ဆံသားအလှမပျက်အောင် အမျိုးအစားအလိုက် ထိန်းသိမ်းစောင့်ရှောက်နည်းများ

လှပစိုပြည်ရတီမေ

ရတီမေတို့ ကိုယ့်ဆံပင်အမျိုးအစားကို ကိုယ် သိကြပါသလား။ ဒါက သိဖို့ သိပ်ကိုလွယ် ကူပါတယ်။ ယေဘုယျအားဖြင့် ရိုးရိုးရှင်းရှင်း ခွဲခြားရရင်တော့ ဆံပင်အမျိုးအစား ကို ၂ မျိုး သတ်မှတ်နိုင်ပါတယ်။ အဖြောင့်နဲ့ အကောက် ပါပဲ။ လူတစ်ဦးချင်းစီရဲ့ သီးသန့်ဝိသေသ လက္ခဏာတွေအပေါ်မူတည်ပြီး ကွဲပြားတတ် ကြပေမဲ့ ရုပ်အဆင်း သွင်ပြင်လက္ခဏာတွေဟာ သူတို့ မွေးဖွားလာရာ ပထဝီအနေအထား၊ ရာသီဥတုပေါ် မူတည်ပြီးလည်း ပီပြင်စွာ ကွဲပြားပါသေးတယ်။ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်း မိန်းကလေးတွေရဲ့ သဘာဝမှာ ကွဲပြားမှုကတော့ အသားအရေ ရုပ်ရည်သွင်ပြင် သာမက ဆံသားသဘာဝနဲ့ အရောင်တွေပါ ပါဝင် ပါသေးတယ်။ ဒီအထဲကမှ ရတီပရိ သတ် မေတို့အတွက် လိုက်ဖက်အကျိုးရှိစေမယ့် ပုံစံအချို့ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

လှပတဲ့ဆံပင်အဖြောင့်

ဆံပင်အဖြောင့်ဆိုတာ လှိုင်းတွန့်တွေအခွေ အလိပ်တွေကင်းစင်ပြီး ဖြောင့်စင်းနေတဲ့ ဆံသားပါပဲ။ ဒီလို ဆံပင်ကို တောက်ပပြီး အဆီ ဓာတ်ပြည့်ဝစွာ တွေ့ရတတ်ပါ တယ်။ နဖူးဆံစ ဆံသားအရင်းကစလို့ လုံးဝဖြောင့်စင်းနေတဲ့ ဆံသားတောက်လျှောက်နဲ့ အဖျားစွန်းတွေထိ သက်ရောက်မှုရှိစေဖို့ သဘာဝအလျောက် ဦးရေပြားမှာအဆီ ဓာတ်ပြည့်ဝနေဖို့ လိုအပ် ပါတယ်။ ဆံပင်အဖြောင့်တွေရဲ့တန်ဖိုးကို အရှည်နဲ့ အလေးချိန်တွေနဲ့ တိုင်းတာတွက်ချက် ကြလေ့ရှိပါတယ်။ ယေဘုယျစံနှုန်းကတော့ ၁၈လက် မ ကနေ ၂ဝ ဆိုရင် ပုံမှန် စွဲမက်ဖွယ်အဆင့် ကနေ ခမ်းနားတဲ့အလှ၊ ၂၄ လက်မ အရှည်ဆိုရင် တော့ တန်ဖိုးကြီးဆံပင်တွေပါပဲတဲ့။ ဆံပင်တွေရဲ့ အလှကို အရှည်အပြင် ဆံသားနက်ရှိုင်းထူ ထဲမှုနဲ့လည်း တိုင်းတာကြပြန်ပါတယ်။ ဆံပင် အရှည်ချင်းတူရင်တောင် အလေးချိန်မြင့်မား တဲ့ဆံပင်ဟာ ပိုမိုတန်ဖိုးမြင့်လာပါတယ်။ ဒါကို တော့ တိုင်းတာဖို့ မေတို့အနေနဲ့ အိမ်မှာ တိုင်း တာဖို့ ခက်ခဲတဲ့အတွက် မဖော်ပြတော့ပါဘူး။ ဒီဆံပင်ဖြောင့်တွေထဲမှာမှ အမျိုးအစားကို ၃ မျိုးလောက် ထပ်ခွဲနိုင်ပါသေးတယ်။

