ဆောင်းဟေဂျို (သို့မဟုတ်) Descendants of the Sun ဧကရီနှင့် တွေ့ဆုံခြင်း

အချစ်၊ အကြမ်း၊ အလွမ်းတွေနဲ့ ရသ စုံလင်စွာ ထုံမွှမ်းထားတဲ့ Descendants of the Sun ဟာ ဆိုရင်ဖြင့် လူငယ် ပရိသတ်တွေရဲ့ ရင်ထဲကို အရှိန်အဟုန်ပြင်းပြင်း နဲ့ ထိုးဖောက် ဝင်ရောက်လျက် ရှိပါတယ်။ မြန်မာမှာ သာမက ကိုရီးယား မှာလည်းပဲ ဒီဇာတ်ကား ရဲ့အောင်မြင်မှု အရှိန်အဟုန်က အားလုံးရဲ့ ပါးစပ်ဖျားမှာ တသသနဲ့ ကို ပြောမဆုံး ရှိနေကြပါပြီ။ ဒီထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပရိသတ်တို့ရဲ့ အသည်းကျော် မင်းသမီးလေး ဆောင်းဟေဂျို ကတော့ ဒီဇာတ်ကားနဲ့ပဲ တစ်ဖန်ပြန်လို့ ကိုရီးယား အနုပညာရှင်တွေ ကြားထဲမှာ နာမည် ကျော်ထင်ပေါ် လာခဲ့ပြန်ပါပြီ။ ဒီဇာတ်ကား မှာ တော့ အားလုံး သိကြတဲ့ အတိုင်း ဝါရင့် သရုပ် ဆောင် ဆောင်းဟေဂျို နဲ့အတူ တွဲဘက်သရုပ် ဆောင်ခဲ့ သူကတော့ မင်းသားချောလေးဆောင် ဂျွန်ကီပါပဲ။ ဆောင်ဂျွန်ကီ နဲ့ ပတ်သက်လို့လည်း မင်းသမီးချောလေး ဆောင်းဟေဂျိုက အခုလို သူမရဲ့ အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပါသေး တယ်။

”ဆောင်ဂျွန်ကီဟာ သူ့ရဲ့နေရာကို အကောင်းဆုံး နဲ့ အဆွဲဆောင်နိုင်ဆုံး သရုပ် ဆောင်ပြနိုင်ခဲ့ရုံမက ကျွန်မရဲ့ ရင်တွေကိုပါ တလှပ်လှပ် ခုန်စေအောင် လုပ်ဆောင်နိုင်ခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဒီကားကို ကျွန်မတို့ ပြန်ကြည့်ကြတော့ သူ့ရဲ့ချောမောပြီး ချစ်စဖွယ်ကောင်းတဲ့ မျက်နှာလေးကို သတိပြုမိခဲ့တယ်” လို့ တောင် ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့က လေးရာသီ ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ တွဲဖက်သရုပ်ဆောင် တစ်ယောက် အပေါ် ပရိသတ် တစ်ဦးရဲ့အမြင်နဲ့ ဖွင့်ဟ ပြောကြားသွား ခဲ့ပါ တယ်။

အခုလိုမျိုး လူပြောသူပြော များလွန်းလှတဲ့ ဒီ ‘Desendants of the Sun’ ရဲ့ ဧကရီတစ်ပါး ဖြစ်သူ ဆောင်းဟေဂျို နဲ့ တွေ့ဆုံကာ သူမရဲ့ ရင်ထဲက အကြောင်း အရာ တချို့ကို ပရိသတ် ကြီး ရှေ့မှောက် ယူဆောင် လာခဲ့မိပါတော့တယ်။

ရှင်နဲ့ရှင့်ရဲ့ တွဲဖက် သရုပ်ဆောင်ဖြစ်တဲ့ ဆောင်ဂျွန်ကီတို့ဟာ ကြီးမားပြီး အသိခက်တဲ့ အချစ် ဇာတ်လမ်းတွေကို ဖန်တီးနိုင်ခဲ့ကြတယ် ဆို။ ဖန်တီးနိုင်မှု ရဲ့ လျှို့ဝှက် ချက်တွေ ကို ပြောပြနိုင် မလားရှင်။

