ခြင်မလေးရဲ့ချစ်ပုံပြင်-၂

  ခြင်မလေးတွေ ဘယ်လိုပေါက်ဖွားကြသလဲ။  ဘယ်လိုလူစားမျိုးကိုပို ‘ခိုက်’ တတ်သလဲ။ ခိုက် ပြီးရင် ဘာလို့ကိုက်ရတာလဲ။ စတာတွေကို ရတီအထူးထုတ်မှာ တင်ဆက် ခဲ့ပြီးပါပြီ။ ဒုတိယ ဇာတ်လမ်းတွဲအနေနဲ့ ခြင်မလေးက လူကို ဒိတ်တင်း (Dating) လုပ်ပြီး အချစ်စမ်းလိုက်ရင် ဘာတွေဖြစ်လာတတ်သလဲ။ ဘယ်လိုခြင်ဒုက္ခ (ချစ်ဒုက္ခ)   တွေကို ခံစားရမှာလဲ။ ခြင်မလေး (ဂျမ်း) ကို ဘယ်လိုနှင်ထုတ်ကြရမလဲ။ ခြင်မ လေးရဲ့ ဒုတိယချစ်ပုံပြင်မှာ ဆက်လက်ရှုစားနိုင် ကြပါပြီ။

ချစ်ဒဏ်ရာ

ခြင်မလေးဟာ လူကိုအချစ်စမ်း (သွေးစုပ်)လိုက်တဲ့အခါမှာ သူ့ဦးခေါင်းမှာ တပ်ဆင်ထားတဲ့ နှာမောင်းလက်တန်- ပရိုဘိုးဆစ်ကြီးကို လူ့အရေပြားထဲကို အရင်ထိုးေ ဖာက်သွင်းပေး လိုက်ရပါတယ်။ ပရိုဘိုးဆစ်က အပ်သွားလိုချွန်မြ နေတာမဟုတ်ဘဲ ငါးမန်းစွယ်လို ဒလက်အသွား တွေ ပါဝင်နေတာကြောင့် ထုံဆေးအာနိသင်ရှိတဲ့ အရည်တစ်မျိုးကို ထုတ်လွှတ်ပြီး အကိုက်ခံရသူ ကို မနာမကျင်ရအောင် ပြုမူပေးရှာပါတယ်။ သို့ပေမဲ့လည်း ခြင်မလေးရဲ့တံတွေးထဲမှာ ပါဝင် လာတဲ့ အင်တီဂျင်ဓာတ် တစ်မျိုးက လူ့သွေးနဲ့ ဓာတ်ပြုပြီး အင်မျူနိုဂလိုဗြူလင် အိုင်ဂျီ-အီးနဲ့ အိုင်ဂျီ-ဂျီတွေ ထွက်ပေါ်လာစေပါတော့တယ်။ ဒီအခါမှာ ခြင့်တံတွေးက အင်တီဂျင်နဲ့လူ့သွေးက အင်တီဘော်ဒီတွေ ဓာတ်ပြုကုန်ကြပြီး၊ ကိုယ်ခံ စွမ်းအားတုံ့ပြန်မှု(Immune Response)  တွေ ဖြစ်ပေါ်လာရပါတော့တယ်။ ဒါ့ကြောင့် ကိုက်တဲ့ နေရာမှာ ယားလာတာတို့၊ နီရဲလာတာတို့ဖြစ် ကုန်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အနီစက်အပျောက် ကလေးတွေ ပေါ်လာနိုင်ပါတယ်။ တချို့တုံ့ပြန်မှု နှေးကွေးသူ (Delay type of immunity) တွေ မှာ နောက်ကျတတ်ပြီး ၂၄ နာရီလောက်မှ ပေါ်လာတာတွေလည်း ရှိပါတယ်။ တချို့သူ တွေမှာဆိုရင် ဆံခြည်သွေးကြောမျှင်တွေတောင် ပျက်စီးကုန်ကြလို့ အနီဖုလုံးကြီးေ တွတောင် ဖြစ် ကျန်ရစ်ခဲ့ရတဲ့အထိပါပဲတဲ့။

