ခေါင်းအစ ခြေအဆုံး ကျန်းမာလှပစေမယ့် နည်းလမ်းကောင်းများ

 

ဆံသား၊ အသားအရေ၊ လက်သည်း၊ ခြေသည်းစတာတွေ ကျန်းမာလှပစေဖို့အတွက် နည်းလမ်းတွေ မြောက်မြားစွာ ရှိနေပါတယ်။ဒီအထဲကမှ ငွေကုန်   လည်း သက်သာ၊ လုပ်ရ တာလည်း လွယ်ကူတဲ့ နည်းလမ်းကောင်းလေး တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံသားနူးညံ့ဖို့အတွက် အုန်းဆီ

သင်ခေါင်းလျှော်ခါနီးအချိန် ခေါင်းလျှော် ရည်နဲ့ ဆံပင်ပျော့ဆေးတွေကို အသုံးမပြုခင်မှာ အုန်းဆီကို သင့်ဆံသားအနှံ့ လိမ်းကျံပေးပါ။လိမ်းကျံပြီးတဲ့အခါ ၁ဝ မိနစ်ခန့်ထားပြီးမှ ပုံမှန် ခေါင်းလျှော်နေကျပုံစံအတိုင်း ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးတို့ကို အသုံးပြုပြီး ခေါင်းလျှော် ပါ။ သင့်ဆံပင်တွေ အရင်ထက်ပိုပြီး နူးညံ့ပျော့ ပျောင်းလာတာကို သိသာစွာ သင် မြင်တွေ့ရ ပါလိမ့်မယ်။

ကြမ်းတမ်းတဲ့ ဆံသားအခွေအလိပ်များကို ချောမွေ့စေမယ့် မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းအသေး နှစ်ဇွန်းခန့်ကို သင်အသုံးပြုနေကျshampoo နဲ့ ရောစပ်ပါ။ ထိုမုန့်ဖုတ်ဆိုဒါ ရောစပ်ထားတဲ့ shampoo နဲ့ ခေါင်းလျှော်ကြည့်ပါ။ သင့်ဆံသား ဟာ တောက်ပပြီး ပိုမိုကောင်းမွန်လာတာကို သင် ခံစားရပါလိမ့်မယ်။

ခြောက်သွေ့တဲ့ ဆံသားအလိပ်အကောက်တွေ အတွက် ထောပတ်သီးရဲ့အစိုဓာတ်

ဆံသားဟာ အရောင်ဆိုးခြင်း၊ီမပနမ လေပူများနဲ့ ထိတွေ့ခြင်း၊ ဆံပင်ဖြောင့်စက် အပူပြားတွေနဲ့ ထိတွေ့ခြင်းကြောင့် ခြောက် သွေ့ပျက်စီးလာတတ်ပါ တယ်။ထောပတ်သီးတစ်ခြမ်းနဲ့ သံလွင်ဆီလက် ဖက်ရည်ဇွန်းနှစ်ဇွန်းတို့ကို ရောစပ်ပြီး ဆံသား နဲ့ ဦးရေပြားကို နှံ့စပ်အောင်သုတ်လိမ်းပြီး လက်ချောင်းလေးများနဲ့ နှိပ်နယ်ပေးပါ။ ထို့နောက် မိနစ် ၂ဝ၊ ၂၅ မိနစ်ခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ဆံသားပျော့ဆေးကို အသုံးပြုပေးပါ။ံHair Mask ပြုလုပ်ရာမှာ ပါ  ဝင်တဲ့ အာဟာရဓာတ်တွေက သင့်ဆံသား အတွင်း စိမ့်ဝင်သွားမှာဖြစ်ပြီး ဆံသားခြောက် သွေ့လိမ်ကောက်ခြင်းကို လျော့ကျသွားစေပါ လိမ့်မယ်။

