အသားရေ ချောမွေ့ တောက်ပြောင်စေတဲ့ လျှို့ဝှက် နည်းလမ်းများ

ဒီတစ်လမှာတော့ spa သွားစရာ မလိုဘဲ အသားအရေကို ကျန်းမာ လှပနေအောင် ထိန်းသိမ်းနိုင်မယ့် နည်းစနစ်တွေ စုစည်းဖော် ပြလိုက်ပါတယ်။ အသားရေ လှပမှု ရဲ့အခရာ ဟာချောမွေ့မှု နဲ့ ကြည်စင် ဝင်းပနေမှုပါပဲ။ အသားရေလှပဖို့ အတွက် ဂရုစိုက်ရှောင်ရှား ရမှာတွေ ရှိသလို လိုက်နာဆောင်ရွက် ရမှာတွေ လည်းရှိပါတယ်။ အခု နည်းစနစ်တွေ ဟာ အများကြီး ရှိတဲ့ အထဲက မဖြစ်မနေ သိထားသင့်ပြီး အချိန်ကုန် ငွေကုန် သက်သာလွယ်ကူ စွာပြုလုပ်နိုင်မယ့် နည်းစနစ်တွေကို ပဲ ရွေးချယ် ထား တာဖြစ်ပါတယ်။  ဒါကြောင့် မအားလပ်လို့ spa မသွားနိုင်သူတွေနဲ့ ကိုယ့်ရဲ့ အတွင်းသားတွေကို တစ်ပါးသူကို မဖော်ပြချင်သူ ရတီမေတို့ အတွက် သိပ်ကို အသုံး တည့်မယ့် နည်းလမ်းကောင်းတွေဖြစ်မှာပါ။

ရေနွေးငွေ့ကိုအသုံးပြုပါ

 ရေနွေးငွေ့ နဲ့ပေါင်းခံကာ ပေါင်းတင်ချွေး ထုတ်နည်းက အရေပြားပေါ်က ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို ဖွင့်ပေးပါတယ်။ ဒါကြောင့် ပိတ်ဆို့နေတဲ့ ချေးညှော်တွေဟာ လင်းပွင်းလာပြီး ရှင်းလင်း သွားတာကြောင့် အသားရေ ကိုတောက်ပလာစေပါတယ်။ ရေနွေးငွေ့ ပေါင်းခံနည်းမှာအဆင့်မြင့်ရနံ့ကုထုံး စနစ်တွေ အမြောက်အမြား ရှိပေမဲ့ အလွယ်ကူ ဆုံးနည်းကို ပဲစတင်နိုင်ဖို့ လိုအပ်ပါတယ်။ မျက်နှာ အသား အရေအတွက်တော့ ဖန်ဇလုံတစ်လုံး သို့မဟုတ် အပူခံကြွေ ဇလုံတစ်လုံးထဲ ကို ကျိုက် ကျိုက်ဆူ ပြီးသား ရေနွေးထည့်ပါ။ မျက်နှာကို ရေနွေးငွေ့ ရလောက်ရုံ အမြင့်မှ တဘက်ပုဝါ ခြုံပြီး မျက်နှာ အပ်ထားပေးပါ။ မျက်နှာက သနပ်ခါးနဲ့ မိတ်ကပ် တွေ ကုန်စင်အောင် ဖျက်ပြီး မျက်နှာသစ် ဆပ်ပြာ နဲ့ အရင်သစ် ထားပြီးမှ ပြုလုပ်ဖို့လိုပါတယ်။ ကိုယ်ခန္ဓာ အသားရေ ရေနွေးငွေ့ ပေါင်းခံဖို့ အတွက် ခက်ခဲတယ် ဆိုပြီး သိပ်ပူစရာ မလိုပါဘူး။ သန့်စင်တဲ့ မွေးပွချည် ထည်တဘက်ကို ဆူပြီး သားရေ နွေးထဲကို စိမ်၊ ရေညှစ်ချပြီးတဲ့ အခါ တစ်ကိုယ်လုံး အနှံ့ချွေးပေါက်တွေကို ပွင့်ထွက် သွားအောင် တိုက်ပေး ရပါတယ်။ ဒီ ရေနွေးငွေ့ ပေါင်းတင်နည်းတွေကိုပြုလုပ်တဲ့အခါ အပူမရှပ် မိစေဖို့တော့သတိထားရပါမယ်။

