Beyond The Women (Pleasure Jewellery)

 

အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်တွေကို စတင်အကောင်အထည်ဖော်ဖို့အတွက် ဘယ်အသက်အရွယ်မှာပဲ စတင်ပါစေဘယ်တော့မှ နောက် ကျတယ်ဆိုတာမရှိပါဘူး။ အရေးအကြီးဆုံးကတော့ အမျိုးသမီးတိုင်းမှာ ကိုယ့်ဘဝပုံဖော်ဖို့အတွက် ကိုယ်ပိုင်စိတ်ကူးအိပ်မက်နဲ့ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် စိတ်ကူးစိတ်သန်းတွေရှိနေဖို့ပါပဲ။

အဲဒီလို စိတ်ကူးစိတ်သန်းတွေကို ကြိုးစားဖန်တီးခဲ့တဲ့ ဒေါ်ခိုင်နှင်းအောင်နဲ့ ဒီလ Beyond the Women  ကဏ္ဍအတွက် တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အိမ်ရှင်မဘဝ၊ မိခင်ဘဝနဲ့ပဲ မပြီးဆုံးစေဘဲ ကိုယ်ပိုင်ဘဝ အိပ်မက်ကို ကြိုးစားတည်ဆောက်နေတဲ့ သူမကအခုအချိန်မှာ ခင်ပွန်းအတွက် သမီးလေးတွေအတွက်   ဂုဏ်ယူစရာ ဇနီး၊ မိခင်တစ်ဦးဖြစ်နေပါပြီ။pleasure ရတနာဆိုင်ကို ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့ ဒေါ်ခိုင်နှင်းအောင်ရဲ့ ဘဝစိတ်ကူးနဲ့ ခံယူချက်၊ ကြိုးစားအားထုတ်ရမှုတွေကို ရတီလူငယ်ပရိသတ်တွေအတွက် တင်ဆက် ပေးလိုက်ပါတယ်။

Pleasure ဆိုင်ရဲ့အစအကြောင်းနဲ့ ဘာ ကြောင့် အခုလိုဆိုင်မျိုး ဖွင့်ဖြစ်ခဲ့ရတယ်ဆိုတာ အရင်ဆုံးပြောပြပေးပါလား။

အန်တီက ငယ်ငယ်ကတည်းက ရတနာ တွေကို ကြိုက်တယ်။ ငယ်ငယ်ကတည်းက အန်တီ့မှာ စိတ်ကူးရှိတာက တစ်နေ့မှာ ရတနာ ဆိုင်ဖွင့်မယ်လို့ ရှိခဲ့တာပါ။ငယ်ငယ်တုန်းက လည်း ကျောက်လက်စွပ်လေးတွေ ဘာတွေကို ကိုယ့်စိတ်ကူးထဲရှိသလိုလုပ်ပြီး ရောင်းတာမျိုး တွေလုပ်ခဲ့ဖူးတယ်။ အခုလို ဆိုင်နဲ့ဘာနဲ့တော့ မဟုတ်ဘူးပေါ့။ အန်တီ့အမျိုးသားက နယ်မှာ တာဝန်ထမ်းဆောင်နေရတော့ နယ်ဘက်တွေ မှာပဲ အမြဲနေဖြစ်ခဲ့တယ်။ နောက်ပြီး အန်တီ့ရဲ့ သမီးတွေကလည်း ပညာရေးတွေမပြီးသေးဘဲ ငယ်လည်းငယ်ကြသေးတော့ ဆိုင်မဖွင့်ဖြစ်ခဲ့ ဘူး။စိတ်ပဲရှိခဲ့တယ်။ ၂ဝဝ၇ ကျတော့ အန်တီ့ အမျိုးသားကလည်း ရန်ကုန်ပြန်ပြောင်းရတယ်။ သမီးကြီးလည်း ဘွဲ့ရပြီး သမီးငယ်လည်း ၁ဝ တန်းအောင်တယ်။ အဲဒီ ၂ဝဝ၇ မှာပဲKantawgyi Palace Hotelမှာ GewelTrade Centre ဆိုပြီးဖွင့်တော့ အဲဒီမှာ အန်တီ က booth့ တစ်ခုယူပြီး စရောင်းရင်း ဆိုင်ဖွင့် ဖြစ်ခဲ့တာပါ။

