ကျောင်းဖွင့်အမီ အလှပြင်ရအောင်

ရတီမေတို့အတွက် တစ်နွေလုံးကျောင်း ပိတ်ထားပြီး ပြန်အဖွင့်ကာလဟာ သိပ်ကို အရေးကြီးလှ ပါတယ်။ နွေရာသီမှာဖြစ်တတ်တဲ့ အသားအရေပြဿနာတွေနဲ့အတူ အိမ် တွင်း အောင်းပြီး အပြင်မထွက်လို့ ပစ်ထားတဲ့အလှအပ တွေဟာ အခုချိန်မှာ ပြန်လည်ဂရုစိုက်ပြုပြင်ဖို့လိုအပ်လာပါပြီ။ရာသီဥတုပူပြင်းခဲ့တာကြောင့် နောက်ဆက်တွဲ အနေနဲ့ အသားအရေပြဿနာ တွေဖြစ်တဲ့ မိတ်ဖု၊ ဝက်ခြံတွေ အင်ပြင်တွေ ဖြစ်တာကိုလည်း ရင်ဆိုင်ခဲ့ရတာအမှန်ပါပဲ။ ဒါတွေကို မျက်နှာနဲ့ကိုယ်ခန္ဓာအသားအရေပေါ် ကနေ အမြန်ဆုံးဖယ်ရှားပစ်ဖို့လိုတဲ့အပြင် ဆယ်ကျော်သက်တွေအကြိုက်တွေ့စေမယ့် အခြားသော အသားအရေလှပစေမယ့် အလှ ပြုပြင်မှုတွေလည်း ရှိနေပါ သေး တယ်။ အင်ပျဉ်၊ အဖုအပိမ့်နဲ့ မိတ်ဖုတွေဟာ လူကို အလှပျက်စေ ရုံသာမက အနေရ အထိုင်ရ ခက်ခဲစေပါတယ်။ မိတ်ဖုနီနီရဲရဲတွေဟာ လူကိုယားယံစေတတ်ပြီး အဖု အပိမ့်တွေဟာ တစ်ခါတစ်ရံ နာကျင်စေ တတ်ပါတယ်။အင်ပျဉ်တွေကတော့ တုံ့ပြန်မှုတစ်မျိုးနဲ့တစ်မျိုးမတူတတ်ကြပါဘူး။ ဒါကြောင့် ကျောင်းဖွင့်အမီ လှပနေစေဖို့ ရက်တိုတိုနဲ့ အလှပြုပြင်ထိန်းသိမ်းနည်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

မိတ်ဖုတွေကိုရင်ဆိုင်နည်း

    မိတ်ဖုတွေပေါက်လာတဲ့အခါ မကုတ်ပါနဲ့။ဖြစ်နိုင်ရင် ရေအေးအေးလေးနဲ့သာချိုးပါ။မိတ်ဖု တွေ ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းရှိပါတယ်။ ဒါကတော့ အုတ်ဂျုံမှုန့်နဲ့ရေ ချိုးတဲ့နည်းပါ။ ရေချိုးကန်ထဲမှာ ကိုယ်ခန္ဓာကို စိုစွတ်သည်အထိ ၁၅မိနစ်မှ မိနစ် ၂ဝခန့်အထိ စိမ်ပေးပါ။ ကိုယ် ခန္ဓာကို အုတ်ဂျုံမှုန့်နဲ့ ညင်သာစွာ ပွတ်တိုက် ပေးပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ဆဲလ်သေတွေ ကို ဖယ်ရှားပေးပြီး မိတ်ဖုတွေယားယံခြင်းကိုသက်သာစေတဲ့ အိမ်တွင်းကုထုံးနည်းတစ်ခု ပါ။ အေးမြစေတဲ့ရိုးရာသစ်ဥ သစ်ဖုတွေ ဟာလည်း အစွမ်းထက်တဲ့အတွက် လိမ်းသင့်ပါတယ်။ ဒီအတွက်တော့ ရှေးထုံးအတိုင်း မြန်မာ့ သနပ်ခါးကို ရေကျဲကျဲသွေးလိမ်းဖို့ အကြံပေးပါရ စေ။

