FAN ဇာတ်ကားရဲ့ ပင်တိုင် မင်းသားကြီး ရှရွတ်ခန်း နဲ့တွေ့ဆုံခြင်း

ပြီးခဲ့သည့် ငါးလလောက်ကမှ ထွက်သွားခဲ့ တဲ့ အချစ် ဇာတ်ကြမ်းကား တစ်ကားဖြစ်တဲ့ Dilwale ဇာတ်ကားနဲ့ ဝင်ငွေ စံချိန်တင်နိုင်ခဲ့တဲ့ ရှရွတ်ခန်ဟာ အခု ၂ဝ၁၆ ခုနှစ်၊ ဧပြီလလယ် က ထွက်ရှိလာခဲ့တဲ့ FAN ဇာတ်ကား နဲ့လည်း ပရိသတ်တွေ ရဲ့ အထူး အာရုံစိုက်မှုကို ရရှိခဲ့ပြန် ပါတယ်။ မြန်မာနိုင်ငံ က ဘောလီးဝုဒ် ဇာတ် ကား ကောင်းတွေ ကို မလွတ်တမ်း စောင့်မျှော်ကြည့်ရှု ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ ကို တစ်ခဲနက် ရရှိခဲ့တဲ့ FAN ဇာတ်ကားရဲ့ ပင်တိုင် မင်းသားကြီး ရှရွတ်ခန်း နဲ့တွေ့ဆုံပြီး ပရိသတ် တွေနဲ့ ထပ်တူကျနိုင်လောက်တဲ့ မေးခွန်းအချို့ ကို မေးမြန်းဖော်ပြပေးလိုက်ရပါတယ်။

ဒီဇာတ်ကားမှာ လုံးဝကို စရိုက်ရောအသွင် အပြင်ပါ မတူညီတဲ့ နာမည်ကျော် တစ်ယောက် နဲ့ သူ့ရဲ့ ပရိသတ် တစ်ဦးတို့ရဲ့ နေရာတွေကို ဘယ်လိုများ အကောင်း ဆုံးဖြစ်အောင် သရုပ် ဆောင်နိုင်ခဲ့တာလဲ။

နာမည်ကျော် မင်းသား တစ်လက်ဖြစ်တဲ့ အာရန်ခန်နာအဖြစ်ရော သူ့ကို အရူးအမူး အစွဲ အလမ်းလွန်နေတဲ့ ပရိသတ် တစ်ယောက် အဖြစ် ပါ နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင် ရတာဟာ မလွယ် လှပါဘူး။ ဒီပရောဂျက်ကို စတင်ဖို့ အတွက် ကျွန်တော်တို့ဟာ တစ်နှစ် ကြာအောင် အချိန်ယူ ခဲ့ရပါတယ်။ ခက်ခဲမယ် ဆိုတာလည်း အစက တည်းက ကျွန်တော်တို့ ကြိုတွေးမိပါတယ်။ ဒီအပေါ်မှာ အမြင်တွေ၊ သဘောထားတွေလည်း အတော့်ကို စိန်ခေါ်မှုတွေဖြစ် စေခဲ့ပါတယ်။

 အသက်အရွယ် မတူညီတဲ့ ဇာတ်ကောင် နှစ်ခုနဲ့ အပြင်က တကယ့် ဇာတ်ကောင် ပုံစံနဲ့ ကြားက ကွာခြားချက်ကရော ဘာဖြစ်မလဲ။

ဟုတ်ပါတယ်။ တစ်ယောက်က အသက် ၅ဝ အရွယ် မင်းသား တစ်လက်၊ တစ်ယောက်က အသက် ၂၅ နှစ် အရွယ် ပရိသတ် တစ်ယောက်။ မတူညီတဲ့ ဒီနှစ်ဦး ရဲ့စရိုက် ကို ဇာတ်လမ်းတစ်ခု တည်းမှာပဲ သရုပ်ဆောင်ခဲ့ ရတယ်။ နောက်ပြီး ဒီဇာတ်ကားက တခြားဇာတ်လမ်းတွေလို နှစ်ကိုယ်ခွဲ ပုံစံမျိုးဆိုတာထက် ဇာတ်ကောင်ကို ဆင်တူအောင် လုပ်ရတဲ့ပုံစံမျိုးဆိုတော့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။ နောက်ပြီး ဒီဇာတ်ကားထဲက မင်းသားအာရန်က အပြင်က ကျွန်တော့် ဇာတ်ကောင် ပုံစံ နဲ့တော့ သိပ်မတူဘူး ပေါ့လေ။ သူက နည်းနည်းလေး သီးသန့်ဆန် တယ်။ ဆိတ်ငြိမ်တယ်။ ပလွှားမှု ကင်းတယ်။ စိတ်လှုပ်ရှား လွယ်တယ်ပေါ့။ ဂူရဗ်ကြတော့ သိပ်ပြီး မပြော တတ်တော့ဘူး။ ဘာလို့လဲဆိုတော့ အလုပ်များတာကြောင့်ရော ဇာတ်လမ်းသဘော အရ ပီပြင်အောင် သရုပ်ဆောင် ရတာကြောင့် ရော၊ မျက်နှာ အမူအရာကို ဂရုစိုက်နေရတာ ကြောင့်ရောပါ။