အမျိုးသမီးတစ်ဦး ဦးဆောင်ပြီးလုပ်နေရတဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုစိန် ခေါ်မှုမျိုးတွေ ကြုံလာရနိုင်ပါ သလဲ။

အန်တီဆိုရင် စီးပွားရေး လုပ်ငန်းလုပ်တဲ့ မျိုးရိုးမဟုတ် ဘူး။ ဝန်ထမ်းမျိုးရိုးပါ။ ဈေး ရောင်းတာလည်း တစ်ခါမှ မရောင်းဖူးဘူး။ ဒီတော့ အခက်အခဲတွေကတော့ မျိုးစုံ တွေ့ရတာပဲ။ အဓိကက အန်တီက အိမ်ထောင်ရှင်မ လည်း ဖြစ်တယ်။ မိခင်တစ် ယောက်လည်း ဖြစ်တော့ စီး ပွားရေးတစ်ခုကိုပဲ အာရုံစိုက် လို့မရဘူး။ ဒီတော့ အန်တီ့မှာ မိသားစုအရေး၊ လူမှုရေး၊ စီးပွားရေး သုံးခုကို တစ်ယောက်တည်းလုပ်ရ တော့ စိတ်ပင်ပန်းစရာတွေနဲ့ တွေ့ ရတာပေါ့။ သုံးခုလုံးဟန်ချက်ညီနေ ရင်တော့ ပြဿနာမရှိဘူးပေါ့။သုံးခု စုံလာရင် ဥပမာ – မိသားစုဝင် နေ မကောင်းဘူးဆိုရင် အန်တီက အဲဒါကို အရေးပေးရရင် စီးပွားရေးမှာ   လစ်ဟင်း ရတာပေါ့။ တစ်ခါတလေမှာ မိသားစုရေးနဲ့ စီးပွားရေးပဲ အလေးထားလိုက်ရရင် လူမှု ရေးတွေ လစ်ဟင်းရတယ်။

လူမှုရေးနဲ့စီးပွားရေး ဦးစားပေးရတဲ့အခါ မိသားစုအရေးကို မေ့ထား ရတာပေါ့။ ဒီလိုနဲ့ပဲ ဟန်ချက်ညီအောင် ကြိုးစား ရတာပါပဲ။ မိဘမျိုးရိုးအလုပ်ကို လုပ်ရရင်လည်း မိဘတွေခင်းပေးတဲ့လမ်းကို ကိုယ်ကအလိုက် သင့်လျှောက်ရုံလေ။အခု အန်တီက မိဘမျိုး ရိုးကလည်း ဒီလိုတွေမဟုတ်တော့ ကိုယ်တိုင်ပဲ စမ်းတဝါးဝါးနဲ့ ကြိုးစားပြီးဖြစ်အောင် လုပ်ရ တယ်။ ဒါပေမဲ့ အန်တီ့ကို အားလုံးက ကူညီကြ တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအပြင် ကိုယ့်ရဲ့ Customer တွေကအစ ကူညီကြလို့ အခုလိုဒီနေ့အထိရပ်တည်နိုင်တာပါ။ ဒါတောင် အန်တီက အောင်မြင်တဲ့အဆင့် မရောက်သေးပါ ဘူး။
ရပ်တည်နိုင်တဲ့အဆင့်ပဲ ရှိပါသေးတယ်။

