နေယံပြောတဲ့ ရဲတိုက်အကြောင်း

(၁)

လူတိုင်း လူတိုင်းရဲ့ ဘဝ ဘဝတွေတိုင်း မှာ ကိုယ့်ကိုတကယ်ချစ်ခင်ပြီး ဘယ်အခြေအနေ မှာပဲ ဖြစ်ဖြစ် စေတနာထားနိုင်တဲ့ အကြံဥာဏ် ပေးနိုင်တဲ့ မိတ်ဆွေတစ် ဦးလိုအပ်ပါတယ်။

မိတ်ဆွေဆိုတာ လူတိုင်းအတွက် ကိုယ် မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ ဘဝမှာ တန်ဖိုးထားချစ်ခင်ရမယ့် သူလည်းဖြစ်နိုင်ပါ တယ်။

အဲဒီအတွက် ကျွန်မတစ်ဘဝလုံး မိတ်ဆွေ ကောင်းတွေကိုပဲ ရှာခဲ့ပါတယ်။ ကျွန်မကိုယ်တိုင် လည်း လူတိုင်းအတွက် မိတ်ဆွေကောင်းပဲ ဖြစ်ချင်ပါတယ်။

လောကဓံမုန်တိုင်းတွေကြုံလည်း မယိမ်း မယိုင် ချစ်ခင်မြတ်နိုးနိုင်မယ် လူသားနှစ်ဦးရဲ့ ကြားက သစ္စာတရားဆိုတာ မိတ်ဆွေတွေဆီ မှာပဲ မြင်ရနိုင်တယ်မဟုတ်လား။

(၂)

၂ဝ၁၅ ခုနှစ်အတွင်းမှာ ရုပ်မြင်သံကြားက သရုပ်ဆောင်ရဲတိုက်ရဲ့ ဇာတ်ကားလေးတွေ မကြာမကြာပြန်လည်ပြသပါတယ်။ ရဲတိုက်ကို လွမ်းတဲ့ ပရိသတ်အလွမ်းပြေ သူလည်းရှိ ပိုလွမ်း သူလည်း ရှိကြပါတယ်။ လူမူကွန်ရက် စာမျက်နှာတွေထက်မှာလည်း ရဲတိုက်လွတ်ပြီဆို တဲ့ သတင်းစကားကရေပန်းစားသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ရဲတိုက်ကို ပရိသတ်တွေ မြင်လိုတွေ့လိုအလွမ်းပိုကြချိန်မှာ ရဲတိုက်ရဲ့ အချစ်ဆုံးသူငယ် ချင်းမိတ်ဆွေကောင်းတွေအဖြစ် ရပ်တည်ပေး ခဲ့တဲ့ သရုပ်ဆောင်နေယံနဲ့ တွေ့ဆုံပြီး သူသိ တဲ့ ရဲတိုက်အကြောင်းကို မေးမြန်းခဲ့ပါတယ်။

”မဂ္ဂဇင်းတစ်အုပ်မှာ ကျွန်တော် ရေးဖူးပါ  တယ်။ သူ့ဘဝအတွက် အရေးအကြီးဆုံးသူဆိုရင် အဲဒါက ကျွန်တော်ပါပဲလို့။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ကဏ္ဍေ လးတစ်ခုမှာ အတူရိုက်ခဲ့ဖူးတယ်။ သူငယ်ချင်းဆိုတဲ့ ခေါင်း စဉ်အောက်မှာပေါ့”

နေယံက သူ့သူငယ်ချင်းရဲတိုက်နဲ့ ပတ် သက်လို့ လွမ်းဆွေးဖွယ် သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်က စကားကိုစတင်ခဲ့ပါ တယ်။

”ရဲတိုက်က ငယ်ငယ်လေးကတည်းက ကျွန်တော် ပေါင်းလာတဲ့ သူငယ်ချင်းတွေထဲမှာ စိတ်ထား အကောင်းဆုံးလူတစ်ယောက်ပါ။ သူက အင်မတန်စိတ်ထားဖြူ တယ်။သူသည် သူ ဟာနဲ့ သူတချို့အကြောင်းအရာလေးတွေမှာအမသညါ ဖြစ်မယ့်သာဖြစ်နေတာ။ တကယ့် တကယ် ရင်ထဲက နှလုံးသားကတော့ သိပ်ဖြူ တယ်။