ချစ်သူနှစ်ယောက်

အရင်တစ်ပတ်က ဖော်ပြပြီးခဲ့သလိုပါပဲ၊ နေ့လယ်ခင်းကနေစလိုက်တာ ညဘက်တစ်ည လုံးနဲ့၊ မနက်အရုဏ်ဦးပိုင်းအထိ အစာရှာလည်း ထွက်ရင်း၊ သွေးလှူရှင် ကိုလည်းရှာဖွေရင်း၊ အာရုံခံ-ဦးမှင်လေးကို အသုံးချပြီး တဝီဝီမြည် သံပေးလို့ ဒိတ်တင်လုပ်ရမယ့်အဖော်ကို ရှာဖွေရ ပါတယ်။ ခြင်မလေးရဲ့ ပထမချစ်သူ-ခြင်ထီးကြီး ကို၊ ခြင်ဘဝသက်တမ်းနှစ်ရက်အကြာမှာ ကျော ကုန်းထက်မှာ ပိုးလို့ပျံသန်းပြီး မိတ်လိုက်မှုစတင် ပါတယ်။ ခြင်ဥတွေ ဖန်တီးနိုင်ဖို့ကျတော့ ဒုတိယချစ်သူ(လူသား) သွေး လှူရှင်ကို ရှာဖွေရ ပါတယ်။ ခြင်ဥထုတ်လုပ်ရာမှာ ကုန်ကြမ်းပစ္စည်း တွေဖြစ်တဲ့..သွေးထဲက ပရိုတိန်းတွေရရှိနိုင်ဖို့၊ ဒိတ်တင်းအဖော်လူသားကို ရှာဖွေရတာဖြစ်ပါ တယ်။ အနံ့ပြင်းပြင်း ချွေးထွက်တတ်တဲ့သူမျိုးနဲ့ ကိုယ်အပူချိန်နွေးနေတတ်တဲ့ သူမျိုးတွေကို၊ ခြင်မလေးက စွဲလမ်းတတ်လေတော့၊ သူတို့ဆီ ကို တန်းတန်းမတ်မတ်သွားရောက် ပြီး သွေးစုပ် ပါလေတော့တယ်။ ခြင်ဆိုတာကသွေးအေး တဲ့ သတ္တဝါတွေဖြစ်ကြပါတယ်။ အပူချိန် ၅ဝ ဒီဂရီ ဖာရင်ဟိုက်အောက်အေးနေတဲ့ နေရာေ ဒသ တွေမှာ သွေး စုပ်နိုင်စွမ်း မရှိကြတော့ပါဘူး။

ဒါ့ကြောင့် အဲ့ဒီဒေသတွေရဲ့ အေးမြတဲ့ဆောင်း ရာသီတွေမှာ ဂူအောင်းနေတတ်ကြပြီး ဒိတ်တင် အဖော်ရှာမထွက်ကြတော့ပါဘူး။ မြန်မာနိုင်ငံမှာ ကျတော့ အပူပိုင်းရာသီဥ တုဖြစ်နေလို့ ဆယ့် နှစ်ရာသီပတ်လုံး ဒိတ်တင်း အဖော်အကောင်း ဆုံးရနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

ချစ်ဒုက္ခအဖုံဖုံ

ခြင်မလေးနဲ့ ဒိတ်တင်းလုပ်ပြီးလို့၊ အကြည် စားသန်ပြီး သွေးစုပ်ခံလိုက်ရပြီဆိုရင်၊ ယားတာ ဖုတာတွေအပြင် သူကိုယ်တိုင်အမှတ်တမဲ့ သယ် ဆောင်လာခဲ့တဲ့ တခြား ဗိုင်းရပ်စ်ရောဂါပိုးတွေ၊ ကပ်ပါးရောဂါပိုးတွေ ကူးစက်ခံရတော့မှာ ဖြစ် ပါတယ်။ ကပ်ပါးပိုးဆိုတာက အများသိပြီးကြတဲ့ အတိုင်း ငှက်ဖျားရောဂါဖြစ်စေတဲ့ မလေးရီးယား ကပ်ပါးကလေးတွေကို ဆိုလိုတာပါ။ လူ့သွေး ထဲမှာ ကြီးပြင်းလိုက်၊ ခြင့်ခန္ဓာထဲမှာ ကြီးထွား လိုက်နဲ့ ကျေးတောသူ အနော်ဖလိအမျိုးနွယ် ခြင်မလေးတွေဟာ လူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်ကိုက်နေတတ်ပါတယ်။ သူ့ရဲ့နှာမောင်း လက်တံ-ပရို ဘိုးဆစ်ကြီးကနေ တစ်ဆင့်၊ မလေးရီးယားပါရာဆိုက်ပိုးကလေး တွေကလည်း၊ အကြည်စားခံရတဲ့သူတွေရဲ့ သွေးထဲမှာ၊ ပျော်မြူးကူးစက်ကုန်ကြတော့တာ ပေါ့။ သွေးစုပ်ပြီးလို့ ဗိုက်ကြီးကားလာပြီဆိုရင် စိမ့်ရေအိုင်၊ စမ်းရေအိုင်လေးတွေမှာ သွားပြီး ဥတွေ ဥချပြန်ပါရော။ ဒီခြင်မကြောင့် ကမ္ဘာ ပေါ်မှာ တစ်နှစ်တစ်နှစ်ကို လူပေါင်းသန်း ၃ဝဝ ကနေ သန်း ၅ဝဝ လောက် ငှက်ဖျားရောဂါ ဖြစ် ကုန်ကြရပါသတဲ့။

