သူပြောတဲ့သူ့အကြောင်း


Model- Ma Htet (Pop Soul)
Make up – Ma Htet (Pop Soul)
Photo – Hlaing Banyar (25 minutes)
Arranged by Thida Soe

ဥက္ကာထက်နာမည်နဲ့Beauty Saloon လောကမှာ သုံးနှစ်နီးပါးကျင်လည်ခဲ့ပြီး မိတ်ကပ်လောကကို ဝင်ရောက်လာတဲ့အချိန်မှာ အောင်မြင်မှုများ ရရှိခဲ့ပြီးယခုအချိန်မှာတော့Make Up Artist မထက် (Pop Soule) အဖြစ် ရပ်တည်နေပါပြီ။ ရှုပ်ထွေးခက်ခဲလွန်းတဲ့ ခွဲစိတ်မှုကို ပြုလုပ်ပြီးတဲ့ နောက်မှာတော့လူတွေစိတ်ဝင်စားမှုကို ပိုမို ရရှိခဲ့သူပါ။ သူပြော တဲ့သူ့အကြောင်းတွေကတော့….

မထက်မိတ်ကပ်လောကထဲကို ဒီလိုအချိန် မှာ ဝင်ရောက်ခဲ့တယ်

မထက်က မိတ်ကပ်လောကကို ၂ဝ၁၂-၂ဝ၁၃ ခုနှစ်ဝန်းကျင်လောက်က စတင် ဝင်ရောက်ခဲ့တာပါ။ ယိုးဒယားဆရာမဆီမှာ လည်း ပညာဆည်းပူးခဲ့ပါတယ်။ ကျန်တာတွေ အားလုံးကတော့ သင်ဆရာ၊ မြင်ဆရာတွေပါ ပဲ။

မထက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများ

အခက်အခဲတွေကြုံရပါတယ်။ မိတ်ကပ် ဆရာဆီမှာ သင်ပြီးတော့ ဒီလောကထဲကို ဝင်လာတာ မဟုတ်ဘူးပေါ့နော်။ လိမ်းခြယ် နည်းတွေကို လေ့လာရတယ်။ အပေါင်းအသင်း လည်းမရှိဘူး။ တကယ့်ကို အစိမ်းသက်သက် ဝင်ရောက်လာတာပါ။ မိတ်ကပ်လိမ်းနည်း တွေလည်း မတူဘူး။ အယူအဆတွေလည်း မတူဘူး။ အဲဒါတွေကြောင့် အခက်အခဲများ ပါတယ်။မထက်ကBeauty Saloon ပိုင်းကနေ ဒီဘက်ကို ဝင်လာတာလေ။ မထက်မှာ အကူ တွေကလည်း မိန်းကလေးတွေပဲလေ။ မိန်းကလေးတွေကျတော့shooting ပိုင်းတွေ နားမလည်ဘူး။ ကိုယ်တိုင်လည်း နားမလည် ဘူး။ တကယ့်ကို အရာရာဟာ အစိမ်းသက်သက် ကြီးလိုဖြစ်နေတယ်။ ရှူတင်မှာဘယ်လို၊ လူမှု ဆက်ဆံရေးကဘယ်လိုဆိုပြီး တွေ့ရတာတွေက အစ အစိမ်းသက်သက်ကြီးပါပဲ။

မထက်သည်းမခံနိုင်တဲ့ လုပ်ရပ်များ

မထက်က စိတ်ဆိုးလွယ်တယ်။ စိတ်ပြေ လည်းလွယ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ထိခိုက်မှုရှိလာပြီဆိုရင် အရမ်း စိတ်ဆိုးတယ်။ ကျန်တဲ့ ကိစ္စတွေကိုလည်း ခံလို့ရတယ်။ ပြိုင်တာ၊ ဆိုင်တာ၊ အတင်းပြော ခိုင်းရတာတို့ကို ကြိုက်တာပြော၊ ကြိုက်တာလုပ်၊ ကိစ္စမရှိဘူး။ဝန်ထမ်းဆိုရင်လည်း အပ်နဲ့ ပတ်သက်တဲ့ ကိစ္စမှာ အမှားအယွင်းရှိခဲ့တယ်။ အလုပ်မလေးစားတဲ့သူမျိုးဆို အရမ်းမုန်းတယ်။ကိုယ်တိုင်လည်း အလုပ်ကို တတ်နိုင်သလောက် လေးစားတယ်။ အလုပ်ကို အကောင်းဆုံး လုပ်တယ်။

