ်ပါလား၊ အေးလေ၊ ဒီလိုဆို တော့ ပိုပြီးဗဟုသုတလည်းရ၊ အမြင်လည်း ကျယ်မှာပေါ့ကွာ။ ကောင်းတယ်..ကောင်း တယ်။ ဒါနဲ့ သားတို့ကျောင်းတွေ ဘယ်တော့ ဖွင့်မယ်ကြားလဲ”

”လာမယ့် ဒီဇင်ဘာဆိုတော့ သိပ်မလိုတော့ ဘူးလေ”

”အေးပါကွာ၊ သူတက်ချင်တဲ့ဘာသာရပ်ကို လည်း တို့တစ်တွေ ရွေးချယ်ခွင့်ပေးပြီးပြီပဲ၊ သူ့ဘာသာသူ ထိန်းကျောင်းနိုင်မှာပါ”

”ဟယ်လို… ကိုဇေယျာလား”

”သြော်… အေး… အေး၊ ညီလေး ဝေယံ.. ပြောကွ၊ ဘာလဲ…မင်းဖုန်း ရပြီ လား”

”ဟုတ်ကဲ့ အစ်ကို၊ နောက်ဆို ကျွန်တော်တို့ အဆက်အသွယ် မပြတ်တော့ဘူးပေါ့”

”အေး…အေး၊ ကောင်းတယ်၊ ဒါနဲ့ အခုဘာတွေ လုပ်နေလဲ”

”အစ်ကိုဇေယျာပြောလို့ british counsil မှာ စာကြည့်တိုက်ဝင်ကြေးပေးပြီး စာအုပ်တွေ ငှားဖတ်တယ်အစ်ကို၊ အစ်ကို့ကို ကျေးဇူးတင် ပါတယ်ဗျာ၊ ကျွန်တော့်ကို အကြံကောင်းတွေ ပေးလို့”

”ဟုတ်ပါပြီဗျာ၊ ကောင်းပါတယ်၊ ကျောင်း လည်းဖွင့်တော့မှာ မဟုတ်လား”

”ဟုတ်တယ်ဗျ၊ တစ်လလောက်ပဲ လိုတော့ တယ်၊ အစ်ကိုဇေယျာကော”

”အင်း…အစ်ကိုက အခုနောက်ဆုံးနှစ် အပိုင်း(က) ရောက်ပြီဆိုတော့ မကြာခင် ကိုယ် တို့ ကွင်းဆင်းကြရတော့မှာ၊ အဲဒီအတွက် ပြင် ဆင်နေတယ်လေ”

”ဟာ… ကောင်းလိုက်တာ အစ်ကိုရာ ကွင်းဆင်းရမှာဆိုတော့ ပျော်စရာကြီးပဲပေါ့”

”အင်း… ပျော်စရာဆိုတာထက်အစ်ကို့ အတွက်တော့ စိတ်လှုပ်ရှားစရာဆိုရင် ပိုပြီး မှန်တယ်လေ”

”ပြောပါဦးဗျ၊ ဘာကြောင့်ဆိုတာ”

ကိုဇေယျာဆီက စိတ်လှုပ်ရှားစရာလို့ ပြော လာသည်ကြောင့် ဝေယံစိတ်ဝင်စားသွားသည်။ အခြားကျောင်းသားများဆီက အမြဲတမ်း ကြားနေကျစကားများကတော့ ပျော်စရာ ကောင်းသည်ဆိုသော မှတ်ချက်ပင်။ အခုတော့ ကိုဇေယျာက မတူသောအမြင်ဖြင့် ပြောလာ သည်။

”ဒီလိုလေ… ညီရဲ့၊ အစ်ကိုက ဆေး ကျောင်းကို ဝါသနာမပါဘဲတက်ခဲ့ရတယ်ဆိုပေမဲ့ တစ်လောက အစ်ကိုတို့တွေ မိဘမဲ့ကျောင်းတွေ ရောက်တယ် မဟုတ်လား”

”ဟုတ်တယ်လေ၊ အခုတောင် မသွားဖြစ် ကြတာ နည်းနည်း ကြာသွားပြီ”

”အဲဒီနောက်ပိုင်း အစ်ကိုက ဒီလိုမျိုးကိစ္စ တွေကို နည်းနည်းပိုပြီး စိတ်ဝင်စားလာတော့ ကိုယ်တတ်ထားတဲ့ ဆေးပညာကို အဲဒီလိုလိုအပ် ချက်ရှိတဲ့နေရာတွေမှာ အသုံးချရင်ကောင်း မလားဆိုပြီး တွေးမိတာလေ”

”ဟုတ်သားပဲ၊ အစ်ကို့ စိတ်ကူးကောင်း တယ်”

