နှုတ်​ခမ်းနီမ​လေး​​တွေ အသည်းစွဲဘက်​စုံ အောင်မြင်​သူအနုပညာရှင်​ Leonardo DiCaprio

မြနေရိပ်သွင်

ကမ္ဘာတစ်ဝန်းက နှုတ်ခမ်းနီမလေး အများ စုရဲ့ အသည်းနှလုံးကို နှစ်ကာလကြာမြင့်စွာ သိမ်းပိုက်ထားနိုင်သူ၊ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ၊ အနုပညာ အရည်အချင်း ပြည့်ဝသူ၊ သရုပ်ဆောင်ကောင်းသူတစ်ဦးကို ပြပါဆိုရင်တော့ အမေရိကန်မင်းသား Leonardo DiCaprio ကို ပြရမှာပဲဖြစ်ပါတယ်။DiCaprio ကို Hollywood , California မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူGeorge DiCaprio  နဲ့ မိခင်ဖြစ်သူ Irmelin တို့မှ ၁၉၇၄ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ တစ်ဦးတည်းေ သာသား ဖြစ်ပါတယ်။

အမည်ရင်းကတော့ Leonardo Wilhelm DiCaprio  ပဲဖြစ်ပါတယ်။ DiCaprio ရဲ့ မိခင်နှစ်ပါးဟာ ကောလိပ်ကျောင်းတက်ရင်း တွေ့ဆုံ ခဲ့ကြတာဖြစ်ပြီး နောက် ပိုင်းမှာတော့Los Angeles ကို ပြောင်းရွေ့ခဲ့ကြပါတယ်။DiCaprio  ရဲ့ မိခင်နှစ်ပါးဟာသူကလေးအရွယ် မှာပဲ ကွာရှင်းခဲ့ကြပါတယ်။

Mar 12th, 10:44am

မိခင်ဟာ သူ့ကိုယ်ဝန်နဲ့Leonardo da Vinci ရဲ့ ပန်းချီပြခန်းသွားကြည့်ရင်းDiCaprio  ဟာ မိခင်ဗိုက်ကို ကန်လိုက်တာတာမို့ ကမ္ဘာ ကျော်ပန်းချီဆရာရဲ့နာမည် Leonardo ကို နာမည်မှည့်ခဲ့တာဖြစ်ပါတယ်။

DiCaprio ရဲ့ချစ်မှုရေးရာကို ဖော်ပြရမယ် ဆိုရင် မော်ဒယ်မင်းသမီး တော်တော်များများနဲ့ date လုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မြာပွေသူ ကိုယ်လူချောလို့ ပြောရ မှာပါ။ ချစ်သူ များများထားရှိခဲ့ပေမဲ့ သူ့ရဲ့အနာဂတ်အိမ်ရှင်မ လက်တွဲဖော်ကတော့ အိပ်မက်ထဲက နတ်သမီး ကို ရှာမတွေ့သလို ရှာဖွေနေသလို အခုချိန်ထိ ရှာမတွေ့ သေးသူပါ။ မြာပွေသူမင်းသားတစ်ယောက်ဆိုပေမဲ့လည်း ချောမောတဲ့ ရုပ်ရည်၊ တည်ကြည်ခံ့ညားမှုတွေနဲ့ အနုပညာအရည်အချင်းတွေကြောင့် ကမ္ဘာတစ်ဝန်းက မိန်း မချောလေးများရဲ့ အိပ်မက်မင်းသားအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

Mar 14th, 11:00am

Model တစ်ဦးဖြစ်သူKristen Zang နဲ့ ၁၉၉၆ ခုနှစ်ကတည်းက စတင်date လုပ်ခဲ့ကြ တာဖြစ်ပြီး တစ်နှစ်တာ ချစ်သက်တမ်းကို ဖြတ်သန်းခဲ့ကြကာ   ပြန်ဆက်လိုက်   ပြန်ပြတ်လိုက် ဇာတ်လမ်းတွေနဲ့ ရှေ့ဆက်ကြပါသေးတယ်။

မင်းသမီးတစ်ဦးဖြစ်တဲ့ Bijou Phillips နဲ့လည်း ချစ်ဇာတ်လမ်းစခဲ့ကြပါတယ်။ Victoria’s Secret မော်ဒယ်တစ်ဦးဖြစ်သူ Erin Heatheron နဲ့ ဒီဇင်ဘာလ ၂ဝ၁၁ မှာ စတင်ကြိုက်နှစ်သက်ခဲ့ကြပြီး နိုဝင်ဘာ ၂ဝ၁၂ မှာ ပြတ်စဲခဲ့ကြပါတယ်။