 ဆောင်း အနေနဲ့ ပြောရရင်တော့ ဒရမ်မာ ဇာတ်ကားတွေ ဆိုတာ ဆောင်း နဲ့မစိမ်းတဲ့ အရာ တွေပါ။ ဆောင်းဟာ ဒီလို ဇာတ်လမ်းတွေနဲ့ပဲ ပရိသတ်ရဲ့ ချစ်ခင် အားပေးမှု ကို ရရှိခဲ့သူပါ။ အခုလည်း ဒီဇာတ်ကား လာအပ်တော့ ဇာတ် ညွှန်းကို ဆောင်းဖတ် ကြည့်လိုက်တယ်။ အဲဒီမှာ ဆောင်း သွားတွေ့တာက ဒီကားထဲ မှာပါမယ့် သရုပ်ဆောင်တွေ ဟာ သူ့ရဲ့ကျရာ ဇာတ်ရုပ်ကို သာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့ရင် ဒီဇာတ် ကား အရမ်းပေါက်မှာ ပဲဆိုတာကိုပေါ့။ ဆောင် ဂျွန်ကီ အနေ နဲ့ပြောရ ရင်တော့ သူဟာ သူ့ရဲ့ ကျရာနေရာကို ဆွဲဆောင်နိုင်မှုရှိစွာ သရုပ် ဆောင်ပြနိုင်ခဲ့တယ်။ အဲဒီအတွက် ဆောင်း ရင်တွေတောင် တလှပ်လှပ် ခုန်ခဲ့ရတယ်။ သူ့ရဲ့ ဦးဆောင်နိုင်မှု က မျှော်လင့်မထားနိုင်လောက် အောင်ကို ပရိသတ်တွေ ဆီက ပြန်ကြားခဲ့ရ တယ်။

ရှင့်အနေနဲ့ မစ်ဆူကီရှီကား ကုမ္ပဏီရဲ့ မော်ဒယ်အဖြစ် ကမ်းလှမ်းခြင်းကို ငြင်းပယ်ခဲ့ တယ်ဆို။ ဒါဟာ ရှင့်ရဲ့ သရုပ်ဆောင်မှု အနုပညာ ပေါ်မှာပဲ တန်ဖိုး ထားတယ်လို့ ဆိုနိုင်မလား။

ဒီကိစ္စကို ကြားကြားချင်းတော့ ဆောင်း အံ့အားသင့်ခဲ့ မိသေးတယ်။ ဒါပေမဲ့ ဆောင်းမှ မဟုတ်ပါဘူး။ ကိုရီးယားမှာရှိတဲ့ တခြားအနု ပညာရှင်တွေ လည်း ဒီလိုပဲ လုပ်ကြ မှာပါ။ ဘယ်သူတွေ ဘာပြောပြော ကျွန်မကတော့ ကိုယ် ယုံကြည်ရာကို မှန်တယ်ထင်ပြီး ရှေ့ဆက် နေဦးမှာပါပဲ။

တချို့ကပြောကြတယ်။ နောက်ဆုံးထွက် ရှိလာတဲ့ အပိုင်းနှစ်ပိုင်းက အဓိပ္ပာယ်မရှိဘူး။ ဇာတ်ရည် လည်အောင် ကြည့်ဖို့အတွက် အရမ်း မြန်လွန်းနေတယ်ဆို။ ရှင်ရော ဘယ်လိုထင် သလဲ။

ဒရမ်မာ ဆိုတာကတော့ နောက်ဆုံး အပိုင်း တွေမှာ အရှိန်မြှင့်ရတာ ထုံးစံပါပဲ။ တချို့အပိုင်း တွေကတော့ ဖြတ်ပစ်ခဲ့တာတွေ ရှိတာပေါ့။ ဆောင်း ကတော့ ဇာတ်ညွှန်း တစ်ခုလုံးကိုဖတ်ပြီး မှ ကိုယ့်အပိုင်းကို သရုပ်ဆောင်တာဆိုတော့ ဒီထဲမှာ အဓိပ္ပာယ် မရှိတဲ့ အကြောင်းအရာတွေ ပါတယ်လို့ တစ်ခါမှ မထင်ခဲ့မိပါဘူး။ ဒါပေမဲ့ တချို့ ကျတော့လည်း ကိုယ်နဲ့အမြင်ချင်းမတူ ဘူးလေ။ ဆောင်း တစ်ဦးတည်း အမြင်ပြောရရင် တော့ ဒီဇာတ်ကားရဲ့ အဆုံးသတ်လေးကို သဘောကျတယ်။ ဒီအကြောင်း အရာအပေါ်မှာ လက်ခံနိုင် တယ်ပေါ့နော်။

