BEN STILER နှင့် ZOOLANDER

Zoolander 2 – ရုပ်ရှင်ရုံတင်ပြသသွားတာ မကြာလှသေးဘူးဆိုတော့ ကြည့်ပြီးသူများလည်း ရှိနိုင်ပါတယ်။ Zoolander 2 ရဲ့ အဓိကဇာတ် ကောင်ကတော Derek Zoolander အဖြစ် သရုပ်ဆောင်တBen Stiller ပဲ ဖြစ်ပါတယ်။Ben Stiller ဟာ ဒီရုပ်ရှင်မှာ ပူးတွဲဇာတ်လမ်း ရေးသူ၊ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ ပထမ Zoolander ဟာ ၂ဝဝ၁ တုန်းက ရုံတင်ပြသခဲ့ တာ ဖြစ်ပါတယ်။ ပထမဖြစ်စဉ်က9/11ကိစ္စ ဖြစ်ပြီးခါစမို့ မရှုံးသော်လည်းပဲ ဒီရုပ်ရှင်ဟာ ဟိုးဟိုးကျော် မအောင်မြင်ခဲ့ပါဘူး။

DVD ထွက်ပြီးCable TV တွေမှာလည်း ပြသပြီးချိန် မှာမှ တဖြည်းဖြည်း အောင်မြင်လာခဲ့တာဖြစ်ပြီး Pop  ယဉ်ကျေးမှုရဲ့ အထင်ကရအဖြစ် ရောက်ရှိ   လာခဲ့တာ ဖြစ်ပါတယ်။Zoolander ရုပ်ရှင်မှာBen Stiller က ကမ္ဘာကျော်ယောက်ျားသား စူပါမော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။Zoolander 2 မှာတော့ Ben နှင့်အတူ နာမည်ကျော် မင်းသမီးPenelope Cruz တွဲဖက်ပါဝင်လာပြီး Ben ကတော့ Model အပြင် ထောက်လှမ်းရေး Agent အဖြစ်ပါ သရုပ်ဆောင်ခဲ့ပါတယ်။

ဒီဇာတ်ကားဟာ ဖက်ရှင်လောကကို ကိုယ်စားပြုတာကြောင့် ကမ္ဘာ ကျော်ဒီဇိုင်နာများ၊ ဖက်ရှင်မဂ္ဂဇင်းအယ်ဒီတာ များ၊ ကမ္ဘာကျော်ဟောလီးဝုဒ် သရုပ်ဆောင်များ အမျာအးပြား တစ်ခန်းစ၊ နှစ်ခန်းစ ပါဝင်သရုပ် ဆောင်ကြတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
Ben Stiller ကတော့ ဟာသသရုပ်ဆောင်အဖြစ် အလွန်တရာအောင်မြင်နေသူမို့ ဒီရုပ်ရှင်က လည်း ဟာသအခြေခံရုပ်ရှင်ကားတစ်ကား ဖြစ် ပါတယ်။ Night At The Museum, Meet The Fockers ကားများမှာ Ben ရဲ့အစွမ်းကို တွေ့မြင်ခဲ့ကြမှာ ဖြစ်ပါတယ်။Ben ကMale အဖြစ် သရုပ်ဆောင်ရတာ    ကြောင့် အဝတ်အစားဖက်ရှင်များကလည်း လတ်ဖျားခါလောက်တယ်လို့ ဆိုရမှာဖြစ်ပါ တယ်။

Ben ရဲ့ ဖက်ရှင်ဆင်ယင်မှုများ၊ ဆံပင် ပုံစံများကြောင့် ရုပ်ရှင်ရိုက်ရင်းBen ကိုကြည့် ပြီး အတောမသတ်အောင် ရယ်မောရတယ်လို့ မင်းသမီး Penelope Cruz က ဆိုပါတယ်။ Ben ရဲ့ Zoolander ဟာ ဖက်ရှင်လောကနှင့် ဆက် နွှယ်နေတာကြောင့် ကမ္ဘာကျော်ဖက်ရှင်မဂ္ဂဇင်း ကြီးVogue က ဖေဖော်ဝါရီလ၊ ရုပ်ရှင်ရုံတင် ခါနီးမှာ Ben နှင့် Penelope Cruz အတွဲကို မျက်နှာဖုံးတင်ပြီး မျက်နှာဖုံးဆောင်းပါးအဖြစ် လည်း ဖော်ပြခဲ့ပါတယ်။

