ဒီဇိုင်နာထက်ထက်ဦးနှင့် စကားလက်ဆုံ

Model – Htet Htet Oo
Make – up – Jet Jet (Judson)
Designer – Htet Htet Oo
Photo – Kansuho (Black & White Studio)
Arranged by Thida Soe

ရိုးရှင်းပြီး ဆွဲဆောင်မှုရှိပြီး smart ကျတဲ့ ဝတ်စုံပုံစံတွေကို ဖန်တီးရတာကြိုက်နှစ်သက်သူ၊ ဒီဇိုင်နာပညာရပ်နဲ့ ပတ်သက်ရင် အမြဲတမ်း လေ့လာနေပြီး လေ့ လာအားေ ကာင်းသူ ဒီဇိုင်နာ ထက်ထက်ဦးနဲ့ စကားလက်ဆုံပြောဖြစ်ခဲ့ပါ တယ်။

    ဒီဇိုင်နာပညာရပ်နဲ့ ပတ်သက်ပြီး ဘယ် အချိန်ကတည်းက လေ့လာဖြစ်ခဲ့တာလဲ။

ဒီဇိုင်နာပညာရပ်နဲ့ ပတ်သက်ပြီး ငယ်ငယ် ကတည်းက စိတ်ဝင်စားခဲ့တာပါ။ ငယ်ငယ်က တည်းက အရုပ်မလေးတွေအတွက် အင်္ကျီလေး တွေ ချုပ်ပေးတယ်။   ကျောင်းပြီးတော့ ဘာလုပ် ရင်ကောင်းမလဲဆိုပြီး စဉ်းစားတယ်။ စိတ်ဝင် စားတဲ့အလုပ်က ဒီအလုပ်ပဲဖြစ်နေတယ်။graphic နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ခဲ့ တယ်။ အဲဒါတွေပြီးတော့မှ ၂ဝ၁၂၊ ၂ဝ၁၃ လောက်မှာ စဖြစ်ခဲ့တာပါ။

ဒီဇိုင်နာပညာရပ်နဲ့ ပတ်သက်ပြီး ဘယ်ဆရာ တွေဆီမှာ လေ့လာဖြစ်ခဲ့တာလဲ။

ဒီဇိုင်နာဆရာတာတီးဆီမှာ Basic  သင်တန်းတွေ တက်ခဲ့တယ်။ ဆရာတာတီးဆီ မှာပဲ နောက်ထပ်အဆင့်မြင့်သင်တန်းတွေ တက်ခဲ့ပါတယ်။ ဂျပန်က ဆရာတွေဆီမှာ လည်း ရက်တိုသင်တန်းတွေ တက်ခဲ့တယ်။ ဂျပန်က ဆာကူရာ Fashion School ဆရာတွေက ဒီကိုလာပြီး သင်ပေးတာပေါ့နော်။

    ဒီဇိုင်နာလောကကို ဘယ်နှခုနှစ်လောက် က စတင်ဝင်ရောက်ဖြစ်ခဲ့တာလဲ။

သင်တန်းစတက်ကတည်းက ဒီအလုပ်ကို လုပ်နေတာပါ။ အလုပ်လုပ်နေရင်းနဲ့ပဲ လိုအပ် တာတွေ ထပ်ဖြည့်ဖို့ သင်တန်းတွေတက် တယ်။

 ဒီဇိုင်နာလောကကို ဝင်ရောက်တဲ့အချိန် မှာရော အခက်အခဲတွေ ရှိသေးလား။

အခက်အခဲကတော့ ရှိပါတယ်။ အရမ်း ကြီး ခက်ခဲတာမျိုးတော့ မရှိပါဘူး။ ကိုယ်ကိုယ် တိုင်ကလည်း အချိန်နဲ့အမျှ ကြိုးစားနေတယ်။ လေ့လာမှုတွေ အားကောင်းလို့ အချိန်တိုအတွင်း မျာ နေရာရခဲ့တာပေါ့နော်။ ပတ်ဝန်းကျင်က ကိုယ့်မောင်နှမတွေကလည်း ကူညီကြပါတယ်။ အခုထက်ထိတော့ ကောင်းနေကြပါတယ်။

