ဟိမဝန္တာ ရဲ့ နဂါးဘုရင်မ (သို့) ရဲ့ Queen Jetsun Pema ရဲ့ ဂန္ထဝင်ဆန် ကြော့ရှင်းတဲ့ ဖက်ရှင်

Queen Jetsun Pema ဆိုတာ ဟိမဝန္တာ တောင်တန်းကြားက သေးငယ်တဲ့ နိုင်ငံကလေး Bhutan ရဲ့ ရေမြေ့သခင် King Jigme Khesar Namgyel Wangchuck ရဲ့ တစ်ဦး တည်းသော ရှုမငြီးတဲ့ ချစ်ဇနီးပါ။ ဒီနေရာမှာ သူမကို တစ်ဦးတည်းသော ဇနီးလို့ သုံးနှုန်းရ တာက ဘူတန် ဘုရင်တွေဟာ မိဖုရား တစ်နည်း ဇနီးများစွာ ယူပိုင် ခွင့် ရှိလို့ပဲ ဖြစ်ပါတယ်။ သူ့ခင်ပွန်းနဲ့ သူ့ကို အနောက်ကမ္ဘာက ‘The William and Kate of the Himalayas’ လို့ ညွှန်းဆို ကြပါတယ်။ သူ့ခင်ပွန်း ဟာ ဆွဲဆောင် အား အရှိဆုံး တော်ဝင် လူပျိုတစ်ဦးအဖြစ် နာမည် ကြီးခဲ့သလို ပြုံးချိုတဲ့ မျက်နှာထားရယ်၊ အဲလ်ဗစ်ပရက်စလေ ရဲ့ အသွင်ယူ တတ်မှုကြောင့် ပါ Prince Charming လို့ အမည် တွင်ပါ တယ်။

၁၉၉၉ ခုနှစ်တိုင် ရုပ်မြင်သံကြားစက် တင်သွင်းခွင့် မရှိတဲ့ နိုင်ငံငယ်လေး၊ တိုင်းပြည်ရဲ့ GDP ကို ပျော်ရွှင်မှုနဲ့ တိုင်းတာတဲ့ နိုင်ငံငယ် လေးဟာ ၂ဝ၁၁ ခုနှစ်၊ အောက်တို ဘာလ ၁၃ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တဲ့ သူတို့စုံတွဲ ရဲ့ပွဲ အပြီး ငယ်ရွယ်နုနယ်တဲ့ သူမအလှ နဲ့လိုက်ဖက်တဲ့ ဖက်ရှင်တွေကြောင့် ဖက်ရှင်ကို ဘူတန်ပြည်သူ လူထုက စိတ်ဝင်စား လာပါတယ်။ ပုံမှန်အားဖြင့် အများပြည်သူ မြင်သာတဲ့ နေရာတွေသွားတဲ့ အခါတိုင်း ရိုးရာဝတ်စုံပဲ ဝတ်ခွင့်ရှိတဲ့ တိုင်းပြည် မှာ နောက်တက် လူငယ်တွေ ဟာ Queen Jetsun ကြောင့် ဖက်ရှင်ကို လေ့လာရကောင်း တဲ့အရာ၊ နေ့စဉ်ဘဝ ရဲ့ အရေးကြီးကိစ္စလို့ သိလာ ကြပြီး ကိုယ့်ရဲ့ စိတ်ဝိညာဉ်ထိတိုင် အများရဲ့ စိတ်ဝင်စားမှု ကိုရနိုင်ဖို့ အပြင် ပုံပန်းသဏ္ဌာန်က အရေးကြီးတယ် ဆိုတဲ့ ဆောင်ပုဒ်ဟာ Bhutan Street Fashion ဆိုတဲ့ Facebook Page ရဲ့ နာမည်ကြီးဆောင် ပုဒ်ဖြစ်လာတဲ့ အထိ ဖက်ရှင် ရဲ့အရသာကို သိလာကြပါပြီ။

