First Lady ရဲ့ Fashion ဟာ sexy ဖြစ်ဖို့မလိုဘူးဆိုတာကို ပယ်ချလိုက်တဲ့ မက္ကဆီကိုနိုင်ငံရဲ့First Lady…

မက္ကဆီကိုနိုင်ငံရဲ့ သမ္မတကတော် Angelica Rivera (အန်ဂျလီကာ ရီဗာရာ) ဟာ မူလပထမက အဆိုတော်နဲ့ ရုပ်သံ သရုပ် ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် အောင်မြင်ကျော်ကြားတဲ့မင်းသမီးဘဝကနေ တိုင်းပြည်မိဘဘဝရောက်လာသူပဲဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်ဟာ မင်းသမီးဘဝမှာကတည်းက ထင်ရှားခဲ့ပါ တယ်။

င်္First Lady တွေရဲ့ ဝတ်စုံတွေဟာ အမှန် တော့ ရိုးရှင်းပြီးရှေးရိုးဆန်လွန်းတာများပါတယ်။ ဒါကြောင့် အသက်သိပ်မကြီးတဲ့သူတွေ တောင် တိုင်းပြည်      မိခင်ဖြစ်သွားတဲ့အခါ ဖက်ရှင် ကြောင့် ရုပ်ရင့်သွားတတ်ကြပါတယ်လို့သတ်မှတ်ရင် အန်ဂျလီကာက ပယ်ဖျက်ပြပါလိမ့် မယ်။အများနဲ့မတူ ထူးခြားတဲ့ သူမရဲ့ ဖက်ရှင် ခံယူချက်သူမက မင်းသမီးမို့ ဝတ်တတ်၊ စားတတ် တာမှန်ပေမဲ့ နိုင်ငံတကာကို မက္ကဆီကို နိုင်ငံရဲ့ Fist Lady တစ်ဦးအနေနဲ့ ကိုယ်စားပြု သွားတဲ့အခါမှာတော့ သူမတို့ နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှုကို သိစေဖို့ မက်ဆီကန်ဒီဇိုင်းတွေ ကို အထူးဝတ်ပြီး သူမတို့ မက္ကဆီကိုဒီဇိုင်နာတွေ ဟာ ကမ္ဘာ့အတော်ဆုံးဒီဇိုင်နာတွေထဲပါကြောင်း သက်သေပြတတ်သူပါ။

သူမကFist Lady တွေရဲ့ ခန္ဓာကိုယ်မှာ အရောင် ၃ ရောင်ကို ကိုယ်စားပြုနေကြောင်း ဖော်ထုတ်ထားပါတယ်။ ဒါတွေကတော့
၁။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ၊
၂။ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေ၊
၃။ တိုင်းပြည်နိုင်ငံ ရေးမှန်ကန်မှုပဲဖြစ်ပါတယ်။

ခင်ပွန်းသည်တွေရဲ့ ဘေးကနေ ပြုံးပြုံးလေးလိုက် ရုံလောက်သာ First Lady တွေမှာ တာဝန်ရှိတာ မဟုတ်ဘဲ သူမတို့နိုင်ငံက အမျိုးသမီးတွေဟာ လှပတယ်၊ ဝတ်တတ်တယ်၊ အလုပ်လည်းလုပ်နေ ပေမဲ့ မိသားစုနဲ့ သား၊ သမီးအပေါ်တာဝန်တွေ ကျေသူတစ်ဦးအဖြစ်လည်း နိုင်ငံတကာက သိအောင် အပြုအမူ၊ အဝတ်အစားအပြောအဆို ကနေ ဖော်ပြရမယ်လို့ သူမက ဆိုပါတယ်။

သူမရဲ့ဖက်ရှင်စတိုင်မက်ဆီကန် ဒီဇိုင်နာတွေဖြစ်တဲ့ Macarios Jimenez နဲ့ Benito Santos ကို သူမက ပွဲတက်ဝတ်စုံဖန်တီးရှင်တွေ အဖြစ် ရွေးထားပါတယ်။သူမဝတ်စုံတွေဟာ ချစ်စဖွယ်ကောင်းတဲ့ အပြင် Sheath Dresses လို့ခေါ်တဲ့ ကိုယ်နဲ့ အတိချပ်ကပ်နေတဲ့ ဂါဝန်တွေ၊ ရှုပ်ထွေမှုကင်း ပြီး ကြည့်ကောင်းတဲ့ Suits တွေ များပါတယ်။