အဲဒါတော့ သူ့အတွက် ကျွန်တော်ပြော နိုင်တဲ့အနေအထားပါ”

လူတစ်ယောက်မှာ အရေးကြီးဆုံးက သူ့ရဲ့ အတွင်းက စိတ်နှလုံးသားပါပဲ။ စိတ်နှလုံးသား မကောင်းမွန်တဲ့ လူတစ်ယောက်ဟာ ဘယ် လောက်တော်သူဖြစ်ပါစေ. ..လူကောင်း တစ် ယောက်မဖြစ်နိုင်ပါဘူး။ ရဲတိုက်ကတော့ သူ့ရဲ့ ပင်ကိုဗီဇကိုက လူကောင်းတစ်ယောက် ဖြစ်ပြီး သားလို့ နေယံစကားတွေက ညွှန်းဆိုပါတယ်။

”ကျန်တဲ့ သူ့အလုပ် အနုပညာပိုင်းနဲ့ ပတ်သက်လို့တော့ သူ့မှာ အရည်အချင်းတွေ အများကြီးရှိတယ်ဆိုတာ သူ့ပရိသတ်တွေ အားလုံးသိပြီးဖြစ်မှာပါ။ သူက တကယ် ပါရမီ ကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။

သူ့သရုပ်ဆောင်မူက ကောင်းပြီးသားပဲ လေ”

ကျွန်မသတိထားမိသလောက် ရဲတိုက်ရဲ့ ပရိသတ်တွေက ယောက်ျားမိန်းမ အရွယ်စုံပါ တယ်။ ယောက်ျားချင်းနှစ်သက်ဖို့ဆိုတာ အနု ပညာအလုပ်လုပ်သူတွေထဲမှာ ကြုံရခဲတဲ့ရလဒ် တစ်ခုပါ။ ရဲတိုက်ရဲ့ အနုပညာကို လူတိုင်းခံစား လိုရတာကလည်း အသေအချာပဲဖြစ်ပါတယ်။

”ကျွန်တော်တစ်ဦးတည်း စိတ်ခံစားချက် အနေနဲ့တော့ ကျွန်တော်သူငယ်ချင်းရဲတိုက်ဟာ ကျွန်တော်စပြီး ပေါင်းခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ ဒီနေ့ဒီအချိန်အထိ စိတ်နှလုံး သားဖြူစင်တဲ့ လူ တစ်ယောက်ဆိုတာပဲ သိသိမှတ်မှတ်ပြောချင် တယ်။

သူသည် အရမ်းဖြူတဲ့ နှလုံးသားရှိတယ်။ စိတ်ထားကောင်းတယ်။ သူနှလုံးသားမှာ  အမည်းတစ်စက် ဒီနေ့ဒီအချိန်ထိ ဘာမှ မတွေ့ ခဲ့ဖူးဘူး။

    တစ်ခါတစ်ရံတော့ ကျွန်မတွေးမိတတ်ပါ တယ်။ နှလုံးသားသိပ်ဖြူသူတွေဟာ လောကဓံ ကို ပိုပြီးခံရတတ်သလားလို့ပါ။ ဖြူစင်တဲ့ နှလုံးသားဟာ လောကကပေးတဲ့ အနာတရတွေ အတွက် ပိုပြီးဒဏ်ရာရတတ်ပါသလားလို့ တွေးမိရပါတယ်။

”ကျွန်တော်နဲ့ နှစ်ရှည်လများပေါင်းလာ ကြတဲ့ အချိန်တွေအတွင်း သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်မွေးတာမျိုး တစ်စက်ကလေး တောင်ပေါ်မလာခဲ့ဖူးဘူး။မကောင်း