Queen Jetsun ရဲ့ Wedding Fashion

၂ဝ၁၁ ခုနှစ် ရဲ့ မင်္ဂလာဆောင် ဝတ်စုံက စပြီး နာမည် ကြီးလာခဲ့ပေမဲ့ သူမ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံက ကိတ်မစ်ဒယ်လ်တန် ဝတ်တဲ့ မင်္ဂလာ ဝတ်စုံလို နာမည်ကြီး ဒီဇိုင်နာရဲ့ ဖန်တီးမှု မဟုတ် ခဲ့ပါဘူး။ ၃ ရက်ကြာ ကျင်းပတဲ့ မင်္ဂလာပွဲမှာ အားလုံးဟာ ရိုးရာ ဝတ်စုံတွေပဲ ဝတ်ခဲ့ကြတာ ဖြစ်ပြီး Jetsun ကိုယ်တိုင်လည်း ရိုးရာ သတို့သမီး ဝတ်စုံဖြစ်တဲ့ Kira ကို ဝတ်ဆင် ထားခဲ့ပါတယ်။ Kira ဆိုတာ ခြေကျင်းဝတ် ထိအောင် ရှည်တဲ့ ဝတ်စုံဖြစ်ပြီး မုန်ညင်းဝါရောင် အဆင်း ရှိကာ သူမဝတ်ဆင် အပြီး သိပ်မကြာခင် မှာ Donatella Versace နဲ့ Victroia Beckham တို့က သူတို့ရဲ့ Autumn Season အတွက် Key Color အဖြစ် အသုံးပြုခဲ့ပါတယ်။

ဒီဝတ်စုံကို ရက်လုပ်ဖို့ အချိန် ၃ နှစ်ကျော် ကြာပြီး လက်နဲ့ အထူးပြုလုပ်ရတဲ့ Handmade ဖြစ်တာကြောင့် တစ်နှစ်တည်းမှာပဲ လခြားပြီး မင်္ဂလာဆောင်တဲ့ ကိတ်မစ် ဒယ်လ် တန်ရဲ့ ဝတ်စုံ မှာ ချုပ်ရာမပေါ်အောင် အထူး ချုပ်ပြထားတဲ့ Sarah Burton ရဲ့ အားထုတ်မှုဟာ မှိန်ဖျော့ သွားခဲ့ပါတယ်။

ဒီ Kira မှာ ထူးခြားတဲ့ အတွဲအစပ်က လက်တွေက အရောင်ပဲဖြစ်ပါတယ်။ ဆန့်ကျင် ဘက် အတွဲအစပ်ဖြစ်ပြီး ဒါကို Burberry နဲ့ Yves Saint Laurent က Contrast Sleeves ဆိုတဲ့ နာမည် နဲ့ Treand တစ်ခု တင်ခဲ့ပါတယ်။ သူမစီးခဲ့တဲ့ အစင်းကျားတွေ ပါတဲ့ Block Heels ကို Fendi က ဒီဇိုင်း ကူးယူပြီး ပုံစံသစ် ဖန်တီး ကာ ရောင်းချ ခဲ့ပါတယ်။

သူမဟာ မင်္ဂလာပွဲမှာ ဆံပင်ကို အထွေ အထူး မပြင်ဆင်ဘဲ လှိုင်းကြီး ပုံစံ Setting လုပ်ကာ လက်ဝတ် ရတနာ အနေနဲ့ Miuccia Prada ရဲ့လက်ရာ နားဆွဲကိုပဲ အထူးပေါ်လွင် စေခဲ့ပါတယ်။

ရိုးရာ ဝတ်စုံဖြစ်ပေမဲ့ အသက် ၂၁ နှစ် အရွယ် မိန်းမငယ်လေး ဖြစ်သလို လန်ဒန်မှာ ကျောင်းတက်လာသူ Jetsun ရဲ့ ခေတ်ပေါ် အမြင် ပေါင်းစပ် လိုက်တဲ့အခါ ဒီဇိုင်နာတွေ ရဲ့ မျက်လုံးထဲမှာ ပိုးနဲ့ပိုးပေါ်မှာ ရက်ထားတဲ့ အဆင်အသွေးတွေ၊ အချိတ်အရောင် နဲ့ ပုံစံတွေ က ကိတ်မစ်ဒယ်တန် ဝတ်စုံထက် ပိုပြီး ကြည့် ကောင်းစေ ခဲ့ပါတယ်။