Vogue မဂ္ဂဇင်းက ပထမဆုံး Zoolander ရုပ်ရှင်ရိုက်စဉ်ကတည်း က ရိုက်ကူးမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ Vogue ရဲ့ ဖက်ရှင်ဆုပေးပွဲမှာBen တို့ ဇာတ်  ဝင်ခန်းကို ရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံထုတVanity Fair ကတော့ ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခု ဖြစ်ပါတယ်။ ဖက်ရှင်သာမက လတ်တလော  နိုင်ငံရေး၊ လူမှု ရေး၊ ဖြေဖျော်ရေးမျက်နှာစာများမှာ ထင်ရှား လူပြောများနေတဲ့ ပုဂ္ဂိုလ်များ၊ အရေးအခင်းများ ကို စာမျက်နှာပေါ်တင်တဲ့ အထင်ကရမဂ္ဂဇင်း    ဖြစ်ပါတယ်။

Ben Stiller နှင့် Zoolander ဟာ ဖက်ရှင်ကိုယ်စားပြု ရုပ်ရှင်ဖြစ်တာရယ်၊ ပရိသတ်များ စိတ်ဝင်တစားမျှော်လင့်နေတဲ့ ဇာတ်လမ်းအဆက်ဖြစ်တာကြောင့်Vanity Fair ကလည်း Ben Stiller ကို အင်တာဗျူး လုပ်ခဲ့ပါတယ်။ ဟာသသရုပ်ဆောင်လည်း ဖြစ်၊ ဟာသဓာတ်ခံလည်းရှိ၊ သရော်မော်ကား လူ အများသဘောကျရယ်မောရအောင်၊ ပြုံးမြမြဖြစ် ရအောင် ပြောတတ်လေ့ရှိတBen Stiller ရဲ့ သူမတူထူးခြားတဲ့ အင်တာဗျူးအဖြေများကို ကြည့်မယ်ဆိုရင် …

လုံးဝဥဿုံပြည့်စုံတဲ့ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ စိတ်ကူးက …

ပလတ်စတစ် Jump Suit(အင်္ကျီနှင့် ဘောင်းဘီတစ်ဆက်တည်း) ဝတ်၊ ကမ်းခြေမှာ လမ်းလျှောက်ပြီး Annie Leibovitz (Vogue မဂ္ဂဇင်း၏ နာမည်ကျော် ဓာတ်ပုံဆရာမ) ရဲ့ ဓာတ်ပုံအရိုက်ခံရတာပေါ့။
(ကမ်းခြေမှာ လုံးဝ မအပ်စပ်တဲ့ ပလတ်စတစ် Jumpsuit ဝတ်၊ ဓာတ်ပုံအရိုက်ခံရခြင်းကို သရော်တော်တော် ပြောခြင်းဖြစ်ပါတယ်။

အကြီးမားဆုံး ကြောက်ရွံ့မှု …

ဝံပုလွေလူသားရဲ့ ဆုတ်ဖြဲခံရမှာ။ ဒါမှ မဟုတ်ပါးရေနားရေတွန့်မှာ။ အရေးအကြောင်း တွေ ပေါ်လာမှာ။

ကိုယ့်ကိုယ်ကိုယ် ဘယ်သမိုင်းဝင်ပုဂ္ဂိုလ်မျိုးနဲ့ တူတယ်ထင်ပါသလဲ။

Frozen ရုပ်ရှင်ထဲက OLAF။

သက်ရှိထင်ရှား လူသားမှာ ဘယ်သူ့ကို အထင် ကြီးဆုံးလဲ။

Stephen Hawking အဖြစ် သရုပ်ဆောင် တဲ့ ငနဲပေါ့။ အို … ဒီပုဂ္ဂိုလ်အစ(Stephen Hawking) ကိုပါ ပြောရမယ်ထင်တယ်။

ကိုယ့်ကိုယ်ကိုယ် မနှစ်မြို့တဲ့ လက္ခဏာကဘာများလဲ …
ဘယ်ဘက်ကို မလှည့်နိုင်တာ။

တခြားလူတွေမှာကော ကိုယ်မနှစ်မြို့တဲ့ လက္ခဏာက ဘာများလဲ။

ဒီမနှစ်မြို့တာနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ စွဲလမ်းမှုက ဘာများလဲ။