အချိန်ကာလ ၅ လ အကြာ ချစ်သူတွေ အဖြစ် လက်တွဲခဲ့ကြသူBlake Lively နဲ့လည်း France, US  နိုင်ငံတစ်ဝန်း လည်ပတ်ကြရင်း  ချစ်ခဲ့ချိန်ကာလအတွင်း အချိန်တွေ  ဖြုန်းခဲ့ပြန်ပါသေးတယ်။

နာမည်ကျော် အနုပညာတွေဖြစ်ကြတဲ့ Paris Hilton, Miranda Kerr, Demi Moore  တို့နဲ့လည်းDiCaprio  ဟာ မကင်းခဲ့ပြန်ပါဘူး။DiCaprio ရဲ့ လတ်တလော ကတ္တီပါလမ်းခွဲ ထားတဲ့ နောက်ဆုံးချစ်သူကတော့ Kelly Rohrbach ပဲဖြစ်ပါတယ်။

မေလ ၂ဝ၁၅ မှာ ချစ်ကြိုက်ခဲ့ကြပြီး ချစ်သက်တမ်း ၇လ အကြာမှာ လမ်းခွဲလိုက်ကြတာပါ။ လတ်တလောမှာတော့DeCaprio  ဟာ အော်စကာဆုကို ရရှိထားပြီး တစ် ကိုယ်တည်း ဖြစ်နေပါတယ်။ ခဏတာ အချစ်နဲ့ ကင်း ကွာနေသူလို့ ပြောရမှာပါ။ နောက်လာမယ့် နေ့ရက်တွေမှာ ချစ်ဇာတ်လမ်းကို ဘယ်သူတွေ နဲ့ စတင်ဦးမလဲဆိုတာ သတင်းများမှာ စောင့် ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ DiCaprio  အတွက် ရသင့်တာကြာပြီလို့ ပရိသတ်တွေ မျှော်လင့်ချက် ထားနေတဲ့ Academy Award  ကိုတော့The Revenant ဇာတ်ကားနဲ့ ထိုက်တန်မှုနဲ့ အတူ ရရှိခဲ့ပါတယ်

Mar 14th, 2:32pm

Screen Actors Guide Award, Crities´ Choice Movice Award နဲ့ BAFTF Award တို့ကိုလည်းThe Revenant  ဇာတ်ကားအတွက် ရရှိခဲ့ပါတယ်။ မင်းသမီး Kate Winslet   နဲ့ ကမ္ဘာကျော်ဇာတ်ကားဖြစ်တဲ့ Titanic ဇာတ်ကားမှာ အတွဲညီညီသရုပ်ဆောင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာ Revolutionary Road   ဇာတ်ကားမှာ ထပ်မံတွေ့ ဆုံခဲ့ကြပါတယ်။Titanic ဇာတ်ကားမှာ လိုက်ဖက်ညီတဲ့စုံတွဲ အဖြစ် ပရိသတ်နှစ်သက်ခဲ့သလိုမျိုးRevolutionary Road  ဇာတ်ကားမှာလည်း ပုံစံတစ်မျိုးလေးနဲ့ တွဲဖက် ညီနေပါတယ်။ အိမ်ထောင်ရေး ဇာတ်ကားဖြစ်ပြီး ပရိသတ် စိတ်ထဲ တစ်ခုခုကို နစ်ဝင်စီးမျောစေတဲ့ ဇာတ်ကားပါ။

Kate Winslet နဲ့ DiCaprio  တို့နှစ်ဦးဟာ ဇာတ်ကားထဲမှာ အလိုက်ဖက်ဆုံးအဖြစ် ပရိသတ် လက်ခံခဲ့ကြသလို အပြင်ဘက်မှာ လည်း တကယ့်စုံတွဲအဖြစ် ပရိသတ်ေ တွက မြင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးကတော့ တကယ့်ကို ဖြူဖြူ စင်စင်နဲ့ ချစ်စရာကောင်းတဲ့ မောင်နှမအရင်းတွေလို ချစ်ခဲ့ကြတယ်။ ရပ်တည်နေခဲ့ကြပါ တယ်။   ယောက်ျားလေးနဲ့ မိန်းကလေး တွဲဖက်တိုင်းလည်း ချစ်သူစုံတွဲများ မဟုတ်ဘူးဆိုတာကို သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။

Mar 14th, 3:42pm

ဒါရိုက်တာ Alejandro G ရိုက်ကူးတဲ့The Revenant  ဇာတ်ကား ကတော့ DiCaprio  အတွက် မှတ်တိုင်တစ်ခု ဖြစ်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