ဘရပ်ရှ်နဲ့ပွတ်တိုက်ပါ

အရေပြားကို ဘရပ်ရှ်နဲ့ ပွတ်တိုက်ချေးချွတ်တဲ့ နည်းလမ်းဟာ သိပ်ကိုရိုးစင်းပြီး ရှေးကျ တဲ့နည်းလမ်း တစ်ခုပါပဲ။ နေ့စဉ် ဒီလို ပွတ်တိုက် ပေးတာဟာ ရေချိုးခြ ရဲ့ လုပ်ငန်း စဉ် တစ် ရပ်လို့ပဲ သိထားကြပါတယ်။ အမှန်တော့ ကြေးတွန်းတယ်လို့ သိထားတဲ့ ဒီနည်းကိုပဲ စနစ်တကျ ပြုလုပ်ပေးရင် အသားအရေ မွဲခြောက် မှုကိုကာကွယ်ပေး ပြီးတောက် ပလာစေပါ တယ်။ ဒီလို အသားရေကို ခပ်ဖိဖိကလေး အကြမ်းဆန်ဆန် ပွတ်တိုက်ပေးဖို့ အတွက်တော့ ဘရပ်ရှ်ကို ရွေးချယ် တတ်ရပါမယ်။ သာမန် စတိုး ဆိုင်တွေ မှာရောင်းတဲ့ရေမြှုပ်တွေ၊ ပလတ် စတစ်ရာဘာ၊ ဖော့ကြမ်းတွေအစား သဘာဝက ရတဲ့အမျှင် တစ်မျိုးကို အသုံးပြုတာ ပိုမိုကောင်းမွန်ပါတယ် ။ဥပမာ သပွတ် အူခြောက် လိုမျိုးပါ။ တံတောင်ဆစ် အပါအဝင်ပေါင်၊ ခြေသလုံး၊ ဖနောင့် တို့ကိုပါ ပွတ်တိုက်ပေးပါ။ (မျက်နှာကိုပါ ရော အသုံးမပြုဖို့တော့ သတိထားပါ။ မျက်နှာ ကိုပွတ်တိုက် တဲ့ ဘရပ်ရှပ်ကတော့ အလွန်နုနယ် တဲ့ပစ္စည်း ဖြစ်ဖို့လိုပါတယ်။) ပွတ်တိုက်ပေး တာကို ရေမစွတ်ခင် အရင် ပြုလုပ်ပေးပါ။ ပြီးမှရေစွတ်စိုနေတဲ့ အချိန်မှာ တစ်ခါပြု လုပ်ပါ။ ဒီလိုခြောက်သွေ့နေတဲ့ အသားရေ နဲ့ စိုစွတ်နေတဲ့ အသားရေကို ပွတ်တိုက်ပေးတဲ့ အခါထိရောက်မှုချင်း မတူပါဘူး။

ရေအေးအေးနဲ့ချိုးပါ

ရေပန်းကနေ ကျလာတဲ့ ရေအေးအေးဟာ အသားရေ ထိန်းသိမ်းဖို့ အတွက် အသင့်တော်ဆုံး ပါပဲ။ ရေအေးအေး ဟာချွေးပေါက်ကျဲ ပြီး အသားရေ ကြမ်းတမ်း မှုကို ကုသပေးနိုင်ပါတယ်။ ရေအေးစိမ့်စိမ့် ကို ချိုးရတာကြောက်တယ် ဆိုရင်တော့ ရေချိုးအပြီး မှာကြက်သီးနွေးရေလေး နဲ့လောင်းချိုး သပ်ချပေးလိုက်ပါ။

ရေနွေးနွေး ဟာ အသားရေ ထိန်းသိမ်းနည်း စနစ်တွေထဲက တစ်ခုဖြစ်ပေမဲ့ အသားရေ ညက်ညော ချောမွတ်မှု အတွက် ဆိုရင်တော့ ရေပန်းက ထွက်လာ တဲ့ ရေအေးအေးလေး နဲ့ ချိုးပေးတာ အကောင်းဆုံးပါ။ မျက်နှာပေါ် ကချွေးပေါက်တွေ ကျဉ်းသွားစေဖို့ အတွက်ဆိုရင် လည်း မျက်နှာသစ်ဆပ်ပြာ နဲ့ရေနွေးနဲ့ သစ်ပြီး ရင်ပဲဖြစ်ဖြစ် ရိုးရိုးရေနဲ့သစ်ပြီးရင်ပဲဖြစ်ဖြစ်ရေခဲရေခပ်အေးအေးတစ်ခွက်နဲ့ အပေါ်က သပ်ချသစ်ပေးတဲ့နည်းက အကောင်းဆုံးပါပဲ။
မွဲခြောက်ခြောက်အသားရေမဖြစ်စေဖို့နေ

