ဘာနဲ့မှ မလဲနိုင်

သင်တန်းနာမည်ကတော့ စိတ်ဝင်စားစရာ အကောင်းသား။ ‘ပျော်ရွှင်တက်ကြွ၊ ဆယ်ကျော် သက်ဘဝ’ တဲ့။

   ဒီနေ့ ဒီသင်တန်းရဲ့ သင်တန်းသားအဖြစ် ဝေယံ ရောက်ရှိလာပါပြီ။ မနေ့က ဖေကြီးနဲ့အတူ သင်တန်းတက်ဖို့ စာရင်းပေးပြီးဖြစ်သည်။ ဝေယံ့လိုပဲ သက်တူရွယ်တူ ယော က်ျားလေး၊ မိန်းကလေးအချို့လည်း လာရောက်စာရင်းသွင်း တာ တွေ့ခဲ့ရသည်။

‘မြန်မာနိုင်ငံဆရာဝန်အသင်း’ ဆိုတဲ့ ဆိုင်း ဘုတ်ကြီးက လေးထပ်အဆောက်အဦကြီးကို ခံ့ညားထည်ဝါစေသည်။ လှေကားထစ်အတိုင်း  သင်တန်းရှိရာလေးလွှာ သို့ ဝေယံတက်လာစဉ် Our values’ ဆိုတဲ့ စာတန်းလေးကို သတိထား လိုက်မိသည်။

အဓိပ္ပာယ်တွေကိုတော့ ဝေယံ နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားမနေတော့။ ကျန်းမာ ခြင်း၊ စည်းကမ်းဆိုသောစကားလုံးနှစ်လုံးကို တော့ အမှတ်ရလိုက်သည်။ ကျန်တာတွေေ တာ့ အသေးစိတ် မမှတ်လိုက်နိုင်။

ခန်းမသို့ အဝင်မှာပင် သူနှင့် မတိမ်းမယိမ်း လူငယ်အချို့က ကြိုဆိုကြပြီး သင်တန်းဝတ်စုံဟု ဆိုကာ သူ့ကိုထုတ်ပေးသည်။ ဒီနေ့ ဝတ်ရမှာတဲ့။ သန့်စင်ခန်းဘက်သွား၍ အဝတ်လဲပြီးနောက် သင်တန်းခန်းမအတွင်း ဝင်ရောက်နေရာ ယူလိုက်သည်။

အခြားသင်တန်းသားတွေက မျက်နှာစိမ်းများ ဖြစ်နေသည်မို့ ဝေယံလည်း ခုံလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ရင်း အနီးမှ တခြားသင်တန်းသား ယောက်ျားလေးတစ်ဦးနှင့် မိတ်ဆက်စကားဆိုမိသည်။ သူကတော့ ဆေး တက္ကသိုလ်ပထမနှစ်တက်နေပြီဟု သိရသည်။

ဝေယံ့ထက် ၂ နှစ်လောက် ကြီးလိမ့်မည်။ ကိုဇေယျာထွန်းဖြစ်ပါသည်။

***

ဝေယံတို့ သင်တန်းအမှတ်စဉ် (၁ဝ၂) ရဲ့ သင်တန်းသားများကို  ပထမဆုံး သင်တန်းဆရာ မှ နိဒါန်းပျိုးကြိုဆိုစကား ပြောပါသည်။ သင်တန်းပထမနေ့အစမှာပင်သင် တန်း   အစီ အစဉ်အချို့ ပြီးသွားသောအခါ နဂိုက မသိကြ သော သင်တန်းသား သင်တန်းသူများ အချင်း ချင်း စတင်ရင်းနှီးခွင့်ရလာသည်။gameကစားနည်းတွေက   ဝေယံတို့လို ဆယ်ကျော်သက် တွေရဲ့ အကြိုက်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဝေယံ့အတွက် သင်တန်းက ပျင်းစရာမကောင်း တာတော့ ဝေယံ ဝန်ခံရလိမ့်မည်။

သင်တန်းစည်းမျဉ်းများ သတ်မှတ်တဲ့ အပိုင်းကို ဝေယံ ပို၍သဘောကျသည်။ သင်တန်းဆရာက စည်းမျဉ်းသတ်မှတ်တာ မဟုတ်ဘဲ သူတို့ သင်တန်းသား သင်တန်း သူတွေ ကိုယ်တိုင် သင်တန်းစည်းမျဉ်းများ သတ်မှတ်ခွင့် ရသည်။

ဒီနေရာမှာ ဝေယံ သိခွင့်ရလိုက်သည်က စည်းမျဉ်းစည်းကမ်းဆိုတာ စာရွက်ပေါ်မှာတင် ရှိနေရမှာမဟုတ်ဘဲ အမှန်တကယ် အသက်ဝင် နေသော စည်းမျဉ်းစည်းကမ်း များ ဖြစ်ရမည် ဆိုသည့် အချက်ပင်။

”သင်တန်းချိန်မှန်ဖို့ပါ ဆရာ”

ဒါက ဝေယံ ကိုယ်တိုင် တင်ပြဖြစ်ခဲ့သော သင်တန်းစည်းမျဉ်း၊ ဒီလို တင်ပြပြီးတဲ့အတွက် သင်တန်းချိန် မှန်ဖို့ ကိုယ်တိုင် အားထုတ်ရမယ် ဆိုတဲ့အချက်ကပါ ဝေ ယံ့   ခေါင်းထဲ ရောက်လာ ခဲ့သည်။

”မနက်ဖြန် ဖေကြီးကို နောက်မကျအောင် ပို့ခိုင်းရမည်” ဟု တွေးမိပါသည်။ နောက်ကျ လို့လည်း မဖြစ်တော့ပါ။ ကိုယ်တိုင် ချမှတ်ခဲ့တဲ့ စည်းမျဉ်းပေကိုး။