”အဲဒီတော့ ဆေးကျောင်းက စီနီယာ အစ်ကိုတွေ အစ်မတွေနဲ့စကားပြောကြည့်တယ် လေ။ သူတို့က ဒီလိုမျိုးမှာ စိတ်ဝင်စားရင်တဲ့၊ ပြည်သူ့ကျန်းမာရေးဆိုတာ ရှိတယ်တဲ့။ အထူးပြု ဘာသာရပ်အနေနဲ့ မဟာသိပ္ပံ ယူလို့ရတယ်တဲ့။ တခြားကုသရေးတွေကို စိတ်မဝင်စားရင် ပြည်သူ့ကျန်းမာရေး လုပ်ပေါ့တဲ့”

”မဆိုးဘူးနော် အစ်ကို၊ အစ်ကို့ဘွဲ့လည်း အလဟဿ မဖြစ်တော့ဘူးပေါ့”

”အဲဒါ နောက်ဆုံးနှစ် အပိုင်း(က) မှာ ကာကွယ်လူမှုဆေးပညာ ပါတယ်လေ၊ ပြည်သူ့ ကျန်းမာရေးရဲ့အခြေခံပဲကွ၊ ဒီပညာရပ်နဲ့ပတ် သက်ပြီး ကွင်းဆင်းရမှာ ငါ့ညီရ”

”ဒါ့ကြောင့် အစ်ကိုဇေယျာက ရင်ခုန် နေတာကိုး”

”ဟုတ်တယ် ညီ၊ ကွင်းဆင်းလေ့လာရမယ့် အကြောင်းကိုတော့ စီစဉ်ကြတုန်းပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အစ်ကိုက အဲဒါကို တွေးပြီး စိတ်ကူးယဉ် တာနဲ့တင်    ရင်လည်းခုန်၊ ပျော်လည်း ပျော်ပေါ့ ကွာ”

ကိုဇေယျာထွန်း ဘယ်လောက်ပျော်နေ သည်ဆိုတာ နှုတ်ကမကြားရလည်း သိသာလွန်း နေပါသည်။ သူ့၏စကားသံ၊ သူ၏လေယူလေ သိမ်းနှင့် သူ၏အပောများက သူ့ရင်ထဲက ခံစားချက်ကို အတိုင်းသားဖော်ပြပြီးသား ဖြစ်ပါ သည်။ ကိုဇေယျာထွန်း၏အပျော်က ဝေယံသက် ကိုဆီကိုပါ ကူးစက်သွားပါသည်။

”အစ်ကို ခရီးကပြန်လာရင် အတွေ့အကြုံ တွေ ပြောပြဦးနော်”

”ပြောမှာ ငါ့ညီက မပြောနဲ့ဆိုတာတောင် ပြောကို ပြောမှာ”

”အစ်ကိုကလည်းဗျာ၊ ကျွန်တော်တောင် မနာလို ဖြစ်လာပြီ”

”မနာလို မဖြစ်ပါနဲ့ ငါ့ညီ၊ ငါ့ညီလည်း ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို တက်ခွင့်ရမှာ မဟုတ်လား။ အဲဒီအကြောင်းတွေလည်း တွေ့တဲ့အခါ ပြောပြဦးလေ၊ ကျောင်းသားသစ် ကလေးရဲ့ တက္ကသိုလ်အတွေအကြုံပေါ့ မဟုတ် ဘူးလား”

”ဟုတ်ကဲ့ အစ်ကို၊ ဒီဖုန်းနံပါတ် မှတ်ထား လိုက်နော် အစ်ကို”

”အေး…အေး…ဟုတ်ပြီ၊ ကွင်းဆင်း ခရီးက ပြန်လာရင် တွေ့ကြမယ်”

”ဟုတ်ကဲ့”

ဝေယံတစ်ယောက် ဖုန်းချပြီးသော်လည်း အတွေးများက ရပ်မသွားသေးပါ။ လူငယ် သင်တန်းမှာတုန်းက သင်တန်းဆရာပြောပြ ပေးလိုက်တဲ့ သဘောတရား စက်ဝန်းကြီးကို မျက်စိထဲမှာ ပြန်လည်မြင်ယောင်မိသည်။ ဆရာ က ပြောပါသည်။ လူဆိုတာ မိမိကိုယ်ကိုယ် ကောင်းအောင်၊ တိုးတက်အောင် အရင်ဆုံးကြိုး စားပါ။ ပြီးရင် မိသားစု အတွက် ကြိုးစားရမယ်။ နောက်ဆုံး ပတ်ဝန်းကျင်အတွက် တတ်နိုင် သလောက် လုပ်ပေးကြရမယ်” တဲ့။ဆရာရဲ့’တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုမှ အများဖွံ့ဖြိုးမှု သို့’ ဆိုတဲ့ စက်ဝိုင်း (၃) ဝိုင်းက ဝေယံ့မျက် စေ့ထဲမှာ အခုထိမှတ်မိဆဲပါ။ လူငယ်တစ် ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ ကျတဲ့လိုအပ်ချက်တွေကို ဆရာက စက်ဝိုင်းပုံကြီး နဲ့ ရှင်းပြထားပါသည်။