အားလုံးအကြိုက်တွေ့ခဲ့တဲ့ ချစ်ကြည်ရေး ခရီး စဉ်တွေက သူမရဲ့ဖက်ရှင် …

အိမ်ထောင်ကျ အပြီး သူမဟာ ဗြိတိန်၊ ဂျပန် နဲ့ အိန္ဒိယနိုင်ငံတွေ ဆီ ဘုရင့်မိဖုရား အဖြစ်  အလည်အပတ် သွားရောက်ခဲ့ပါတယ်။

ဗြိတိန် သွားတဲ့အခါ Prince Charles နဲ့ သူ့ကြင်ယာတော် Duchess of Cornwall က ကြိုဆိုဧည့်ခံခဲ့ပါတယ်။ Queen ဖြစ်သွားပြီဖြစ် တဲ့ Jetsun ဟာ ချစ် စဖွယ်ကောင်းတဲ့ အဖြူနဲ့ အနက်ရောင် ဝတ်စုံကို မီးခိုးရောင်ကုတ် အင်္ကျီ ရှည်နဲ့ တွဲဖက်ခဲ့ပါတယ်။ မိတ်ကပ်ကိုလည်း နုပျို လင်းလက်တဲ့ သူမအသားအရေ နဲ့ လိုက် ဖက် စွာ ပြင်ထားပြီး ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းနီဆိုး ကာ ဆံပင်တွေကိုတော့ ချောမွတ် ဖြောင့်စင်းအောင် ပြုပြင် ထားခဲ့ပါတယ်။

ဗြိတိန် မသွားခင် သူတို့မောင်နှံဟာ ဂျပန် နိုင်ငံကို သွားခဲ့ပြီး ဒီတုန်းက သူမဖက်ရှင်က သူမရဲ့ ဆံပင်ရှည်တွေ ကို နောက်လှန် ဖြီးကာ ဆံထုံးပျောက် ကလေး တစ်ဝက် ထုံးပြီး တောက်ပ တဲ့ အဝါရောင် အဆင်းရှိတဲ့ ရိုးရာ ဝတ်စုံကို ဝတ်ဆင် ထားခဲ့ပါတယ်။ လက်ရှည် အပေါ်ကနေ ပိုးဂျက်ကတ် (သူတို့အခေါ် Toego) ထပ်ဝတ် ထားကာ လက်နဲ့ ရက်လုပ်ထားတဲ့ ရိုးရာထဘီ Kira ကို အောက်က ဝတ်ဆင် ထားခဲ့ပါတယ်။

 ခေတ်ပေါ် အဆောင်အယောင် အနေနဲ့ ဆင်စွယ်ရောင် Platform Heels ကိုပဲ ဝတ်ဆင်ကာ လက်ကိုင်အိတ် ကအစ ရှေးဟောင်း ပုံစံမျိုး ရွေးချယ်ပြီး ကိုင်ဆောင် လာခဲ့ ပါတယ်။ မိတ်ကပ်ကို ပါလေရာပဲ လူးကာ ပန်းရောင်နုနု နှုတ်ခမ်းနီကို ဆိုးပြီး Eyeliner ကို ခြယ်သထား ပါတယ်။

၂ဝ၁၃ ခုနှစ်မှာတော့ နယူးဒေလီကို (၆၄) ကြိမ်မြောက် Republic Day အတွက်သွားခဲ့ပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ပြီး ဆံပင်ကို တော့ ပြားကပ်သေသပ်အောင် ဖြီးပြီး အဖျား နားလေးပဲ အလိပ်ကလေးတွေ ပြုလုပ်ထားပါ တယ်။ ဒီပုံစံ နဲ့ အပြင်အဆင်ဟာ Day time Glamour အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