မိဘအပေါ်ထားတဲ့ မထက်ရဲ့ စိတ်သဘော ထား

ဘဝမှာ မိဘကလည်း ကိုယ့်ကို ရွေးချယ် ပိုင်ခွင့်မရှိသလို ကိုယ်ကလည်း မိဘကို ရွေးချယ် ပိုင်ခွင့်မရှိပါဘူး။မထက်တို့ ရောက်ရှိလာတဲ့ ဘဝမှာ မိဘနဲ့သားသမီးကြားမှာရှိတဲ့ မေတ္တာကို အကောင်းဆုံးတည်ဆောက်ကြရမယ်။ မကျေနပ်ချက်တွေရှိ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးကတော့ တစ်ယောက်နဲ့တစ် ယောက် ဖေးမရင်းနဲ့ပဲ နားလည်မှုယူရင်းနဲ့ တည်ဆောက်ကြရမှာပေါ့နော်။ မထက်တုန်းက ဆိုရင် မိဘနဲ့ ပတ်သက်ပြီးတော့ အခက်အခဲ တွေအများကြီးရှိခဲ့တယ်။ပစ်ပယ်မှုတွေ အများ ကြီးရှိခဲ့တယ်။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ အတိတ်ကံမကောင်းခဲ့လို့ ဒီဘဝမှာ ဒါမျိုးတွေကိုယ့်မှာ ကြုံတွေ့ရတယ်လို့ပဲ သတ်မှတ်လိုက် တယ်။ ယနေ့အချိန်မှာတော့ အဖေနဲ့ပဲဖြစ်ဖြစ်၊ အမေနဲ့ပဲဖြစ်ဖြစ် အပျော်ရွှင်ဆုံးရှင်သန်နိုင်ပါ တယ်။

စတင်ပြောင်းလဲမှုဖြစ်ချိန်မှာ မထက်နဲ့ မိသားစုပြဿနာများ

အမေက မိန်းမဆန်တာ နွဲ့နွဲ့နှောင်းနှောင်း ဖြစ်တာမကြိုက်ဘူး။ အဲဒါကြောင့် အမေနဲ့ တစ်သက်လုံးမတည့်ခဲ့ဘူး။မထက် ဆံပင်ညှပ် သင်တန်းစတက်ကတည်းက အမေနဲ့ စကား မပြောတော့ဘူး။ အဖေကတော့ တတ်နိုင်သမျှ အရာရာ နားလည်ပေးတယ်။ အမေကတော့ လုံးဝလက်မခံပေးနိုင်ဘူး။ ဆံပင်ညှပ်ဆိုင် ကနေ မိတ်ကပ်ဘက်ကို ကူးတဲ့အချိန်မှာ အမေနဲ့က လုံးဝမပတ်သက်တော့ဘူး။ အမေက မိတ်ကပ်လိမ်းတာလုံးဝမကြိုက်ဘူး။ ခြောက် သွားမှာစိုးရိမ်လို့လေ။ မထက်မိန်းမလိုဝတ်တဲ့ အချိန်မှာတော့ သူအရမ်းရှက်တယ်။အရမ်းရွံ တယ်ဆိုတာကို အရမ်းပြောတယ်။ ပြီးတော့ သူနဲ့ မပတ်သက်ပါနဲ့တော့၊ မလာနဲ့တော့ဆိုပြီး မထက်ကို ပြောခဲ့တယ်။ သုံးနှစ်နီးပါးလောက် အမေနဲ့အဖေနဲ့မခေါ်ခဲ့ဘူး။ ကိုယ့်ဘာသာနေခဲ့ တာပေါ့နော်။ အခုအချိန်မှာတော့ မထက်မိဘ တွေက အစစအရာရာနားလည်မှုပေးတယ်။