အန်တီ့ရဲ့အမျိုးသားကရော ဒီလိုလုပ်ငန်း လုပ် ဖို့ကို အားပေးလက်ခံရဲ့လား၊ သူကရော ဘယ်လိုပံ့ပိုးမှုတွေ ပေးပါသလဲ။

အန်တီ့အမျိုးသားက အန်တီ အခုလို စီးပွားရေးလုပ်တာကို မကန့်ကွက်ခဲ့ပါဘူး။ သူက အားပေးပါတယ်။ ဒါပေမဲ့ လုပ်ငန်းသဘာဝ က ရတနာလုပ်ငန်းဆိုတော့ အမျိုးသားတစ် ယောက်ဖြစ်တဲ့ သူ့အနေနဲ့ အန်တီ့ဆိုင်မှာလာ ပြီး ကူပေးဖို့ သူမလုပ်တတ်ဘူး။နောက်ပြီး သူက ရတနာတွေအကြောင်းလည်း အန်တီ့လို သိမနေဘူး။ သူကယောက်ျားလည်း ဖြစ်နေတော့ သူကိုယ်တိုင် စိတ်မဝင်စားတာလည်း ပါပါတယ်။ ဒီတော့ သူက မိသားစုရေးတွေ၊ လူမှုရေးတွေ မှာ အန်တီမလုပ်နိုင်တာတွေ၊ လစ်ဟင်းတာတွေ ကို အန်တီ့ကိုယ်စားဖြည့်ဆည်းပေးတယ်။ ပြီးတော့ အန်တီ့ကို ဘေးကနေ အကြံÓဏ်ပေး တယ်။အားပေးတယ်။ ဒါမျိုးတွေလုပ်ပြီး ပံ့ပိုး ပေးပါတယ်။

အန်တီ့အနေနဲ့ ကြုံလာရတဲ့ စိန်ခေါ်မှုအခက် အခဲတွေကို ဘယ်လိုကျော်လွှား အနိုင်ယူပါ သလဲ။

အခက်အခဲဆိုတာတော့ ဘယ်လိုအလုပ်ပဲ လုပ်လုပ်၊ အခက်အခဲဆိုတာတော့ ရှိမှာပါ။ အန်တီကတော့ အခက်အခဲကြုံရင် စိတ်အေး အေးထား၊ ခေါင်းအေးအေးနဲ့ စဉ်းစားပြီး အသင့်လျော်ဆုံး ဖြစ်မယ့်နည်းလမ်းကိုတွေးပြီး နောက်ပြီး အန်တီက ဘုရား၊ တရား၊ သံဃာကိုလည်း အမြဲဦးထိပ်ထားတယ်။ဘာသာရေးကို အဓိကထားလုပ်တယ်။ ဘာလို့လဲ ဆိုတော့ ပြဿနာတစ်ခုကြုံလာရင် သွေးဆူဆူနဲ့ ဖြေရှင်းတာထက် ခေါင်းအေးအေးနဲ့ ဖြေရှင်းတာ က ပိုပြီးကောင်းတယ်။ ခေါင်းအေးအေးထား၊ စိတ် အေးအေးဖြစ်ဖို့က ဘာသာရေးလုပ်ရတယ်။

စိတ်တည်ငြိမ်မှုရအောင် ဘာသာရေးလုပ်ရမယ်။ အခက်အခဲကတော့ အလုပ် လုပ်ရင် ကြုံမှာပဲ။ အခက်အ ခဲတွေ ပြဿနာတွေ မကြုံ ချင်ရင် ဘာအလုပ်မှမ လုပ်ဘဲ နေမှပဲရမယ်။ အလုပ်လုပ်လို့ ကြုံလာရတဲ့ အခက်အခဲကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်း နိုင်ဖို့က ပဲ အဓိကကျပါတယ်။ ပြဿနာတွေ၊ အခက်အခဲ တွေတိုင်းက ဖြေရှင်းလို့ရပါ တယ်။ ဘယ်လိုရှင်း ရမလဲဆို တဲ့ အကောင်းဆုံး နည်းလမ်း ကိုရွေးတဲ့အခါမှာပဲ လူတစ်ဦး ချင်းစီပေါ်ကွာသွားတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင် ဘယ်အခက်အခဲ ကိုမဆို ဖြေရှင်းနိုင်ပါတယ်။