နှုတ်ခမ်းသားအက်ကွဲတာတွေအတွက် အညို ရောင်သကြားနဲ့ အုန်းဆီ

နှုတ်ခမ်းသားလေးကို နဂိုမူလအတိုင်း နူးညံ့စိုပြည်မှုကို လူတိုင်းလိုချင်ကြပါတယ်။ သင့်နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲနေတယ် ဆိုရင်တော့ အညိုရောင်သကြား လက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ခြောက်သွေ့နေတဲ့ နှုတ်ခမ်း နေရာတွေမှာ ပွတ်သုတ်ပေးပါ။ ပွတ်တဲ့နေရာမှာ လည်း စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်ပွတ်သပ် ပေးပါ။ အညိုရောင်သကြားနဲ့ ကြေးချွတ်ပေးခြင်း က နှုတ်ခမ်းပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ် ရှားရှင်းလင်းပေးနိုင်ပါတယ်။ပြီးနောက် ပျားရည်လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်၊ သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း တို့ကို ရောစပ်ပြီးနှုတ်ခမ်းမှာ သုတ်လိမ်းပေးပါ။ ပျားရည်ဟာ အရေပြားကို နူးညံ့ချောမွေ့စေနိုင် ပြီး အရေပြားထဲမှ အဆီဓာတ်ကိုလည်း ထိန်း သိမ်းပေးပါတယ်။နှုတ်ခမ်းသားအတွက် ပိုမို ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေဖို့အ   တွက် ညအိပ်ရာမဝင်ခင်မှာ Lip Barm ကို အသုံးပြု ပေးပါ။

နေလောင်ဒဏ်ကို သက်သာစေနိုင်တဲ့ ကွေကာ ကြမ်း

အရေပြားနေလောင်ခြင်း ဒါမှမဟုတ် အရေပြားခြောက်သွေ့ပြီး နီရဲယားယံခြင်းတွေကို သက်သာလျော့ပါးစေပါတယ်။ အရေပြားမှာ ထိုကဲ့သို့ ဝေဒနာမျိုးတွေ ဖြစ်ပေါ်နေပါက ရေချိုးကန်ထဲကို ကွေကာကြမ်း (သကြားနဲ့ အခြားပါဝင်ပစ္စည်းများ ပေါင်းစပ်မပါဝင်ရပါ။ဒီပစ္စည်းတွေက အရေပြားနီရဲယားယံမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။) ၂ ခွက်၊ ၃ ခွက်ခန့် ထည့်ပါ။ ရေနွေးနွေးလေးကို ပါထည့်ပြီး ရေချိုး ကန်ထဲမှာ၁ဝ မိနစ်၊ ၁၅ မိနစ်ခန့် ဝင်စိမ်လိုက်ပါ။ ကွေကာကြမ်းအဖတ်တွေဟာ ကြမ်းရှတဲ့အတွက် ကွေကာကြမ်းတွေကို ကော်ဖီမှုန့်ကြိတ်စက်ကို အသုံးပြုပြီးကြိတ်ချေနိုင်ပါတယ်။ ကွေကာ ကြမ်းဟာ အရေပြားနီရဲရောင် ရမ်းပြီး အဖတ် အဖတ်များလန်ခြင်းတို့ကို လျော့ပါးသက်သာ စေပါတယ်။

ဒူး၊ တံတောင်နေရာများရှိ အရေပြားခြောက် သွေ့မှုများကို ဖယ်ရှားပေးပြီး လက်သည်း၊ ခြေသည်းတို့ကိုတောက်ပစေနိုင်တဲ့ သံပရိုသီးဆစ်ထရစ်အက်စစ်ပါဝင်တဲ့ သံပရိုသီးက ဒူး၊ တံတောင်နေရာတွေကို ပွတ်တိုက်ပေးခြင်းက ထိုအရေပြားနေရာများရှိ ဆဲလ်သေများကိုဖယ်ရှားပေးနိုင်ပါတယ်။ သံပရိုသီးကို ထက်ခြမ်း ခြမ်းပြီး တံတောင်ဆစ်၊ ဒူး၊ ခြေမျက်စိ၊ ခြေ ဖနောင့်စတဲ့နေရာများကို စက္ကန့် (၃ဝ) ခန့် ပွတ်တိုက်ပေးပါ။ ပြီးနောက် ရေနဲ့ဆေးကြောပါ။ အရေပြားနူးညံ့ချောမွေ့စွာ ထွက်ပေါ်လာ မှာကို သင်မြင်တွေ့ရပါလိမ့်မယ်။