***

သင်တန်းဒုတိယနေ့တွင် နောက်ကျမှာ စိုးရိမ်နေသော ဝေယံ့ကို တအံ့တသြဖြစ်ကာ ဖေကြီးက လိုက်ပို့ခြင်း ဖြစ်သည်။ ခါတိုင်းဆိုလျှင် သင်တန်းတက်ဖို့ ကျောင်းတက် ဖို့ မေသက်က လောဆော်ကာမှ ဝေယံ တော်ရုံကျသည်။ အခု တော့ အချိန်ကို လေးလေးစားစားနဲ့ ရောက်လာ ခဲ့သည်။ အချိန်မီပါပင်။ ဝေယံ အပူလုံးကြီး ကျသွားသည်။

 ဒုတိယနေ့မှာလည်း သင်တန်းချိန်များက တစ်ခုပြီးတစ်ခုသာ ပြီးသွားသည်။ ဝေယံတို့ သင်တန်းသား သင်တန်းသူတွေ ပျင်းချိန် မရ လိုက်။ ယမန်နေ့က သင်တန်းပထ မနေ့ရဲ့ သင်ခန်းစာများအပေါ် နားလည်မှုပြန်လည် စစ်ဆေးချိန်တွင်Percel game ကစားပြီး အလှည့်ကျသူက မေးခွန်းဖြေရသော စနစ်ဖြစ် သည်။ ဝေယံ့အလှည့် မကျသော်လည်း အလှည့် ကျသူများ၏ အဖြေများကို ကြားရခြင်းဖြင့် သင်ခန်းစာများ ပြန်လည်လေ့ကျင့်ပြီး ဖြစ်သွား သည်။ ထိုသင်ခန်းစာမှာ ယောက်ျားလေး မိန်းကေ လးများ အရွယ်ရောက်ချိန်၏ ပြောင်း လဲမှုများကို သိခွင့်ရခဲ့သည့်အတွက် ဝေယံ့အနေ နှင့် တော်တော်များများသော အသစ်အဆန်း များကို နားလည်လိုက်ခြင်း ဖြစ် ပါသည်။ ကိုယ့် ခန္ဓာကိုယ်မှာ ဖြစ်ပျက်တာတွေနဲ့ ပတ်သက်ပြီး သိခွင့်ရတာမို့ အကျိုးရှိသည်ဟု ထင်သည်။ ဖေကြီးနဲ့ မေသက်တို့ ဆီက ဒီလို အကြောင်းတွေ ကြားစရာမှ မရှိတာကိုး၊ ငါဘာဖြစ်တာလဲဆို သည့် မေးခွန်းများနှင့် ရှိနေခဲ့သော ကိစ္စတွေကို သဘောပေါက်သွားသည်။

ဝေယံတို့နှင့် မတိမ်းမယိမ်း အစ်ကိုအစ်မ အရွယ် သင်တန်းသားဟောင်းများက ဦးဆောင် ဆွေးနွေးပေးတာဖြစ်လို့ ဝေယံတို့ လွတ်လပ်စွာ ဆွေးနွေး မေးမြန်း ခွင့်ရခဲ့ သည် မဟုတ်ပါလား။ လူပျိုဖော် အပျိုဖော်ဝင်ချိန်မှာ ဂရုစိုက် ပြုလုပ်ရ မယ့် အရာတွေနဲ့ သတိထားရမယ့်ကိစ္စတွေကို  သိခွင့်ရလိုက်ပါသည်။ ဝေယံ့သူငယ်ချင်း ထွန်းထွန်း တို့နှင့် စကားပြောချိန်တွေမှာ ကြား နေရသောစကားများမှ စိတ်ဒွိဟဖြစ်နေသည်များ ကို အမှန်အကန် သိနားလည်လိုက်ရသည်။

***

”ကဲ … ဒီနေ့တော့ ကျန်းမာခြင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကနေစပြီး ဆွေးနွေးရ အောင်”

ဟု အစပြုလာသော သင်တန်းဆရာ၏ စကားများမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ကျန်းမာ အောင် နေထိုင်ရမည့်အချက်များကို ဝေယံတို့ ကွက်ကွက်ကွင်းကွင်း သိမြင် လိုက်ရသည်။ နဂိုက သိထားပြီး အချက်များဖြစ်သော်လည်း ယခုတော့ လက်တွေ့ကျကျရှုထောင့်မှ သိခွင့်ရ ခဲ့ခြင်း ဖြစ်သည်။

”ငါကျန်းမာရေးနဲ့ ညီညွတ်အောင် နေရဲ့ လား” ဆိုတဲ့ မေးခွန်းကို ဝေယံ ကိုယ့်ကိုယ်ကိုယ် မေးမိသည်အထိ ဖြစ်လာသည်။ အစားအစာကို မကြိုက်လျှင်မစား၊ကြိုက်တာ ကိုပဲ စားခဲ့သော ဝေယံ့အတွက် အထူးသတိပြုရမည့်အချက် ဖြစ်သည်။

မေသက်က ချက်ပြုတ်ကျွေးမွေးပါလျက် သူက မစားခဲ့ခြင်းဖြစ်ပါသည်။ အသီးအနှံတော် တော်များများကို ဝေယံမကြိုက်ပါ။ မေသက်က ချော့မော့ကျွေးလည်း အကြောင်းမျိုးစုံပြကာ ဝေယံ ရှောင်ဖို့ကြိုးစားခဲ့သည်။ အခုတော့ ဝေယံ လက်ခံလိုက်ပြီ။ စုံအောင်စားရမည်။  သင်တန်းဆရာ ထောက်ပြသွားသော အစာ အာဟာရပြည့်ဝ မျှတအောင် စားရမည်ဆိုတဲ့ အချက်ကို ဝေယံ စွဲစွဲမြဲမြဲမှတ်မိသွားသည်။ ဆရာက ပြောပါသည်။ နုပျိုချင်ရင် ဒါတွေကို ဂရုစိုက်ရမည်တဲ့၊ လူငယ်သဘာဝနုပျိုချင်တာ၊ လှပချင်တာ အဓိကမို့ နုပျိုချင်သည့်စိတ်ဖြင့် ကျန်းမာရေးကို အလေးထားဖို့ အသိဝင်လာခဲ့ သည်။