တဲ့ စိတ်ဆိုတာက ရှိရင်ပေါ်လာ မှာပဲလေ။ လုံးဝဖုံးဖိထားလို့ မရနိုင်ဘူး။ သူ့စိတ်က မမည်းခဲ့ဘူး။ မပုပ်ခဲ့ဘူး။ မယုတ် ခဲ့ဘူး။

ကျွန်တော် အမြဲတမ်းပေါင်းနေတဲ့ သူငယ် ချင်းတစ်ယောက်အဖြစ် အဲဒီလိုမြင်ရပါတယ်။

”ကျွန်တော့်သူငယ်ချင်းက လုံးဝအဖြူပါ”

ကျွန်တော်သူငယ်ချင်းက လုံးဝအဖြူပါလို့ နေယံကပြောတော့ ကျွန်မက ယုံယုံကြည်ကြည် ပဲ ခေါင်းညိတ်မိပါတယ်။ ရဲတိုက်ကိုချစ်တဲ့ ပရိ သတ်အများစုကလည်း ရဲတိုက်ရဲ့ အဲဒီဖြူစင်မှု ကိုပဲ အသိအမှတ်ပြုခဲ့ကြတာလို့ ကျွန်မက မြင် ပါတယ်။ သူက တခြားသရုပ်ဆောင်တွေနဲ့ကွဲ ပြားတာလည်း အသေအချာပဲ ဖြစ်ပါတယ်။

”လူနှစ်ဦးပေါင်းသင်းချစ်ခင်မှုမှာ ကြိုက် ခြင်းမကြိုက်ခြင်းတွေလည်း ရှိပါတယ်။ ကျွန် တော်မကြိုက်တဲ့ အချက်ကတော့ တစ်ဇွတ်ထိုး တွေလုပ်တဲ့အလုပ်တွေ နဲ့ အောင်မြင်မှုကို မခံနိုင်တာပဲ။ ခံနိုင်ရည်မရှိတာပေါ့နော်။

အောင်မြင်တဲ့ဒဏ်၊ ငွေကြေးဒဏ်တွေကို ခံနိုင်ရည်မရှိတာဟာ ကျွန်တော်သူ့ကို မကြိုက် တဲ့ အချက်တွေပဲ။

ရဲတိုက်က အောင်မြင်မှုဒဏ်မခံနိုင်ဘူးလို့ နေယံကပြောတဲ့အခါ ကျွန်မအံ့သြရပါတယ်။ အောင်မြင်ပုံကို မကြိုက်တာရော မဖြစ်နိုင်ဘူး လားလို့ ရဲတိုက်ရဲ့ သူငယ်ချင်းေ နယံကို ကျွန်မ စောဒကတက်မိတယ်။

”အောင်မြင်မှုကို သူ မကြိုက်တာတော့ မဟုတ်ဘူးဗျ။ အောင်မြင်မှုကို သူကြိုက်တယ်။ သူအောင်မြင်တာတွေကို သူလက်ခံတယ်။ ဂုဏ်ယူတယ်။ သူ့အနုပညာကို သူအမြဲကြိုးစား နေတာပဲလေ

အောင်မြင်တဲ့ အချိန်မှာ ရောက်လာတဲ့ အောင်မြင်ချက်တွေကိုတော့ သူခံနိုင်ရည်မရှိဘူး လို့ပဲ ကျွန်တော်မြင်ပါတယ်”

ဒါက ကျွန်တော့်အမြင်ပါ။ သူ့ဘက်မှာ တော့ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့…..လို့ နေယံကရဲတိုင်အပေါ် သူ့ရဲ့ အမြင်ကို ပွင့်လင်းစွာ သုံးသပ်ပြောကြားခဲ့ပါတယ်။

အောင်မြင်မှုအပေါ်ရဲတိုက် တကယ်

ဘယ်လိုသဘောထားခဲ့လဲဆိုတဲ့အကြောင်း နေယံစကားတွေကတစ်ဆင့် ကျွန်မဆက်လက် တွေးတောနေမိပါတယ်။ သေချာတာက ရဲတိုက်ကို သူ့ပရိသတ်တွေသိပ်ကိုမျှော်လင့်နေ ကြတာပါပဲ။

အေးမွန်

Both comments and pings are currently closed.