သင်ဟာ အသားအရေ ခြောက်သွေ့သူလား

အသားအရေခြောက်သွေ့တယ် ဆိုတာ ဘယ်လို လဲ

သင်ဟာ အသားအရေ ခြောက်သွေ့သူ တစ်ယောက် ဟုတ်မဟုတ်ကို လေ့လာဆန်းစစ် ကြည့်နိုင်ပါတယ်။ မိမိ အသားအရေ အမျိုးအစား ကို သေသေချာချာ သိထားမှ အသားအရေ ထိန်းသိမ်းမှုကို သေချာစွာ ပြုလုပ်နိုင်မှာဖြစ်ပါ တယ်။ သင့်ရဲ့ အသားအရေကို သတိပြုကြည့်ပါ။ အသားအရေ ဟာ ပုံမှန်ကဲ့သို့ သက်သောင့် သက်သာ ရှိမနေဘဲ တင်းကျပ်ပြီး ခြောက်သွေ့မှု ကို ခံစားလာရပြီ ဆိုရင်တော့ သင့်အရေပြား ဟာ ခြောက်သွေ့ လာပြီဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားမှာ အဖတ်လေးတွေ လန် လာမယ်၊ အရေပြား ခြောက်သွေ့ တင်းကျပ်မှုကြောင့် အရေးကြောင်းတွေ ပေါ်လာမယ် ဆိုရင်တော့ သင့် အသားအရေဟာ တကယ်ကို ခြောက်သွေ့ နေပြီ ဖြစ်ပါတယ်။ အရေပြား ခြောက်သွေ့မှု ကြောင့် အရေးကြောင်းတွေ ပေါ်လာတဲ့ အတွက် သင့်ရဲ့ ရုပ်သွင်ကို ပိုမို အိုမင်းစေနိုင်ပါတယ်။ ဒါဟာ အဆီ နဲ့ရေဓာတ် ခန်းခြောက် လာတာ ကြောင့်ပဲ ဖြစ်ပါတယ်။ အရေပြား ခြောက်သွေ့မှု ဟာ မျိုးရိုး ဗီဇကြောင့် ဖြစ်နိုင်သလို ပူလွန်း ဒါမှမဟုတ် အေးလွန်းတဲ့ ပြဿနာတွေကြောင့် လည်း ဖြစ်ပေါ်နိုင် ပါတယ်။

အလှကုန် ကုမ္ပဏီများမှလည်း အစိုဓာတ် ထိန်းခရင်မ်တွေ များပြားစွာ ထုတ်လုပ် ထားပါ တယ်။ စားသောက်မှု ပုံစံမှာတော့ အဆီကို လျှော့စားပြီး အစိုဓာတ် ထိန်း ခရင်တွေ ကို သေချာစွာ လိမ်းပါ။ Skin Care ထိန်းသိမ်းမှုနဲ့ အရေပြား ရဲ့အစိုဓာတ်ကို ထိန်းသိမ်း ရမှာ ဖြစ်ပါတယ်။

အသားအရေ ခြောက်သွေ့မှု ပြဿနာဟာ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှုကြောင့် UV Rays  တွေဟာ အရေပြားကို ထိုးဖောက် ဝင်ရောက်ပြီး အရေးကြောင်းတွေ ကိုပါ ဖြစ်ပေါ် လာစေတာ ဖြစ်ပါတယ်။ ဒါဟာ အရွယ် မတိုင်မီ အိုမင်းမှုအပြင် ထပ်ပေါင်း ဖြစ်ပေါ်လာမယ့် လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ အသားအရေကို ဘယ်လိုထိန်း သိမ်းစောင့်ရှောက်မလဲ။