    ဖက်ရှင်နဲ့ပတ်သက်ပြီး ညီမလေး လေ့လာ ဖြစ်တာတွေကို ပြောပြပေးပါဦး။

Youtube  ထဲက Update Video File  တွေကို ကြည့်တယ်။ အဲဒါတွေကတော့ အမြဲ တမ်း Updat ဖြစ်နေတယ်လေ။Facebook  ကတော့ လူအများ Like လွန်း၊ Share လွန်းလို့ မှ တွေ့ရတာပေါ့။ Youtube ထဲက Praticle  ပိုင်းတွေ၊  Cuttingပိုင်းတွေကို လေ့လာတယ်။Google ကကျတော့ နိုင်ငံခြားက Fashion Week တွေ Fashion Traed တွေကို ကြည့် ဖြစ်တယ်။ ကတ်တလောက်တွေလည်း ဝယ်ဖြစ် ပါတယ်။

    မော်ဒယ်တွေ၊ မင်းသမီးတွေများစွာကို ဝတ်စုံတွေ ဖန်တီးပေးနေရတော့ ဒီဇိုင်းတွေ စဉ်းစားတဲ့အခါ ဘယ်လိုမျိုးတွေ စဉ်းစားဖြစ် လဲ။

Customer  တစ်ယောက်က ဝတ်စုံတစ်စုံ လာအပ်ပြီဆိုရင် သူ့ရဲ့ခန္ဓာကိုယ်၊ သူ့ရဲ့ရုပ်အကျ တွေကိုကြည့်ပြီး သူလိုချင်တဲ့ ဒီဇိုင်းကိုညှိပြီး ဖန်တီးရတာပေါ့နော်။ ကိုယ့်စိတ်ကြိုက်လည်း ဖြစ်ပြီးCustomer  နဲ့လည်း လိုက်ဖက်ရမယ်။ ဘယ်လိုပွဲမျိုးကို တက်မှာလဲဆိုတာကိုလည်း ကြည့်ပါတယ်။ မဂ္ဂဇင်းအတွက် ဖန်တီးမယ်ဆို ရင်တော့ ကဏ္ဍကို အရင်ကြည့်တယ်။ အဲဒီ အပေါ်မှာမှ မဂ္ဂဇင်းကအပ်တဲ့ပုံစံနဲ့ ကိုယ်ဖန်တီး ချင်တဲ့ပုံစံကို ညှိပြီး လုပ်ရတာပေါ့နော်။

ဒီဇိုင်နာပြိုင်ပွဲတွေ လုပ်လာကြတဲ့အပေါ် ညီမလေးရဲ့အမြင်ကိုလည်း ပြောပြပေးပါဦး။

ဒီဇိုင်နာပြိုင်ပွဲတွေ လုပ်လာတာ ကောင်း ပါတယ်။ ဒီဇိုင်နာပြိုင်ပွဲကတော့ ရွေးချယ်မှုတွေ များတာပေါ့။ နာမည်ကြီးဖို့လည်း လွယ်တာ ပေါ့နော်။ ညီမတို့ကျတော့ အပ်ထည်တွေ အရမ်းများတဲ့အတွက် ပြိုင်ပွဲတွေ ဝင်ပြိုင်မယ် ဆိုရင်တောင် ဒီဘက်က အလုပ်တွေကို လုံးဝ ချန်ထားခဲ့ရမယ်။ ပြိုင်ပွဲဝင်ဖို့အတွက်ကို အချိန် ပေးရမယ်လေ။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ် စေ ယှဉ်ပြိုင်ဖို့က အဓိကပါပဲ။ ဒီဇိုင်နာတွေ တစ်ယောက်နဲ့တစ်ယောက်က အတွေးအခေါ် တွေ၊Idea တွေ မတူကြဘူးလေ။ ဒီ Title  တစ်ခုမှာ ဒီဇိုင်နာက တော်သွားပေမဲ့ အခြား ဒီဇိုင်နာက ဆုမရဘဲကျန်ခဲ့တယ်ဆိုတာ သူညံ့လို့ တော့ မဟုတ်ပါဘူး။ သူ့မှာ အားသာချက်တစ် ခုတော့ ရှိတယ်။ တစ်ယောက် က Europe  ဒီဇိုင်းဘက်ကို သွားချင်တယ်။ တခြား တစ်ယောက်က Hand made  ဘက်ကို သွား ချင်တယ်ဆိုတဲ့ အားသာချက်တွေ အများကြီးရှိ တယ်။ အဲဒါကြောင့် ပြိုင်ပွဲမှာ ပြုတ်ကျကျန်ခဲ့ရင် တောင် အားနည်းချက်ကြောင့် မဟုတ်ပါဘူး။ ပြိုင်ပွဲဝင်ပြိုင်တဲ့ ကလေးတွေကို အားပေးပါ တယ်။