အခုလို အဖိုးတန်လက်ဝတ်ရတနာလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေရဲ့ လုပ်ငန်းသဘာဝ ကွာခြားချက်တွေဆို ရင် ဘာတွေဖြစ်မ လဲ။

အန်တီတို့ လုပ်ငန်းတွေက ဆက် ဆံရေးပိုင်း အရမ်း အရေးကြီးတယ်။ ဒီလက်ဝတ်ရတနာလုပ်ငန်းဆိုတာ အလှအပကို နှစ်သက်မြတ်နိုးတဲ့ အမျိုးသမီးတွေက အဓိကပေါ့။ ဝန်ဆောင်မှု ပေးတဲ့အခါ စေတနာအစစ်အမှန်နဲ့ သေချာလေး ပုံဖော်ပေးရ တယ်။ အလှဆုံး၊ အကောင်းဆုံးဖြစ်အောင် လုပ်ပေးရတယ်။  အဆင်မပြေဖြစ်ခဲ့ရင်တောင် စိတ်တိုင်းအကျဆုံးဖြစ်အောင် ပြင်ဆင်ပေးရမယ်။ စိတ်ရှည်ပြီးသည်းခံစိတ်ကြီးရမယ်။ တခြား လုပ်ငန်းတွေလို စိတ်ထင်    တိုင်းလုပ်ပေး လိုက်တာ မျိုးလုပ်လို့ မရဘူး။ နောက်ပြီး အန်တီတို့လုပ်ငန်းမျိုးက ယုံကြည်မှုနဲ့ လုပ်ရ တာ။ဒီတော့ ကတိ၊ သစ္စာရှိရတယ်။

Pleasureဆိုင်က လက်ဝတ်ရတနာတွေရဲ့ ဒီဇိုင်းတွေကိုရော ဘယ်လိုအချက်တွေပေါ် အခြေခံပြီး ဖန်တီးလေ့ ရှိပါသလဲ။

အန်တီတို့ဆိုင်က ဒီဇိုင်းတွေကတော့internet က ဒီဇိုင်းတွေကို မှီငြမ်းပါတယ်။
Internet က ဒီဇိုင်းကိုမှီငြမ်းပြီး အန်တီ့စိတ်ကူး ရယ်၊ ပန်းထိမ်ဆရာရဲ့အကြံညဏ်ရယ် ပေါင်း စပ်ပြီး ဖန်တီးပါတယ်။

အန်တီကိုယ်တိုင်ရော ဘယ်လိုရတနာ၊ ဘယ်လို ဒီဇိုင်းမျိုးကို ကြိုက်ပါသလဲ။

အန်တီကတော့ ရတနာတွေတွေ့ရရင်ကို သဘောကျနေတာ။ ဘယ်ရတနာ၊ ဘယ်လို ဒီဇိုင်းကိုပဲဖြစ်ဖြစ် ကြိုက်တယ်။သေးသေးပဲ ဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် ကြိုက်တာပဲ။ အထူးသဖြင့်တော့ အန်တီက မိုးကုတ်က ရောင်စုံ ကျောက်ထည် တွေကို အရမ်းကြိုက်တယ်။မြန်မာပြည်က ဝယ်ယူသူတွေကရော ဘယ်လို ဒီဇိုင်းမျိုးတွေကို ပိုပြီးနှစ်သက်လေ့ရှိကြ ပါသလဲ။အခုခေတ်က ရင်ထိုးကြီးကြီးတွေ ထိုးကြတဲ့ခေတ်ဖြစ်နေ တယ်။မိုးကုတ်က ကျောက်ထည်လှလှလေးတွေကို ခပ်ကြီးကြီး ဒီဇိုင်းနဲ့ ရင်ထိုးတွေလုပ်ကြတယ်။ပြီးတော့ နားကပ်ဆို ကြီးကြီးတွေ ပန်ကြတယ်။ လက်စွပ်ကြီးကြီး၊ လက်ကောက်ကြီးကြီးတွေ ကြိုက် ကြတယ်။ ကျောက်ထည်တွေမှာ ပေါ့။ တချို့လည်း သေးသေးလေး တွေကို ကြိုက်ကြတာရှိပါတယ်။ အများစုကတော့ ကြီးတာကို ကြိုက်ကြတယ်။