လူငယ်တစ်ယောက် တိုးတက်ဖွံ့ဖြိုးဖို့
– ပညာ၊ ဗဟုသုတ ရှိရမယ်။
– ကျန်းမာအောင် နေထိုင်ရမယ်။
– ကျင့်ဝတ်တွေ ထိန်းသိမ်းရမယ်။
– ဘဝတန်ဖိုးတွေ မှန်ကန်ရမယ်။
– မျှမျှတတ တွေးခေါ်တတ်ရမယ်။
– ကိုယ်ပိုင်ရပ်တည် နိုင်စွမ်း ရှိရမယ်။
– အမြင်ကျယ်ရမယ်။
– ရင့်ကျက်ရမယ်။
– ကြိုးစားအားထုတ်မှု ရှိရမယ်။
– ကိုယ်ရည်ကိုယ်သွေးမြင့်မားအောင် လုပ်ရမယ် ဆိုပြီး ပြောပြလိုက်တာ ဖြစ်ပါသည်။

ဝေယံတစ်ယောက်တည်း တွေးနေရင်း အတွေးအိမ်ထဲမှာ ဘဝစိတ်ကူးအိပ်မက်မြေပုံ ဆွဲနေမိသည်။ ကိုဇေယျာထွန်း တစ်ယောက်က တော့ သူ့စိတ်ကူးအိပ်မက်တွေ ပီပီပြင်ပြင် ရုပ်လုံးပေါ်နေပြီ။ သူလည်း ….

”လေးစားအပ်သော xxx မြတ်သောဆရာ xxx ဘုရားတရားသံဃာ xxx မိဘနဲ့နှိုင်း xxx တစ်ဂိုဏ်းထဲထား xxx လေးစားအပ်သောဆရာ xxx”ကျောင်းဝင်းထဲဝင်လိုက်သည်နှင့် ချမ်းမြေ့ ကြည်နူးစရာကောင်းသော သီချင်းသံကို ဝေယံ ကြားရပါသည်။ ဒီကနေ့ ကျောင်းသား၊ ကျောင်း သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲ ဖြစ်ပါ သည်။ လောလောလတ်လတ် အခြေခံပညာ အထက်တန်းအောင်ထားသော သူတို့အတန်း တူ ကျောင်းသားများက အစ်ကို၊ အစ်မများ၏ ဦးဆောင်မှုဖြင့်တွဲဖက်ကာ စီစဉ်ထားကြခြင်း ဖြစ်ပါသည်။

အခမ်းအနား မစသေးခင် ဆရာ၊ ဆရာမ များကို ကျောင်းအုပ်ဆရာမကြီးရဲ့ အခန်းဘေး က စာသင်ခန်းတစ်ခုမှာ စုစုစည်းစည်း နေရာ ပေးထားသည်။ အဝေးကလာရသော ဆရာ ဆရာမများ၊ အသက်ရွယ်ကြီးရင့်ပြီဖြစ်သော ဆရာ၊ ဆရာမများ၊ နာမကျန်းဖြစ်နေပေမဲ့ တပည့်တွေနဲ့တွေ့ရမှာမို့ မဖြစ်မနေလာရောက် ကြသော ဆရာ၊ ဆရာမများ စုံစုံညီညီ ရှိနေကြ ပါသည်။

”ဆရာမ…မင်္ဂလာပါ”

”သြော်… အေး…အေး…ဝေယံ ရေ၊ လာကွဲ့… အခုပဲ သားတို့နှစ်ကကျောင်း သားတွေ အကြောင်းပြောနေကြတာ”

”ဟုတ်လား… ဆရာမ”

”ဒါနဲ့ သန္တာစိုးတော့ မတွေ့သေးဘူး”

”ဟုတ်လား၊ လာမယ်တော့ ပြောပါတယ်၊ ဧကန္တ”

ဝေယံ့စကား တစ်ဝက်တစ်ပျက်နဲ့ ရပ်သွား သည်။ ဟုတ်ပါသည်။ သန္တာစိုးဆိုသည်က သူနှင့် တစ်တန်းတည်းတက်ခဲ့သော အတန်းဖော် မိန်းကလေး တစ်ယောက်ဖြစ်ပြီး သူ့လိုပဲ (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူပါ။ ဒါပေမဲ့ သန္တာစိုးတို့ရဲ့ဘဝအခြေအနေက သူနှင့် ကွာ ခြားပါသည်။

”ဆရာမ၊ သူနဲ့ ပြောစရာ အထူးအထွေ ရှိသလား ခင်ဗျာ”

”မရှိပါဘူး သားရဲ့”

”ဟုတ်ကဲ့ ဆရာမ၊ သူရောက်လာရင် ကျွန်တော် လွှတ်လိုက်ပါမယ်”

”အေးပါ သားရယ်၊ အထူးအထွေမဟုတ် ပါဘူး။ လာမယ်ဆိုလို့ပါ”