ဥက္ကာထက်ကနေ မထက်ဆိုတဲ့ နာမည် ဖြစ်တည်လာပုံ

မထက်နာမည်အရင်းက ဥက္ကာထက်ပါ။ ဒါပေမဲ့ အားလုံးက ကိုဥက္ကာလို့ပဲ ခေါ်ကြတာ များတယ်။Beauty Saloon ပိုင်းပဲဖြစ်ဖြစ်၊ မိတ်ကပ်လိမ်းတဲ့အခါ ပဲဖြစ်ဖြစ် ကိုဥက္ကာလို့ပဲ ခေါ်တယ်။ တစ်သက်လုံး ပြောလို့ရှိရင်လည်း ကိုဥက္ကာလေးလို့ ပြောလေ့ရှိတယ်။ မိန်းမလို စဝတ်တဲ့အချိန်မှာလည်း ကိုဥက္ကာလေးလို့ပဲ ပြောတယ်။ သူငယ်ချင်းတွေက မိန်းမနဲ့ တူနေ တယ်။ကိုယ့်ကိုယ်ကိုယ် အဲလိုကြီး မပြောစမ်းပါနဲ့ဆိုပြီး ပြောကြတယ်။ မထက်က ငါစိတ်မလုံဘူး၊ ငါ မိန်းမလို ဘယ်လိုပဲဝတ်ထား ဝတ်ထား ငါကိုယ့်ငါစိတ်မလုံဘူးပေါ့နော်။ နောက်ပိုင်းမှ သူငယ်ချင်းတွေက မထက်လို့ ပြောင်းလဲခေါ်ရင်းနဲ့ မထက်ဆိုပြီး ဖြစ်လာ တယ်။ ဒီနေ့ ဒီအချိန်အထိ စာတန်းထိုးတာပဲ ဖြစ်ဖြစ်presenter ကခေါ်တာပဲဖြစ်ဖြစ် မထက်ကို မထက်လို့ ခေါ်ရမလား ထက်(Pop soul) လို့ ခေါ်ရမလားလို့ ပာတဲ့အခါတိုင်းမှာ မထက် အမြဲတမ်းဖြေဖြစ်တာကMake Up Artist ထက် (Pop soulူ)လို့ပဲ ခေါ်ပါလို့ ဖြေပါတယ်။ မထက်ဆိုတဲ့ နာမည်ကိုပာသာ ပြောဖြစ်သွားတာ အရှင်းဆုံးပြောရရင် ဒီနေ့ ဒီအချိန်အထိ ကိုယ်နဲ့ အံဝင်ဂွင်ကျ ဖြစ်တယ်လို့ မခံစားရသေးဘူး။

မိတ်ကပ်ပညာရပ်နဲ့ ပတ်သက်ပြီး မထက် ရဲ့ လေ့လာမှုများ

မထက်အနေနဲ့ အမြဲတမ်းလေ့လာနေပါ တယ်။ အခုလည်း လေ့လာတယ်။ အချိန်တိုင်း လည်း လေ့လာတယ်။ ဆိုင်က တပည့်တွေ အသိဆုံးပါပဲ။တစ်ချိန်လုံး အင်တာနက်ဖွင့်ပြီး ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာကို အမြဲတမ်း လေ့လာတယ်။ မြန်မာနိုင်ငံက နာမည်ကြီးArtist တွေ ၃၊ ၄ ယောက်ရဲ့ပညာတွေကို လေ့ လာတယ်။ စုတုပြုပေါ့နော်။ သူတို့ဘာကြောင့် အောင်မြင်လဲ။ကိုယ်လည်း အောင်မြင်ချင် တော့ သူတို့ရဲ့ နည်းပညာတွေကို ကိုယ်တိုင် စုတုပြုတယ်။ ကိုယ်ကြိုက်တဲ့ အချက် လေးတွေ ကို ယူတယ်။ မကြိုက်တဲ့အချက်တွေကို ရှောင် ကြဉ်ပြီးတော့ လုပ်တယ်။ မထက် အဓိက သဘောကျတာကတော့ နိုင်ငံခြား Artist တွေရဲ့ လိမ်းပုံ၊ လိမ်းနည်းတွေယူတယ်။ အနောက်တိုင်းက လိမ်းပုံလိမ်းခြယ်နည်းတွေ ယူတယ်။ အနောက်တိုင်းက လိမ်းပုံ၊ လိမ်းခြယ် နည်းတွေကို ခု နောက်ပိုင်းမှာ ပိုပြီး သဘောကျ နေတဲ့အတွက် သူတို့ရဲ့ လိမ်းပုံ၊ လိမ်းခြယ် နည်းတွေကို အဓိက ပိုပြီးလေ့လာဖြစ်တယ်။