Kate Vs Jetsun

ကိတ်ကို အနောက်ကမ္ဘာရဲ့ ဖက်ရှင်မင်း သမီးလို့ခေါ်ရင် Queen Jetsun ကိုလည်း Asia’s Queen of Fashion လို့ ခေါ်ရမယ် လို့ ဆိုပါတယ်။ ကိတ်ရဲ့ ဝတ်စုံတွေ ဟာ ရှေးရိုးဆန် နေသလို Jetsun ကလည်း ရိုးရာ ဝတ်စုံကိုပဲ အထူး အသားပေး ဝတ်ပါတယ်။

သူတို့နှစ်ဦးကို ၂ဝ၁၁ ခုနှစ်ကတည်းက ပုံစံတူဖက်ရှင် ဘုရင်မတွေအဖြစ် အရှေ့နဲ့ အနောက် ကမ္ဘာခြားပေမဲ့ သတ်မှတ်ထားကြ ပါတယ်။ သူတို့ရဲ့ကြင်ရာ ဖက်တွေ ချော တာ၊ သူမတို့တွေက အရပ်သူဖြစ်နေတာက အစ တူညီမှုတွေ ဖြစ်ခဲ့ပါတယ်။

ဖက်ရှင်ပိုင်း မှာ တူသလို Makeup & Hair ပိုင်းမှာ ဆိုရင်လည်း ချောမွေ့တဲ့ အသားအရေ ပေါ်လွင်အောင် ဖော်ပြတတ်တာ၊ ဆံပင်ကို ရိုးရိုးလေးပြင်ကြပေမဲ့ နဂိုဆံသား လှပကောင်း မွန်တာကအစ တူနေကြပါတယ်။

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ ၄ နှစ်ကြာ အိမ်ထောင်သက်တမ်း ရဲ့ ပထမရင်သွေး သား တော်ကလေး ရနေပြီဖြစ်ကြောင်း ဘုရင်နဲ့ဘုရင်မ တို့က ပြည်သူတွေ ကို ကြေ ညာပေးခဲ့ပါတယ်။ ဖခင်ဘုရင်ကြီး ရဲ့ နှစ် ၆ဝ ပြည့်မွေးနေ့ လက် ဆောင်လို့ ရည်ညွှန်းတဲ့ သားတော်ကလေး ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဘူတန်ဆေးဖက် ပညာရှင်တွေ ရဲ့ အကူအညီ နဲ့ Lingkana Palace မှာ မွေးဖွားခဲ့ ပါတယ်။ ပျော်ရွှင်မှုကို သိုဝှက်ထားစရာ မလိုဘူး ဆိုတဲ့ ခေါင်းစဉ် နဲ့ ကလေးငယ် သတင်း ကို ဖော်ပြပေး ခဲ့သလို ၄ ရက်သား အရမှာတော့ ပုခက်ထဲ ထည့်ထားတဲ့ ပုံစံ ပေါင်ပေါ်မှာ ချီထားပြီး မိဘနှစ်ပါးရဲ့အလယ် မှာထားပြီး ဓာတ်ပုံရိုက်ခဲ့ကာ Offical Photo အဖြစ် ဖော်ပြပေးခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ရော၊ ကလေးမီးဖွား အပြီးမှာပါ လှပချောမွေ့ဆဲ Queen Jetsun ဟာ ကိုယ်ဝန်ဆောင် ဘဝမှာရော၊ မိခင်ဘဝမှာ ပါ ဘူတန်ရိုးရာ ဝတ်စုံကိုပဲ ဝတ်ဆင် ခဲ့ပါတယ်။ ကိုယ့်ရိုးရာ ဝတ်စုံသာ အလှဆုံး ဆိုတာ ဖော်ညွှန်းနေတဲ့ Queen နုနုငယ်ငယ်လေးရဲ့ ဖက်ရှင်က တကယ်ရော လန်းတယ် မဟုတ်လား ပရိသတ် ကြီးရေ …

နေခြည်နွေး

Both comments and pings are currently closed.