ဆစ်ထရစ်အက်စစ်ဟာ သဘာဝအစွန်း ချွတ်ဆေးဖြစ်ပြီး လက်သည်းတွေမှာရှိတဲ့ အစွန်းအထင်းတွေကိုလည်း ဖယ်ရှားနိုင်ပါ တယ်။လက်သည်းတွေဟာ မီးဖိုချောင်အတွင်း ချက်ပြုတ်ခြင်း၊ ဥယျာဉ်ပြုပြင်ခြင်း စတာတွေ ကြောင့် စွန်းထင်းနိုင်ပါတယ်။ ဒါကြောင့် လက် သည်းတွေ အရောင်ပြောင်းလာပြီဆိုရင်တော့ သံပရိုသီးနဲ့ အိမ်တွင်းဖြစ် လက်သည်းသန့်စင်မှု ပြုလုပ်ပေးနိုင်ပါတယ်။ လက်သည်းအတွက်က တော့ အရွယ်တော်သံပရိုသီးတစ်လုံးကို အရည် ညှစ်ပြီး ခွက်တစ်ခုထဲတွင် ထည့်ထားပါ။ ထိုအရည်ထဲသို့ လက်သည်းများကို ၁ဝ မိနစ်ခန့် စိမ်ထားပါ။ အခြားခွက်တစ်ခုထဲမှာတော့vinegar လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ ရေကို တော့ ခွက်ရဲ့လေးပုံတစ်ပုံခန့် ထည့်ပါ။

သံပရို ရည်ထဲမှာ ၁ဝ မိနစ်ခန့်စိမ်ပြီးပြီဆိုရင်တော့ vinegar ခွက်ထဲကို ပြောင်း၍စိမ်ပြီး ကြေးချွတ် ဘရပ်ရှ်အသေးစား ဒါမှမဟုတ် သွားတိုက်တံနဲ့ လက်သည်းများကို ပွတ်တိုက်ပေးပါ။ စက္ကန့် ၃ဝ မှ ၆ဝ အတွင်း လက်သည်းမှ အစွန်းအထင်းတွေ ကို ပယ်ဖျက်နိုင်ပါလိမ့်မယ်။ လက်သည်းတွေ သန့်စင်သွားပြီးဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချကာ လက်သည်းအားဖြည့်ခရင်မ်လိမ်း ပေးပါ။

လက်သည်း၊ ခြေသည်းအရင်းရှိ အသားမာများ ကို နူးညံ့စေမယ့် သံလွင်ဆီ

သင့်ရဲ့လက်သည်းခြေသည်းအရင်းရှိ နေရာတွေမှာ အသားမာတွေ ရှိနေတယ်ဆိုရင် တော့ သံလွင်ဆီကို သင့်ရဲ့hand cream အနေနဲ့ အသုံးပြုသင့်ပါတယ်။ သံလွင်ဆီနဲ့ အသားမာရှိတဲ့နေရာတွေကို သေချာစွာပွတ် တိုက်ပါ။ပြီးနောက် ၁ဝ မိနစ်ခန့် လက်အိတ် စွပ်ပေးထားပါ။လက်သည်းတွေဟာ မာကျြော<ွကပ်ဆတ် ပြီး ကျိုးလွယ်တယ်ဆိုရင်လည်း သံလွင်ဆီနဲ့ လက်သည်းလေးတွေကို ပွတ်တိုက်ပေးနိုင်ပါ တယ်။ လက်သည်းနဲ့ အသားမာတွေအတွက် အစိုဓာတ်ရရှိဖို့ ကုထုံးတစ်ခုအနေနဲ့ သံလွင်ဆီ လိမ်းပြီး လက်အိတ်စွပ်ခြင်းကို ညအိပ်ရာဝင်ချိန် မှာ ပြုလုပ်ပေးနိုင်ပါတယ်။

အေမီချို

Both comments and pings are currently closed.