ယောက်ျားလေးတွေ မိတ်ကပ်လိမ်းခြယ် လာတဲ့အပေါ်မထက်ရဲ့အမြင်

ယောက်ျားတစ်ယောက်အနေနဲ့ မိတ်ကပ် ကတော့ အရမ်းကြီး မလိုဘူးပေါ့နော်။ ကြိုက်လို့ လိမ်းတော့လည်း လိမ်းပေါ့နော်။ မထက်အနေနဲ့ ကတော့shooting ဆိုရင် ဘယ်သူမဆို လုံးဝကိုလိမ်းခြယ်သင့်တယ်လို့ ထင်ပါတယ်။ ကင်မရာရှေ့ဝင်ရင် မိတ်ကပ်ရှိနေတာ အကောင်းဆုံးပဲ။ ယောက်ျားဆိုရင် ကျန်တဲ့ နေရာတွေမှာတော့ လိုတာထက်ပိုပြီး မလိမ်း သင့်ဘူးလို့ထင်တယ်။ တခြားပုံစံမျိုးနဲ့ ယာက်ျားမျိုးဆိုရင်တော့ မိမိကြိုက်နှစ်သက် သလို ပြင်ဆင်ခြယ်သနိုင်တယ်ပေါ့နော်။ မထက်ရဲ့ အကြိုက်ကို ပြောဆိုရင် ဘယ်လိုယာက်ျားပုံစံမျိုးပဲ ဖြစ်နေပါစေ၊ ပုံမှန်သပ်ရပ် သင့်တင့်တဲ့ လိမ်းခြယ်မှုမျိုးက လူကိုကြည့်လိုက် ရင် ရှင်းသန့်တယ်၊ လူလေးစားစရာကောင်းတဲ့ ပင်ဆင်ခြယ်သမှုမျိုးဆိုရင် မထက်ကတော့ ကြိုက်တယ်။ လက်ခံနိုင်တယ်ပေါ့နော်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားပြီး ဖြစ်ချင်နေတဲ့ မထက်အနေစိတ်ခံစားမှု

တိုက်ခိုက်တာကြုံလား၊ မကြုံလားတောင် မသိပါဘူး။ မထက်ခေါင်းထဲမှာမရှိဘူး။ ကိုယ် ဘာလုပ်မလဲ ဆိုတာကိုပဲ မထက်ခေါင်းထဲမှာ တွေးတတ်တယ်။ငါဖြစ်ချင်တာ ဘာလဲဆိုတာ ကိုပဲ မထက်ခေါင်းထဲမှာ တွေးတတ်တယ်။ ငါ ဖြစ်ချင်တာ ဘာလဲဆိုတာကိုပဲ အမြဲတမ်းတွေး တတ်တဲ့သူဆိုတော့ ပတ်ဝန်းကျင်ရဲ့ သွေးထိုးမှု တွေ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်တိုက်ဆိုင်မှုတွေ အရမ်းကြီးfeeling ဖြစ်တဲ့ အထဲမှာတော့ မပါ ဘူး။

ခွဲစိတ်ထားတဲ့အခါ ကြုံတွေ့ရမယ့် ဘေး ထွက်ဆိုးကျိုးများအတွက် မထက်ရဲ့ ပြင်ဆင်မှု များ

