MADONNA ၏ တော်လှန်နှလုံးသား

 

တစ်ချိန်တစ်ခါက ခေတ်စားခဲ့ပြီး လူရွယ်၊ လူကြီးတွေ အသည်းစွဲဖြစ်ခဲ့ပေမဲ့ ခုချိန်ခါမှာ တော့ လူငယ်တွေ လုံးဝမသိကြတော့တဲ့ကြယ်ပွင့်အများအပြား ရှိပါတယ်။ ကြယ်မြေ<ွက ခင်မှာပဲ မှေးမှိန်ပြယ်လွင့်သွားသူတွေကလည်း ဖျော်ဖြေရေးကောင်းကင်၊အာကာသလွင်ပြင် ကြီးမှာ အနမတဂ္ဂမရှိကြတာ အမှန်ဖြစ်ပါတယ်။ အောင်မြင်ထွန်းပမှုဆိုတာကလည်း ထာဝရ တည်မြဲနေတာ မဟုတ်ဘူးဆိုတာတော့ လူတိုင်း သိကြပါတယ်။ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှု နဲ့အတူ မရှိမဖြစ် ‘စန်း’ ဆိုတဲ့အရာလည်း ပါဝင် မှသာရပ်တည်မှုခိုင်မြဲနိုင်တာဖြစ်ပါတယ်။ ဒီလို အရာတွေ ဝန်းရံထားရှိနိုင်ရင်တော့ အသက်ကြီး သော်လည်း မပျက်စီးဆိုသလို နေရာတစ်နေရာ မှာတော့ တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ထိပ်တန်းအဆင့်ကနေ လျောကျ သွားပေမဲ့ လူမြင်ကွင်းကတော့ ပျောက်ကွယ် မသွားသေးတဲ့ကြယ်ပွင့်များလည်း သူ့နေရာနဲ့သူ ရှိနေကြသေးတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ တစ်မုဟုတ်ချင်းဆိုသလို အလွန်တရာ၊ မယုံနိုင် စရာထွန်းလင်းတောက်ပလာပြီး သိပ်မကြာခင် အချိန်ကာလမှာပဲ ရုတ်တရက်ဆိုသလို ပျောက် ကွယ်သွားတတ်တဲ့ ကြယ်ပွင့်များလည်း ရှိတတ် ပါတယ်။ ကြိုးစားအားထုတ်မှု၊ လုံ့လ၊ ဝီရိယနည်း သလို နဂိုဓာတ်ခံကလည်း ဝမ်းစာမပြည့်တဲ့အပြင်ရုတ်ချည်းဆိုသလို မယုံနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ ကိုယ့်ဘဝရဲ့ အောင်မြင်ကျော် ကြားမှုဒဏ်ကိုမခံနိုင်တာလည်း အဓိကအချက် ဖြစ်ပါတယ်။

အနောက်နိုင်ငံများမှာ အောင်မြင် ကျော်ကြားသူများဟာ ရုတ်ချည်းဆိုသလို အောင်မြင်မှုရရှိတာ နည်းပါးပြီး အပတ်တကုတ် ကြိုးပမ်းအားထုတ်ရပြီးအချိန်ကာလအတိုင်း အတာတစ်ခုထိ ပေးဆပ်ခဲ့ရသူများက အများစု ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့အောင်မြင်မှု က အချိန်ကြာကြာဖြစ်တည်နိုင်တာကို တွေ့ရပါ တယ်။ အောင်မြင်မှုရပြီးချိန်မှာလည်း သူမတူ အောင် ကြိုးပမ်းအားထုတ်၊ အသစ်တီထွင်ဖန်တီး၊ ခေတ်နဲ့အညီ ခေတ်ရှေ့ပြေးနိုင်သူများသာ အရှိန်အဟုန်မပျက် အောင်မြင်မှုခရီးနှင်၊လင်းလက်တောက်ပနိုင်ကြသူများ ဖြစ်လာကြ ပါတယ်။ ဒီလိုလူတွေဟာ ရှိတော့ရှိပေမဲ့လည်း ရှားပါးတဲ့လူတန်းစားတစ်ရပ်ဖြစ်ပြီး ဒီလိုနှစ် ပေါင်းရှည်ကြာ သရဖူဆောင်းနိုင်ဆဲသူတွေထဲ မှာထိပ်တန်းကရှိနေ တာကတော့ MADONNA ပဲဖြစ်ပါတယ်။