ခင်ဗျားရဲ့ ကြီးကျယ်တဲ့ ပိုက်ဆံသုံးရတဲ့ လုပ်ဆောင်မှု။

ခြေချောင်းတွေမှာBotox ထိုးတာလေ။ (မျက်နှာပြင် အရေးအကြောင်းပျောက်ရန်ထိုး သော Botox ထိုးဆေး)။ အဲဒါ Toetoxလို့ ခေါ်တယ်။ ကိုရီးယားမှာ အရမ်းခေတ်စား တာ။

ခင်ဗျားရဲ့ အနှစ်သက်ဆုံး ခရီးလမ်းက …။

လွယ်ပါတယ်။ ‘ဘယ်တော့မှ ယုံကြည်မှုကို မစွန့်လွှတ်နှင့်’။

ဘယ်လိုအခြေအနေမျိုးမှာ လိမ်ညာပြောဆို သလဲ။

မတ်တတ်ရပ်ရတာ ညောင်းတဲ့အခါမျိုး ပေါ့။ (လိမ်ညာပြောခြင်းLie သည်၊ လဲလျောင်း သောLie နှင့် အသံထွက်တူသောကြောင့် တမင်တကာ တလွဲဖြေလိုက်ခြင်း ဖြစ်ပါ သည်။)

ကိုယ့်ရဲ့ ရုပ်သွင်နဲ့ပတ်သက်ပြီး မကြိုက်ဆုံးက …

ဟားဟား…၊ တယ်ကောင်းတဲ့ မေးခွန်း ပါလား။

အသက်ရှင်ရပ်တည်နေသူတွေထဲမှာ ဘယ်သူ့ကို မကြိုက်ဆုံးလဲ။

Billy Zane ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သူက ကျွန်တော့်ရဲ့ အကြိုက်ဆုံးလူသားပဲ။ နည်းနည်း တော့ ရှုပ်ထွေးတယ်။ (Billy Zane = သရုပ် ဆောင်)

ခင်ဗျားရဲ့ဘဝမှာ အကြီးကျယ်ဆုံး ချစ်ရသူ ဒါမှ မဟုတ် ဘဝမှာ အကြိုက်ဆုံးအရာ။

Ole Henriksen Ultimate Life Eye Gel (မျက်ဝန်းအရေပြားထိန်းသိမ်းရေး ပစ္စည်း)

ခင်ဗျားမှာ အရှိချင်ဆုံး အရည်အချင်း တစ်ရပ်။

တစ်ခါလောက်တောWaldo ကို ရှာဖွေ တွေ ရှိချင်တယ်။ (Waldo မှာ ကလေးကာတွန်း ရုပ်ပြဇာတ်ကောင် ဖြစ်ပါသည်။)

လက်ရှိဖြစ်နေတဲ့ စိတ်အထာ – စိတ်အခြေ အနေ

ဘာမှမဟုတ်ဘူး။

ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်လို့ တစ်စုံ တစ်ခုကို ပြောင်းလဲလို့ရမယ်ဆိုရင် အဲဒါဘာများဖြစ် မလဲ။

အခုဝတ်ထားတဲ့ Vest (Waist Coat လို အင်္ကျီ) လိမ္မော်ရောင် ကက်ရှ်မီးယားအင်္ကျီတွေ က လွန်ခဲ့တဲ့ (၇) မိနစ်ကပဲ ခေတ်အောက်သွား ပြီ။

မိသားစုနဲ့ ပတ်သက်လို့ တစ်စုံတစ်ခုပြောင်း လဲလို့ရမယ်ဆိုရင်ကော …။

သေချာတာကတော့ ကျွန်တော်တို့ရဲ့ မေးစေ့တွေပေါ့။

ကိုယ့်ရဲ့အအောင်မြင်ဆုံးအရာလို့ ထင်တဲ့ အရာက။

မိသားစုထဲမှာ ပထမဆုံး မော်ဒယ်ကျောင်း ကနေ ဘွဲ့ရအောင်မြင်လာခဲ့တာ။

တကယ်လို့ သေဆုံးသွားပြီးနောက်မှာ လူသား ဒါမှမဟုတ် ပစ္စည်းတစ်ခုအဖြစ် ပြန်ရောက် လာရမယ်ဆိုရင် ဘာများဖြစ်ချင်တယ် ထင်ပါ သလဲ။