ဆရာ၊ ဆရာမများ၏ တပည့်များအပေါ် ရှိသော သံယောဇဉ်ကလည်း မသေးလှပါ။ စာတော်သော ကျောင်းသားကို စာတော်လို့ ချစ်သလို စာမလိုက်နိုင်သူဆိုပြန်ရင်လည်း စိတ် ပူပန်ကြရပြန်သည်။ မလိမ္မာသော ကျောင်းသား ဆိုပြန်လျှင်လည်း မျက်စိဒေါက်ထောက်ကြည့်ပြီး မဖြစ်သင့်တာတွေ မဖြစ်အောင် ထိန်းကွပ်ကြပ် မတ်ရပြန်သည်။ မပြည့်စုံသောကျောင်းသား ဖြစ်ပြန်တော့ ဝေမျှခံစားကြရရှာသည်။

”ဟုတ်ကဲ့ဆရာမ၊ ဒါဆိုရင် ကျွန်တော်တို့ ခန်းမထဲ သွားလိုက်ပါဦးမယ်၊ ပြင်ဆင်စရာတွေ ဝိုင်းကူရအောင်ပါ”

”အေး… အေး…သွားကြ သွားကြ”

ဆရာမရှေ့မှ ထွက်လာခဲ့ပြီ ဖြစ်သော်လည်း သန္တာစိုး မရောက်လာခြင်းအတွက် သူ့စိတ်ထဲ မှာ စနိုးစနောင့် ဖြစ်လာသည်။ ပြီးခဲ့တဲ့နှစ်ပတ် ခန့်ကတည်းက ဒီပွဲအတွက် ပြင်ဆင်ချိန်မှာ သန္တာစိုးပြောခဲ့တဲ့စကားကို သွားပြီး သတိရလိုက် သည်။

”အိမ်မှာ ငါ့အဖေက တော်တော် နေမကောင်း ဖြစ်နေတယ်”

လေသံပျော့ပျော့နှင့် ပြောလာသော သန္တာ စိုးရဲ့မျက်နှာကို ပြန်၍မြင်ယောင်မိသည်။ သူ့အဖေတစ်ခုခု ဖြစ်တာတော့ မဟုတ်ပါစေနဲ့ လို့ စိတ်ထဲမှ ဆုတောင်းပေးနေမိပါသည်။အခမ်းအနားအစီအစဉ်ကို ဦးဆောင်ကျင်း ပသည့် အစ်ကို၊ အစ်မစီနီယာများက လစ်ဟင်းမှု မရှိအောင် ပြုလုပ်သွားကြသည်။ ကြည်နူးစရာ၊ ပျော်ရွှင်စရာ၊ အမှတ်ရစရာများနဲ့အတူ ဆရာ ဆရာမများ၏ ဝမ်းသာပီတိသံများ၊ တပည့်များ အတွက် ဂုဏ်ယူဝမ်းမြောက်သည့် အသံများ လည်း ကြားရသည်။

ဝေယံ့အတွက်တော့ ထူးထူးခြားခြား အားကျမိသည်များ ရှိပါသည်။ ဝေယံ တို့ထက် အနှစ်(၂ဝ-၂၅) နှစ်ခန့်ကြီးသော ကျောင်းသား ဟောင်းကြီးများ၊ အခုတော့ အောင်မြင်နေကြ ပြီဖြစ်တဲ့ ဆရာဝန်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အနုပညာရှင်များ၊ သူတို့၏ဂါရဝ တရားများကို ဝေယံ အားမကျဘဲမနေနိုင်ပါ။ ဆရာ၊ ဆရာမများကို ကျေးဇူးဆပ်ကြရုံတင် မဟုတ်ဘဲ ကျောင်းတော်ကြီးအတွက် လိုအပ် တာတွေကို လှူဒါန်းဖြည့်ဆည်းပေးကြသည်။ ကျောင်းဆေးခန်းအတွက်၊ ကျောင်းအိမ်သာ ပြင်ရန်အတွက်၊ ဆရာ၊ ဆရာမများ၏ ကျန်းမာ ရေး ဆေးပဒေသာပင်ဟူသော ခေါင်းစဉ်များစွာ ဖြင့် အလှူငွေများ မတည်ပေးကြသည်။

မြတ်ဆရာပူဇော်ပွဲမှ ပြန်လာသော ဝေယံ့ အတွေးထဲတွင် နောင်တစ်ချိန်မှာ သူလည်း ကိုယ့်ရဲ့ကျောင်းတော်ကို ပြန်လည်အကျိုးပြုနိုင် သူဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမိခြင်းဖြစ်ပါသည်။ ကြိုးစားဖို့အတွက် ခွန်အားများ အသွေးအသား ထဲမှာ စီးဆင်းသွားသည်။