MADONNA ဟာ ဂီတလောကရဲ့အထင် ကရ တော်လှန်ရေးမယ်ဖြစ်ပါတယ်။ သူ့ခေတ် အချိန်အခါက သူမတူတဲ့တေးဂီတ၊ သူမတူတဲ့ ဝတ်စားဆင်ယင်မှု၊ရဲတင်းလွန်းတဲ့ အပြုအမူ၊ သူမတူတဲ့ စင်တင်ဖျော်ဖြေမှု၊ တေးဂီတဗီဒီယို ရိုက်ကူးမှုတွေနဲ့ ရဲရင့်ပွင့်လင်းစွာ ဂီတမိုးကောင်း ကင်မှာ အထွန်းလင်းဆုံးကြယ်ပွင့်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ တော်တန်ရုံ မထိမတို့ရဲတဲ့ ဘာသာ ရေး အထိမ်းအမှတ်တွေကိုလည်း ဝေဖန်သံဆူညံ ညံကြားမှာ တို့ထိကိုင်တွယ်ရဲသူ ဖြစ်ပါတယ်။ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ မက်ဒေါနားဟာ ခုချိန်ထိ အောင်မြင်မှုသရဖူ ဆောင်းထားဆဲဖြစ် ပါတယ်။မကြာခင်က ဂီတ ဆုပေးပွဲမှာprince ကို ဂုဏ်ပြုဖြေဖျော်ရာမှာတော့ ဝေဖန်မှုတွေခံခဲ့ ရတာ တွေ့ရပါတယ်။ ပသို့ဆိုစေ ဒီနေ့အချိန် အခါထိ ငယ်ရွယ်သူတွေနဲ့အပြိုင် အောင်မြင် ကျော်ကြားဆဲ ဖြစ်တာကတော့ ဧကန်အမှန်ပဲ ဖြစ်ပါတယ်။ အရောင်းရဆုံး ဓာတ်ပြားပိုင်ရှင်အဖြစ် ရပ်တည်လာခဲ့တာ နှစ် ၃ဝ ကျော်လာခဲ့ပြီ လည်း ဖြစ်ပါတယ်။ တေးဂီတလောကရဲ့ အထင်ကရမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ ခုချိန်ထိလည်း ဘာသာရေးနဲ့ပတ်သက်လို့ သီချင်းတွေမှာ တင်ဆက်ပြသမှုတွေအတွက် ဝေဖန်ခံနေရဆဲလည်း ဖြစ်ပါတယ်။ တော်လှန် သူ၊ ရှေ့ဆောင်သူ၊ အသက် ၅၇ နှစ်အရွယ်၊ ကလေး ၄ ယောက် (သမီးLourdes (၁၉) နှစ်၊Rococo (၁၅) နှစ်၊Mercy နဲ့ David (၉) နှစ်) တို့ရဲမိခင်MADONNA ဟာ ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလကနေ ၂ဝ၁၆ မတ်လအထိ Rebel Heart ၊ တော်လှန်နှလုံးသားတေးဂီတ နယ်လှည့် ဖျော်ဖြေပွဲတွေကိုဆင်နွှဲခဲ့ပါတယ်။ သူ့နှလုံးသားထဲမှာ သူ့ရဲ့ခန္ဓာကိုယ်ဗီဇသန္ဓေမှာ ကို အမြစ်တွယ်ရှင်သန်နေတဲ့ တော်လှန်စိတ် ဓာတ်တွေနဲ့ ပတ်သက်ပြီး

