ခြင်မလေးရဲ့ ချစ်ပုံပြင် (၁)

ဒီလရတီမဂ္ဂဇင်း အထူးထုတ်မှာ အိမ်ခြင် မတွေအကြောင်း ဆွေးနွေးတင်ဆက်ပေးဖို့ရှိပါ တယ်။ အိမ်ခြင်မလို့ဆိုတဲ့အတိုင်း အတင်းချ စရာတွေကအများကြီးပါပဲ။ လောေ လာဆယ် ကမ္ဘာပေါ်မှာဟော့နေတာက လီကာဗိုင်းရပ်စ် ပိုးမဟုတ်ပါလား။ သူ့ကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ ဦးခေါင်းသေးသေးနဲ့ ကလေးလေးတွေမွေးဖွား လာကြတယ်လို့ကြားနေရတယ်လေ။ လီကာဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာတဲ့သူကအခြားသူဟုတ်ရိုးလား။ အဲ့ဒီခြင်မပဲပေါ့။ ကလေးငယ်တွေ ကို သွေးလွန်တုပ်ကွေးေ ရာဂါ ဖြစ်အောင်လုပ်တာလည်းသူပဲ။ ငှက်ဖျား ရောဂါနဲ့ ဆင်ခြေထောက် ရောဂါဆိုရင်လည်း … တွေ့ပြီတွေ့ပြီ သူပဲ၊ သူပဲပေါ့။ တီဗီ ဇာတ် လမ်းတွဲကြည့်ကောင်းနေ တုန်းမှာ တဝီဝီနဲ့ နှောင့်ယှက်နေတာ အဲ့ဒီကောင်မ၊ ပလူးပလဲနဲ့ ပလီရိုက်တာလည်းသူပဲ။ ဟိုကထိုး၊ဒီကကိုက်နဲ့ မို့ ရတီမေတို့ အမုန်းကြီးမုန်းတီးနေကြတာ ဒီအိမ်တွင်းပု န်းခြင်မလေးတွေလေ။ အိမ်ခြင် မသာမက တောရိုင်းခြင်မလေးတွေအကြောင်းကိုပါ တင်ဆက်ပေးဦးမှာ။ ဘာလို့ခြင်ထီးကမ ကိုက်ဘဲ ခြင်မကပဲ ကိုက်ကိုက်နေ ရတာလဲတဲ့။ ခြင်မတွေကနေ ခြင်မျိုးဆက်သစ်တွေ ဘယ်လို ဘယ်ပုံပေါက်ဖွားနေကြပါသလဲတဲ့။ ဘယ်လိုဘယ်လိုဒုက္ခမျိုးတွေပေး တတ်ပါသလဲ။ ခြင် အမျိုးတုံးသွားေ အာင် ဘယ်လိုလုပ်ဆောင်ရပါ့ မလဲ။ အဲ့ဒါတွေကိုဖော်ပြဖို့ ခြင်မလေးရဲ့ချစ်ပုံပြင်ဇာတ်လမ်းကိုစတင်လိုက်ကြပါစို့ရဲ့ (ဒီလက ပထမပိုင်းဘဲနော်၊ နောက်လကျမှ …)

ရှေးဦးခြင်သား

ဂျူးရားဆစ်ခေတ်လို့ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၃၅ ကနေ ၂ဝ၆ နှစ်အကြားမှာ ရှေးဦး ခြင်သားတွေကို စတင်တွေ့ရှိခဲ့ကြ ပါသတဲ့။  ရှေးဦးယင်ကောင် နဲ့ခြင် ရုပ်ကြွင်းတွေကို (သစ်ခေါက်ရည်ကဖြစ်ပေါ်လာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း) အမ်ဘာ- Amber  လို့ ခေါ်တဲ့ ပယင်းကျောက်ရဲ့အမြုတေတွေ ထဲမှာ တွေ့ရှိခဲ့ကြရ တာဖြစ်ပါတယ်။ အခုခေတ်မှာ မြင်တွေ့နေရတဲ့ခြင်တွေထက် အရွယ်အစား ၃ ဆ ပိုမိုကြီးမားကြပါတယ်။ တောင်အမေရိက တိုက်ကနေ စတင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ပျံ့နှံ့ ရောက်ရှိလာကြရတယ်လို့ သိရှိထားကြပါတယ်။ စပိန်ဘာသာစကားအရ မော်စကီးတိုးဆိုတာ၊ ကိုက်တတ်တဲ့ယင်ကောင်တစ်မျိုးလို့အဓိပ္ပာယ်ရပါသတဲ့။ ကြုံတုန်းပြောလိုက်ရရင်၊ မော်စကီး တိုးမြူးဇစ်ဆိုတာကတော့ အသံတက်လိုက် ကျလိုက် (တစ်-တောက်၊ တစ်-တောက်နဲ့) သီဆိုရတဲ့ ကမ္ဘာကျော်ပေါ့ပ်မြူးဇစ်ဂီ တတစ်မျိုးကို ခေါ်ဆိုတာပါတဲ့။