ဆပ်ပြာ ဒါမှမဟုတ် Alcohol ပါဝင်တဲ့ Product တွေဟာ ခြောက်သွေ့တဲ့ အသားအရေ အတွက် သုံးသင့်တဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး။ ဒါတွေအစား ခရင်မ် ဒါမှ မဟုတ် နို့ရည် Cleanser မျိုးကို အသုံးပြုပေးပြီး အစိုဓာတ် ထိန်းခရင်မ်ကို ဖြည့်စွက် လိမ်းပေးပါ။ ဒါဟာ အရေးကြောင်းတွေ ပျောက်ကင်းစေဖို့ အတွက် အရေပြားကို အားဖြည့်ပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဆပ်ပြာကို အသုံးပြုမယ် ဆိုရင်လည်း Glycerin ကို အခြေခံပြီး ထုတ် လုပ်ထားတဲ့ ဆပ်ပြာမျိုး ကို အသုံးပြုပေးပါ။

 ခြောက်သွေ့တဲ့ အသားအရေ အတွက် ကြေးချွတ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အရေပြား မျက်နှာပြင်ပေါ်မှာ ဆဲလ်သေ တွေက ကပ်ညိနေ တာကြောင့် အရေပြားဟာ ခြောက်သွေ့ ကြမ်းတမ်းနေတယ်လို့ မြင်တွေ့ရ တာဖြစ်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှား လိုက်ပါမှ ဆဲလ်တွေဟာ အသစ် တစ်ဖန် ပြန် လည်ဖြစ်ထွန်း လာမှာ ဖြစ်ပါတယ်။

အသုံးပြုတဲ့ Moisturizer ကိုလည်း ခြောက်သွေ့တဲ့ အသားအရေ အတွက် ထုတ် လုပ်ထားတာမျိုးကို အသုံးပြုပါ။ အရေပြားကို ရေဓာတ် နဲ့ အစိုဓာတ်ဖြည့် တင်းပေးနိုင် မယ့် ပစ္စည်းပါဝင်တဲ့ Moisturizer ကို ရွေးချယ်ခြင်းက ခြောက်သွေ့တဲ့ အသားအရေ အတွက် အမှန် ကန်ဆုံး ရွေးချယ် မှုပဲဖြစ်ပါတယ်။ နူးညံ့စိုပြည်တဲ့ အသားအရေ ဟာ ဆွဲဆောင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ အရေပြား ကို အခြားဘေး အန္တရာယ်တွေ က ကာကွယ်ပြီးသား နည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့ သူတစ်ဦးအနေနဲ့ အလှကုန် ပစ္စည်းတွေ ဝယ်ယူ တော့မယ် ဆိုရင် ပါဝင်ပစ္စည်းမှာ hyaluronic acid နဲ့ glycerin ဒါမှမဟုတ် Sorbitol (အသားအရေ စိုပြည်စေဖို့ အတွက် ဖြစ်ပါတယ်) နဲ့ Lactic acid, collagen နဲ့ Petrolatum နဲ့ Lanolin (အသားအရေ နူးညံ့ချောမွေ့စေဖို့ ဖြစ်ပါတယ်) စတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ Product မျိုးကို ရွေးချယ်ဝယ်ယူပါလို့ အကြံပြု ချင်ပါတယ်။

 နောက်ဆုံးပြဿနာတစ်ခု ကတော့ အသား အရေခြောက်သွေ့သူတွေ အနေနဲ့ ကိုယ်နေထိုင် တဲ့ ပတ်ဝန်းကျင် အခြေအနေကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ အသား အရေပြဿနာတွေပဲ ဖြစ်ပါ တယ်။ ကိုယ့်ရဲ့နေ့စဉ် လူနေမှုဘဝမှာ ရေဓာတ် ဆုံးရှုံးစေနိုင်တဲ့ အခြေအနေမျိုးကို နည်းပါး အောင် ပြောင်းလဲနေထိုင်ပါ။ Moisturizer အပြင် Lip Balm နဲ့ Hand Cream တွေကို လည်း အပြင်ထွက်တိုင်း လိမ်းကျံပေးဖို့ လိုအပ် ပါတယ်။ ရေကိုလည်း တတ်နိုင်သမျှ ပိုသောက် ဖြစ်ဖို့ သတိပြုပါ။