ထိုနည်းတူစွာပင်…။ ကျန်းမာရေးကို ထိခိုက်မည့် အလုပ်များအဖြစ် ရှောင်ကြဉ်ရမည့် ကိစ္စရပ်များကို ဆွေးနွေးသည့်အခါ ဝေယံ့ အတွက် ဆုံးဖြတ်ချက်တွေ ပိုပြီး ခိုင်မာ သွားမည့် ကိစ္စကို သင်တန်းဆရာက ထောက်ပြထားပါ သည်။

ဝေယံဆေးလိပ်ဖြတ်ပြီးပြီဖြစ်ပေမဲ့ ဒီနေ့ ကြားလိုက်ရသောစကားများကြောင့် တစ်သက် လုံး ဆေးလိပ်မသောက်ရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချမိပါသည်။ ဆေးလိပ်   သောက်ခြင်း၏ ကျန်းမာရေး ဆိုးကျိုးကို ဝေယံကိုယ်တိုင်မြင် တွေ့ပြီး ဖြစ်သည်။ ဖေကြီးရဲ့သူငယ်ချင်းက အကောင်းဆုံးသော သက်သေသာဓက ဖြစ်ပါ သည်။ အခု သင်တန်းမှာ အဓိကထား ဆွေးနွေး သည်က ဆေးလိပ်သောက်ခြင်း၏ ကုန်ကျ စရိတ်။ တစ်လိပ်ချင်း စဉ်းစားကြည့်တော့ ငွေ ၅ဝိ/- ကျပ်ဆိုတာ ဘာမှမဟုတ်ေ သ်ာလည်း… တစ်ရက်မှ တစ်လ၊ တစ်လမှ တစ်နှစ်ဆက်ပြီး စဉ်းစားကြည့်သောအခါ ငွေပမာဏက မနည်း လှ။ တစ်နေ့မှာ ဆေးလိပ် ၅ လိပ် မှ ၁ဝလိပ် သောက်ဖြစ်လျှင် တစ်နှစ်ကြာချိန်မှာ သိန်း ဂဏန်း ပမာဏသို့တက်သွားသည်။ ဒါက လူ တစ်ဦးတစ်ယောက် သောက်ခြင်းကိုသာ တွက်တာဖြစ်ပါသည်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးလိပ် သောက်နေသူ လူဦးရေနှင့် တွက်ချက်သော အခါ အလွန်အံ့သြစရာကောင်းသော ငွေပမာ ဏကို တွေ့ရသည်။ လူတစ်ဦးက တစ်နှစ်စာ မှာ ငွေကျပ်တစ်သိန်းကုန်သွားလျှင်ပင် မြန်မာ ပြည်လူဦးရေရဲ့ (၁ဝ)ရာခိုင်နှုန်း ဆေးလိပ် သောက်သည်ဆိုသော ခန့်မှန်းမှု နှင့် တွက်ပါက ငွေကျပ် သန်းပေါင်း ငါးသိန်း ကုန်သွားပါပြီ။ ဒါက တစ်နှစ်ပဲ ရှိပါသေးသည်။ ‘၅’ ဆိုသော ဂဏန်းလုံး၏နောက်မှ များပြားစွာသော သုည များကို တွေ့လိုက်ရသည်။

ဆရာတွက်ချက်ပြခါမှ ဝေယံနှင့်အတူ သင်တန်းသားများ မျက်စိပြူးမတတ် အံ့သြကြ ရသည်။ ”ဒါဆိုရင် ဒီငွေတွေဟာ မလိုအပ်ဘဲ ဖြုန်းရာရောက်နေတာ မဟုတ်ဘူး လား” ဆိုတဲ့ ဆရာ့ရဲ့မေးခွန်းကို ဝေယံတို့တစ်တွေ မငြင်းနိုင် ပါ။

ဝေယံ ဆယ်တန်းအောင်ခဲ့လျှင် စီးပွားရေး ဘာသာရပ်နှင့် စီမံခန့်ခွဲမှုဘာသာရပ်တွေကို သင်မည်ဟု ရည်စူးထားခဲ့ပါသည်။ ဖေကြီးနှင့် မေသက်က ဆရာဝန် ဖြစ်စေ ချင်ကြသော်လည်း သူဝါသနာ မပါပါ။ သူဝါသနာပါသည်က စီးပွား ရေးနှင့် စီမံခန့်ခွဲမှု ဆရာ့စကားတွေက ဝေယံ့ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော် ရန် တိုက်တွန်းနေသလား အောက်မေ့ရသည်။

‘ဆေးလိပ်သောက်တဲ့သူတွေက ဖြုန်းသလို ဖြစ် နေတဲ့ ဒီငွေတွေကိုသာ တခြားအကျိုးရှိတဲ့ နေရာမှာသုံးနိုင်ရင် ဘယ်လောက်ကောင်းမလဲ’ ဆရာ့စကားများကို ဝေယံ့လိုပဲ တခြားသင်တန်း သားများ အားလုံးလည်း စွဲစွဲမြဲမြဲမှတ်မိမည် ထင်ပါသည်။ အဲဒါကြောင့် သင်တန်း ဒုတိယနေ့ ရဲ့ အိမ်အပြန် ညနေစာထမင်းဝိုင်းမှာ ဝေယံ့ရဲ့ စိတ်ဆုံးဖြတ် မှု ကို ဖေကြီးနှင့်မေသက်ကို ပြောပြ လိုက်ပါသည်။

”ဖေကြီး”

”ပြော သား..ဘာလဲ၊ သင်တန်းမှာ အဆင်ပြေရဲ့လား”