MADONNA နှင့် စကားစမြည်ပြောကြည့်ရာမှာ…

Rebel Heart က ဆယ်ခုမြောက်နယ်လှည့် ဂီတ ဖျော်ဖြေရေးနော်။ တော်လှန်တဲ့သူဆိုတာ ဘယ်လိုဆိုတာ သေချာပြန်လည်အနက် အဓိပ္ပာယ် ဖွင့်ပြနေတာလား။

ဟုတ်တာပေါ့။ ဒါပေမဲ့ တကယ်တမ်းကြည့် လိုက်ရင် ဒါက ကျွန်မတစ်သက်လုံး လုပ်လာခဲ့ တာလေ။ဒီအလံကို ကိုင်လှုပ်ဝှေ့ယမ်းခဲ့တာ တောက်လျှောက်ပဲမဟုတ်လား။ ၁၉၉၁ ကရိုက် ခဲ့တဲ့ ကျွန်မရဲ့ရုပ်ရှင် Truth or Dare က လိင်တူချင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်း ဖွင့်ဟပြခဲ့တာလေ။ အဲဒီအရင်က ဒါကို ဘယ်သူမှ မလုပ်ခဲ့ဖူးဘူး။ ကျွန်မအတွက် တော့ ဒါဟာ သာမန်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ပဲ။

အခှု့show ရဲ့ အဓိကဆိုလိုရင်း ဖွင့်ဟတင်ပြ ချက်ကရော …

အချစ်၊ အချစ်ဇာတ်လမ်း၊ အချစ်အတွက် ရှင်သန်မှု၊ တော်လှန်တဲ့နှလုံးသား။ အဲဒါတွေ အားလုံးက ရစ်နှောင်တွယ်ယှက်နေတယ်။ဒါတွေက ကိုယ့်အိပ်မက်တွေကို ယုံကြည်မှု၊ အောင်မြင်မှု၊ အသည်းကွဲနာကျင်မှုကို ကျော်လွှားနိုင်မှု၊ ဒါမျိုးတွေပေါ့။ လူ့ဘဝရဲ့ သာမန်ရိုးရှင်းတဲ့ အကြောင်းအရာတွေပါပဲ။

MADONNA ကိုယ်တိုင်ကလည်း အမှန်တော့ ရိုးရှင်းတဲ့ အသည်းနှလုံးပိုင်ရှင်မိန်းကလေး ဖြစ်လို့ မဟုတ်လား။

နက်ရှိုင်းတဲ့ အတွင်းပိုင်းမှာတော့ ဟုတ်ပါ တယ်။ ဒါပေမဲ့ ကျွန်မက ရှုတ်ထွေးတဲ့အကြောင်း အရာတွေကို ကိုင်တွယ်ရင်ဆိုင်တတ်သူဖြစ် တယ်၊အလုပ်မှာပေါ့လေ။