ဝေယံ့ ဆုတောင်းမပြည့်လိုက်ပါ။မြတ်ဆရာ ပူဇော်ပွဲပြီး နောက်တစ်နေ့မှာပဲ သန္တာစိုးထံမှ ဖုန်းဝင်လာပြီး သူ့အဖေဆုံးပါးသွား ပြီဖြစ်ကြောင်း ငိုသံနှင့်ပြောပါသည်။ ဒါ့ကြောင့် လည်း မေသက်ကို ခွင့်တောင်းပြီး သန္တာစိုး၏ အိမ်သို့မေးမြန်းကာ လိုက်လာခဲ့ပါသည်။ သန္တာ စိုးလည်း အကူအညီလိုနေမှာ သေချာသည်မို့ အခြားသူငယ်ချင်း (၃-၄) ယောက်ကိုပါ အကြောင်းကြားပေးလိုက်သည်။သန္တာစိုးက မျက်ရည်ဝဲနေသော မျက်လုံး များဖြင့် ကြိုဆိုရှာသည်။ အိမ်ကလေး သေးသေး ကုတ်ကုတ်မှာ ဧည့်သည်များ ပြည့်ကျပ်နေသည် မို့ …

”သန္တာစိုးရေ၊ ငါတို့တွေက ဒီနားမှာပဲ နေလိုက်မယ်။ တခြားဧည့်သည်တွေရှိတယ် မဟုတ်လား”

အိမ်အပြင်မှာချထားတဲ့ ကုလားထိုင်တစ်ခု မှာ ဝင်ထိုင်ရင်းက …

”ဟိုလေ…ဘာတွေ လိုအပ်တာရှိသလဲ။ ရှိရင် ငါတို့ လုပ်ပေးလို့ရတာပေါ့။ ယပ်တောင် အပ်ပြီးပြီလား။ အသုဘကိစ္စရော”

”အင်း… နာရေးကူညီမှုအသင်းကို အကူအညီတောင်းလိုက်တော့ တော်တော် အဆင်ပြေပါတယ်။ ပြီးတော့ ရပ်ကွက်ထဲက သာရေးနာရေး အဖွဲ့ကလည်း ကူညီကြတယ် လေ”

”ဒါဆိုလည်း ငါတို့လုပ်ပေးဖို့ လိုတာရှိရင် ပြောလေ၊ ပြီးတော့ ငါ ကျော်ကြီးတို့၊ မြင့်မြင့် တို့ကိုလည်း အကြောင်းကြားလိုက်တယ်ဟ။သူတို့လည်း လာကြလိမ့်မယ်”

”ကျေးဇူးပါပဲဟာ”

”ဒါနဲ့ နင်အဖေက ဘာရောဂါနဲ့”

အားနာသော်လည်း သိချင်စိတ်ကြောင့် ဝေယံ မေးမိသည်။ တကယ်ဆို သန္တာစိုးအဖေ အသက်လည်း သူ့အဖေအသက်နှင့် ကွာမည် မထင်ပါ။ ငယ်သေးသည်ဟု ဝေယံထင်သော ကြောင့် မေးမိသည်။

”တီဘီ ရောဂါပါ၊ ဒါပေမဲ့ သိတဲ့အချိန်က နည်းနည်း နောက်ကျသွားတယ်ဟ”

”သာမန် ချောင်းဆိုး နေတယ်ပဲ ငါတို့က ထင်ခဲ့တာ။ ပြီးတော့ ဆေးကို အဖေက မှန်မှန် မသောက်ခဲ့ဘူးလေ။ ဆေးဖိုးကုန်မှာကိုကြောက် လို့ ဆေးဝယ်     တယ်ဆိုပြီး ငါတို့ကို ညာ…ညာ ပြော… ဟင့်… ဟင့်…ဟင့်”

စကားဆုံးအောင် မပြောနိုင်ဘဲ သန္တာစိုး ငိုပါတော့သည်။ ဝေယံလည်း ခြေမကိုင်မိ လက် မကိုင်မိ ဖြစ်သွားသည်။

”အေးပါကွာ၊ ဖြစ်ပြီးမှတော့ ဘာတတ်နိုင် မှာလဲ။ နင့်အမေကိုသာ ဆက်ပြီးဂရုစိုက် ကြပေါ့ဟာ”

သန္တာစိုး ခေါင်းညိတ်ပြသော်လည်း အသံ ထွက်မလာ။

”နင့်အမေတော့ နေကောင်းတယ် မဟုတ် လား”

”အင်း…ကောင်းပါတယ်”

ရှိုက်သံတစ်ဝက်နှင့်ပြောသော စကားမှာ အားအင် မရှိလှ။ ခဏငြိမ်သက်သွားပြီးနောက် …။

”အဖေက… အဖေက ငါဆယ်တန်း စာမေးပွဲမဖြေဖြစ်မှာစိုးလို့ အစောကြီးကတည်း က ဆေးခန်းပြရမှာကို မပြခဲ့တာဟ။ ငါ့ကြောင့် … ငါ့ကြောင့်…ဟီး…ဟီး”

ပြောရင်းက ဝမ်းနည်းပြီးငိုပြန်ပါပြီ။ နိမ့်ကျ သောဘဝတစ်ခု၏ မပြည့်စုံမှုများက ဝေယံ့ရင်ကို ထိုးနှက်ကြပြန်သည်။

”ဒါကလည်း မိဘရဲ့စေတနာပဲမဟုတ်လား သန္တာစိုးရာ။ သူ့ဘဝနဲ့လဲပြီး နင့်ကို ပညာသင်စေ ခဲ့တာ မဟုတ်လား။ အခု နင် ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်တယ်လေ”