”ပြေပါတယ် ဖေကြီးရဲ့။ ဒီသင်တန်းကို ဖေကြီးက တက်ခိုင်းလို့တက်ရပေမဲ့ သားကျေနပ် ပါတယ်။ ဖေကြီးကို ကျေးဇူးလည်းတင်တယ်”

”ဟုတ်ပါပြီဗျာ။ သားအတွက် အကျိုးရှိ တယ်ဆိုရင် ပြီးတာပဲ၊ အဲဒါကြောင့် အရင်က တည်းက ဖေကြီး ပြောခဲ့တာပေါ့၊ တက်ကြည့် လိုက်ပါလို့”

”ဟုတ်…ဖေကြီး၊ နောက်ပြီး…”

ဒီလို အစချီပြီး သင်ခန်းစာများ အကြောင်း ပြန်လည်ပြောပြရင်း သူ့ရဲ့ဘဝရည်မှန်းချက်တွေ ကို ဖေကြီးနဲ့မေသက်ဆီမှာ အတည်ပြုလိုက်ပါ သည်။

    ဖေကြီးမှ ပြုံးပြီးနားထောင်နေတာက လွဲ လို့ ဘာမှမှတ်ချက်မပေးပါ။ ခေါင်းတညိတ်ညိတ် နှင့်….။

***

သင်တန်းရဲ့ တတိယနေ့ကို ရောက်ပါပြီ။ သင်တန်းလှေကားရင်းသို့ ဝေယံအရောက် ကိုဇေယျာထွန်းနဲ့ ဆုံသည်။

”ဟော.. ညီလေးဝေယံ၊ အချိန်မီပဲ လား”

”ဟုတ်တယ် ကိုဇေယျာ၊ အချိန်မမီလို့ မရဘူးလေ။ ကျွန်တော်တို့ ကိုယ်တိုင် စည်းကမ်း သတ်မှတ်ထားတာ မဟုတ်လား”

”အေး… အေး… ဟုတ်တယ်ကွ။ ဒါနဲ့… ညီလေးက ဘယ်မှာနေတာလဲ။ အစ်ကိုက စမ်းချောင်းမှာနေတာကွ”

”ဟုတ်လား၊ ဒါဆို ကျွန်တော်နဲ့ မဝေးဘူးပဲ။ ကျွန်တော်က ကြည့်မြင်တိုင်မှာနေတာ၊ နောက် ဆို အိမ်ကို လာလည်လေ။ အစ်ကိုဇေယျာ ကျောင်းအားတဲ့ အချိန်ပေါ့”

 ”အေး.. အေး.. ကောင်းသားပဲ”

ကြည်လင်သော မျက်နှာပိုင်ရှင်ဖြစ်သည့် ကိုဇေယျာထွန်းက ဆေးတက္ကသိုလ် တက်နေ သည်ဆိုသော်လည်း သူ့တွင် မာနတွေကိုမတွေ့ ရ။ သူ့ကိုလည်း ညီငယ် တစ်ယောက်လို ဆက်ဆံ သည့်အတွက် ဝေယံ့စိတ်ထဲမှာ ပေါင်းသင်းသင့် တဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ် မိသည်။

”ညီလေးက နောက်နှစ် ၁ဝ တန်း တက် ရမှာနော်”

”ဟုတ်တယ် ကိုဇေယျာ၊ ဒီသင်တန်းပြီးတာ နဲ့ စပြီး ပြင်ဆင်ရတော့မယ်”

”ဒါနဲ့ ညီလေးက ၁ဝ တန်းအောင်ရင် ဘယ်လိုင်းတက်မှာလဲ။ ဂုဏ်ထူးတွေရော မှန်းထားတာလား”

”ဂုဏ်ထူးကတော့ ၅ ခုလောက်မှန်းပြီး ကြိုးစားမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဆေး တက္ကသိုလ်တက်မှာ မဟုတ်ဘူး။ အိမ်ကတော့ …”

”အင်း.. အိမ်နဲ့ သဘောထား မတိုက် ဆိုင်ဘူးထင်တယ်။ ဟုတ်လား… ညီလေး”

”ဟုတ်တယ် အစ်ကို။ ဒါပေမဲ့ ဖေကြီးတို့ ကတော့ နောက်ဆုံးမှာ ကျွန်တော့်အကြိုက်ကိုပဲ လိုက်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ”

”အင်း… အစ်ကို့တုန်းကလည်း ဒီအတိုင်းပါပဲ။ တကယ်ဆို အစ်ကိုက ဆေး တက္ကသိုလ်တက်ဖို့ထက် ကွန်ပျူတာနဲ့ပတ်သက် တဲ့ software ပိုင်းတွေကို စိတ်ဝင် စားတာကွ။ ဒါပေမဲ့ ဖေဖေ မေမေတို့ဆန္ဒက ဒီလိုဖြစ်နေ တော့လည်း ဆေးကျောင်းပဲ တက်ဖြစ်သွား တယ်”

”ဟုတ်လား… အဲဒါဆို အစ်ကိုက ဝါသနာမပါဘဲ တက်ရတာပေါ့”

”ဆိုပါတော့… ဒါပေမဲ့လည်း ရောက်ပြီး မှတော့ ပြီးဆုံးအောင်လုပ်မယ်လို့ ဆုံးဖြတ်ထား တယ်။ ဘွဲ့ရပြီးမှ ကြည့်ပြီးစီစဉ်ရမှာပဲလေ”

စကားတပြောပြောနဲ့ လှေကားတက်လာ ကြတာ .. သင်တန်းခန်းမသို့ ရောက်ခဲ့ကြပြီ။ သင်တန်းစမည့်အချိန်ကို သူတို့ စောင့်နေလိုက် ကြသည်။