ခြင်မျိုး ၃ ထောင်

ကမ္ဘာပေါ်မှာခြင်မျိုးစိပ်ကွဲ (စပီးရှီးစ်)ပေါင်း ၃၅ဝဝ လောက်ရှိတတ်လို့ဆိုပါတယ်။ မူလ မျိုးနွယ်(ဂျီးနပ်စ်)မိသားစုဝင်သုံးမျိုးကနေကွဲပြား သွားကြတာပါ။ အများ သိနေကြတဲ့ခြင်မျိုးနွယ်စု တွေကတော့ အနောဖလိ၊ ကြူးလက်(စ်)နဲ့ အေးဒီးစ် ဆိုတာတွေပဲဖြစ်ပါတယ်။ (မှတ်ရလွယ် အောင် အနဂ္ဂ၊ ခင်လတ်နဲ့ အောင်ရင် လို့သာမှတ်သားထားလိုက်ပေါ့နော်)။ ခြင်အားလုံးရဲ့ ၈ဝ ရာနှုန်းဟာကြူးလက် (ခင်လတ်)အမျိုး အနွယ်တွေဖြစ်ကြပါသတဲ့။ လက်ရှိ အမေရိကား မှာ မျိုးစိပ် ၁၅ဝ   လောက်ပဲကျန်ရစ် ခဲ့ပါ တော့တယ်။ ကျန်တာတွေကတော့ ကမ္ဘာအနှံ့ ကိုပြန့်ခဲ့ပါပြီ။ ခြင်တွေကိုမုန်းတီးနေကြပေမဲ့ လည်း ခြင်မျိုးစိပ်တစ်ဝက်ကျော်ဟာ ကူးစက် တတ်တဲ့ရောဂါပိုးတွေကို သယ်ဆောင် ထားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာခြင်အဓိကမျိုးနွယ်စုသုံးမျိုးစလုံးရောက်ရှိနေပြီး အမျိုးစိပ် ပေါင်းဘယ်လောက်ရှိ နေသလဲ ဆိုတာကိုတော့ မှတ်တမ်း မှတ်ရာများမှာ မတွေ့ရှိရပါဘူး သတဲ့လေ။

ခြင်တစ်ကောင်ရဲ့ အနာတမီ

အကြေးခွံတွေပါတဲ့အတောင်နှစ်ဖက်ရှိပါတယ်။ အတောင်အောက်မှာ ဟန်ချက်ညှိပေးနိုင် တဲ့ဟော်တာ (Halter) လို့ခေါ်တဲ့ဖောင်ြး<ွကြ<ွကအဖုလေးတ စ်ခုစီရှိေ နပါသေးတယ်။ သေးသွယ် ရှည် မျောတဲ့ကိုယ်ခန္ဓာနဲ့ ပျော့ပျောင်းတဲ့ ခြေတံရှည်ခြောက်ချောင်းကို ပိုင်ဆိုင် ထားကြပါတယ်။ ဦးခေါင်းတစ်ဖက်တစ်ချက် မှာတော့ ၃၆ဝ ဒီဂရီ လှည့်နိုင်ပြီး၊ မှန်ဘီလူး သေးသေးလေးတွေစုပေါင်းထားတဲ့ ကွန်ပေါင်း မျက်စိကြီးနှစ်လုံးက နေရာယူထားပါတယ်။ အာရုံခံတဲ့အင်တင်နာ၊ ဦးမှင်တစ်စုံလည်း ပါရှိ ပါသေးတယ်။

ခြင်မတွေမှာတော့အင်တင်နာအပြင်၊ဆင်နှာမောင်းလို ပြူထွက်နေတဲ့ ပရိုဘိုးဆစ် (Proboscis)လို့ခေါ်တဲ့  ငါးမာန်းစွယ်လိုအထစ် အထစ်အသွားတွေပါရှိ တဲ့ သွေး စုပ်ပိုက်ကြီး တစ်ခုကို တပ်ဆင်ထားကြပါတယ်။ ခြင်မတွေ ဟာ ခြင်ထီးတွေထက် အလုံးအထည်ပိုမို ကြီးမားကြပါတယ်။ ပျံသန်းတဲ့အခါတစ်ဝီဝီနဲ့ အသံပြုတတ်ကြ ပါတယ်။ (ခြင်ထီး တွေက အသံမမြည်ပါဘူး)။ ခြင်တစ်ကောင်ဟာ အရွယ်အစားအားဖြင့် ၁၆ မီလီမီတာ (လက်မဝက်) ထက်ပိုမကြီးပါဘူး။ အလေးချိန် ၂.၅ ဂရမ်ေ လာက်ပဲလေးပါတယ်။ ခြင်မလေးရဲ့သက်တမ်းကသုံးလအထိဖြစ်ပြီး၊ ခြင်ထီး ကတော့အရက်နှစ်ဆယ်လောက်ပဲနေရရှာ ပါတယ်။