ဖြောင့်စင်းလွန်ဆံပင်

ဒီဆံသားတွေဟာ များသောအားဖြင့် ဆံလုံးတွေဟာ ပျော့ပျောင်းပါးလွှာပြီး သေးသွယ်တတ်ကြပါတယ်။ အခွေအလိပ် သဏ္ဌာန် လှိုင်းတွန့်ကြီးတွေ ကင်းစင်နေပါတယ်။ အဖျားကနေ အရင်းထိကို ပျော့ပျောင်းပြီး တိကျစွာ စင်းကျလာတဲ့ ခပ်နုနုဆံသားလေးတွေ ပါ။ များသောအားဖြင့်တော့ အာရှသူတွေက ဒီလို ဆံသားမျိုးကို ပိုင်ဆိုင် တတ်ကြပါတယ်။ အနောက်တိုင်းသူတွေကြားမှာတော့ တွေ့ရခဲတဲ့ ရှားရှားပါးပါး ဆံပင်တွေပါပဲ။ ပြထားတဲ့ဓာတ်ပုံ ထဲက ဆံပင်ဟာ နံပါတ်တစ်အဖြောင့်အစင်းထဲ ကပါ။   ဖြောင့်စင်းလွန်ဆံသားအဖြစ် မြင်ရပေမဲ့ သူ့မူရင်းဆံသားမဟုတ်ဘဲ ဆေးနဲ့ဖြောင့်ထား တာပေမဲ့ မေတို့ မြင်သာစေဖို့အတွက် နမူနာ ဖော်ပြလိုက်ပါတယ်။

သာမန်ဆံပင်အဖြောင့်

ဆံပင်ဖြောင့်ထဲက နောက်တစ်မျိုးကတော့ အနောက်တိုင်းသူတွေကြားထဲမှာတော့ ထုံ့ပိုင်း ပိုင်း တွေ့ရလေ့ရှိတတ်ပါတယ်။ သူက ဖြောင့်စင်း လွန်ဆံသားထက်ပိုပြီး ဆံလုံးကြီးထူထဲသန်မာ ပါတယ်။ အရှေ့တိုင်းသူတွေမှာ ပိုတွေ့ရလေ့ရှိ ပါတယ်။ မြန်မာအမျိုးသမီးအများစုဟာ ဒီလို ဆံသားတွေ ပိုင်ဆိုင်ထားတတ်ကြလေ့ ရှိပါ တယ်။ ဒီ ဆံပင်တွေဟာ ထူထဲသန်မာတဲ့အတွက် ရှည်လျားလာတဲ့အခါ အုံထူထူနဲ့ ဖြောင့်စင်း နေတတ်ကြပါတယ်။ ဆံသားတွေ မာပြီးဖြောင့် စင်းလို့တစ်ခါတစ်ရံ ဆံပင်တိုကာလ မှာ အရိုင်း ဆန်တယ်လို့ ထင်ရနိုင်စေပေမဲ့ တကယ် တမ်းတော့ အုပ်လုံးသိမ်းဆံပင်တွေပါပဲ။

ဆံနွယ်ဆံပင်

ဆံနွယ်တွေဟာ မြန်မာမိန်းကလေးတွေမှာ အများဆုံးတွေ့ရတတ်တဲ့ အမျိုးအစားပါ။ သူက ယုယုယယ သထားတဲ့အခါ ဖြောင့်စင်းလွန် သယောင်ရှိနေတတ်ပြီး   သေချာလေ့လာကြည့် ရင်တော့ မဟုတ်ဘူးဆိုတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီဆံသားမှာ အနားသတ် အဖျားလေးတွေဟာ လှိုင်းအယောင်ဆောင် နွယ်ေ လးတွေအဖြစ် ဝေ့ဝိုက်သွားတတ်လို့ပါပဲ။ ကဗျာဆန်ဆန် ဒီဆံသားတွေကို ထိန်းသိမ်း ရတာတော့ သိပ်ခက်ပါတယ်။ ဆံသားအလုံးဟာ အနည်းငယ်သေးသွယ် တတ်ပေမဲ့ ဖြောင့်စင်း လွန်ဆံသားတွေလောက်လည်း မဟုတ်ပြန်ပါ ဘူး။

ဆံပင်အဖြောင့်တွေအတွက် ဆံသားထိန်းသိမ်း နည်းများ

ဆံပင်ဖြောင့်တဲ့လူတွေဟာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အဖျားနှစ်ခွကိုမဖြစ်အောင် ကာကွယ်ဖို့ လိုပါတယ်။ ဒီအတွက်mild shampoo  အမျိုး အစားကိုသာ ရွေးချယ်ပါ။