လှိုင်းတွန့်ကြီးတွေနဲ့ ခွေလိမ်နေတဲ့ ဆံပင်ဟာ သူမရဲ့ ထင်ရှားတဲ့ သင်္ကေတဖြစ်ပြီးဘာဝတ်ထား ထား သူမရဲ့ ကိုယ်နေဟန်၊ လက်ဟန်ခြေဟန် နဲ့ အပြုံးတွေဟာ လိင်ဆွဲအားကောင်းတဲ့ အသွင်အပြင်ဖြစ်နေပါတယ်။အထူးခြားဆုံး အဖြစ် သူမနဲ့ သမီးအကြီးဆုံှးSofia Castro (သူမဟာ သမ္မတ Enrique Pena Nieto နဲ့ အိမ်ထောင်မပြုမီ ၁၉၉၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် အထိ Jose Alberto Casto နဲ့ အိမ်ထောင်ပြု ခဲ့ပြီး သမီး ၃ ယောက်ရှိပါတယ်။) နဲ့အတူMarie Claire ရဲ့မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံ ရိုက်ခဲ့စဉ်က သူမမျက်နှာပေးနဲ့ ခန္ဓာကိုယ် အနေအထားဟာ first lady တွေ လုပ်နေကျ အမူအရာနဲ့ကွာခြားမှုများလွန်းနေပါတယ်။

မဂ္ဂဇင်းမှာ စာမျက်နှာ ၂၂ မှာပါတဲ့ အကြောင်း အရာရဲ့ ရည်ရွယ်ချက်Girl Power ကိုညွှန်း တာကြောင့် တမူကွဲပြားတဲ့ ပုံစံဖြစ်နေတာလို့ အယ်ဒီတာ့အမှာစာမှာ ဖော်ပြထားပါတယ်။သူမကိုယ်တိုင်ကတော့ First Lady ဆိုတာ သူမတစ်ဦးတည်းပိုင်ဆိုင်တဲ့ ဂုဏ်ပုဒ်မဟုတ် ကြောင်း၊ မက်ဆီကန် အမျိုးသမီးတိုင်းဟာFirst Lady တွေ ချည်းပါလို့ ယုံကြည်ကြောင်း ညွှန်းထားပါတယ်။

အထင်ကရ ဖြစ်ခဲ့တဲ့ သူမဖက်ရှင်….၂ဝ၁၂ မှသည် ၂ဝ၁၆ ထိတိုင်First Lady အဖြစ်တာဝန်ယူကာ ခင်ပွန်းသည် သမ္မတသွားလေရာ လှလှပပလေးဝတ်စားပြီး လိုက်နေရပါတယ်။ အောင်မြင်တဲ့ မင်းသမီး ဘဝကို ၂ဝဝ၈ ခုနှစ်မှာ နားခဲ့ပြီး ၂ဝ၁ဝ ပြည့် နှစ်မှာ မြို့တော်ဝန်သာရှိသေးတဲ့ သူမခင်ပွန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ နှစ်ဦးစလုံးဟာ ဒုတိယ အိမ်ထောင်တွေ ဖြစ်ကြကာ ခင်ပွန်းဘက်မှာ လည်း သမီး ၂ ယောက်၊ သား ၁ ယောက် ရှိနေပါသည်။ မင်းသမီးဘဝ၊ မြို့တော်ဝန် ကတော်မှသည် သမ္မတကတော်အဖြစ် မြင့်မား လာတဲ့ သူမဟာ သမ္မတသက်တမ်းစတဲ့ မတ်လ ၃ဝ ရက် ၂ဝ၁၂ ကစကာ တိုင်းပြည်အနှံ့ သူမ ခင်ပွန်းနဲ့ လိုက်ပါခဲ့ပြီး ဒါတွေ အားလုံးကို ဗီဒီယိုရိုက်ကာထုတ်ပေးခဲ့ပါတယ်။ အခွေ နာမည်ကို What My Eyes see, What my What My Eyes see, What my လို့အမည်ပေးထားပါတယ်။

သူမရဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး အထင်ကရ ရှိခဲ့တာက…

(၁) စပိန်ဘုရင်မ Tatizia နဲ့တွေ့စဉ်၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှာ စပိန် ဘုရင King Felipe V1 နဲ့ ဘုရင်မQueen Letizia တို့မက္ကဆီကိုနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ရောက်ခဲ့ကြပါတယ်။Queen နဲ့ First Lady နှစ်ဦးစလုံးဟာ အသက်အရွယ်အားဖြင့် မကွာခြားသလို အိမ် ထောင်မကျမီကလည်းQueen Letiza ကလည်း သတင်းကြေညာသူ First Lady Angelica ကလည်း မင်းသမီး ဖြစ်တဲ့အခါ သူတို့တစ်တွေတွေ့ဆုံမှုကBattle of the Beauties (အလှမယ်တို့စစ်မြေပြင်) လို့သဘော ထားခဲ့ကြပါတယ်။ တကယ်လည်:Queen Letizia ၄၂ နှစ်နဲ့First Lady Angelica ၄၇နှစ် အလှချင်းပြိုင် ခဲ့ကြတာ နှစ်ယောက်လုံးက ဂန္ထဝင်ဆန်ကာ အထူးကျော့ရှင်းခဲ့ပါတယ်။