မြန်မာ့တွင်းထွက်ရတနာတွေက ကမ္ဘာ့ အကောင်းဆုံးအဆင့်မှာ ရှိပြီး မြန်မာ့လက်ဝတ် ရတနာ ဒီဇိုင်းတွေကနိုင်ငံတကာကို မထိုး ဖောက်နိုင်သေးတာဘာကြောင့်လို့ အန်တီသုံးသပ်မိပါသလဲ။

ဒါက လူတွေရဲ့အကြိုက်က အကြိုက်စုံ၊ ဒီဇိုင်းစုံနေကြလို့ပါ။ နိုင်ငံတကာမှာတော့ လက်ဝတ်ရတနာကို ပွဲကြီးတွေလုပ်ပြီး မိတ်ဆက်ကြတယ်။အန်တီတို့နိုင်ငံကကျတော့ ကိုယ့်တိုင်း ပြည်ထဲမှာပဲပြပြီး အပြင်ထိ မထွက်နိုင်ကြသေးဘူး။ ဒါကလည်း ဒီဇိုင်းတွေကြောင့် မဟုတ်ပါဘူး။ ဒီဇိုင်းတွေက နိုင်ငံတကာကို ပါတယ်။ အန်တီတို့က နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက် ဆို နိုင်ငံတကာအထိ ပြပွဲတွေ သွားလုပ်နိုင်ဖို့ လိုတယ်။ အဲဒီလို ပြပွဲလုပ်ရင် ပစ္စည်းကတစ်ခု၊ နှစ်ခု၊ တစ်စုံ၊ နှစ်စုံလုပ်ပြီးပြလို့ မရဘူး။ ပစ္စည်းအများကြီး လုပ်နိုင်ရမယ်။ သူတို့က ပစ္စည်းတစ်မျိုးဆို အများကြီးထုတ်ပြီး ပြနိုင်တယ်။ အန်တီတို့နိုင်ငံက ရတနာတွေက တွင်းထွက်စစ်စစ်တွေဆိုတော့ သူတို့လိုအထည် များများလုပ်ဖို့ ကုန်ကြမ်းများများမရနိုင်တာ လည်း ပါတယ်။

လက်ဝတ်ရတနာဒီဇိုင်းတွေမှာ ဘယ်နိုင်ငံက ဒီဇိုင်းတွေက အကောင်းဆုံးဖြစ်နေပါသလဲ။

ဟောင်ကောင်၊ အိန္ဒိယ၊ ယိုးဒယားဒီဇိုင်း တွေက လှပါတယ်။ အာရှမှာတော့ အကောင်း ဆုံး ဒီဇိုင်းတွေပါပဲ။

Pleasure ဆိုင်ကရော အားပေးသူတွေကို ကိုယ့်ဆိုင်က ရတနာတွေနဲ့ ပတ်သက်ပြီး ဘယ် လောက်အထိ အာမခံမှုမျိုးတွေ ပေးနိုင်ပါသ လဲ။