 Budget အနေနဲ့ ဒေါ်လာ ၁၃၅ သန်း ကုန်ကျခဲ့ပြီး Box office မှာတော့ ဒေါ်လာ ၄၃၂.၄ သန်း ရရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်ခဲ့တဲ့Titanic ဇာတ်ကားကို မှတ်မိကြဦးမယ် ထင်ပါတယ်။ နာမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်တဲ့James Cameron   ရိုက်ကူးပုံဖော်ခဲ့တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ခဲ့ပြီး Leonardo DiCaprio ကို ရုပ်ရည်ချောမော အရည်အချင်းပြည့်တဲ့ မင်းသားတစ်လက် အဖြစ် ကမ္ဘာ တစ်ဝန်းက ပရိသတ်များ သိစေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

၁၉၉၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Budget ဒေါ်လာ သန်း ၂ဝဝ သုံးစွဲထားပါတယ်။ ဇာတ်ကားရဲ့ အောင်မြင်ကျော်ကြားမှုကြောင့် အမေရိကန်ဒေါ်လာ billion 2.189  ရရှိခဲ့တဲ့ အထိ အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက် ကူးထားတာ ဖြစ်ပါတယ်။ DiCaprio  အပြင် မင်းသမီးKate Winslet  နဲ့ အခြားအနုပညာရှင် တွေ ဖြစ်ကြတဲ့ Billy Zane, Kathy Bates, Frances Fisher Vitoria Garber, Bernard Hill  အစရှိတဲ့ သရုပ်ဆောင် တွေလည်း ပါဝင်ခဲ့ပါတယ်။

Mar 15th, 9:50am

၂ဝဝ၅ ခုနှစ်မှာ DiCaprio ရဲ့ မျက်နှာမှာ မတော်တဆဖြစ်မှုတစ်ခုကြောင့် ဒဏ်ရာရခဲ့ပါ တယ်။ Hollywood party တစ်ခုမှာ မော်ဒယ် Aretha Wilson က ဖန် ပုလင်းကွဲတစ်လုံးနဲ့ ရိုက်ခဲ့တာ ဖြစ်ပါတယ်။ အမှုဖြစ်ခဲ့ကြပြီး Aretha Wilson  ဟာ DiCaprio ကို သွေးထွက်သံယိုဖြစ်အောင်ရိုက်နှက်မှုနဲ့ ထောင်၂ နှစ်ကျခဲ့ ပါတယ်။

Golden Globe Awards, Academy Awards tygt0if Runner – up ၄ဆု , လျာ ထားခံရတဲ့ ဆုပေါင်း ၁၆၄ ဆုနဲ့ အောင်မြင်မှု လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့တဲ့ Awards  ပေါင်း ၄၅ ဆုပိုင်ရှင်DiCaprio ကတော့ အခုချိန်မှာ နောင်နှစ်အတွက် ဇာတ်ကားသစ်ကို လက်ခံ ရိုက်ကူးနေခြင်း မရှိသေးပါဘူး။Romeo+ Juliet, Titanic, The Man in the Iron Mark, The Beach, The Revolutionary Road  အစရှိတဲ့ ဇာတ်ကား ကောင်းလေးတော်တော်များများကို ရိုက်ကူးခဲ့သူ၊ အချစ်ဇာတ် လမ်းတွင် မက Action , ဖိုက်တင် ဇာတ်ကားတွေမှာပါ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ပြီး ဘက်စုံရ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အောင်မြင် ကျော်ကြားမှုတွေ ယခုတိုင် ရရှိနေဆဲဖြစ်တဲ့ မင်းသားချောDiCaprio အတွက်ကတော့ ယခုလက်ရှိအချိန်မှာ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတာဟာ အရာရာ မပြည့်စုံနိုင်သေးခြင်း တစ်ခုလို့ ဆိုရမှာပါ။ မိန်းကလေးများအကြား ရေပန်းစားလွန်းတဲ့DiCaprio  တစ်ယောက် အမြန်ဆုံး ချစ်သူအိမ်ထောင်ဖက်နဲ့ တွေ့ဆုံခွင့် ရပြီး ဇာတ်ကားကောင်းလေးများကို ထပ်မံရိုက်ကူးခွင့်ရကာ နှစ်ကာလများစွာ အောင်မြင်မှု တွေ ဆက်လက်တည်ရှိနိုင်ပါစေလို့DiCaprio  ရဲ့ ပရိသတ်များက ဆုတောင်း ဆန္ဒပြုပေးနေ မယ်ဆိုတာကတော့ မမှားတဲ့စကားများသာ ဖြစ်ပါတော့တယ်။

Both comments and pings are currently closed.