မထက် operationမလုပ်ခင်ကတည်းက လေ့လာထားပါတယ်။ မထက် ငယ်ငယ်ကတည်း က စိတ်ဝင်စားတယ်။လ့လာဖြစ်တယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း လေ့လာ တယ်။ အခုလို အင်တာနက်တဲ့ပေါ် လာတဲ့ အချိန်မှာ အင်တာနက်ကနေရှာပြီးလ့လာလို့ ရတယ်။ ဘေးထွက်ဆိုးကျိုးရယ်လို့ အရမ်းကြီး ကြီးမားမားတော့ ဘာမှပြဿနာမရှိ ဘူးပေါ့ နော်။ ပုံမှန်လူသားတစ်ယောက်အနေနဲ့ ဒီ အတိုင်းနေနေရင်းနဲ့တောင် ကင်ဆာလည်း ဖြစ်နိုင်တယ်လေ။ ပုံစံမျိုးစုံပြဿနာတွေ ဖြစ်လာနိုင်တာပါပဲ။ ဒီလို ခွဲစိတ်မှုမျိုးလုပ်မပဿနာဖြစ်တာတော့ မဟုတ်ဘူးပေါ့နော်။ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုကို ကိုယ့်သဘော ကျအရာတစ်ခုကို ကိုယ်အသက်ရှင်နေတအချိန်မှာ ဖန်တီးတယ်လို့ပဲ သဘောထားပါ တယ်။ ပုံမှန်ကျန်းမာရေးဂရုစိုက်သွားရင် ပုံမှန် အနေအထားပါပဲ။ အခုခွဲစိတ်ထားတဲ့ အတွက်နာကျင်မှုမျိုးကတော့ ရှိနေတယ်။ ပုံမှန် ခွဲစိတ် မှုမဟုတ်တော့လေ။ အခုဆိုရင် တစ်လခွဲကျော် လာပြီးဆိုတော့ နာကျင်နေသေးတယ်။
အထိုင် အထခက်တယ်။ ဒါကတော့ ၃၊ ၄ လဆိုရင် တော့ သက်သာသွားမယ် ထင်ပါတယ်။

မထက်ရဲ့ အချစ်ရေး

sex မချိန်းခင်ကတည်းက ရည်းစားရှိပါ တယ်။ ရည်းစား ၂ ယောက်၊ ၃ ယောက်ထားခဲ့ ဖူးတယ်။sexမချိန်းခင်မှာ ကြိုက်တဲ့ ရည်းစား ကလည်း အခု sex ချိန်းပြီးတော့ လည်း ကြိုက် နေတုန်းပါပဲ။ မထက်မှာ လက်ရှိ ရည်းစားရှိ တယ်။ တွဲနေတာ ၂ နှစ်ကျော်သွား ပြီပေါ့။ မထက်ရဲ့ ချစ်သူက လူကြီးတစ်ယောက် ဖြစ်တဲ့အတွက် မထက်အပေါ်မှာ နားလည်မှု အများကြီးရှိတယ်။ ဟိုးအရင်တုန်းက မထက် ကကလေးတွေကို ကြိုက်တယ်။ မထက် အသက် ၃ဝ ဝန်းကျင်မှာ အသက် ၁၉၊ ၂ဝ ဝန်းကျင်တွေကို ရည်းစားထားဖူးတယ်။ အခု ရည်းစားကတော့ အသက်ကီးတယ်။ မထက် ကိုလည်း အရာရာ ဦးဆောင်နိုင်တယ်။ မထက် လိုချင်တာ မှန်သမျှကို အားလုံးဖြေရှင်း၊ ဖန်တီးပေးနိုင်တယ်။

မထက်ရဲ့ operation ကို စိတ်ဝင်စားပြီး လိုက်လုပ်ချင်တဲ့ လူငယ်တွေအတွက်မထက်ရဲ့ အကြံ ပေးစကား

operation ကို စိတ်ဝင်စားပြီး လုပ်ချင်တယ်ဆိုရင် သေချာစုံစမ်းပါ။knowledge တွေကိုရအောင်ယူပါ။ ရှေ့က ဘယ်သူတွေ လုပ်သွားလဲ။ လုပ်ပြီးသွားတဲ့ သူတွေဆီမှာ စုံစမ်းပါ။ မေးပါ။ပြီးတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်းကို သေချာ လိုက်နာပါ။ ဒါဟာ တကယ့်ကို အရေးကြီးပါ တယ်။ လွယ်လွယ်နဲ့တော့ လုံးဝမရပါဘူး။ တကယ်ခက်ခဲပါတယ်။ ကမ္ဘာမှာလည်း လုပ် တော့ လုပ်ကြတယ်။ ရာနှုန်းပြည့်အများကြီး တော့ လုပ်ကြတာမဟုတ်ပါဘူး။ ရှိတော့ ရှိတယ်။ ရှားပါတယ်။ ဒီခွဲစိတ်မှုမျိုးက အောင် မြင်တဲ့သူလည်း ရှိသလို မအောင်မြင်တဲ့ သူလည်း ရှိတယ်။ အဲဒါက ဆရာဝန်နဲ့ ဆိုင်တာ မဟုတ်ဘူး။ကိုယ်နဲ့ဆိုင်တာပါ။ ကိုယ့်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ပဲ ဆိုင်ပါတယ်။ ဆရာဝန်နဲ့လုံးဝမဆိုင်ပါဘူးလို့ ပြောချင်တယ်။ ကိုယ့်ရဲ့ခွဲစိတ်မှုအောင်မြင်ချင်တယ်ဆိုရင် ကိုယ်နဲ့ပဲဆိုင်ပါတယ်။ ကိုယ့်ရဲ့အနေအထိုင်က အရမ်းအရေးကြီးပါတယ်။ အဲဒါတွေကြောင့် အစစအရာရာ သေချာလေ့လာပါ။ ကိုယ် ဆင်ခြင်နိုင်ပြီး၊ တကယ်လုပ်နိုင်ပြီဆိုမှ ဒီလို ခွဲစိတ်မှုမျိုးကို လုပ်စေချင်ပါတယ်။ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက် ရပါမယ်။ တကယ့်ကိုလည်း အလုပ်ရှုပ်ပါတယ်။ အချိန်ပေးနိုင်မှ လုပ်စေချင်ပါတယ်။