အန်တီ့ဆိုင်မှာ ဝယ်ပြီးပစ္စည်း ပြန်လဲချင် ရင် ၅ ရာခိုင်နှုန်းနဲ့ လျော့ပြီးလုပ်ပေးပါတယ်။ပြန်သွင်းမယ်ဆိုရင်တော့ ၁ဝ ရာခိုင်နှုန်းနဲ့ ပြန် ယူပါတယ်။ နောက်ပြီး အန်တီ့ဆိုင်က ပစ္စည်း တွေက တွင်းထွက်စစ်စစ်တွေပါ။ပတ္တမြား၊ နီလာဆိုလည်း မိုးကုတ်တွင်းထွက်စစ်စစ်တွေပါ။ ဆေးသွင်း၊ မီးဖုတ်တစ်ခုမှ မရှိပါဘူး။ ပုလဲဆို လည်း မြိတ်ပုလဲစစ်စစ်ပဲ တင်ရောင်းပါတယ်။ဒါတွေအတွက် အန်တီက လုံးဝအာမခံပါတယ်။ အော်ဒါအပ်တဲ့ ဒီဇိုင်းမျိုးလည်း လက်ခံပါတယ်။ အန်တီ့ဆိုင်ရဲ့ Customer တွေကတစ်ဆင့် ပြန်ကြားတာတော့ သူတို့က အန်တီ့ဆိုင်က လက်ရာဒီဇိုင်းတွေကို သေသပ်လို့ကြိုက်ကြ တယ်။ ဈေးနှုန်းကျတောလည်း ပစ္စည်းတန်ဖိုးနဲ့ ညီမျှတဲ့ဈေးကိုပဲ ပေးရတယ်လို့ ကျေနပ်ကြတယ် လို့ ပြောကြတယ်။

အမျိုးသမီးတစ်ဦးဖြစ်တဲ့ အန်တီ့အနေနဲ့ မြန်မာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ အရည် အချင်းတွေအပေါ် ဘယ်လိုသုံးသပ်ချင်ပါ သလဲ။

အခုခေတ်ကာလက အမျိုးသမီးတွေက အန်တီတို့အမေတွေ ခေတ်တုန်းကလို မဟုတ် တော့ဘူး။အားလုံးတက်တက်ြ<ွကြ<ွကနဲ့ ထက် မြက်မှုလည်း ရှိတယ်။ နောက်ပြီး စီးပွားရေးတွေ၊ မိသားစုအရေးတွေအပြင် ပရဟိတအလုပ်တွေ လည်း တအားလုပ်လာကြတယ်။ပိုပြီးလည်း ချောမောလှပလာကြတယ်။ အရင်ခေတ်တွေ တုန်းကနဲ့ အရမ်းကွာဟသွားပြီ။ အတွေးအခေါ် တွေကလည်း ပိုပြီး ခေတ်မီထက်မြက်လာကြ တယ်။ ဒါက ကောင်းတာပေါ့။အန်တီလည်း သူငယ်ချင်းတွေနဲ့စုပြီး ဟိတသုခဆိုတဲ့ အဖွဲ့ လေးလုပ်ပြီး နိုင်သလောက် ပရဟိတအလုပ်တွေ လုပ်ကြပါတယ်။ ဟိတသုခ အဖွဲ့ ဖွဲ့တာဆိုရင် ၂ နှစ်လောက်ရှိပြီ။အဲဒီအဖွဲ့ မှာပါတဲ့သူတွေ ဆိုရင် အမျိုးသမီးတွေအားလုံးက စောစောက အန်တီပြောသလို အားလုံးထက်မြက်၊ တက်ြ<ွက ပြီး ပရဟိတအရေးကို စိတ်ဝင် တစားရှိကြ တယ်။

အမျိုးမျိုးသောLeadership Style တွေရှိတဲ့ ထဲမှာ အန်တီက ဘယ်လျိုအပူန မျိုးကို သဘော ကျပါသလဲ။ဝန်ထမ်းတွေအပေါ်မှာ အန်တီ့ရဲ့ စီမံခန့်ခွဲမှုပုံစံကရော ဘယ်လိုမျိုးနဲ့စီမံပါသလဲ။