ရှင့်ရဲ့ဇာတ်ကောင် ဒေါက်တာကန်မိုယွန်းအပေါ် မှာရော ရှင် ဘယ်လိုမြင်သလဲ။ ဒါဟာ ကြုံရခဲ တဲ့ ကာရိုက်တာ ပုံစံမျိုးလို့ ပြောနိုင်လား။

ဇာတ်ညွှန်းဆရာ ကင်(မ်) ပြောတာက တော့ ကန်က သူရေးဖူးသမျှ ဇာတ်ကောင်တွေ ထဲမှာ မှန်ရာ ကိုဖြောင့်ဖြောင့်ပြောပြီး ယုံကြည် ချက်ကို လက်ကိုင် ထားတတ်တဲ့ စိတ်ထားရှိသူ သူရဲကောင်း တစ်ယောက်ပဲတဲ့။ ဆောင်းအနေနဲ့ ကင်(မ်) နဲ့ မဆုံခင်တုန်း ကဆို ကိုယ့်ရဲ့ကာရိုက် တာအပေါ် သေချာ ရှင်းရှင်းလင်းလင်း ပုံမဖော် နိုင်ခဲ့ဘူး။ ကင်(မ်) နဲ့တွေ့ပြီးတော့မှပဲ ကိုယ် သရုပ်ဆောင်ရမယ့် အခြမ်းကို သေချာမြင်လာမိ တယ်။ သူ့အနေ နဲ့လည်းပဲ သူ့ရဲ့ဇာတ်ညွှန်းကို သေချာ ကိုင်တွယ် ပြီး ဒေါက်တာကန် ရဲ့ ကာရိုက် တာကို ဘယ်လိုဖန်တီးရမယ်ဆိုတာ လုပ်ဆောင် နိုင်ခဲ့ပါတယ်။

ဒါဆိုရင် ဒရမ်မာဆိုတဲ့ စကားလုံးလေးက နေ ရှင် ဘာတွေ လေ့လာ သင်ယူရရှိခဲ့သလဲ။

ဆောင်းခပ်ငယ်ငယ် အသက် ၂ဝ ဝန်းကျင် ကာလတွေကတော့ ဒရမ်မာဆိုတာ သရုပ် ဆောင်ရတာ အရမ်းလွယ်တဲ့ ဇာတ်လမ်း လို့ တွေးမိခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ် တမ်းကျ ဆောင်း လွယ်လွယ်ကူကူ လုပ်နိုင်ခဲ့တာ ဘာမှ မရှိခဲ့ဘူး။ ဇာတ်ကားရိုက်တော့မယ် ဆိုတိုင်း ဒီဇာတ်လမ်း အပေါ်မှာ ငါ အကောင်းဆုံး လုပ် နိုင်ပါ့မလား ဆိုပြီး ရင်တွေ တုန်၊ စိတ်တွေလှုပ်ရှား ပြီး အမြဲတမ်း စိတ်မသက်မသာ ဖြစ်ခဲ့ရတာချည်း ပဲ။

 ဆောင်ဂျွန်ကီအပေါ် ကိုယ်ပိုင် အမြင်လေး ကိုရော ပြောပြပေးပါလား။

 ဆောင်ဂျွန်ကီ ဆိုတာကတော့ သူ့ရဲ့ရိုးသား မှုဂုဏ်ကြောင့် လူသိများထင်ရှားတဲ့ သရုပ် ဆောင် တစ်လက်ပဲလေ။ ဆောင်းတို့ ရိုက်တဲ့ ဇာတ်ကားထဲမှာ ငလျင်လှုပ်တဲ့ အခန်းလို ခက် ခက်ခဲခဲလုပ်ရတဲ့ ဇာတ်ဝင်ခန်းတွေ အများကြီး ပဲ။ အဲဒီလို အခန်းတွေမှာတောင် သူက အရင် အတိုင်းပဲ။ ပုံမှန်ပဲ။ ထူးထူးခြားခြားကြီး ပြောင်း လဲ သရုပ်ဆောင် တာမျိုး မရှိဘူး။ ဆောင်းတို့ရဲ့ ဒီဇာတ်ကားက တခြား ဒရမ်မာကားတွေနဲ့ ယှဉ် ရင်တော့ ဒရမ်မာခန်းတွေ နှစ်ဆလောက်ပါ တယ်လို့ ဆိုနိုင်ပါတယ်။ ရိုက်ကူး ချိန် ခြောက်လ လုံးလုံးမှာ သူဟာ ထုတ်လုပ်မှုတွေ သူ့ရဲ့စိတ်ကို မထိန်းချုပ်နိုင် မှုတွေတော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ သူ အားလုံး ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ တကယ် ဆိုရင် သူက ဆောင်းထက် အတော် ငယ်သေးတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဆီကနေ ဆောင်းပြန် သင်ယူရတဲ့ အရာတွေတောင် ရှိခဲ့ တယ်။ ပြောရမယ် ဆိုရင် တော့ ဆောင်ဂျွန်ကီဟာ ဒရမ်မာ ဇာတ်ကောင် ကို သိပ်ပြီး ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ပါပဲ။