operation မလုပ်ခင် မထက်ရဲ့ ပြင်ဆင်မှု များ

operation မလုပ်ခင်မှာ ဆရာဝန်ညွှန် ကြားတဲ့ ပုံမှန်ဆေးစားခိုင်းတာတွေ၊ ဆေးထိုး ခိုင်းတာတွေကို လုပ်တယ်။ အားရှိအောင် နေရတယ်။ အဓိကက ဘာရှုပ်တာလဲဆိုတော့ ခွဲစိတ်ပြီးတဲ့အခါမှာ ဆရာဝန်ရဲ့ ညွှန်ကြားချက် တွေအများကြီးရှိတယ်။ လေ့ကျင့်ခန်းကို ၆ လလုပ်ရမယ်။ ၆ ပြီးရင် တစ်နှစ်အတွင်းမှာ ဘာတွေလုပ်ရမယ်ဆိုတဲ့ ဆရာဝန်ရဲ့ ညွှန်ကြား ချက်တွေရှိတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာမှာ လမ်းကြောင်းတွေ ပုံမှန်အတိုင်းဖြစ်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ရတယ်။ လမ်းကြောင်းမှာ ပိုးဝင်တာမျိုးတွေ ဖြစ်လာရင်ခွဲတဲ့ပြဿနာက သေးသေးလေး၊ ဖြစ်လာတော့မှ ဖြေရှင်းရမယ့် ပြဿနာကပိုကြီးတယ်။

မထက်ကြိုက်နှစ်သက်တဲ့ ဖက်ရှင်ပုံစံ

မထက် မိန်းမလိုဝတ်မှ ဖက်ရှင်ကျကျ ဝတ်တာမဟုတ်ပါဘူး။ ကလေးဘဝကတည်း က အဝတ်အစားကို ဂရုစိုက်ပါတယ်။ အမေက ပစ္စည်းတစ်ခုဝယ်ခိုင်းတယ်ဆိုရင် အရင်ဆုံး အဝတ်အစားကို အရင်လဲတယ်။ လမ်းထိပ်မှာပဲ ဝယ်ဝယ်၊ ဘယ်မှာပဲဝယ်ဝယ် အင်္ကျီအရင်လဲ တယ်။ မထက်ရဲ့အကျင့်ပေါ့နော်။ အမဲ တမ်းသပ်ရပ်လှပနေတာကို ကြိုက်တယ်။ ဆံပင်ညှပ်ဆရာဖြစ်တဲ့အခါမှာလည်းသူများနဲ့ မတူဘဲ ထူးထူးခြားခြားကို ဝတ်တတ်တဲ့ ဆံပင် ညှပ်ဆရာစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ မိတ်ကပ် ဆရာဖြစ်လာတဲ့အချိန်မှာလည်း ဖက်ရှင်ကျကျ ဝတ်တဲ့ ကောင်မလေးတွေကို အတုယူတယ်။ အဲဒီအတိုင်းလိုက်ဝတ်လေ့ရှတယ်။ ခုနောက် ပိုင်းမှာတော့ ပုံမှန်ထသွားထလာဆိုရင် နည်း နည်းလုံတဲ့ အဝတ်အစားလေးတွေ ဝတ်ဖြစ် တယ်။ အရင်တုန်းကဆိုရင် ရင်ဘတ် အရမ်း ပေါ်တာတွေဝတ်တယ်။ မိန်းမရှာဆိုတဲ့ အသိမှာ ဘာဖြစ်လဲဆိုတော့ ကိုယ့်ရင်သားတွေ မပေါ် တပေါ်နဲ့ လှနေတာဟာ ကိုယ့်ကိုယ်ကိုယ်confidence ရှိတယ်။ှsex ချိန်းပြီးတဲ့ အခါမှာ တော့ လုံနေရင် ကိုယ့်ကိုယ်ကိုယ်confidence ပိုရှိတယ်။ အဲဒါကြောင့် မထက် တစ်ခါတလေ ကျရင် လုံတာမျိုးတွေ ဝတ်ဖြစ်လာတယ်။