ဒီဇာတ်ကားက နှစ်ကိုယ် ခွဲထားတယ်ဆိုပေ မဲ့ ပရိသတ်တွေကိုတော့ နှစ်ကိုယ်ခွဲ ထားမှန်း မသိအောင် လုပ်ဆောင် ထားနိုင်တဲ့ အဓိကသော့ ချက်က ဘာဖြစ် မလဲ။

ဒီအတွက်တော့ မျက်နှာ၊ ခြေလက်အင်္ဂါ အစိတ်အပိုင်းတွေ ကအစ လိုအပ်တဲ့နေရာ မှာ အတု သုံးသင့်ရင် သုံးတယ်။ အဓိကကတော့ အထူးပြုလုပ်ချက်တွေ ထည့်ရ တာပေါ့။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း ဂူရဗ်က ကျွန်တော်နဲ့ လုံးဝ ကွဲပြားတယ် ဆိုပြီး မတူတစ်မူ ထူးအောင် နှလုံးသွင်း ထားရတယ်ပေါ့။ ဒီအတွက် ကျွန်တော် မှာ လေးနာရီ ကြာအောင် မိတ်ကပ် လိမ်းရတဲ့ ဒဏ်ကို အလူးအလှိမ့်ခံခဲ့ရသလို အသက်ထက်ဝက် ကြီးကွာတဲ့နေရာ ဖြစ်နေတော့ လည်း သဏ္ဌာန်လုပ် သရုပ်တူအောင် အမျိုးမျိုး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတာပေါ့။ နောက် ပြီး နည်းပညာ အကူအညီတွေနဲ့ အထူးပြုလုပ် ချက်တွေရဲ့ အကူအညီလည်း ယူရတယ်။ UK က အခန်းတွေ အတွက်လည်း အချိန်အတော်ကြာ ကြာယူပြီး ပြင်ဆင်ခဲ့ရတာတွေရှိတယ်။ ဒါ့ကြောင့်လည်း ကျွန်တော့်ရဲ့ဇာတ်ကားက ဟောလီးဝုဒ် ဇာတ်ကားတွေရဲ့ နည်းပညာကို အသာလေး မီတယ်လို့ ပြောနိုင်တာပေါ့။

ဒါဆို ကြည့်ရှုပြီးတဲ့ ပရိသတ်တွေရဲ့ အမြင်ကရော နိုင်ငံတကာ အဆင့်မီတယ်လို့ ပြောကြမယ်ထင်သလား။

တကယ်လို့သာ တစ်ယောက်ယောက်က သူ့ရဲ့အနောက်တိုင်း က မိတ်ဆွေ တစ်ဦးဦးကို ခေါ်ပြီး ဒီဇာတ်ကား ကိုပြခဲ့မယ်ဆိုရင် အဲဒီလူက ဒီကားဟာ ဟောလီးဝုဒ် အဆင့်ကို မမီဘူးလို့ မပြောစေချင်ပါဘူး။ သူတို့ပြောနိုင်တာက ဇာတ်လမ်းဖြစ်မယ်၊ ဒါမှမဟုတ် သီချင်းလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သေချာတာ တစ်ခုက တော့ နည်းပညာ အပိုင်းမှာ အဆင့်မမီဘူးဆိုတာ တော့ ဖြစ်မယ်မထင်ပါဘူး။

ဒါဆိုရင် နောက်ဆုံးထွက်ခဲ့တဲ့ Dilwale လိုပဲ အခုFAN ကလည်း UK ပရိသတ်ကိုထပ် ပြီး ဆွဲဆောင်နိုင်ဦးမယ်လို့ ထင်ပါသလား။

အပြောင်းအလဲ များတယ်လို့ နာမည်ကြီးတဲ့ UK မှာတော့ ထင်ကြေးပေးရမှာ ခပ်ခက်ခက်ပဲ ဗျ။ ကမ္ဘာ့ရုပ်ရှင်လောကကြီး ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ခန်းကို နှစ်သက် သဘော ကျတဲ့ ကမ္ဘာ တစ်လွှားက ပရိသတ်တွေရဲ့အပေါ်မှာ ပဲ မူတည် နေပါတယ်။

 နောက်ပြီး နိုင်ငံရပ်ခြားမှာ အောင်မြင်မှုရရှိ ခဲ့တဲ့ ဘောလီးဝုဒ် ဇာတ်ကား ၁၆ ကားထဲက ၉ ကားမှာ ခင်ဗျား သရုပ်ဆောင် ထားတာချည်းပဲ နော်။ အဲဒီ့ရဲ့လျှို့ဝှက်ချက်က ဘာများပါလိမ့်။