***

သင်တန်း တတိယနေ့မှာလည်း ပျင်းစရာ မကောင်းဘဲ ပျော်ပျော်ရွှင်ရွှင် တက်ကြရသည်။  လေလံကစားပွဲကတော့ ပွဲအဆူဆုံး ဖြစ်သည်။ သင်တန်းသား အဖွဲ့ (၄) ဖွဲ့ခွဲကာ လေလံကစား ပွဲကို အပြိုင်ကစားကြရသည်။

လေလံပွဲတွင် လေလံဆွဲရသော ပစ္စည်း များက

– ကျန်းမာခြင်း
– ကိုယ်ကျင့်တရား
– စည်းကမ်းရှိခြင်း
– သူတစ်ပါးအားကူညီခြင်း
– အောင်မြင်မှု … စသည့်

ပစ္စည်းအမျိုးအစား ၂၅ မျိုးကို လေလံ ဆွဲကြရသည်။ လေလံပွဲရဲ့ သဘောသဘာဝအရ ကိုယ်လိုချင်သည့်ပစ္စည်းကိုရဖို့ သူများထက် ဈေးပိုပြီး ပေးရသည်။ ဒါပေမဲ့ လည်း ဝေစုအဖြစ် ရထားသည့် ပိုက်ဆံပမာဏထဲမှလောက်အောင် လည်း စဉ်းစားရသေးသည်။ ထို့ထက်ပိုပြီး သုံးခွင့်မရှိ။

အဖွဲ့လိုက် ယှဉ်ပြိုင်ရသည်ဖြစ်၍ စိတ်လှုပ် ရှားစရာကောင်းသလို ကိုယ်လိုချင်တာ မရမှာ စိုးတဲ့အတွက် စိတ်လည်း ပူရသည်။ ကိုယ်လိုချင် တာတစ်ခုရတိုင်းလည်း   ပျော်ကြရပြန်သည်။

ကစားပွဲအပြီးမှာတော့ သင်တန်းဆရာ တစ်ယောက်က ပြန်ပြီး ဆွေးနွေး ရှင်းလင်းသည်။ လူ့ဘဝအတွက် အရေးကြီးသော တန်ဖိုးထားရ မည့်အရာများနဲ့ နှိုင်း ယှဉ်ပြ ကာ လေလံပွဲရဲ့ သဘောတရားကို သင်ခန်းစာအသွင် ကူးပြောင်း ထားကြောင်း ရှင်းပြသည်။ ထိုသင်ခန်းစာအပြီး ဝေယံတို့ နားလည်လိုက်ရသည်က..

–    လူတိုင်း လူတိုင်းမှာ မတူညီတဲ့ တန်ဖိုးထား မြတ်နိုးမှုတွေ ရှိကြောင်း၊

–    လူတစ်ယောက်ချင်းစီမှာ တစ်ခုထက်မက တဲ့ တန်ဖိုးထားမြတ်နိုးမှုတွေရှိနိုင်ကြောင်း၊

–    တန်ဖိုးထားမှုများကို မိသားစုနှင့် အသိုင်း အဝိုင်းပတ်ဝန်းကျင်က ပုံဖော်ပေးနိုင်ကြောင်း၊

–    တန်ဖိုးထားမှုများသည် အချိန်အခါ၊ အသက်အရွယ်၊ ရင့်ကျက်မှုနှင့် ပတ်ဝန်းကျင် ပေါ်မူတည်ကာ ပြောင်းလဲနိုင်ကြောင်း၊

–    မိမိဘဝအတွက် အမှန်တကယ်ရှိသင့် သော တန်ဖိုးထားမှုများကို အမှန်တကယ်ရယူ နိုင်အောင် ကြိုးပမ်းဖို့လိုကြောင်းနဲ့၊

–    တန်ဖိုးထားမှုတွေက လူတွေရဲ့ ရွေးချယ် ဆုံးဖြတ်မှုတွေကို လွှမ်းမိုးထားနိုင်ကြောင်း စတဲ့ အချက်များပင်ဖြစ်သည်။

ဒီသင်ခန်းစာအပြီး ဝေယံ ပိုလို့သဘော ပေါက်သွားသည်က ဖေကြီးနှင့်မေသက်တို့ ပြောလေ့ ဆိုလေ့ရှိသောစကားများနောက်ကွယ် မှာရှိတဲ့ အဓိကရည်ရွယ်ချက် များပင်ဖြစ်ပါ သည်။ ဖေကြီးနဲ့မေသက်တို့ရဲ့ သွန်သင်ဆုံးမမှု နဲ့ ဦးဆောင်လမ်းပြမှုတွေက သူရဲ့ တန်ဖိုးထားမှု တွေ မှန်စေချင်လို့ ဆိုတာ သဘောပေါက်သွား ပါပြီ။   မေသက်နှင့်ဖေကြီးကို ကျေးဇူးတင်ရမည် ဖြစ်သည်။

သူ့ကို စည်းကမ်းရှိသူ တစ်ယောက်ဖြစ် အောင် ပျိုးထောင်ပေးခဲ့ကြသည်။

သူ့ကို ကိုယ်ကျင့်တရားကောင်းတဲ့သူ ဖြစ် အောင် ဆုံးမပေးခဲ့ကြသည်။

သူ့ကို တရားမျှတစွာ စဉ်းစားတွေးခေါ် တတ်အောင် လမ်းပြခဲ့ကြသည်။

ရှေ့လျှောက် သူ့အတွက် လိုအပ်နေသေး သော အခြား တန်ဖိုးထားမှုများကိုလည်း သူ တည်ဆောက်ရပါအုံးမည်။ သူသည် ကျန်းမာ ရေးကို တန်ဖိုးမထားတတ်သေးပါ။ သူသည် အချိန်ကို တန်ဖိုး မထားတတ်သေးပါ။ ဒါတွေကို တန်ဖိုးထား မြတ်နိုးနိုင်အောင်လည်း သူ သတိ ပြု ကြိုးစားရပါဦးမည်။