အကြည်စားခံရသူ လူသား ၂ သန်းကျော် နှစ်စဉ်သေဆုံးကုန်ကြရတယ်လို့ ဆိုပါတယ်။ ခြင်မတွေကိုယ်တိုင်ကတော့ ဘာရောဂါမှ မဖြစ်ကြပါဘူး။ ဒါကြောင့်လည်း သူတို့ ကို ဗက်တာ-ကြားခံကောင် (အောင်သွယ် ကောင်) လို့ ခေါ်ဆိုနေကြတာပါ။ (ခင်လတ်) ကြူးလက်မျိုးနွယ်ခြင်မလေး အောင်သွယ်ပေး လိုက်ပြန်တာကတော့ ဆင်ခြေေ ထာက်ရောဂါ ဖြစ်စေတဲ့ ကပ်ပါးပိုးပါပဲတဲ့။ ရေသေ၊ ရေညစ်မှာ ဥ ဥကြပါတယ်။ အေးဒီးစ်ဆိုတဲ့ ရွှေမြို့သူဘိုခြင်မ ကတော့ အသန့်ကြိုက်တဲ့အတွက် ရေကြည်   ရေသန့်ေ ပ်ါမှာမှ ဥ ဥချတတ်ပါတယ်။ အခုတစ် လောခေတ်စားနေတဲ့ ဇီကာဗိုင်းရပ်စ်ပိုးကို အောင်သွယ်တော်မူပါသတဲ့။ သူတို့ကိုက်လိုက် ရင် ကိုယ်ဝန်ဆောင်မိခင်မှာ   ခေါင်းေ သးသေးနဲ့ ကလေးလေးတွေ မွေးဖွားလာဖို့ရှိနေပါတယ်။ အောင်ရင်အေးဒီးစ်က သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုလည်း သယ်ဆောင်ပါတယ်။ တခြား တခြားသော
ခြင်မတွေ ရဲ့အောင်သွယ် တော်ခံဗိုင်းရပ်စ်ပိုးတွေကတော့ ဦးဏှောက် ရောင်ဗိုင်းရပ်စ်ပိုးတွေ၊ ယဲလိုးဖီဗာပိုးတွေ၊ ဝက်စ်နိုင်း ဗိုင်းရပ်စ်တွေစသဖြင့် ပိုးအမျိုးအနွယ် ပေါင်း တစ်ဒါဇင်ကျော်လောက်ရှိတယ်လို့ ဆိုပါ တယ်။ အိပ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ပိုးကတော့ ခြင်မရဲ့ ခန္ဓာထဲမှာမကြီးပြင်းနိုင်ပါဘူး။ အိပ်ခ်ျအိုင်ဗီပိုး ရှိတဲ့သူကို ဘယ်အမျိုးနွယ်ခြင် မကပဲဖြစ်ဖြစ်၊ ဗိုက်ဝအောင်ကိုက်ပြီးရင်၊ အဲ့ဒီခြင်မဆီက သွေး တွေကို ညှစ်ထုတ်ကြည့်လိုက်တဲ့အခါမှာ၊ ကူးစက်နိုင်လောက်တဲ့ ဗိုင်းရပ်စ်ကောင်ရေတွေ လုံလောက်ေ အာင် ပါမလာဘူးဆိုတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။