(၂) အာရှရဲ့ ဖက်ရှင်စတား China First lady နဲ့တွေ့စဉ် အာရှရဲ့ င်္First Lady ထဲမှာ တရုတ်သမ္မတ ကတော်ကို ဖက်ရှင်အရာမှာ နံပါတ် (၁) ထားခဲ့ကြပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဇွန်လမှာ တရုတ်သမ္မတက  အမေရိကန်တစ်ဝန်း ချစ်ကြည်ရေး ခရီးလာစဉ်မှာ နှစ်ဦးတွေ့ကြတာ ဖြစ်ပြီး အာရှသူရော၊ မက်ဆီကန်သူရော နိုင်ငံ ရဲ့သမီးပျိုအလှအထူးရှိတဲ့သူတွေဖြစ် ပြီး အထူးကြည့်ကောင်းခဲ့ပါတယ်။အခြားနိုင်ငံများဆီသို့ အလည်အပတ်၂ဝ၁၅ ခုနှစ်၊ မတ်လမှာမက္ကဆီကို သမ္မတ နဲ့ သမ္မတကတော်ဟာ အင်္ဂလန်ကို ချစ်ြ ကည် ရေးခရီးသွားခဲ့ကြပါတယ်။ ဒီပွဲတွေမှာတော့ အန်ဂျလီကာဟာ အနက်ရောင်ကို လန်ဒန်မှာ ဝတ်ခဲ့ပြီး ဘုရင်မကြီးနဲ့တွေ့ဆုံစဉ်မှာတော့ အနီရောင် ဝတ်စုံ ရှည်နဲ့အထူးပေါ်လွင်ခဲ့ပါတယ်။သူမတို့ဟာ ဥရောပတစ်ဝန်းကို ၂ဝ၁၅ ခုနှစ်အတွင်းမှာ အလည်အပတ်သွားခဲ့ကြပြီး ဘယ်နေရာကို ရောက်ရောက် သူမ  ဖက်ရှင်က ကျော့ရှင်းပြီးပေါ်လွင်မှုရှိပါတယ်။ ဆံပင်ကို တော့ ထုံးဖွဲ့တာ၊ ချည်နှောင်တာ သိပ်မ လုပ်ဘဲ ဖြန့်ချထားတာများပါတယ်။ ဒီခရီးစဉ်တွေမှာ သူမဟာ Mexico Fashion ကို ဟစ်ဖြစ်စေ ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်အတွင်း သူမရဲ့ ဖက်ရှင်

၂ဝ၁၆ ခုနှစ်ထဲမှာတော့ သူမတို့ဆီကို ဖေဖော်ဝါရီထဲမှာ ပုပ်ရဟန်မင်းကြီး အလည် လာခဲ့ပြီး ဒီတွေ့ဆုံမှာတော့ သူမဟာ တည်ငြိမ် တဲ့ အဖြူရောင်နဲ့ အစိမ်းပုပ်ရောင်ကို ရွေးချယ် ဝတ်ဆင်ခဲ့ပါတယ်။၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှာတော့ ဒိန်းမတ်နိုင်ငံကို အလည်အပတ်သွားခဲ့ပြီး ဒါဟာ သူမခင်ပွန်းရဲ့ မက်ဆီကို သမ္မတသက် တမ်း (၂ဝ၁၂ မှသည် ၂ဝ၁၆ ထိ) ပထမဆုံး အကြိမ် အန္တာတိကဒေသများဘက်ဆီသို့ ခရီးစဉ် ဖြစ်ပါတယ်။ အအေးဒီဂရီ ၁၂ ဒီဂရီ အောက်မှာ သူမဟာ ကုတ်အင်္ကျီရှည်အကူအညီ ယူခဲ့ရပေမဲ့ သူမအလှကို ကုတ်အင်္ကျီနဲ့ အအေး ဓာတ်ကြောင့်လျော့ပါးခြင်း အလျဉ်းမရှိအောင် အထူးဂရုပြုခဲ့ပါတယ်။

ဒေါ်လာ ၇ သန်းတန်စံအိမ်ဝယ်ယူမှုအပေါ် ဘဏ္ဍာရေးဆိုင်ရာမေးခွန်းတွေ အမေခံရပြီး သိက္ခာချခံရခဲ့တဲ့ ၂ဝ၁၄ ခုနှစ်မှာတောင် သူမဟာ အပြုံးမပျက်ခဲ့ဘဲ အရာရာရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ အပြင်းအ ထန်ရိုက်နှက်မှုလို့ မီဒီယာတွေက စွပ်စွဲခဲ့တဲ့ ဆေးရုံတက်ခဲ့ရမှု အပေါ်မှာလည်း သူမဘက်က တော့ လှေကားမှ ချော်ကျခြင်းလို့ ဖြေရှင်းခဲ့ပါ တယ်။

၂ဝ၁၅ ခုနှစ်နဲ့ ၂ဝ၁၆ ခုနှစ်မှာတော့ သူမဟာသမ္မတသက်တမ်းကုန်ဆုံးတော့မယ့် အမေရိကန်ကတော် မီရှဲလ်အိုဘားမားဆီက Style Queen ဘွဲ့ကို ယူတော့မယ့်သူလို့ ထင်ရလောက်အောင် Fashion ပိုင်းမှာ အထူးရေပန်းစားခဲ့ပါတယ်။ ဒါကို တကယ်ဟုတ်၊ မဟုတ်ကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ    ဖြစ်ပါတယ်။

       နေခြည်နွေး

Both comments and pings are currently closed.