ရောင်ကာပစ္စည်းများအသုံးပြုပါ

ပြင်းလွန်းတဲ့နေရောင်ခြည်ဟာအသားရေကိုအစက်ပြောက်တွေ ဖြစ်စေတတ်ပါတယ်။
နေရောင်အောက် မှာချွေးတွေနဲ့ မိတ်ကပ်တွေ ဒါမှမဟုတ် သနပ်ခါးတွေ ရောထွေး သွားပြီးရင် အသားရေဟာ ပျက်စီး လာတတ်ပါတယ်။ ဒါကို ကြိုတင် ကာကွယ်ဖို့ အတွက် ဆိုနေလောင်ခံ ခရင်မ်လိမ်းဖို့ လိုသလိုနေကာ မျက်မှန်တပ်ဖို့ လည်း လိုပါတယ်။ အပြင် မထွက်ခင် မျက်နှာမှာ နေလောင်ခံ ခရင်မ်ကိုလိမ်းပေးပါ။ ထို့အတူပဲ အင်္ကျီ လွတ်တဲ့နေရာတွေဖြစ်တဲ့ လည်ပင်းတွေ လက်မောင်းတွေ လက်ဖျံတွေ နဲ့ ခြေဖမိုးတွေ လည်း လိမ်းပေးဖို့ လိုပါတယ်။ နေကာ မျက်မှန် ကတော့ မျက်လုံးကို ကာကွယ် ရုံတင်မကပါဘူး။ မျက်လုံး တစ်ဝိုက်က အသားရေ ကိုလည်း နေရောင်ကြောင့် အစက်ပြောက်ဖြစ်ခြင်း မှ ကာကွယ် ပေးပါတယ်။

တင်းရင်း ကျစ်လျစ်စေဖို့ ပေါင်းတင်နည်း အသားအရေ တင်းရင်း ကျစ်လျစ်စေဖို့ အတွက် ပေါင်းတင်နည်းတွေ ဟာလတ်တလော ခေတ်စားနေပါတယ်။ ရယ်ဒီ မိတ်ပေါင်းဆေးတွေ လည်းရှိပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်ပြီး လိုအပ်တဲ့ အစိတ်အပိုင်းတွေ ကိုပဲ သီးသန့်ပေါင်း တင်လို့ ရပါတယ်။ ဒီပေါင်းနည်း ရဲ့အပြည့် အစုံ ကတော့ စည်းနှောင်ဖို့ပါပဲ။ ဒီနည်းစနစ် ဟာ ကလေးမွေးပြီး ဗိုက်စည်းနည်း နဲ့ ခပ်ဆင်ဆင် တူ ပါတယ်။ ပေါင်းတင်ပြီး စည်းနှောင်ထားတဲ့ နည်းတွေဟာ အဆီချပြီး အသားရေ တင်းရင်းစေဖို့ပါ ထိရောက်စွာ အထောက်အကူပြုပါတယ်။ အချို့တွေကတော့ ဒါကို အဆီချနည်း စနစ်တစ်ခုလို့ပဲ မှတ်ယူပြုလုပ်ကြလေ့ ရှိပါ တယ်။ ပြုလုပ် နည်း ကတော့ သိပ်လွယ်ကူပါတယ်။ သံလွင်ဆီ အချိုးအစားနဲ့ သကြားအချိုးအစားကို ဆတူထည့်ပါ။ သကြားဟာ အသားရေကို ကြည်စင်စေပေ မယ့် နူးညံ့ချောမွေ့မှု အတွက် တော့ အသုံးမဝင်ပါဘူး။ ဒါကြောင့် ကလေးငယ် တစ်ယောက်လို နုညက်ချောမွေ့ဖို့ အတွက် ပျားရည်ကို ထည့်ပေါင်းပေးရပါတယ်။ ပျားရည် ကိုတော့သကြား နဲ့သံလွင်ဆီ တစ်မျိုးစီတို့ရဲ့ အချိုးအစား တစ်ဝက်ပါ။ ဥပမာ သံလွင်ဆီ နဲ့ သကြားတစ်ဇွန်းဆီ ဆိုရင် ပျားရည်က ဇွန်း တစ်ဝက်ပါ။ ဒါကို ရောသမမွှေပြီး ပျစ်ထန်းလာ ပါစေ။ အချိန် ရရင်တော့ မရောစပ်မီမှာ ပျားရည်ကို အနည်းငယ် အပူပေးပါ။ အပူသိပ် မလွန်စေဖို့တော့ သတိထားပါ။ ဒီပေါင်းဆေးကို ကိုယ်ခန္ဓာ အနှံ့အပြား လိမ်းထားပြီး နာရီ ဝက်ခန့်မှာ ရေကြက်သီးနွေးလေး နဲ့ ဆေးချလိုက်ပါ။ အကယ်၍ တင်းရင်းရုံ တင်မက အဆီပါ ကျစေ ချင်ရင်တော့ လိမ်းထားပြီးတဲ့ နောက်ပလတ် စတစ်နဲ့ ပတ် ထားပေးပါ။ အဆီတွေ စုနေတဲ့ ဝမ်း ဗိုက်လိုနေရာမျိုး ဆိုရင်တော့ ပလတ်စတစ် ရဲ့ အထက်က အဝတ်ပါ ထပ်စည်းထားပါ။

Both comments and pings are currently closed.