    ဒီဇိုင်နာပညာရပ်က အသက်မွေးဝမ်း ကျောင်း ပညာရပ်တစ်ခုဆိုတာကို ညီမလေး အနေနဲ့ လက်ခံပါသလား။

ညီမအနေနဲ့ လက်ခံပါတယ်။ အသက်မွေး ဝမ်းကျောင်းလည်း ဖြစ်တယ်။ ကိုယ်လုပ်ချင်တဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို တကယ် တမ်းလုပ်နေရတာဖြစ်တဲ့ အတွက် ညီမရဲ့ဘဝ မှာ ပိုပြီးတော့ အရေးကြီးပါတယ်။ ဘဝအတွက် ခိုင်မာမှုရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် ပါ။

   ဒီဇိုင်နာလောကကို ဝင်ရောက်လာမယ့် လူငယ်တွေအတွက် အကြံပေးစကားလေး ပြောပေးပါဦး။

အဓိကကတော့ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ Expericence နဲ့ ဆိုင်ပါတယ်။ Creation  တစ်ခုကို ဖန်တီးနိုင်ဖို့အတွက်Talent မယ်။ လေ့လာမှု အားကောင်းရင် လုပ်နိုင်ကြပါတယ်။ အဓိကကတော့ Customer  နဲ့ ဆက်ဆံတဲ့အခါမှာ Experience လိုသွားပြီ။ လုပ်သက်နုသေးရင်တော့ ဧည့်သည်နဲ့ဆက်ဆံ တဲ့အခါမှာ အားနည်းချက်လေးရှိမှာပေါ့။ ညီမ ပြောချင်တာကတော့ သည်းခံပါ၊ စိတ်ရှည်ပါ။ အခက်အခဲတစ်ခုခုတွေ့ရင် စိတ်ဓာတ်မကျဘဲနဲ့ ရှေ့ဆက်ပြီး သွားပေးပါ လို့ ပြောချင်ပါတယ်။

   လူမှုဆက်ဆံရေးက ဒီဇိုင်နာတစ်ယောက် အတွက် ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။

Social  ကတော့ အရမ်းကို အရေးပါပါ တယ်။ Customer  နဲ့ ဆက်ဆံတဲ့အခါမှာ Customer က အမြဲFirst ဖြစ်နေရမယ်။ ကိုယ့်ဘက်က စိတ်ဆိုးရင်တောင် ဆိုး လိုက်လို့ မရဘူး။ ရိုင်းချင်ရင်လည်း ရိုင်းလိုက်လို့မရဘူး။ Customer ကသာ အဓိကပေါ့နော်။ Media  ဘက်ကတော့ သူဘာလုပ်ချင်လဲ၊ ကိုယ်ဘာလုပ် ချင်လဲ အကုန် လုံးညှိပြီး လုပ်ကြပါတယ်။

    ညီမလေးအနေနဲ့ မြန်မာထိုင်မသိမ်းတွေ ကို ဖန်တီးဖြစ်လား။

မြန်မာထိုင်မသိမ်းတွေကို အကြောင်း ကြောင်းကြောင့် မဖန်တီးဖြစ်သေးဘူး ဖြစ်နေ တယ်။ နေရာအခက်အခဲကြောင့်ရော၊ ဝန်ထမ်း အင်အားနည်းနေတာရောကြောင့် ပါ။ ၂ဝ၁၇ ထဲမှာတော့Miss ပွဲတွေ၊ မင်္ဂလာပွဲတွေဘက်ကို လုပ်ဖြစ်မယ်ထင်ပါတယ်။ ၂ဝ၁၆ ထဲမှာတော့ Customer  တွေအပ်တဲ့ ဝတ်စုံတွေနဲ့ Media  တွေဘက်က အပ်တဲ့ ဝတ်စုံတွေကိုပဲ ဖန်တီး ဖြစ်နေဦးမှာပါ။