”အဲဒါကြောင့်လည်း ငါရင်နာရတာပေါ့”

”ကဲပါဟာ၊ ဘာပဲဖြစ်ဖြစ် ရှေ့လျှောက် ကောင်းအောင် ဘယ်လိုလုပ်မလဲ တွေးကြတာ ပေါ့။ ဟော… ဟိုမှာ ကျော်ကြီးတို့တောင် လာနေပြီ”

သန္တာစိုးကို သူငယ်ချင်းတွေဝိုင်းပြီး အားပေးလိုက်ကြရသည်။ သန္တာစိုးအိမ်ကအပြန် မှာ ဝေယံ့စိတ်ထဲ မေးခွန်းပေါင်းမြောက်မြားစွာ ထွက်ပေါ်လာမိသည်။

– ဒီလို မပြည့်စုံသူ၊ နွမ်းပါးသူတွေအတွက် ရောဂါဖြစ်ရင်၊ နာမကျန်းဖြစ်ရင် အခမဲ့ဆေး ကုသခံနိုင်တဲ့ အခြေအနေဘယ်မှာရမလဲ။

– ဆင်းရဲ နွမ်းပါးပေမဲ့ ပညာကြိုးစားသော၊ ပညာတတ်ချင်သော ကျောင်းသားများအတွက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်း ဘယ်မှာ ရှိမလဲ။

ဒီလိုမေးခွန်းတွေအတွက် အဖြေကို သိချင် နေမိသည်။ အခု လောလောဆယ်တော့ ဝေယံ့ ဆီမှာ အဖြေမရှိပါ။

ငါးဘာသာ ဂုဏ်ထူးထွက်တယ်ဆိုတာ သိရတဲ့နေ့က သန္တာစိုးရဲ့စကား ဖြစ်ပါသည်။

”ငါက ဆရာဝန်ကြီးလုပ်မှာ”

တက်ြ<ွကသော အသံ၊ ရွှင်လန်းသောမျက်နှာ နှင့် မျှော်လင့်ခြင်းများ ပြည့်နှက်နေတဲ့ မျက်လုံး များကို ဝေယံမြင်ယောင်ဆဲ ဖြစ်ပါသည်။
သို့သော် အခု သူ့ဖခင်ဆုံးသွားပြီဆိုတဲ့ အခါမှာတော့…

”ငါ ဘယ်လိုလုပ်ပြီး ကျောင်းတက်ရမှာ လဲဟာ။ ဆေးတက္ကသိုလ်ဆိုတာက အဝေးသင်မှ မရှိတာ။ ဒီအတိုင်းဆို ငါဆရာဝန် ဖြစ်နိုင်မယ် မထင်တော့ပါဘူး”

စိတ်ပျက်သော မျက်နှာ၊ အားလျော့သော အသံတို့နှင့် မျှော်လင့်ချက် ပျောက်ဆုံးနေသော မျက်လုံးများအဖြစ် ပြောင်းလဲသွားသည်။
သူ့သူငယ်ချင်းအတွက် စိတ်မကောင်းခြင်း က ဝေယံ အိမ်ပြန်ရောက်သည်အထိ ပါလာခဲ့ သည်။

”ဟဲ့ … သား…ဝေယံ၊ သားမျက်နှာ လည်း မကောင်းပါလား။ နေမကောင်းဘူး လား”

”သားက နေကောင်းပါတယ် မေသက်ရဲ့။ သူငယ်ချင်းအတွက် သားစိတ်မကောင်းလို့ပါ”

”သူ့အဖေ ဆုံးသွားတယ်ဆိုတဲ့ သူငယ်ချင်း လား”

”ဟုတ်တယ် မေသက်၊ သူ့အဖေ ဆုံးသွား တယ်ဆိုတာတစ်မျိုး၊ အခုဟာက သူ ကျောင်း ဆက်တက်ဖို့ အခက်အခဲလေ၊ သူက ဆေး တက္ကသိုလ်တက်ချင်နေတာ မေသက်ရဲ့၊ ဒါပေမဲ့ အခု သူ့ကျောင်းစရိတ်က အခက်အခဲ ဖြစ်နေပြီ လေ”

”ဟုတ်လား အမေကရော”

”အမေကတော့ ရှိပါသေးတယ်။ ဒါပေမဲ့ အစကတည်းက အမေက အလုပ်မရှိဘူးလေ။အိမ်မှုကိစ္စပဲလုပ်ခဲ့တာဆိုတော့ အခုဘယ်လို စီစဉ်ကြမယ်မသိဘူး။ သူ့မှာ ကျောင်းတက်ဖို့ မျှော်လင့်ချက် ဝေးသလို ဖြစ်နေတယ်”

”အေးလေ၊ လောကကြီးမှာ အဆင်မပြေမှု တွေက ကြုံတွေ့နေရမှာ မဟုတ်လား”