သင်တန်း ပထမဆုံးနေ့တက်လာစဉ်က လှေကားထစ်မှာသတိထားမိသော Our Values ဆိုသည့်စကားလုံးများ၏ အကြောင်းရင်းကို အခုမှ ရှင်းရှင်းလင်းလင်း ဝေယံ သဘောပေါက် သွားပါသည်။ ဒါတွေကို လေးလေးနက်နက် စဉ်းစားပြီး ရင်ထဲအမြဲရှိအောင် သိမ်းထားရပါ မည်။

***

သင်တန်းအစီအစဉ်များထဲမှ ‘မိသားစု’ဆိုသော ခေါင်းစဉ်လေးကိုလည်း ဝေယံ နှစ်သက်ပါသည်။ သင်တန်းသားများ၏ရင်ထဲ မှာ မတူညီသော ခံစားချက်များစွာကို   ဖြစ်ပေါ် စေသည်မှာ သေချာပါသည်။ ဝမ်းသာသလိုလို၊ ဝမ်းနည်းသလိုလို၊ စိတ်ထိခိုက်သလိုလို။

ဒါပေမဲ့ ဒီခံစားမှုများအားလုံးက ‘မိသားစု’ ဆိုသည့်စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို သင်တန်းသားများ၏ရင်ထဲတွင် ပိုမိုပေါ်လွင် သွားစေသည်မှာ သေချာ ပါသည်။ ဝေ ယံ့အတွက် ‘မိသားစု’ ဆိုသောစကားလုံး၏ အနက်အဓိပ္ပာယ် များကို နက်နက်ရှိုင်းရှိုင်း နားလည်လိုက်ရသည်။ ဖေကြီးနှင့်မေသက်တို့အပေါ် ပို၍နားလည်သွား သလို ကိုယ်ချင်းစာစိတ်တို့ ဖြစ်ပေါ်လာပါ သည်။

ပျော်ရွှင်သာယာတဲ့ မိသားစုလေးတစ်ခု ဖြစ်ဖို့ ဝေယံ့ ပြုလုပ်ပေးရမည့် တာဝန်ကလေးများ၊ ထားရမယ့် သဘောထားများကို ဝေယံ သဘော ပေါက်သွားပါသည်။

”ဟိုလေ… ဟိုဘက်လမ်းက သူငယ်ချင်း ဆီမှာ ကျောင်းကစာအုပ် မှားပြီးပါသွားလို့၊ အဲဒါပြန်လိုက်လဲမလို့” ဒီလိုစကားပြောပြီး အရင်က မေသက်ကိုညာကာ အိမ်အပြင် ထွက်ဖို့ ကြိုးစားခဲ့ဖူးပါသည်။ ထွန်းထွန်းတို့ပြောတာ မခံချင်စိတ်ဖြင့် မိဘတွေအပေါ်မုသားစကား ဆိုမိသည်။ ဒီအတွက်လည်း ရှက်စိတ်တွေ ပြန်လည်ခံစားမိ သည်။

ေ မသက်   ဘာမှမသိ ပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်အပြစ် တင်မိသည်။ နောက်နောင် ဝေယံညာပြီးပြော မှာ မဟုတ်တော့ပါ။ ဒါတင်မကသေးပါ။ အခြား သင် တန်းသားတစ်ယောက်၏ သားသမီးနေရာ မှ ခံစားချက်တစ်ခုကို ဝေယံတို့ ကြားရပြန် သည်။

”သမီးရဲ့အဖေက အရက် အရမ်းသောက်ပါ တယ်၊ အရက်သောက်လာပြီး မူးလာရင် အိမ် မှာ မေမေ့ကို ဂျီကျပါတယ်။ အဲဒီကိစ္စက သမီး တို့အတွက် စိတ်ညစ်စရာ အကောင်းဆုံးပါပဲ”

ဒီလိုပြောပြီး အဲဒီ သင်တန်းသူမိန်းကလေး မျက်ရည်ကျပါသည်။ ဒီလိုအနေအထားမျိုးနဲ့ နှိုင်းယှဉ်ရင် ဝေယံက အများကြီး ကံကောင်း ပါသည်။ ဖေကြီးက အရက်ေ သာက်လေ့မရှိပါ။ ဝေယံ တော်တော်ငယ်စဉ်ကတော့ တစ်ခါတစ်ရံ သောက်သည်ဟု မေသက်က ပြောပါသည်။ ဒါပေမဲ့ ဝေယံ အလယ်တန်းလောက်ရောက် ကတည်းက   ဖေကြီးမသောက်တော့ဟု သိရ သည်။

”ကျေးဇူးတင်ပါတယ် ဖေကြီးရယ်”

သားသမီးဆိုတာကလည်း ကိုယ့်မိဘတွေ ဘယ်လိုလူမျိုးဆိုတာကို ကြည့်ပြီး ဂုဏ်ယူချင် ကြတာ မဟုတ်လား။ ဒါပေမဲ့ ဆရာပြောသော စကားတစ်ခွန်းက ဝေယံ တို့ကိုလည်း ရင်ထဲအထိ ရောက်အောင် ငြိသွားစေခဲ့သည်။

”သားသမီးဘက်က ကိုယ့်မိဘနဲ့ ပတ်သက် လို့ ဂုဏ်ယူချင်တဲ့ အချက်တွေရှိတယ်ဆိုရင် မိဘတွေဘက်လည်း ကိုယ့်သားသမီးနဲ့ပတ် သက်လို့ ဂုဏ်ယူချင်တဲ့ ကိစ္စတွေ ရှိမှာပေါ့” တဲ့။ ”မိဘတွေ ဂုဏ်ယူလောက်တဲ့ သားသမီးတွေ ဖြစ်ဖို့ ကြိုးစားရမှာပေါ့” တဲ့။