ဝက်ခြံတွေ အမြန်ဆုံးပျောက်စေဖို့

အိမ်တွင်းဖြစ်ကုထုံးတွေမှာ ဒီနည်းက သိပ်ကိုလွယ်ကူပြီး ထိရောက်တဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ဒါကသံပရာ သို့မဟုတ် သံပရိုနဲ့ နို့စိမ်းရောစပ်တဲ့နည်းပါပဲ။ သံပရာသီး သို့ မဟုတ် သံပရိုသီးကို အရည်ညှစ်ပြီး ကြိုချက် မထားတဲ့နို့ (အစိမ်း)ကို ရောစပ်ပြီး ဝက်ခြံပေါက်တဲ့နေရာတွေမှာ လိမ်းပေးပါ။ တဖြည်းဖြည်းကြီးထွားလာနေတဲ့ ဝက်ခြံဖု ကြီး တွေဟာ သိသာစွာညှိုးခြောက်သွား ပါလိမ့်မယ်။ ရာသီဥတုပူပြင်းတဲ့အခါ မိတ်ဖုတွေလို ဝက်ခြံဖု နီနီရဲရဲတွေလည်း ထွက်တတ်ပါတယ်။

ဒါတွေကို ပျောက်ကင်းစေမယ့်အကောင်းဆုံး နည်းတစ်ခုကတော့ရေများများသောက်ဖို့ပါ။ အရွယ် ရောက်ပြီး မိန်းကလေး ယောက်ျားလေးတိုင်းကို သောက်ရမယ့်ေ ရပ မာဏသတ်မှတ်ချက်က တစ်နေ့ကိုရေ ၂.၂ကနေ ၃လီတာလောက် အထိ ဆိုထားပါတယ်။ ပျမ်းမျှခန့်မှန်းချက် အနေနဲ့ ရေကိုးခွက်ကနေ ၁၃ခွက်ခန့်ဖြစ် ပါတယ်။ ဒါက ဝက်ခြံပျောက်ကင်းဖို့ အတွက် ကိုယ်ခန္ဓာမှာ ဆုံးရှုံးသွားရတဲ့ ရေဓာတ်ကို ပြန် လည်ဖြည့်တင်းရမယ့်ပမာဏဖြစ်ပါတယ်။ ရေ များများသောက်တဲ့အခါ အသည်းနဲ့ ကျောက် ကပ်ကို အဆိပ်အတောက်တွေမှ ကင်းစင်စေဖို့ အထောက်အကူပြုတဲ့အပြင် အူသိမ် အူမကြီး လမ်းကြောင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေ ကိုပါ ပိုမိုကောင်းမွန်စေ ပါတယ်။

အင်ပြင်တွေဖြစ်လာတဲ့အခါ

အင်ပြင်တွေဖြစ်တဲ့အခါ ဆေးသောက်ရမှာ ကြောက်ရင် အိမ်တွင်းဖြစ်ကုထုံးတွေအများကြီးရှိပါတယ်။ မုန့်ဖုတ်ဆိုဒါမှုန့်နဲ့ ကုသနိုင်ပါ တယ်။ မုန့်ဖုတ်ဆိုဒါမှုန့်သန့်သန့်ထဲ ကို ရေနည်း နည်းထည့်လိုက်ပါ။ ရေနဲ့ခပ်ပျစ်ပျစ် ဖြစ်လာ တဲ့အခါ အင်ပြင်တွေကို လိမ်းပေးပါ။ ခြောက် သွားအောင် ခဏထားပါ။ ပြီးမှ ရေအေးနဲ့ဆေးချ လိုက်ပါ။ နောက် ထပ် တစ်နည်းကတော့ ရှား စောင်းလက်ပပ်ပင်နဲ့ ကုသတဲ့နည်းပါပဲ။ ရှား စောင်းလက်ပပ်ပင်ကို ခွာလိုက်ပြီး အစေးကို ထုတ်ယူပြီး ဒီအတိုင်းလိမ်းလို့လည်းရပါတယ်။ ရှားစောင်းလက်ပပ်ဟာ အရေပြားအတွက် ဆေးဖက်ဝင် သဘာဝအပင်တစ်မျိုးဖြစ်လို့ အစွမ်းထက်ပါတယ်။