ရှင်လည်းပဲ ဒရမ်မာ ဇာတ်လမ်းတွေမှာ သိပ်ကို ပိုင်နိုင်တာပဲလေ။ ရှင့်အနေနဲ့ ကြည့်ရှုသူ တစ်ဦးနေရာ က အကြိုက်ဆုံး မင်းသမီး ပုံစံက ဘယ်လို အမျိုးအစား များ ဖြစ်မလဲ။

ဒရမ်မာပဲဖြစ်ဖြစ် တခြားဘယ်လိုဇာတ် ကားပဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မှု အပေါ်မှာ ဆောင်းသိပ်ပြီး ဂရုမစိုက် တတ်ပါဘူး။ ဆောင်း ရဲ့သရုပ်ဆောင်မှု ကို နှစ်သက် သဘော ကျတယ် လို့ ကြည့်ရှုသူတွေက ပြောကြရင် ဆောင်း အဲဒီထက် ပိုပြီး ကြိုးစားတယ်။ ဆောင်းကတော့ ဘယ်လို သရုပ်ဆောင်မှုမျိုး ကိုပဲဖြစ်ဖြစ် သူ့ရဲ့ နောက်ကို လိုက်ပြီး သရုပ်ဆောင်နိုင်အောင် လုပ်သလို အဲဒါနဲ့မတူတဲ့ ပြောင်းပြန်ဖော်ပြမှု မျိုးနဲ့ ခံစားမှုတွေကိုလည်း လက်ခံနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်တယ်။ ဘယ်တုန်း ကမှ ကိုယ့်ရဲ့ အနာဂတ်မှာ ဒီထက်ပိုပြီး ကြီးကြီးမား မား ပုံပေါ်လာအောင် ဆောင်ရွက်လေ့ သိပ် မရှိဘူး။ လက်ရှိကျရာနေရာမှာပဲ အကောင်းဆုံး ဖြစ်အောင် လုပ်ပါ တယ်။

ဒါဆိုရင် ရှင့်အနေနဲ့ နောက်ထပ်သရုပ် ဆောင်ချင်တဲ့ ဇာတ်ကားမျိုးနဲ့ ဇာတ်ရုပ်ပုံစံ တွေကကော ဘာဖြစ်မလဲ။

မင်းသားတွေ နဲ့ ယှဉ်ရင်တော့ မင်းသမီး တစ်ယောက်က သိပ်ပြီး ကွဲပြားခြားနားတာမျိုး တွေ လုပ်နိုင်မယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆို ရင် မင်းသမီး အများစုက မင်းသားတွေလောက် ကိုယ်စွမ်း ကိုယ်စ သိပ်မရှိကြလို့ပဲ။ ဒါပေမဲ့ ဇာတ် ညွှန်းရေး ဆရာတွေကိုတော့ မင်းသမီး ဇာတ်ရုပ် တွေကို ပိုပြီး ကွဲပြားအောင် ရေးစေချင်တယ်။ ဒရမ်မာ ကားတွေ မှာပဲဖြစ်ဖြစ် တခြားဘယ်ဇာတ် ကားတွေမှာ မဆို မင်းသမီးတွေ ကို ကွဲပြားတဲ့ ဇာတ်ရုပ် ပုံစံတွေ ပြသစေချင်တယ်။ ဘာလို့လဲ ဆိုရင် ဇာတ် ကားတော်တော် များများမှာ ဇာတ်ညွှန်းရေး ဆရာတွေရေးတဲ့ မင်းသမီးတွေ က တူနေကြလို့ပါ။

ဟုတ်ကဲ့ …။ အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်။

ဟန်နီဆွေ

Both comments and pings are currently closed.