တော်တော်ထိတဲ့ စကားပါ။ ဘယ်သော အခါမှ မိဘတွေရဲ့နေရာကနေ ဝေယံတို့စဉ်းစား မကြည့်ဖူးပါ။ ကိုယ့်ဘက်ကပဲ ကိုယ်စဉ်းစား ကြပါသည်။ ကိုယ်လိုချင် တာတွေ တောင်းဆို ကြပါသည်။ လိုချင်တာတွေ မရရင် စိတ်ကောက် ကြပါသည်။ ဒီသင်ခန်းစာအပြီးမှာတော့ မိဘကို ကိုယ်ချင်းစာတတ်ဖို့ဆိုတဲ့ အသိလေးကို ဝေယံ ရခဲ့ပါသည်။ တခြား သင်တန်းသားတွေလည်း ဝေယံ့လိုပဲ ဖြစ်မယ်လို့ ဝေယံ ယုံကြည်သည်။

သင်တန်းတတိယနေ့ရဲ့ ညဘက်အစီအစဉ် မှာတော့ ခံစားမှုတွေ အဆုံးစွန်ရောက်သွားခဲ့ပါ သည်။ မိဘတွေအပေါ် နားလည်စာနာနိုင်တဲ့ စိတ်တွေ ဖြစ်ခဲ့ပြီး ငိုသူငို၊ မျက်ရည်ကျသူကျနဲ့ နောက်ဆုံး မိဘနှစ်ပါးကို စိတ်ထဲကမှန်းပြီး ကန်တော့ပန်းဆင်တဲ့အထိ ဖြစ်ခဲ့ကြပါသည်။

ဘယ်သင်တန်း၊ ဘယ်ကျောင်း၊ ဘယ် ကျူရှင်မှာမှမသင်သော အသိပညာဗဟုသုတ များကို ရရှိလိုက်ခြင်းပါ။ သင်တန်းကိုလည်း ကျေးဇူးတင်ပါသည်။

‘မိသားစု’ ဆိုတဲ့ သင်ခန်းစာရဲ့ အချုပ်က တော့ မိသားစုမှာ တာဝန်ယူတတ်ဖို့နဲ့ ညှိနှိုင်း ဆောင်ရွက်တတ်ဖို့ဆိုတဲ့ အသိတရားလေးကို ဖော်ထုတ်ပေးလိုက်ခြင်း ဖြစ်ပါသည်။ မိဘနဲ့ သားသမီးကြားမှာ တစ်ခါတစ်ရံ သဘောထား မတိုက်ဆိုင်တာတွေ ရှိလာတဲ့အခါ နှစ်ဦးနှစ်ဖက် စလုံးက မျှမျှတတ ပြေပြေလည်လည် ဆွေးနွေး ပြီး အကောင်းဆုံး လမ်းကို ရွေးချယ်နိုင်ဖို့ အသိ တွေ ရရှိစေပါသည်။

မိဘနဲ့သားသမီးအကြား ပြေလည်တဲ့ ဆက်ဆံမှုမျိုးရဖို့ ဆရာပြောလိုက်တဲ့ အကြံပေး စကားများကတော့

–    မိဘနဲ့ ဘယ်တော့မှ ထိပ်တိုက်ရင်မဆိုင်ပါ နဲ့၊

–    မိဘတွေက ဘယ်လိုသားသမီးကိုမဆို ချစ်တယ်ဆိုတာကို ယုံလိုက်ပါ၊

–    သဘောထားမတိုက်ဆိုင်တဲ့အခါ သွေးပူ နေချိန်မှာ ဆုံးဖြတ်ချက် မချပါနဲ့၊

–    သွေးအေးအောင်စောင့်ပြီးရင် ပွင့်ပွင့်လင်း လင်း ဆွေးနွေးနိုင်ဖို့ အချိန်ယူပါ၊

–    ဆွေးနွေးပြီးသွားရင် နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးလမ်းကို ရွေးချယ်ကြည့်ပါ၊

–    စိတ်ရှည်ဖို့ မမေ့ပါနဲ့၊

ဒီအချက်တွေက ဝေယံ့အတွက် တစ်သက် လုံးအသုံးဝင်မည့် စကားများ ဖြစ်ပါသည်။ အဲဒီနေ့ အိမ်အပြန်လမ်းမှာ ကိုဇေယျာထွန်းက လည်း ရင်ဖွင့်လာပါသည်။
”အင်း… အခုတော့ အစ်ကို့အဖေနဲ့အမေ ကို နားလည်သွားပြီ၊ သူတို့ဘာကြောင့် ကိုယ့်ကို ဆရာဝန် ဖြစ်စေချင်ခဲ့သလဲဆိုတာ”
ဟုတ်ပါသည်။ ဝေယံလည်း လက်ခံပါ သည်။ ကိုဇေယျာထွန်းနဲ့ သဘောတစ်ခုတည်း ဖြစ်နေသောကြောင့် ခေါင်းညိတ်ထောက်ခံလိုက် ပါသည်။

***

ဒီနေ့ သင်တန်းနောက်ဆုံးနေ့ ရောက်ပါပြီ။ သင်တန်းသားများအားလုံး တက်တက်ြ<ွကြ<ွက ပျော်ပျော်ရွှင်ရွှင် ရှိနေကြပေမဲ့ သင်တန်းနောက် ဆုံးနေ့ဆိုတဲ့ ခံစားချက်ကိုတော့ မနှစ်သက်ကြ ပါ။ သင်တန်းမှာခင်မင်လိုက်တဲ့ သူငယ်ချင်း တွေနဲ့ ခွဲရမှာကို

အားလုံးစိုးရိမ်နေကြပါသည်။ ဝေယံ့အနေနဲ့ ကိုဇေယျာထွန်းအပါအဝင် တခြားသော သူငယ်ချင်းတော်တော်များများနဲ့ ရင်းနှီးခွင့်ရလိုက်ပြီး အပြန်အလှန်ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ တောင်းကြသည်။ လောလော ဆယ် ဝေယံ့မှာ ဖုန်းမရှိသေးလို့ သူတို့ရဲ့