ပြဿနာဖြစ်အောင် လှုံ့ဆော်ဆွပေးတာတွေက လည်းMADONNAရဲ့ ဒုတိယသဘာဝဗီဇ ဆိုရင်ကော….။

ဒါက သဘာဝအတိုင်းသူ့ဘာသာဖြစ်လာ တာပါ။ ဒီလိုလူတွေ စံထားကြတဲ့အရာတွေကို တွန်းလှန်ဖို့၊ စိန်ခေါ်ဖို့က ကျွန်မရဲံDNAမှာကို ပါလာပြီးသား။အရာရာကို မေးခွန်းထုတ်ဖို့၊ ပြောင်းပြန်လှန်ဖို့၊ တကယ်လို့များ ဒါမဟုတ်ရင် ဆိုပြီး မေးဖို့ပေါ့။ဒါက လူတွေရဲ့ အကြံÓဏ်နဲ့ ယုံကြည်မှု ကို မလေးစားလို့ မဟုတ်ပါဘူး။ ဒါတွေအတွက် လုံးဝလေးစားဂါရဝတရား ရှိပါတယ်။ ဒါပေမဲ့ လူတွေအတွက် သူတို့ရဲ့ယုံကြည်မှုနဲ့ အကြံÓဏ် တွေကို စိန်ခေါ်မှုရှိဖို့ လိုအပ်တယ်။ သူတို့ယုံ ကြည်မှုတွေ ပိုမိုခိုင်မြဲလာအောင်ပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်မက လူတွေကို ”ငါ ဘာလို့ ဒါလုပ်နေတာ လဲ၊ ဘာလို့ ဒါကို ယုံကြည်နေတာလဲ၊ဒါက ငါ့ဘဝကို ဘာလို့ပြဋ္ဌာန်းနေတာလဲ” ဆိုပြီး ဘာသာမေးခွန်းထုတ်စေချင်တယ်။

အများက သူတို့ကြိုက်တဲ့ သီချင်းတွေပဲ နား ထောင်ချင်တယ်ဆိုရင်တောင်မှပေါ့။ ဟုတ် လား။

ကျွန်မအထင်တော့ လူတွေ ဒီလိုမေးခွန်း ထုတ်ဖို့၊ ကိုယ့်ဘာသာ၊ ဒါမှမဟုတ် အချင်းချင်း ပေါ့။ အဲဒါက အရေးကြီးတယ်လို့ထင်တယ်။ဒါက အနုပညာရဲ့ ရည်ရွယ်ချက်ပဲလေ။

ကကွက်စီစဉ်ဖန်တီးမှုတွေကMODONNA  show တွေရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်နော်။ ဒါက ဂီတနဲ့အပြိုင် အရေးပါပါ သလား။

ကျွန်မဘဝရဲ့ဘဝရဲ့အစက ကချေသည်ပဲ။ ဒါကြောင့် ကခုန်ခြင်းက ကျွန်မအတွက် အရေး ပါတယ်။အကောင်းဆုံးနဲ့ အစစ်မှန်ဆုံးကချေ သည်တွေကို ကြိုးစားရှာဖွေပြီး လူတွေကို တွန်းအားပေးဖို့နဲ့ သူတို့ဘဝတွေ ပြောင်းလဲသွား စေဖို့ ဇာတ်လမ်းတွေကို ဒီကချေသည်တွေနဲ့ အတူပေါင်းစည်း အလုပ်လုပ်ပြီး တင်ဆက်ပြသ တယ်။ ဒါက ဂီတနဲ့ပေါင်းစည်းပြီး လုပ်ရတာပဲ ဖြစ်ပါတယ်။ကြီးမားတဲ့ ရည်မှန်းချက်တွေဖြစ် ပေမဲ့ ဒါက ကျွန်မတို့အတွက် မရှိမဖြစ်ထားရမယ့် အရာပဲ။ ကြီးမားတဲ့ ပန်းတိုင်တွေလေ။

ဒီလိုshow တွေ တင်ဆက်ဖို့က ပိုပိုပြီး ခက်ခဲလာပါသလား။

မှန်တာပေါ့။ ရွေးချယ်ရတာလည်း ခက်ခဲ တယ်။ တစ်ခါတလေ ဖော်ထုတ်ပြသချင်တာနဲ့ မကိုက်လို့၊ မလိုက်လို့ ကိုယ်သိပ်ကြိုက်နေပေမဲ့ လက်လွှတ်လိုက်ရတာလည်း ရှိတယ်။ ဒါမှ မဟုတ် ကျွန်မဘာသာ အရင်show သုံးခုမှာ လုပ်ပြီးသားပဲ။ အဲဒီသီချင်းကို ကြိုက်ပေမဲ့ အသစ် ပဲ လုပ်ကြရအောင်ဆိုပြီး ဆုံးဖြတ်ရတာမျိုး ပေါ့။

