နွေရာသီရဲ့ နေ့လယ်စာ

စာမေးပွဲ ကြီးပြီးလို့ ကျောင်းတွေပိတ်တဲ့ နွေကိုရောက်ပြီ ဆိုတာ နဲ့ ကလေးတွေ အပျော် ကြီး ပျော်နေကြပြီ။ မနက်လင်း လို့ အိပ်ယာထ တာနဲ့ စပြီး ကစားလိုက် စားလိုက် နဲ့ ပျော်ခဲ့ရတဲ့ အချိန်တွေကို သတိရမိပါတယ်။

 ကျောင်းပိတ်ရက် ဖြစ်တာ နဲ့အညီ ကစား ရင်း တွေ့ရာမြင်ရာ ဝယ်စားကြနဲ့ ပျော်စရာ ကောင်းပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိမှာ ကိုတော့ စိတ်ပူမိပါတယ်။

ဒါကြောင့် ကလေးတွေ ကျောင်းပိတ်တဲ့ နွေရာသီမှာ ဘေးကင်းကင်း အာဟာရ ပြည့်ပြည့် ဝဝနဲ့ လွယ်ကူတဲ့ နေ့လယ်စာလေးတွေ ကို ရေးချင်လာမိပါတယ်။

ပဲဆီမွှေးမွှေးလေး နဲ့ ကန်စွန်းဥပြုတ် ပူပူလေး

ကန်စွန်းဥသည် Vitamin A အပြည့်အဝ ပါတဲ့ အစားအသောက် တစ်ခုဖြစ်တာကြောင့် ဖွံဖြိုး ကြီးထွားရန် လိုအပ်တဲ့ ကလေးငယ်များ အတွက် သင့်တော်တဲ့ အာဟာရ ဖြစ်ပါတယ်။ ဆီနဲ့ဆားပါ ထည့်စားရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကိုပါ ပေးစွမ်းနိုင်တာကြောင့် နေ့လယ်ခင်း အာဟာရပဲဖြစ်ပါသည်။

ထန်းလျက်သာကူ ချိုချိုလေး

 နေ့လည်ခင်း တစ်ရေး အိပ်ပြီး နိုးလာတဲ့ ကလေးတွေ အတွက် မေမေကျိုတိုက်တဲ့ သာကူကျို  ချိုချိုမွှေးဟာ ငယ်ဘဝ အတွက် မရှိမဖြစ် အာဟာရ ဖြစ်ခဲ့ပါတယ်။ သာကူ ဟာ ကာဗိုဟိုက်ဒရိတ်ဓာတ် များ ပြည့်ဝသကဲ့သို့ ထန်းလျက်သည် အစာချေအဖွဲ့ အတွက် များစွာ ထောက်ကူပေးနိုင်သော အာဟာရဖြစ်သည့် အတွက် သင့်တော်ပြီး လွယ်ကူ ရိုးရှင်းတဲ့ နေ့လယ်စာပဲဖြစ်ပါတယ်။

နို့ဆန်ပြုတ်

 နွားနို့ ပူပူလေးရော ကျိုထားတဲ့ ဆန်ပြုတ် ဒါမှ မဟုတ် အုန်းနို့မွှေးမွှေးလေး နဲ့ ပြုတ်ထားတဲ့ ဆန်ပြုတ်သည် လည်း အာဟာရပြည့် ဝသော နေ့လည် စာ ဖြစ်ပါသည်။ Vitamin နဲ့ သတ္တု ဓာတ်များစွာ ပါဝင်တဲ့ နွားနို့ကို ကာဗိုဟိုက် ဒရိုက်ပြည့်ဝတဲ့ ဆန်ပြုတ်နဲ့ ကြိုချက်လိုက်တဲ့ အခါ အရမ်းကောင်းပြီး လွယ်ကူ ရိုးရှင်း တဲ့ နေ့လယ်စာပဲ ဖြစ်ပါတယ်။

ဖယောင်းနံ့သင်းသင်းလေးနဲ့ မုန့်လက်ဆောင်း

ပူတဲ့ရာသီမှာ အပူစာတွေပဲ ရေးပြနေလို့ မဖြစ်သေးတဲ့ အတွက် နွေအပူကို အံတုမယ့် မုန့်လက်ဆောင်း ချိုချိုလေးကို တင်ပြပေးချင်ပါ တယ်။ ထန်းလျက်ရည်လေး ကျိုထားပြီး ဝယ်ရ လွယ်ကူတဲ့ မုန့်လက်ဆောင်းဖတ်လေး နဲ့ ရေခဲ အေးအေးလေး ရောသောက် လိုက်ရင် အေးမြတဲ့ အာဟာရ လည်း ပြည့်ဝ တဲ့ နေ့လယ် စာလေး ဖြစ်ပါတယ်။

ဖရဲသီး၊ သခွားမွှေးသီး ဖျော်ရည်

ရာသီပေါ် သီးနှံလည်း ဖြစ်သလို အေးမြတဲ့ အရသာလည်း ပေးစွမ်းနိုင်သောကြောင့် အလွန်နှစ်သက်ဖွယ် အာဟာရပဲဖြစ်ပါသည်။ Vitamin A, B complex နှင့် C တို့ ပြည့်ဝ စွာ ပါဝင်နေသည့် အတွက် ကလေးတို့ နေ့လယ်စာ အတွက် အထူးပဲ သင့်လျော်ပါသည်။

ကျောင်းပိတ်ရက်တွေ မှာ တွေ့ရာဝယ် စားမှာ အသင့်စား မုန့်ထုပ်တွေ ရေခဲထုပ်များ ရေခဲချောင်းများမှာ ဆိုးဆေးဆေးသကြားနဲ့ ဓါတုပစ္စည်းများ အန္တရာယ်ကြောင့် ကလေးတွေ အတွက် စိုးရိမ်စရာအလွန်ကောင်းပါတယ်။

ဒါကြောင့် လွယ်ကူ အဆင်ပြေပြီး အာဟာရလည်း တကယ်ပြည့်ဝမယ့် နေ့လည်စာလေး များကို လက်လှမ်းမီ သလောက် ရေးသားတင်ပြလိုက်ပါ တယ်။

 ပျော်ရွှင်ကျန်းမာစွာ နဲ့ နွေရာသီကျောင်း ပိတ်ရက်ကို ဖြတ်သန်းနိုင်ပါစေ။

မေတ္တာအားဖြင့်
ဒေါက်တာဇာနည်ဝင်း

Both comments and pings are currently closed.