ဒါဟာ ရိုးသားမှုကြောင့်လို့ပဲ ကျွန်တော်ထင်ပါ တယ်။ ဘာလို့လဲဆိုရင် ကျွန်တော့် ရုပ်ရည်က သာမန်ပဲလေ။ ဒါပေမဲ့ ကျွန်တော့်မှာ လူတွေကို တုန်လှုပ်စေနိုင်လောက်တဲ့ ဇာတ်ကားတွေနဲ့ အဆင့်အတန်းဆိုတာမျိုးလည်း ပိုင်ဆိုင်ထား တယ်။ ကျွန်တော်က လူတွေကို သူ့တို့ကိုယ် သူတို့ မြင်တွေ့နိုင်အောင်လုပ်ပေးတယ်။ သူတို့ရဲ့ပုံစံကို သူတို့ ဘာသာ သူတို့ တွေ့ရှိစေတယ်။ ဖန်သားပြင် ပေါ်မှာမြင်တွေ့နိုင်တဲ့ သရုပ်ဆောင် အမျိုးအစား က နှစ်ခုပဲရှိတယ်။ အားကျလေးစား အတုယူလာ အောင် လုပ်တတ်တဲ့ သရုပ်ဆောင်နဲ့ အားလုံးနဲ့ တန်းတူလောက်ပဲ လုပ်ပြနိုင်တဲ့ သရုပ်ဆောင်မျိုး ပေါ့။ ကျွန်တော်ကတော့ ဒုတိယ အမျိုးအစားထဲ မှာပဲပါမယ်လို့ ထင်ပါတယ်။ လူတွေက ကျွန်တော့် ကို သူတို့ရဲ့မိတ်ဆွေ သူငယ်ချင်းလို၊ အိမ်နီးနား ချင်းတစ်ယောက် လိုပဲမြင်မယ်လို့ ထင်ပါတယ်။

ခင်ဗျားအနေ နဲ့ အချစ်ဇာတ်လမ်းတော် တော်များများ နဲ့ ပိုပြီးတော့ ရင်းနှီးတယ်နော်။ ဒါပေမဲ့ ခင်ဗျား သရုပ်ဆောင်ခဲ့တဲ့  Anjam  နဲ့ Darr ဇာတ်ကားတွေ မှာတော့ ခင်ဗျား က လူဆိုး တွေဖြစ်နေတယ်။ ဒီတော့  FAN ကကော ခင်ဗျားရဲ့ မူလပုံစံကို ပြန်ယူဆောင် လာပေးနိုင် မယ်လို့ ထင်လား။

ဘယ်လိုအကြောင်း ပဲရှိရှိ ကျွန်တော်တို့ သရုပ်ဆောင်တွေ မှာ  အကန့်ခွဲထားရတယ်ဗျ။ Darr ကို ရိုက်ခဲ့တုန်းက ကျွန်တော်က စိတ်မမှန် တဲ့ ကာရိုက်တာ ကို လုပ်ရ တယ်။ အဲဒီလိုကားမျိုး က အမှားမခံဘူး။ ပြဿနာ ရှိနိုင်တယ်။ ဒါပေမဲ့ အခုကားထဲက ဂူရဗ်ကတော့ မတူဘူး။ သူက အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ကလေးလေးပေါ့။ သူထင်တာက သူဖြစ်ချင်တာ ဘာမဆိုလုပ်နိုင် တယ်လို့ ထင်နေတဲ့ ကောင်လေး တစ်ယောက်။ သူ့အတွက် ကိုယ်ကျိုး မပါဘူး။ နောက်ဆုံးတစ် ခန်းပဲ Darr နဲ့ဆင်တူ တယ်။ ဒါကြောင့် ကွာခြားမှုတော့ ရှိတာပေါ့ဗျာ။

ဒီကားမှာလည်း စွန့်စားခန်းတွေ ပါတယ်နော်။ ဒီတော့ ခင်ဗျားက ပထမဆုံး အိန္ဒိယ ဂျိမ်းစ်ဘွန်း ရော ဖြစ်နိုင်မလား။

မထင်ပါဘူး။ ကျွန်တော်တို့က ဇာတ်လမ်း က ခိုင်းတဲ့အတိုင်း လုပ်ရတာပဲလေ။ ကျွန်တော် တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ တကယ်လို့သာ ကျွန်တော့ကို နောက်ထွက် ဂျိမ်းစ်ဘွန်း မဟုတ်ဘူး လို့ ပြောမယ် ဆိုရင်တော့ ကျွန်တော်တော်တော် စိတ်မကောင်းဖြစ်မိမှာပါပဲ။ ကျွန်တော့်ရဲ့ ဘဝမှာ အခုလို ဂျာကင် အကောင်းစားကြီးတွေ ဝတ်၊ သေနတ် ကြီးကို လက်ကကိုင်ပြီး တခြားလက်တစ် ဖက်မှာတော့ ကောင်မလေး တစ်ယောက်ကို ဖမ်းကိုင်ထား ဖို့ဆိုတာ ကျွန်တော့်ရဲ့အိပ်မက်ပဲ လေဗျာ (ပြောင်လျက် )။

Both comments and pings are currently closed.