နာမည်ကြီးတဲ့ သီချင်းတွေ အလုံအလောကshow မှာထည့်မထားဘူးလို့ တစ်ချိန်တစ်ခါ၊ အရင်တုန်းက ဝေဖန်ခံခဲ့ရတာ ရှိခဲ့ဖူးတယ် နော်။

ကျွန်မက ပေါက်တဲ့၊ အောင်မြင်တဲ့သီချင်း တွေထက် ရည်ရွယ်ချက်ပါတဲ့ သီချင်းတွေကို ကြိုက်တတ်တယ်လေ။ ဒါပေမဲ့ လူတွေကြိုက်ပြီးလိုက်ဆိုလို့ရတဲ့ သီချင်းတွေကိုလည်း ထည့်ရ မယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် ဟန်ချက်ညီအောင် ရွေးချယ်ရတယ်။ ကိုယ့် အကြိုက်တီထွင်ဖန်တီးထားတှဲ့showချည်း လုပ်လို့မရဘူးဆိုတာ သိရတယ်။ တစ်ခါတလေ ကြမ်းကြမ်းရှရှ ဆုံးဖြတ်ရတယ်။ ရုပ်ရှင်တစ်ကား တည်းဖြတ်သလိုမျိုးပေါ့။ ကိုယ်ဘယ်လောက် ကြိုက်တဲ့ရိုက်ချက်တွေ ဖြစ်နေပါစေ။ ဇာတ်လမ်း နဲ့ အံဝင်ခွင်ကျဖြစ်မနေရင်ဖြတ်တောက်ပစ်ရ တာမျိုးပေါ့။

Detroit ဒက်ထရွိုက်မြို့မှာ့showလုပ် တုန်းက မွေးရာဇာတိဖြစ်ပေမဲ့ ကျေးလက်ဒေသ တောမြို့လေးလ့ ကြီးပြင်းလာရာဒေသကို ရည်ညွှန်းပြောဆိုလိုက်လို့ စိတ်ဆိုး၊ စိတ်ပျက် သွားကြတဲ့ကိစ္စ၊ ပြီးတာတွေ ပြီးပါစေတော့၊ ဟုတ်လား။

ကျွန်မက ကျွန်မရဲ့ကျေးလက်ဇာတိကို သဘောကျတယ်။ ဒီလူတွေက ကျွန်မရဲ့ ရပ်ဆွေ ရပ်မျိုးတွေပေါ့။ အနောက်အလယ်ပိုင်း က လာခဲ့တာက ကျွန်မအတွက် အရေးပါတယ်။ ကျွန်မအဖေနဲ့ကျွန်မဘေးမှာ ရှိခဲ့ကြတဲ့ လူတွေ ဟာ အလုပ်ရဲ့တန်ဖိုးကို သေချာနားလည်ပြီးအလုပ်အပေါ်မှာ ထားရှိတဲ့စိတ်ဓာတ်တွေက သူမတူအောင်ဖြစ်ပါတယ်။ အပိုတွေ ဘာမှမရှိ ဘူး။ ကျွန်မရဲ့ဘဝကို တီထွင်ဖန်တီးမှုတွေနဲ့ အတူ ဖွင့်ထားတဲ့ဘဝ မှတ်တမ်းတစ်ခုကို လျှောက်လှမ်းလာရာမှာ ကျွန်မရဲ့ဘဝအစ အနောက်အလယ်ပိုင်းက မြို့သေးသေးလေးက ဖြစ်တယ်ဆိုတာက သိပ်ကို အရေးပါတဲ့အချက် ဖြစ်ပါတယ်။ တကယ်လို့သာ လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ဘဝမျိုးမှာ ကြီးပြင်းလာခဲ့ရင် ဒီလို ဒီလောက် ဖန်တီးနိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။

တင်လတ်သန္တာဗိုလ်

Both comments and pings are currently closed.