ဖုန်းနံပါတ်တွေကို ယူထားဖြစ်သည်။ သူကတော့ ဆယ်တန်းအောင်မှ ကိုယ်ပိုင်ဖုန်းရမယ်ဆိုတာ ကို သူငယ်ချင်းများကို ရဲရဲတင်းတင်းပဲ ပြော လိုက်ပါသည်။
အရင်ကတော့ ဖုန်းမကိုင်ရတာကို ဝေယံ မျက်နှာငယ်တယ်ဟု ထင်ခဲ့ဖူးသည်။ အခုတော့ ထိုအတွေးအခေါ်တို့ ပျောက်သွားခဲ့ပါပြီ။ ဖေကြီးနဲ့မေသက်က ဆယ်တန်းအောင်မှ ဖုန်း ဝယ်ပေးမယ်ဆိုတဲ့ ကတိစကားကိုလည်း ဝေယံ ကျေနပ်ပါသည်။

အရင်လိုမဟုတ်တော့ပါ။ ဝေယံ နားလည်တတ်ပါပြီ။
”ကဲ… ဒီနေ့ နောက်ဆုံးသင်ခန်းစာဖြစ် တဲ့ ဆုံးဖြတ်ချက်ချတဲ့ အကြောင်းတွေကို  ဆွေး နွေးကြရအောင်”
ဆရာရဲ့ နိဒါန်းစကားအပြီး ‘ဆုံးဖြတ် ချက်ချခြင်း’ ဆိုတဲ့ ခေါင်းစဉ်အတွက် အခက် အခဲပုစ္ဆာလေးတစ်ပုဒ်ကိုပေးပြီး စဉ်းစားခိုင်း ပါသည်။ ပုစ္ဆာလေးက ရိုးရှင်းပါသည်။ နစ်မြုပ် ခါးနီး သင်္ဘောပေါ်မှလူများကို ကယ်ဆယ်ရာတွင်  တစ်စီးသာ ကျန်ရှိတော့သည့်

အသက်ကယ် လှေပေါ်သို့ ရွေးချယ်ခေါ်ဆောင်သွားရမည့် စဉ်းစားမှုတစ်ခုဖြစ်ပါသည်။ အဖြေ အမှန်အမှား ဆိုတာမရှိဘဲ မိမိတို့ရွေးချယ်လိုသူကို ရွေးချယ် ခွင့် ရှိသည်။ အကြောင်းပြချက်တော့ ရှိရမည်။ပြီးတော့ ဒီသဘောတရားကို မိမိတို့၏ လက် တွေ့ဘဝမှ ရွေးချယ်

ဆုံးဖြတ်မှုများ ပြုလုပ်ရမည့် အခိုက်အတန့်လေးနှင့် နှိုင်းယှဉ်ပြီး ဆွေးနွေးပေး သည်။ လူတစ်ယောက်အတွက် ဆုံးဖြတ်ချက် တစ်ခုချမယ်ဆိုရင် ဘယ်လိုစဉ်းစားရမယ် ဆိုတာကို ဝေယံတို့  သင်ယူခွင့်ရခဲ့ကြသည်။
–    ဆုံးဖြတ်ချက်တစ်ခုချမယ်ဆိုရင် ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကိုဘဲ ရှေ့တန်းမတင်ဖို့၊
–    အခြေအနေအရပ်ရပ်ကို ထည့်သွင်း စဉ်းစားပြီး ရှုထောင့်ပေါင်းစုံကြည့်တတ်ဖို့၊
–    ဆုံးဖြတ်ချက်တစ်ခုချအပြီးမှာ နောက်ဆက် တွဲဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆုံးပြစ်တွေကို ကြိုတင်မျှော်တွေး ချိန်ဆနိုင်ဖို့၊
–    ရွေးချယ်ဆုံးဖြတ်ပြီးရင်တော့ အကောင်း ဆုံး ကြိုးပမ်းအားထုတ်ဖို့
ဆိုတဲ့အချက်တွေကို မှတ်သားမိပါသည်။ ဒီလိုသာ ဆုံးဖြတ်နိုင်မယ်ဆိုရင် အမှားအယွင်း နည်းတဲ့ဆုံးဖြတ်ချက်တွေ ဖြစ်လာပြီး ရည်မှန်း ချက်အတိုင်း အကောင်အထည် ဖော်နိုင်မယ်ဆို တဲ့အချက်ကို ဝေယံ ကောင်းစွာ မှတ်သားမိပါ သည်။
နောက်ဆုံး သင်တန်းမှရရှိလိုက်တဲ့ သင်ခန်းစာများက ဝေယံ့ဘဝရှေ့ရေး တစ်ခုလုံး အတွက် အသုံးချနိုင်မယ့်သင်ခန်းစာများ ဖြစ် တယ်ဆိုတာ ဝေယံ ယုံကြည်သည်။ သင်တန်းရဲ့ ရည်ရွယ်ချက်မှာကလည်း ‘လူငယ်တွေရဲ့ဘဝ ဆုံးဖြတ်ချက်တွေကို

အထောက်အကူပြုရန်’ဆိုပြီး ပါထားပြီးသား ဖြစ်သည်။
သင်တန်းအပြီးမသတ်ခင် သင်တန်းနဲ့ ပတ်သက်တဲ့ ခံစားချက်များကို ရေးပေးခဲ့ပါလို့ တောင်းဆိုတဲ့အတွက် ဝေယံလည်း ကိုယ်ပိုင် ခံစားချက်ကို ရေးထားပေးခဲ့လိုက်ပါသည်။
‘ဒီသင်တန်းကရတဲ့ အသိပညာဗဟုသုတ တွေက ကျွန်တော့်အတွက် ဘာနဲ့မှမလဲနိုင် လောက်အောင် အသုံးဝင်ပါတယ်။ တန်ဖိုးရှိပါ တယ်’ ဟူ၍…။

ဒေါက်တာနေဝင်း

Both comments and pings are currently closed.