”သားတော့ သူ့ကို တစ်ခုခု ကူညီချင်တယ် မေသက်၊ ပြီးတော့ သူက ဆရာဝန်ဖြစ်ချင်တာ၊ အရမ်းကို ဝါသနာလည်းကြီး၊ မျှော်လင့်ချက် လည်း ကြီးတာ မေသက်ရဲ့”

”အင်း… သားက ဘယ်လိုကူညီချင်တာ လဲ”

”အဲဒါ သားလည်း စဉ်းစားမရဖြစ်နေတာ၊ ဟာ…ဟုတ်ပြီ၊ သတိရပြီ၊ ဆရာ့ရဲ့ ပညာရေး ဖောင်ဒေးရှင်းဆိုတာရှိတာပဲ၊ ဟုတ်ပြီ… ဟုတ်ပြီ၊ ဆရာနဲ့ တိုင်ပင်ကြည့်မယ်”

ဝေယံ့စိတ်ထဲက မွန်းကျပ်မှုတို့ အနည်းငယ် ပြေလျော့သွားသည်။ ဆရာနဲ့ တိုင်ပင်လိုက်လျှင် တစ်ခုခုတော့ အဖြေထွက်မည်ဟု ဝေယံယုံကြည် သည်။ဒီနေ့ ကျော်ကြီး၊ မြင့်မြင့်တို့နှင့် ဝေယံချိန်း ထားသည်။ အဓိကကတော့ သန္တာစိုးရဲ့ ကျောင်း ဆက်တက်ရန် အခက်အခဲ အတွက်ဖြစ်ပါသည်။ ဝင်ခွင့်တွေ ထွက်ခဲ့  ကြသည့်အခါမှာတော့ သန္တာ စိုးအတွက် ပိုပြီး ဝမ်းသာ ဝမ်းနည်းဖြစ်နေရသည်။ သန္တာစိုး ဆေးတက္ကသိုလ် ဝင်ခွင့်ရပါပြီ။သို့သော် အခက်အခဲက ကျောင်းဆက်တက်ဖို့ လိုအပ် ချက်များကို သူ့မိဘများက ဖြည့်ဆည်းပေးနိုင် မှာ မဟုတ်။

ဝေယံ့ခမျာ သူရချင်သောစီးပွားရေး တက္ကသိုလ်ကို သူတက်ခွင့်ရပေမဲ့ ပြည့်ပြည့်ဝဝ မပျော်နိုင်။ ကျော်ကြီးက စက်မှုတက္ကသိုလ်နှင့် မြင့်မြင့်က ပညာရေးတက္ကသိုလ်ကို အသီးသီး ဝင်ခွင့်တွေရကြသည်။ သန္တာစိုးအတွက် ဘယ်လိုလုပ်ကြမှာလဲ ဆိုသည့်အဖြေကိုရှာရန် ဒီနေ့ ချိန်းထားကြသည်။

”ဝေယံ၊ မင်းရောက်နေတာ ကြာပြီလား”

”မကြာသေးပါဘူးကွ၊ ဒါနဲ့ မြင့်မြင့် လာ မယ် မဟုတ်လား”

”အေး…လာမှာပါကွာ၊ ကဲ… ငါတို့ ကော်ဖီ အရင်မှာထားရအောင်၊ ဆာပြီကွ”

”အေးပါ… အေး…အေး”

ပြောပြောဆိုဆို စားပွဲထိုးလေးတစ် ယောက်ကိုလှမ်းခေါ်ပြီး ကော်ဖီနှင့်မုန့်မှာလိုက် ကြသည်။ မရှေးမနှောင်းမှာပဲ မြင့်မြင့်ရောက် လာသည်။

”လာ… မြင့်မြင့်၊ ဘာစားမလဲ၊ ငါတို့ တော့ ကော်ဖီနဲ့ ပေါင်မုန့်ကြက်ဥကြော်မှာထား တယ်”

”ဒါဆိုရင် ငါလည်း အတူတူပဲ စားမယ်”

မြင့်မြင့်ပြောသလို မုန့်တွေထပ်မှာရင်းက စကားစ ဖြစ်လိုက်ကြသည်။

”ကဲ… ဝေယံ၊ မင်းစပြော၊ အခု မင်း စုံစမ်းထားတဲ့ ကိစ္စက”

”အေး… ငါ့ဆရာနဲ့ စကားပြောဖြစ် တယ်။ သူ့မှာ ပညာရေးဖောင်ဒေးရှင်းရှိတယ် ဆိုပေမဲ့ တက္ကသိုလ်တက်မယ့်သူတွေအတွက် မပါဘူးတဲ့။ ဒါပေမဲ့ တကယ် ကြိုးစားမယ့်သူ ဆိုရင်တော့ သူကူညီချင်တယ်တဲ့။ အဲ…အပြည့်အဝတော့ သူလည်းတတ်နိုင်မှာ မဟုတ် ဘူးဆိုတော့ ထက်ဝက်လောက်ကို သူထောက်ပံ့ မယ်။ ကျန်တဲ့ထက်ဝက်အတွက် စဉ်းစားကြည့် ပါလားတဲ့”