operation မလုပ်ခင်နဲ့ လုပ်ပြီးသွားတဲ့ အခါ မထက်ရဲ့ စိတ်ခံစားမူ

အရင်ကလည်း ကိုယ့်ကိုယ်ကိုယ် မိန်းမ လို့ပဲခံစားတယ်။ အခုလည်း ကိုယ့်ကိုယ်ကိုယ် မိန်းမလို့ပဲ ခံစားတယ်။ အဲဒါကြောင့် မထက်မှာ ထူးခြားတဲ့ ပြောင်လဲမှုလည်း မရှိဘူး။ ပျော် ရွှင်မှုလည်း မရှိပါဘူး။ အရင်ကလည်း ကိုယ့် ကိုယ်ကိုယ် မိန်းမလို့ပဲခံယူတယ်။ အခုလည်း ကိုယ့်ကိုယ်ကိုယ် မိန်းမလို့ပဲ ခံယူတယ်။

၂ဝ၁၆ နဲ့ ၂ဝ၁၇ မှာ မထက်ကြိုက်နှစ် သက်တဲ့ မိတ်ကပ်ပြင်ဆင်မှုများ

မထက်တို့ စလိမ်းခါစနဲ့တော့ တဖြည်း ဖြည်းကွာလာပါပြီ။ မထက်ကတော့ ပါးပါးကြည် ကြည်လေးတွေလိမ်းရတာကြိုက်တယ်။ အနေ အထားပေါ်မှာမူတည်ပြီး ဘယ်လိုပုံစံရယ်ဆိုတာ မျိုးထက် နှစ်အလိုက်မှာ ခံစားချက်ပုံစံပြောင်း လာတဲ့ အလျောက်ပဲ လိမ်းပါတယ်။သတို့သမီး ဆိုရင်တော့ တကယ့်ကို ကျက်သရေရှိတဲ့ အလှမျိုးဖြစ်အောင် ဖန်တီးပါတယ်။ မော်ဒယ် တွေကိုတော့ ပေါ့ပါးပြီးဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးတွေ ခြယ်သရတာ ပိုကြိုက်တယ်။

မိတ်ကပ်လောကကို ဝင်ရောက်လာမယ့် လူငယ်တွေအတွက် မထက်ရဲ့ အကြံပေး စကား

မိတ်ကပ်ကိုအရင်ကတည်းက မိန်းမတွေ စိတ်ဝင်စားတယ်။ ဒါပေမဲ့ မိန်းမတွေက သိပ် မလုပ်ကြဘူး။ အခုဆိုရင် မထက်ဆီမှာမိန်းကလေးဝန်ထမ်းတွေများလာတယ်။ တကယ့်ကို သူမတူအောင် ထူးခြားပြီးတော်ကြ တဲ့ မိန်းမဝန်ထမ်းတွေအတွက် အရမ်းဂုဏ်ယူပါ တယ်။ နာက်ပိုင်းမှာဝင်လာတဲ့ မိန်းမရှာတွေ ကလည်း ကြိုးစားမှုတွေရှိလာတယ်။ အရမ်းကို ဝမ်းသာတယ်။ ကိုယ်တွေခေတ်ထက် လေ့လာ မှုအားကောင်းကောင်းနဲ့လေ့လာခွင့်ရကြတဲ့ အတွက် မထက်ကပိုပြီး ဝမ်းသာတယ်။ ဖန်တီး ခွင့်ရသမျှ၊ ဆွဲခေါ်လို့သမျှကိုလည်း တတ်နိုင်သလောက်ဆွဲခေါ်သွားမယ်။

Both comments and pings are currently closed.