မကြည်စားနဲ့ကွယ်

ခုနပြောခဲ့တဲ့ ရောဂါတွေကူးစက်မခံရ အောင် ခြင်မတွေရော၊ ခြင်ထီးတွေရော၊ သူတို့ ရဲ့ဥတွေ၊ လောက်လန်းတွေ၊ ပြူပါတွေပါမကျန် အကုန်လုံးကို နှိမ်နင်း သုတ်သင်ပစ်ရမှာ ဖြစ်ပါ တယ်။ ပြည်သူ့ ကျန်းမာရေးရှုထောင့်ကကြည့်ပြီး အများတကာ လုပ်ဆောင်နေတဲ့၊ ဖုံး၊ သွန်၊ လဲ၊ စစ်ဆိုတာတွေကို ကိုယ်တိုင်ကိုယ်ကျပါဝင် လုပ် ဆောင်ကြဖို့လိုပါတယ်။ ဒီနည်းဟာ စရိတ်စက အသက်သာဆုံးနဲ့ အထိရောက်ဆုံးပဲ ဖြစ်ပါ တယ်။ ဂျာနယ်တွေတော်တော်များများမှာ ဒီနည်းတွေကို    ဖော်ပြ ပြီးဖြစ်နေလို့ တစ်ကိုယ် တော် ခြင်အကြည်စားမခံရအောင် ကာကွယ် နည်းလေးတွေကိုတော့ တင်ပြပေးပါ့မယ်။ ဗုဒ္ဓ ဘာသာဝင်လူမျိုးတွေမှာ သူ့အသက် သတ်တာ ကို တားမြစ်ထားလေတော့၊ တရားထိုင်နေရင်း၊ ခြင်မလေးကတဝီဝီလုပ်လာခဲ့ရင် ဖျတ်ခနဲ လက်နဲ့လှမ်းရိုက်လို့က မဖြစ်နိုင်ပါဘူး။ ကုသိုလ် ဒါနမမြောက်တဲ့ သွေးပေးလှူတာ မျိုးတွေမဖြစ် သွားရလေအောင်၊ အကောင်းဆုံးကာကွယ် နည်းကတော့၊ ခြင်လုံဇကာတွေတပ်၊ ခြင်ထောင် တွေထဲမှာနေ၊ ခြင်မနားလိမ်းဆေးတွေ လိမ်း ထားပေးဖို့ပါပဲ ။ ခြင်သတ်ဆေးပါဝင်တဲ့ ခြင် မလာ လိမ်းဆေးတွေကို စတိုးဆိုင်တွေမှာ ဝယ် ယူလို့ ရနိုင်ပါတယ်။ သဘာဝနည်းတချို့ကို ဖော်ပြပေးပါ့မယ်။ NEJM ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားချက်အရ၊ ၃ဝ ရာခိုင်နှုန်း ပြင်းအားရှိ တဲ့ ယူကလစ်ဆီကို သုတ်လိမ်းပေးထားခြင်း အားဖြင့် ၂ နာရီကျော်ကြာအောင် ခြင်မနားနိုင် ဘူးလို့
ဆိုထားပါတယ်။ ၂ ရာခိုင်နှုန်း ပဲပိစပ် အဆီကိုလိမ်းရင် ၉၆ မိနစ်ခံပါတယ်။ ကြက် သွန်ဖြူရည် ၁ ဆ၊ ရေ ၅ဆရောထားတဲ့အရည် ကိုပါးပါး လိမ်းပေး ခြင်းဖြင့် ၅ နာရီကျော် ကြာ  အောင် ခြင်မတွေ မိမိရဲ့ ကိုယ့်ခန္ဓာပေါ်မှာလာပြီး မပလူးနိုင်အောင် တားထားလို့ရပါသတဲ့။ အိန္ဒိယနိုင်ငံမှာ တမာရွက်၊ တမာစေ့နဲ့ တမာဆီ တွေကို သုတ်လိမ်းပြီး   ခြင်မနားအောင် လုပ်ကြ တယ်လို့ဆိုပါတယ်။ နနွင်းတက်ကို မီးရှို့လို့ နနွင်းမှိုင်းတိုက်ပြီး ခြင်နှင်တဲ့အလေ့အထက တော့ မြန်မာတွေရဲ့ ရှေးရိုးခြင်နှင်နည်းပဲဖြစ်ပါ တယ်။

ခြင်ပြေးဂမုံး(Mosquito Repellant Plants)