ခြောက်သွေ့အသားအရေရဲ့ မျက်နှာပြင်ကို ရေဓာတ်ဖြည့်တင်းမယ်

 ခြောက်သွေ့တဲ့ အသားအရေဟာ အခြား အသားအရေ အမျိုးအစားတွေ ထက် ပိုမိုဂရု စိုက်ပေးရပါတယ်။ ဒါကြောင့် ခြောက်သွေ့ အသားအရေ ပိုင်ရှင်တွေဟာ တစ်ပတ် မှာ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့် မျက်နှာပြင် အရေပြားရဲ့ အစိုဓာတ်မြင့်တက်လာစေဖို့ ပြုလုပ်ပေးရပါမယ်။ ပြုလုပ်ရမယ့် ပုံစံကတော့

၁။ နူးညံ့တဲ့ Facial Scrub ကို အသုံးပြုပြီး ကြေးချွတ် ပွတ်တိုက်ပေးပါ။ လက်ချောင်းလေး များကို အသုံးပြုပြီး အရေပြားကို ပွတ်တိုက်ပေး ခြင်းက မျက်နှာပြင် အရေပြားရဲ့ သွေးလည်ပတ် မှုကိုလည်း ကောင်းမွန်စေပါတယ်။

၂။ Cleansing လုပ်တဲ့အခါမှာတော့ Milky Cleanser မျိုးကို အသုံးပြုပေးပါ။ ဒါဟာ ကြေးချွတ်ပြီး တဲ့အခါမှာ ကျန်ရှိနေတဲ့ ကြေး ညှော်တွေနဲ့ ဆဲလ်သေတွေကို အရေပြား အတွင်း ပိုင်းအထိ နက်ရှိုင်းစွာ ဖယ်ရှားပေးနိုင်ဖို့ပဲ ဖြစ် ပါတယ်။ သန့်စင်ပြီးလို့ Facial Cleanser ကို ပြန်ဖျက်တဲ့ အခါမှာလည်း ဂွမ်းလုံး ဒါမှမဟုတ် မျက်နှာ သန့်စင်တဲ့ Tissues ကို အသုံးပြုပြီး ပွတ်သုတ်နိုင်ပါတယ်။

၃။ မျက်နှာ အရေပြားကို လန်းဆန်းအေးမြစေဖို့ အတွက် Toner ကို အသုံးပြုမယ့်အစား ရေအေးအေးလေး ကို အသုံးပြုပြီး စပရေးပုံစံ ဖျန်းပက်ပေးပါ။ ဒါဟာ မျက်နှာ အရေပြား လန်းဆန်းအေးမြ သွားစေဖို့ ပြုလုပ်ခြင်း လည်း ဖြစ်ပါတယ်။

၎။ ဒီအဆင့် မှာတော့ ရေဓာတ် ဖြည့်တင်းပေးမယ့် Face Maskကို အသုံးပြုပေးရမှာပါ။ ဒါဟာ မျက်နှာပြင်ကို နူးညံ့ပျော့ပျောင်းစေနိုင် ဖို့ပဲ ဖြစ်ပါတယ်။ သဘာဝ အစိုဓာတ် ကို ပေးနိုင် မယ့် ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး Face Mask ပြုလုပ်ပါ။ Face Mask ပြုလုပ်နည်း ကို သီးသန့်ဖော်ပြပေးထားပါတယ်။) Face Mask ကို မျက်နှာပေါ် မှာ ၁ဝ မိနစ်၊ ၁၅ မိနစ် ခန့်ထားပြီး ရေဆေး ချနိုင်ပါတယ်။

၅။ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။ အစိုဓာတ် ထိန်းခရင်မ် လိမ်းတဲ့အခါမှာ အကောင်းဆုံး နည်းလမ်း ကတော့ လက်ချောင်းတွေကို အသုံး ပြုပြီး လိမ်းပေးခြင်းပါပဲ။ ဒါဟာ အရေပြား မျက်နှာပြင် ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန် စေတဲ့အတွက် ရေဓာတ် ပိုမိုရရှိစေဖို့ ကူညီပေး ပါတယ်။