”ဟုတ်လား၊ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ မြင့်မြင့် စဉ်းစားပါဦးလား”

”တခြား ဝင်ငွေရစရာ ဘာရှိလဲ၊ ကျောင်း တက်ရင်းက တစ်ဖက်က ဘာလုပ်ရရင်ရမလဲ၊ အချိန်ပိုင်း အလုပ်၊ အချိန်ပိုင်းအလုပ်”

”အေးလေ ငါတို့ဆီမှာက အချိန်ပိုင်းအလုပ် တွေက ခပ်ရှားရှားဆိုတော့ စဉ်းစားရကျပ်တယ် ကွ။ ပြီး ငါတို့ မုန့်ဖိုးတွေထဲက မျှမယ်ဆိုလည်း လိုတာကို ကာမိမှာမဟုတ်ဘူးကွ”

”ငါတို့မိန်းကလေးတွေ ကျောင်းပိတ်ရက် မှာ ဘယ်လိုဝင်ငွေရှာလို့ ရတာရှိလဲဆိုတော့ ဥပမာ…စက်ချုပ်မယ်၊ မုန့်လေးတွေ လုပ် ရောင်းမယ်၊ အိမ်ဆိုင်လေး ဖွင့်မယ်”

”အဲဒါတွေက ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်မှာလဲ အရင်းအနှီး”

”အေးလေ၊ ငါစဉ်းစားလို့ရတာတွေ ပြော နေတာလေ၊ အရင်းအနှီးတော့ ငါလည်း မစဉ်း စားတတ်ဘူး”

”အေးလေ ခက်တော့ နေပါပြီ”

”ဟာ… ဟုတ်ပြီ၊ အကြံရပြီ”

”ဘာလဲကွ”

”ငါအကြံရပြီ… ဖေကြီးကို အကူအညီ တောင်းမယ်။ သန္တာစိုးအတွက် အပ်ချုပ်စက် ကလေးတစ်လုံးကို အခု ဝယ်ပေးဖို့ ပြောမယ်။ပြီးရင် သန္တာစိုးက ကျောင်းပိတ်ရက်မှာ စက် ချုပ်၊ ဝင်ငွေရှာ၊ ပြီးတော့ တစ်ဖက်က ဖေကြီးရဲ့ အပ်ချုပ်စက်ဖိုးကို အရစ်ကျ ပြန်ပေး၊ ဒါဆိုတော့ သန္တာစိုးလည်း အားမနာရတော့ဘူးပေါ့၊ ဖေကြီး ကလည်း လက်ခံနိုင်မှာပါ၊ ဟုတ်ပြီ၊ ဒီအကြံမဆိုး ဘူးလို့ ငါထင်တယ်”

”ဝေယံပြောတာ ငါလည်း ထောက်ခံတယ်၊ ဒီအလုပ်က သန္တာစိုးအတွက် အိမ်ကနေပဲ လုပ် ရမှာဆိုတော့ အခက်အခဲလည်းရှိမှာ မဟုတ် ဘူး။ ပြီးရင် ငါတို့သူငယ်ချင်းတွေကို သန္တာစိုး ဆီမှာ အင်္ကျီအပ်ဖို့ ငါတို့က မဲဆွယ်ပေးရမယ်။ ကဲ… ဒါဆို ကောင်းတယ် မဟုတ်လား”

”စက်ချုပ်တာဆိုရင် သန္တာစိုး အမေက လည်း ကူလုပ်နိုင်မယ်လို့ ငါထင်တယ်”

”ကောင်းတယ်…ကောင်းတယ်။ ဒါကို ငါတို့ ထောက်ခံတယ်။ မင်းအဖေကိုသာ မင်းရ အောင် ပြောတော့”

”စိတ်ချ၊ ဖေကြီးအကြောင်း ငါသိတယ်။ ငါတောင်းဆိုတာရစေရမယ်လို့ အာမခံတယ်”

သန္တာစိုးအတွက် ရောင်ခြည်တွေ တွေ့ လိုက်ရသောသူငယ်ချင်းများ ပျော်ရွှင်တက်ြ<ွက စွာ လမ်းခွဲလိုက်ကြသည်။ ဝေယံက သူ့အဖေကို တောင်းဆိုမည်။ ပြီးလျှင် နောက်တစ်ပတ် သန္တာစိုးရဲ့အိမ်ကို သူငယ်ချင်းတွေ ချီတက် ကြမည်ဟု သဘောတူလိုက်ကြသည်။သန္တာစိုးလည်း လက်မခံနိုင်သော ကိစ္စ မဟုတ်မှန်း ဝေယံသိသည်။ သူ့ရည်မှန်းချက် အတွက် တစ်ခုတည်းသော အဖြေမဟုတ်ပါ လား။တောင်ပံဆိုတာ ငှက်တို့အတွက် လေ အဟုန်ခွင်းဖို့လိုအပ်သော အင်အားကို ပေးစွမ်း မည့် အရာဖြစ်ပါသည်။

      ဒေါက်တာနေဝင်း

Both comments and pings are currently closed.