ခြင်မလာအောင် အိမ်နီးနားမှာ စိုက်ထား ရမယ့် သစ်ပင်ငယ်တွေ ရှိနေပါတယ်။ ခြင်မလာ ဂမုံးလို့ တင်စားပြောဆိုရင်ရပါတယ်။ ယိုးဒယား စပါးလင်(Thai Lemon Grass) ပင်တွေကို ခြံဝင်း၊ အိမ်ဝင်းထဲမှာ ပန်းအိုးလေးနဲ့ စိုက်ပျိုး ထားလို့ရပါတယ်။ ပင်စည်ကိုနှစ်လွှာခွာချလိုက် ပြီး၊ အလယ်အူတိုင်ကို ချိုးလို့လက်ဝါးနှစ်ဖက်နဲ့ ဖိခြေ ပွတ်တိုက်ရပါတယ်။ ပြီးမှ ခြင်နားနိုင်တဲ့ နေရာတွေကို လက်ဝါးနဲ့ လိုက်ပွတ်ပေးထားရင် ခြင်မနားနိုင်တော့ဘူးလို့ ဆိုကြပါတယ်။ Catnip လို့ခေါ်တဲ့ကျူပင်တစ်မျိုး ဟာလည်း ခြင်မလာမှုတ်ဆေးတွေထက် ပိုမိုထိရောက်တယ် လို့ဆိုကြတဲ့အတွက် အိမ်တွင်းမှာ စိုက်ပျိုးထား သင့်ပါတယ်။Marigold  လို့ခေါ်တဲ့ ဂန္ဓမာဒေစီ ပန်းပင် တစ်မျိုးနဲ့Rosemary အပင်တွေကို လည်း ခြင်တွေမကြိုက်တတ်တဲ့အတွက် ဝင်းခြံ ထဲမှာ စိုက်ပျိုးထားလိုက်ရင် ခြင်တွေမအောင်း နိုင်ကြတော့ဘူးလို့ ဆိုကြပါသတဲ့။

ခြင်ဆွဲထောင်ချောက် (Mosquito Magnet)

ချမ်းသာတဲ့နိုင်ငံတွေမှာ ခြင်ဆွဲထောင် ချောက်ဆိုတာတွေနဲ့ ခြင်နှိမ်နင်းတာတွေရှိပါ တယ်။ ခြင်တွေကို သံလိုက်ဓာတ်လိုဆွဲဆောင်ပြီး ထောင်ချောက်တစ်ခုထဲကို ဝင်ခိုင်းလိုက်ခြင်း ဖြစ်ပါတယ်။ အစာမရှိ နားစရာမရှိ ၂၄ နာရီ ပတ်လုံးထောင်ချောက်ရဲ့ လေဟာနယ်ထဲမှာ ထားလိုက်တော့ ခြင်တွေသေကုန်ကြရပါတယ်။ ခြင်ကို ဆွဲေ ဆာင်တဲ့ သံလိုက်ဆိုတာကတော့ ကာဗွန်ဒိုင်အောင်ဆိုဒ် ဓာတ်ငွေ့တွေကို ထောင် ချောက်ကနေ လွှတ်ပေးထားတဲ့အတွက် တစ်ဧကဝန်းကျင်အနီးတစ်ဝိုက်က   ခြင်တွေ ဟာ သွေးစုပ်ရတော့မယ်အထင်နဲ့ ရောက်ရှိလာပြီး ခြင်ထောင်ချောက်ထဲကို သက်ဆင်းကြရတော့ တာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ခြင်တွေကို နှင်နှင်၊ ဂျုရားဆစ်ခေတ် ကထဲက ပေါ်ပေါက်လာ တဲ့ ခြင်တွေကိုတော့ မျိုးပြုန်းအောင်သုတ်သင်လို့ မရနိုင်သေးပါဘူးလို့။

တစ်ချိန်တုန်းက ငှက်ဖျားရောဂါလုံးဝ ပပျောက်ရေးဆိုတဲ့ စီမံချက်ကြီးဟာ စီမံချက် ကိုသာ နာမည်ပြောင်းလဲ (ပပျောက်)ပေးလိုက်ရ ပြီး၊ ခြင်တွေကတော့ မပပျောက် တဲ့အပြင် ဆက်လက်ခေါင်းထောင်လျက်ပဲ ရှိနေပါသေး တယ်။ ခြင်မလေးရဲ့ချစ်ပုံပြင်ကြောင့်၊ ခြင်မ လေးတွေရဲ့ စရိုက်သဘာဝလေးတွေကို သိရှိ ထားပြီး၊ သူတို့လေးေ တွရဲ့ အကြည်စားသွေး စုပ်ခြင်းမှ လွတ်ကင်းကြရလေအောင်၊ ကိုယ်တိုငဆင်ခြင်ရတဲ့ နေထိုင်ပုံနေထိုင်နည်းလေးတွေနဲ့ ပြုမူတုံ့ပြန် နေထိုင်သွားသင့် ပါကြောင်း   ဆွေး နွေးတင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျား။

ဒေါက်တာမြင့်ဦး (ဂျီပီ)

Both comments and pings are currently closed.