ခြောက်သွေ့အသားအရေပိုင်ရှင်တွေ သိရမယ့် အချက်များ

– ညအိပ်ရာ ဝင်ခါနီးမှာ မျက်နှာပြင်ကို သန့်စင်မှုပြုလုပ်ပေးပါ။ ဒါဟာ အရေပြားပေါ် မှာရှိတဲ့ အညစ်အကြေး နဲ့ ကြေးညှော်တွေကို ဖယ်ရှား ရှင်းလင်းရာ ရောက်သလို အရေပြား ပိုမိုခြောက်သွေ့မလာစေဖို့ ဖြစ်ပါတယ်။ မနက် ပိုင်းမှာတော့ ရေဓာတ်ရရှိစေမယ့် Spray နဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို အသုံးပြုပေးဖို့ လိုအပ် ပါတယ်။

– ကြေးချွတ်ခြင်း ကတော့ ခြောက်သွေ့တဲ့ အသားအရေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ပြုလုပ်ရမယ့် အဆင့် တစ်ခုပဲ ဖြစ်ပါတယ်။ ခြောက်သွေ့ အသားအရေ ပိုင်ရှင်ဟာ Facial Scrub ကို ရွေးချယ်တဲ့အခါ အစေ့အဆန် ဒါမှမဟုတ် ဆား ပါဝင်တာတွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ဒီပစ္စည်းတွေက အစိုဓာတ်ကို ဆုံးရှုံးစေနိုင် ပြီး ခြောက်သွေ့ အသားအရေကို ပိုမိုပျက်စီးစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

– အသားအရေကို ရေဓာတ်ဖြည့်တင်းဖို့ အတွက် ရေချိုးပြီးချိန်မှာ တာဝါစ နဲ့သုတ်ပြီး အစိုဓာတ် ထိန်းခရင်မ်ကို ချက်ချင်းလူးပေးပါ။ ဒါဟာ အရေပြား အတွက် အစိုဓာတ် ကို ပိုမို ရရှိစေပါတယ်။

– ဒါ့ပြင် အဆီဓာတ်ပါတဲ့ ငါး နဲ့  Fatty Acids ပါဝင်တဲ့ အစားအစာတွေက အသား အရေခြောက်သွေ့ခြင်းနဲ့ အရေပြား အဖတ်များ လန်နေခြင်း ကို လျော့ပါးစေ ဖို့ ဖြည့်တင်းပေးနိုင် မယ့် အာဟာရဓာတ်ပဲ ဖြစ်ပါတယ်။

ခြောက်သွေ့အသားအရေအတွက် လိုအပ်တဲ့ Products (၅) မျိုး
– ခရင်မ်သန့်စင်ဆေး
– ကြေးချွတ်ဆေး
– အစိုဓာတ်ထိန်းခရင်မ်
– အစိုဓာတ်ဖြည့်တင်းပေးမယ့ှ်စမပေ
– အစိုဓာတ်ဖြည့်တင်းပေးမယ့် ပေါင်းတင်ကပ်ခွာ

Face Mask ပြုလုပ်နည်း

ပျားရည် နဲ့ ထောပတ်သီးဟာ အစိုဓာတ် ပြည့်ဝစွာ ပါဝင်နေတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အသားအရေဖြစ်ဖို့ အတွက် အစားအစာတွေ ပဲ ဖြစ်ပါတယ်။ ဒီပါဝင် ပစ္စည်း တွေကို အသုံးပြုပြီး Face Mask တစ်ခု အတူတူ ပြုလုပ်ကြည့်ရအောင်ပါ။

– ထောပတ်သီးတစ်ခြမ်း
– ပျားရည်ခွက်နှင့် လေးပုံတစ်ပုံ

ပါဝင်ပစ္စည်းတွေကို ရောစပ်ပြီး မျက်နှာ ပြင်ပေါ်မှာ ၅ မိနစ်၊ ၁ဝ မိနစ်ခန့်ထားပါ။ ပြီးနောက် ရေကြက်သီးနွေးနှင့် တဘက်စတို့ကို အသုံးပြုပြီး ဖယ်ရှားသန့်စင်ပါ။

အေမီချို

Both comments and pings are currently closed.