    ညီမလေးအနေနဲ့ မြန်မာဝတ်စုံတွေဖန်တီး တဲ့အခါမှာ တခြားဒီဇိုင်နာတွေနဲ့ မတူအောင် ဘယ်လိုမျိုး ကြိုးစားအားထုတ်ရလဲ။

မြန်မာဝတ်စုံကတော့ နိုင်ငံခြားက ဝတ်စုံတွေလို အများကြီး ဆန်းသစ်တီထွင်လို့ မရဘူးလေ။ ဒါပေမဲ့ အခုဆိုရင် မြန်မာဝတ်စုံကို ရိုးရိုးလေးနဲ့ဆန်းအောင် Europe ဘက်က ဒီဇိုင်းလေးတွေနွှယ်ပြီး ဇာလေးတွေ၊ ပိုးလေးတွေ နဲ့ရောပြီး ချုပ်လာကြတယ်။

    ဒီဇိုင်နာပညာရပ်နဲ့ ပတ်သက်ပြီး နောက် ထပ်သင်ယူလေ့လာမှုတွေလုပ်ဖို့ အစီအစဉ်ရော ရှိလား။

ညီမအနေနဲ့ ကျောင်းသွားတက်ပြီး လေ့လာချင်ပါတယ်။ တစ်နှစ်၊ နှစ်နှစ်လောက် တော့ မလုပ်ဖြစ်သေးပါဘူး။ ဘန်ကောက်ဖြစ် ဖြစ်၊ စင်ကာပူမှာပဲဖြစ်ဖြစ် ဒီဇိုင်နာ ပညာရပ်နဲ့ ပတ်သက်ပြီး သင်ယူလေ့လာချင်ပါတယ်။ သင်တန်းတွေ သွားတက်ရင် ဒီက အလုပ်တွေကို စွန့်လွှတ်ပြီး ထားခဲ့ရမှာလေ။ အသစ်က ပြန်စ ရမယ်။ ဒီလိုနေရာ ကို ရောက်ဖို့အတွက်ကလည်း ၆ နှစ်လောက် အချိန်ပေးထားရတာလေ။ သင်တန်းတွေကတော့ တက်မှဖြစ်မယ်လို့ ထင်ပါတယ်။ အတွေးအခေါ်ပိုင်းတွေကျတော့ မတူ ဘူးလေ။ ကိုယ်က ဘယ်လောက်ပဲ အင်တာနက်က လေ့လာလို့ရသည်ဖြစ်စေ ကိုယ့်ရဲ့အတွေ့အကြုံက လက်တွေ့နဲ့တော့ မတူဘူး အစ်မ။

    ညီမလေးအနေနဲ့ ကိုယ့်စိတ်ကြိုက် ဝတ်စုံ တစ်စုံကို ဖန်တီးပါဆိုရင် ဘယ်လိုမျိုးဝတ်စုံကို ဖန်တီးချင်ပါသလဲ။

အရမ်းကို attraction ရှိပြီး ကြည့်လိုက် တာနဲ့ အိုး … လှလိုက်တာ၊ မိုက်လိုက်တာ ဆိုပြီး ပြောရလောက်အောင်ဖြစ်တဲ့ ဝတ်စုံမျိုး တော့ ဖန်တီးချင်တာပေါ့နော်။

    ဒီဇိုင်နာပညာရပ်ကို စိတ်ဝင်စားသူတွေ အတွက် သင်တန်းသားတွေ လက်ခံပါသ လား။

နေရာအခက်အခဲရှိတာက တစ်ကြောင်း၊Customer  အပ်ထည်တွေရှိတာကတစ်ကြောင်း သင်တန်းသားအများကြီးတော့ လက်မခံနိုင် သေးပါဘူး။ တစ်ယောက်၊ နှစ်ေ ယာက်လောက် တော့ သင်ပေးနေပါတယ်။ သင်တန်းကြေးက တော့ Basic  ဆို ၅ သိန်းယူပါတယ်။ ၂ လသင်ပါတယ်။ နောက်ထပ် အဆင့်မြင့် သင်တန်းတွေကတော့ ဘာသာရပ်အလိုက် တိုးသွားတာပေါ့နော်။

    ညီမလေးရဲ့ ဆိုင်လိပ်စာကိုလည်း ပြော ပြပေးပါဦး။

အမှတ် ၃၄ ၊ 1B  ၊ ၁ဝ၈ လမ်း၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ပါ။

Both comments and pings are currently closed.