ဖြစ်နိုင်တာကတော့ ရောသမမွှေ၊ ရောစပ် ထားတာပေါ့။ တစ်ဝက်လူသား၊ တစ်ဝက် ပစ္စည်း။

တန်ဖိုးအထားရဆုံးပိုင်ဆိုင်မှု။

ကျွန်တော့်မှာ ရှားပါးတဲ့ ရှေးခေတ်မျက်ခုံး မွေးဆွဲခဲတံကို ပိုင်ဆိုင်ထားတာ ရှိတယ်။

အနိမ့်ဆုံး၊ အနက်ရှိုင်းဆုံး ဝေဒနာနာကျင်မှု ဆင်းရဲ (Misery) က ဘာလို့ ထင်ပါသလဲ။

Kathy Bates (သရုပ်ဆောင်မင်းသမီး) က ဇာတ်ကောင်ကို တူကြီးနဲ့ရိုက်ထည့်လိုက်တဲ့ အပိုင်းပေါ့။ (မေးသူက ဝေဒနာဆင်းရဲ Misery ကို မေးသော်    လည်း ဖြေသူကMisery ရုပ်ရှင် နှင့် ပတ်သက်ပြီး ဖြေလိုက်ခြင်းဖြစ်ပါသည်။)

ခင်ဗျား ဘယ်မှာ နေချင်ပါသလဲ။

Sohowonohobo။

အကြိုက်ဆုံးအလုပ်အကိုင်။

ကိုယ့်အတွက်မဟုတ်ဘဲ အလုပ်ရှင် အတွက် ဈေးဝယ်ပေးတဲ့သူတွေ။ ဘယ်တော့မှ သူတို့အတွက်မဟုတ်ဘဲ သူများအတွက်သာ ဈေးဝယ်ပေးသူတွေပေါ့။ တကယ်ကို အားကျ စရာကောင်းတယ်။

ယောက်ျားတစ်ယောက်မှာ အနှစ်သက်ဆုံး အရည်အချင်း။

တင်ပါးတောင့်တောင့်တင်းတင်းနဲ့ ယောက်ျားသား။ နောက်ပြီး လုပ်နိုင်တယ်ဆိုတဲ့ ခံယူချက်စိတ်ဓာတ်။

မိန်းမသားတစ်ယောက်မှာရှိတဲ့ အကြိုက်ဆုံး အရည်အချင်း။

ကျွန်တော့်ရဲ့ကြွက်သားတွေ တောင့်တောင့် တင်းတင်း တင်ပါးနဲ့ ဘာမဆိုလုပ်နိုင်တယ်ဆို တဲ့စိတ်ဓာတ်ကို အသိအမှတ်ပြုနှစ်သက်တဲ့ မိန်းမသား။

သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပတ်သက်ပြီး ဘာကိုတန်ဖိုးအထားဆုံးလဲ။

ငွေရေးကြေးရေအကြောင်း ပြောရမှာ ရိုင်းရာကျနေမယ်ထင်တယ်။

အကြိုက်ဆုံးစာရေးသူ။

Kiehl နဲ့Neutrogena (နှစ်မျိုးစလုံး အသား အရေထိန်းသိမ်းရေး အလှကုန်ပစ္စည်းများ ဖြစ်ပါသည်။) သူတို့ကTwitter မှာ တင်ထား တဲ့အချက်အလက်တွေကတော့ တော်တော် ပြည့်စုံ ကောင်းမွန်တာပါပဲ။

မကြိုက်ဆုံးအရာတွေ။

ရွံစရာကောင်းတာတွေ၊ နောက်ပြီး ဟောင်းနွမ်းနေတဲ့ အရာတွေ။

ဘယ်လိုသေချင်ပါသလဲ။

အေးအေးချမ်းချမ်း။ ကျွန်တော့်ရဲ့Stylist (မိတ်ကပ်ဝတ်စုံ ပြင်ဆင်ပေးသူ) လက်ထဲမှာ ပေါ့။

ခင်ဗျားရဲ့ဆောင်ပုဒ်က…။

ဆောင်ပုဒ်က ဘာအဓိပ္ပာယ်လဲဆိုတာကို မေးမြန်းဖို့ရာ ကြောက်စိတ်မရှိဖို့ပဲ။

    တင်လတ်သန္တာဗိုလ်

Both comments and pings are currently closed.