မျက်နှာက အမွေးအမှင်တွေကို ဖယ်ရှားနည်း

နနွင်းနဲ့ ကုလားပဲစေ့မှုန့်ကိုရော မုန်ညင်းဆီလေးတစ်စက်နှစ်စက်လောက်ချပြီး ခပ် ပျစ်ပျစ်ကလေး ဖြစ်သွားအောင် ရောမွှေ လိုက် ပါ။ ပြီးရင်အမွေးအမှင်ထူထပ် လွန်းနေတယ်လို့ မြင်ရတဲ့နေရာ၊ သို့မဟုတ် ကိုယ်မနှစ်သက်တဲ့ အမွေးအမှင်တွေရှိတဲ့နေရာ တွေကို လိမ်းပေးပါ။ ဒီ သဘာဝmask  ကို တစ်ပတ်၂ခါနှုန်းလောက်လိမ်းပေး ပါ။ သဘာဝနည်းအတိုင်းပဲ အမွေး အမှင်တွေ လျော့ပါးလာတာတွေ့ရပါလိမ့်မယ်။အကယ်၍ ကုလားပဲစေ့မှုန့်ရှာလို့မရဘူးဆိုရင် နောက်ထပ်လွယ်ကူတဲ့နည်းလမ်းက ဆားနဲ့နနွင်းမှုန့်ရောစပ်တဲ့နည်းလမ်းပါပဲ။ ဒီနည်းက လည်း သိပ်ကိုရိုးရှင်းလွယ်ကူလို့ လူကြိုက်များတဲ့နည်းတစ်ခုဖြစ်ပါတယ်။ပြုလုပ်ပုံကတော့ ဆားနဲ့နနွင်းမှုန့်ဆတူရော ပြီး   ရှောက် သို့မဟုတ် သံပရိုညှစ်ပြီး အရည်အနည်းငယ်နဲ့ နို့ အနည်း ငယ်ကို ပျစ်ထန်းလာစေရုံ အလောတော်ရော စပ်လိုက်ပါ။ ပြီးရင် မျက်နှာကိုလိမ်းပေးပြီး ၅မိနစ်ခန့် ထားပေးခြင်းဖြင့် လင်းလက် တောက်ပပြီးသဘာဝအတိုင်း အမွေးအမှင်ကင်း စင်တဲ့မျက်နှာလေးကို ပိုင်ဆိုင်လာပါလိမ့်မယ်။ ဒါကိုလည်း တစ်ပတ်၂ကြိမ်နှုန်းပြုလုပ်ပေးပါ။

အသားအရေဝင်းလက်တောက်ပစေဖို့

    အသားအရေဝင်းလက်တောက်ပနေတဲ့ အခါ ညိုတဲ့သူဟာ ဖြူသယောင်ထင်နေရတတ်ပါ တယ်။ အမှန်တော့ အသားအရေရဲ့ စစ်မှန်တဲ့အလှတရားဟာ ဖြူခြင်းညိုခြင်း နဲ့ မသက်ဆိုင်ပါ ဘူး။ ဝင်းလက်တောက်ပခြင်းနဲ့ပဲ သက်ဆိုင်ပါ တယ်။ အိမ်ထဲမှာပဲ အသားအရေကို ဝင်းလက် တောက်ပလာအောင် ပေါင်းတင်ဖို့လိုပါတယ်။ အုန်းဆီ၊ မုန့်ဖုတ်ဆိုဒါရောသမမွှေပြီး ပြုလုပ်တဲ့mask  ဟာ ဆားဝက်ခြံနဲ့အတူ ချွေးပေါက်တွင်းက ကြေးညော် တွေကို ကင်းစင်ပြီး ဝင်းပလာစေပါ တယ်။ ဒါ့အပြင် ဗီတာမင် E ဟာ အစက် အပြောက်တွေကို ပျောက်ကင်းစေဖို့ ကုစား တဲ့နေရာမှာ အစွမ်းထက်တာကြောင့် ညဘက် အိပ်ရာဝင်ခါနီးမှာ အသုံးပြုဖို့လိုပါတယ်။ ဗီတာမင် Eအဆီ(သောက်ေ ဆး ကိုမဆိုလိုပါ)ကို ည အိပ်ရာဝင်တဲ့အခါ မျက်နှာမှာခပ်ပါးပါး လေး လိမ်းပေးခြင်းဖြင့် အသားအရေ ဝင်း မွတ်လာစေပါတယ်။ ဒီလိုမဟုတ်ဘဲ night cream သီးသန့် အသုံးပြုတယ်ဆိုရင်လည်း သုံးနေကျ ပစ္စည်းကိုပဲ အိပ်ခါနီးမဖြစ်မနေ လိမ်းဖို့ လိုပါတယ်။ မျက်နှာပြင်အသား အရေက ဆဲလ်တွေဟာ ညဘက်အိပ်စက်တဲ့အခါမှာ အဟောင်းတွေကိုဖယ်ရှားပြီး အသစ်တွေ မွေးဖွားဖို့ အလုပ်လုပ်တဲ့အချိန်ဖြစ်တာကြောင့် ဒီနည်းလမ်းက အသားအရေလင်းလက်ဝင်းပ လာစေဖို့ သေချာပါတယ်။

ရွှေနေခြည်

Both comments and pings are currently closed.