ဆံလုံးသွေးသွယ်တဲ့ ဖြောင့်စင်းလွန်အမျိုး အစားတွေကတော့ ခေါင်းမလျှော်ခင်တိုင်းမှာ ဆံပင်တွေကို ဘီးနဲ့ သေချာဖြီးသင် ရှင်းလင်း ပေးပါ။

ဒီဆံပင်အဖြောင့်တွေ အားလုံးအတွက်က တော့Shampoo  နဲ့ခေါင်းလျှော်ပြီး၊ ပျော့ဆေး သုံးပြီးတိုင်းမှာmoisturizer  နဲ့ဆံသားကို အား ဖြည့်ပေးဖို့ လိုအပ်ပါတယ်။

ဒါမှ ဦးရေပြား ခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ပြီး မူလ ဆံသားမှာရှိနေတဲ့ အဆီဓာတ်ကို ပြန်လည်ထိန်း သိမ်းနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး ရေစိုနေတဲ့ဆံသားတွေကို ဘီးနဲ့ ဆွဲဖြီးချတာမျိုးတွေ မလုပ်ရပါဘူး။ ဆံပင်တွေကို ထက်ပိုင်းကျိုးပြတ်စေတတ်ပါတယ်။ ဆံပင် အဖြောင့်တွေ တညီတညာ တည်း ရှည်နေတာက တကယ့် အလှတရား စစ်စစ်ပါပဲ။ ခေါင်းရေစိုနေ တာကို ဘီးကြဲကြဲကြီးနဲ့ ဖြီးသင်ချတာမျိုး၊ တဘက်နဲ့ဖိပွတ်တိုက် သုတ်တာမျိုးတွေအစား လက်ေ ချာင်းတွေနဲ့ ခပ်ဖွဖွ ထိုးဖွခါပေးပြီး လေသလပ်အောင် လုပ်ပေးပါ။ ခေါင်းလျှော်ပြီးစ မှာ ဆံပင်တွေ ထုံးနှောင်နေရင်တော့ ဘီးနဲ့ ဆောင့်ဆွဲဖြီးချတာကို လုံးဝမလုပ်ဖို့ လိုပါတယ်။ ဖြောင့်စင်းတဲ့ ဆံသားအများစုဟာ ဆံပင် ဆိုးဆေးပြင်းပြင်းတွေ လုံးဝသုံးလို့မရတဲ့ အမျိုး အစားတွေပါ။ ဗီတာမင် E  ကို ဆံသားအနှံ့ လိမ်းပေးပြီး ဦးရေပြားကို   နှိပ်နယ်ပေးပါ။ ဦးရေပြားက သွေးကြောတွေလည်ပတ်မှု ကောင်းမွန်လာတဲ့အခါ ဆံသားတွေကို ညီညွတ် စွာလှပစေပါတယ်။ ညအိပ်ရာဝင်တဲ့အခါမှာ ဆံပင်ကို စည်းနှောင်ထားတာတွေ ဖြေလျှော့ လိုက်ပါ။ ဆံပင်ပျက်စီးမှု ကင်းဝေးလိုချင်တယ် ဆိုရင်တော့ စိတ်ဖိစီးမှုကို ကာကွယ်ရပါမယ်။ စိတ်ဖိစီးမှုဟာ ဆံပင်တွေကို ကျွတ်စေ သလို ဆံပင်တွေ ဖြူလာဖို့လည်း တတ်နိုင်ပါတယ်။ ဆံပင်အဖြူတွေဟာ ဆံပင်ဖြောင့်စင်းနေသူတွေ အတွက် အလှပျက်စေပါတယ်။ ဒါကြောင့် စိတ် ဖိစီးမှုတွေကို လျှော့ ချရပါမယ်။