အန်တီက အဲဒီလိုStyle တွေဆိုတာထက် မေတ္တာနဲ့ အုပ်ချုပ်ပေးတဲ့ မိသားစုပုံစံကိုပဲ နှစ်သက်တယ်။အန်တီရဲ့ ဝန်ထမ်းလေးတွေ အပေါ်မှာ အန်တီက အမေတစ်ယောက်လို အဒေါ်တစ်ယောက်လို မေတ္တာထားပြီး ကိုယ့် သမီးလေးတွေလို တူမလေးတွေလို သဘော ထားပြီး စီမံပေးပါတယ်။မေတ္တာပေးပြီး မေတ္တာ ယူတာက အအေးချမ်းဆုံးပါပဲ။ သူတို့ရဲ့ လိုအပ် ချက်တွေဆိုရင်လည်း အန်တီတတ်နိုင် သလောက် ဖြည့်ဆည်းပေးပါတယ်။

လုပ်ငန်းကို ဦးဆောင်နေတဲ့ အန်တီ့အနေနဲ့ ကိုယ့်ရဲ့မိသားစုဘဝကိုရော ဘယ်လောက်အထိ မျှော်မှန်းထားပါသလဲ။

အန်တီ့မှာ သမီးနှစ်ယောက်ရှိတယ်။ ပြီးတော့ သူတို့တွေ ဘွဲ့တွေရကြတဲ့အချိန်မှာမှ အန်တီက Pleasure ဆိုင်ကို စလုပ်တာလေ။သမီးကြီးက Pleasure နာမည်နဲ့ပဲ အထည်ချုပ် လုပ်ငန်းလုပ်နေပါတယ်။ သမီးငယ်ကဆို 5 Movie မှာ လုပ်နေပါတယ်။ အန်တီ့ဆိုင်မှာ မလုပ်မဖြစ် လုပ်ရမယ်ဆိုတဲ့စိတ် အန်တီ့မှာ မရှိပါဘူး။ အန်တီ့ဆီမှာ မှီခိုပြီးလုပ်နေတာမျိုး လည်း မဖြစ်စေချင်ဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ချင်တာ ဘာမဆိုရွေးပြီး လုပ်ခွင့် ပေးထားပါတယ်။ မိဘလုပ်ငန်းမှာ မဖြစ်မနေ ဝင်လုပ်ရမယ်ဆိုတာမျိုး အန်တီ့မှာမရှိပါဘူး။ သူတို့လုပ်ချင်တဲ့အလုပ်မှာ သူတို့လမ်းကြောင်းနဲ့ သူတို့အောင်မြင်တာမျိုးပဲ မျှော်မှန်းပါတယ်။ သူတို့လမ်းကြောင်းမှာ အောင်မြင်အောင်ပဲ အန်တီပံ့ပိုးပေးပါတယ်။

စာမျက်နှာကတစ်ဆင့် စာဖတ်ပရိသတ်လူငယ် တွေကို ဘယ်လိုစကားလက်ဆောင်မျိုး ပေးချင် ပါသလဲ။

ဘယ်လိုအလုပ်ကိုပဲလုပ်လုပ် စိတ်ဝင်တ စားနဲ့ ကြိုးကြိုးစားစား လုပ်စေချင်တယ်။ကြိုး စားရင် ဘယ်လိုအိပ်မက်မျိုးကိုမဆို အကောင် အထည်ဖော်နိုင်ပါတယ်။ အဓိကကတော့ လူ့လောကမှာ ကတိတည်ပြီး သစ္စာရှိဖို့က အရေးကြီးပါတယ်။ ဒါဆို အဲဒီလူ အောင်မြင် နိုင်ပါတယ်။

ဖြိုးစုပိုပို

Both comments and pings are currently closed.