ရင်ခုန်စရာ လှိုင်းတွန့်ဆံပင်

လှိုင်းတွန့်ဆံပင်တွေဟာ အဖြောင့်တွေ ထက်စာရင် အနည်းငယ် ပိုလို့စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီဆံသားတွေဟာ သိသာစွာ လှိုင်းဖြစ်နေပြီး ဖြောင့်စင်းမနေပါ ဘူး။ ဆံသား တွေဟာ များသောအားဖြင့်ဆံပင် အဖြောင့်တွေ လိုလည်း ပျော့အိမနေတတ်ကြပါဘူး။ ဒါတောင် မက လှိုင်းတွန့်ဆံသားတွေဟာ ပထမအမျိုး အစား ဆံပင် အဖြောင့်လောက် ဆံပင်အဆီဓာတ် ပြည့်ဝနေတာကို မတွေ့ရတတ်ပါဘူး။ ပုံမှန်အား ဖြင့် အနည်းငယ် ခြောက်သွေ့ကြမ်းတမ်း သယောင် မြင်နေရပါတယ်။ လှိုင်းတွန့်ဆံ ပင် တွေကို ပုံမှန်လိုင်း၊ လှိုင်း သေးသေးစိတ်စိတ် တွေနဲ့ အာဖရိကသူတွေရဲ့ ကောက်ကွေးကွေး လိမ်ကျစ်ကျစ်ဆံသားတွေရယ်ဆိုပြီး ခွဲခြား နိုင်ပါတယ်။ ဒါပေမဲ့ အရှေ့တို င်းသူတွေမှာတော့ လိုင်းသေးသေးလေးတွေရယ် ကွေးကောက် ကောက်တွေရယ် သိပ်မရှိလှတဲ့အတွက် ဖော်ပြ ဖို့ မလိုအပ်လှပါဘူး။

လှိုင်းတွန့်ဆံပင်တွေအတွက် ဆံသားထိန်းသိမ်း နည်းများ

ဒီလှိုင်းတွန့်တွေနဲ့ဆံသားတွေကို အရှိ အတိုင်းလှပနေအောင် ထိန်းသိမ်းတတ်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လှိုင်းရှိပြီး သားဆံပင်တွေကို အထပ်လှိုင်း တွန့်ဆံပင်တွေကို အထူးတလည် ပြုပြင်နေဖို့မလိုဘဲ အလွှာ အထပ်တွေ ညှပ်လိုက်တာနဲ့ လှပတဲ့ လှိုင်းတွေ သူ့အလိုလို ပုံစံတကျ ပေါ်လာတတ်လို့ပါပဲ။ ဒီ ဆံပင်တွေကို ထိန်းသိမ်းဖို့အတွက် နည်းစနစ် များမှာShampoo နဲ့ cleanser  တွေဟာ ဦးရေပြားအတွက်ဖြစ်ပြီး ပျော့ဆေးကတော့ ဆံသားအတွက်ပဲဖြစ်ပါတယ်လို့ တခမ်းတနား မှာထားတာကို တွေ့ရပါတယ်။ ဆိုလိုတာကတော့ ဆံသားလှိုင်းတွေကို ပိုင်ဆိုင်ထားသူတွေအနေနဲ့ နဂိုဆံသားကို ပြုပြင်ဖို့မလိုဘူးဆိုပြီး ခပ်လွယ် လွယ်လုပ်တတ်ကြလို့ သတိပေးထားပါပဲ။ လှိုင်းတွန့်ဆံပင်တွေဟာ moisturizer  သုံးဖို့ မလိုအပ်ပါဘူး။ လှိုင်းတွန့်ဆံပင်တွေကို လျှော်ပြီး ခြောက်အောင် ပြုလုပ်တဲ့အခါမှာတော့ တဘက်နဲ့   ခေါင်းကို ပတ်ပေါင်းထားပေးပြီး အခြောက်ခံပါ။ အရေးကြီးဆုံးသတိထားရမယ့် အချက်က ခြောက်သွေ့လွန်ပြီးြ<ွကပ်ဆတ်ရွတက် မသွားစေဖို့ပါ ပဲ။ ခေါင်းဖြီးဖို့အတွက် ကတော့ ပလတ်စတစ်ဘီးစိတ်စိတ်ကို မသုံးဖို့ မှာထားပါ တယ်။ အသွားကြဲကြဲနဲ့ ဘီးကြဲကြဲတွေကိုပဲ အသုံးပြုပါ။ ဆံပင်တွေကိုဆီလိမ်းတဲ့အခါ ဆံသားတစ်ဝက်လောက်ေ န အောက်ပိုင်းထိ လိမ်းပေးပါ။ လေမှုတ်အခြောက်မခံမီမှာ လှိုင်းတွန့်အဖျားတွေကို့ hair coat လိမ်းပေးတာ နဲ့ လှပတဲ့ အခွေအလိပ်တွေကို ပုံပေါ်လာစေပါ တယ်။

    အခုဆို ကိုယ့်ရဲ့ဆံသားကို ဘယ်လိုစောင့် ရှောက်ထိန်းသိမ်းရမယ်ဆိုတာကို ရတီမေတို့ သိပြီမို့ လှပတဲ့ဆံကေသာတွေ ပိုင်ဆိုင်နိုင်ပါပြီ နော်။

Both comments and pings are currently closed.