ဘယ်လောက်ဝေးဝေး

ညဘက်မှာ တစ်နာရီကို ၂ ကီလိုမီတာနှုန်း ပျံသန်းနိုင်ပြီး မရပ်မနားလေးနာရီအထိပျံနိုင်ကြ တယ်လို့ဆိုပါတယ်။ ပန်ကာတွေဖွင့်ထား ပေးလိုက်ရင် လေနဲ့ လွင့်ပါသွား တတ်တဲ့ အတွက် လူအနားမကပ်နိုင်ရအောင် ပန်ကာဖွင့် ပေးထားလို့ရပါတယ်။ အများစုက ကိုယ်ပေါက် ဖွားရာနေရာလေးကိုပဲ ခင်တွယ်နေတတ်ပြီး ဝေးဝေး မပျံသွား တတ်ကြပါဘူး။ တချို့ကျတော့ လည်း တစ်ညအတွင်း ခရီးရှည် ၁ဝ ကီလိုမီတာ လောက်ပျံနိုင်ကြပါတယ်။ လေတိုက်နေရင် ပိုပြီးဝေးဝေးကို ရောက်သွားကြပါတယ်။ လီကာ ဗိုင်းရပ်စ်သယ်ဆောင်ထားတဲ့ခြင်ဟာ ဘရာဇီး ကနေ မြန်မာပြည်ကို သူ့ဘာသာသူမပျံမလာ နိုင်ပါဘူး။ လေယာဉ်၊ သင်္ဘောတွေမှာ ခိုအောင်း ပြီးပါလာနိုင်ခြေ ရှိပါတယ်။ ခြင်တွေဟာညနေ ခင်းကနေစပြီး တစ်ညလုံး (အရုဏ်တက်ချိန် အထိ) အစာရှာဖွေ စားသောက်ကြပါတယ်။

မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာကျတော့ အေးမြတဲ့နေရာ၊ မှောင်တဲ့နေရာတွေမှာ နားခို နေတတ်ကြပါသတဲ့။ အဲ.. အနှောင့်အယှက် သွားပေးမိရင်တော့ ကိုက် တတ်ကြပါသေးသတဲ့ လေ။

ကိုက်တဲ့ ခြင်မ

ခြင်တွေဟာပျားတွေပိတုန်းတွေလို၊ ပန်းဝတ် ရည်နဲ့သစ်သီးတွေကိုသာ အဟာရအဖြစ်စုပ်ယူ ကြ ရတာပါ။ ခြင်မတွေကျတော့ ခြင်ဥတွေထုတ် လုပ်နိုင်ဖို့အတွက်   သွေးထဲမှာပါဝင်တဲ့ ပရိုတိန်း ဓာတ်ကိုကုန်ကြမ်းအဖြစ်ရယူကြရပါတယ်။ ဒါ့ကြောင့်

ခြင်မလေးတွေဟာသူတို့ရဲ့ဦးခေါင်း

ထိပ်မှာရှိတဲ့ ပရိုဘိုးဆစ်ငါးမာန်းတောင်ကြီးကို လူ့အရည်ပြားထဲထိုးစိုက်သွင်းလိုက်ပြီး သွေးကို စုပ်ယူကြရခြင်း ဖြစ်ပါတယ်။ ငါးမာန်းတောင်ရဲ့ ခွေးသွားစိပ် ဒလက်တွေ ကနေတစ်ဆင့် သွေး တွေ စီးဆင်းဝင်ရောက်လာကြရပါတယ်။သွေး မစုပ်ခင်မှာ ထုံဆေးလို အာနိသင်ရှိတဲ့ အရည် တစ်မျိုးနဲ့၊ ခြင့်တံတွေးထဲက သွေးမခဲစေတဲ့ အရည်တစ်မျိုးကိုလည်း ထုတ်လွှတ်ပေးလိုက် ပါသေးတယ်။ သွေးဝသွားတဲ့ခြင်မရဲ့ ဝမ်းဗိုက် ကြီးဟာ ဖောင်းကားပြီး တစ်ကိုယ်လုံးသွေးတွေ နဲ့ပြည့်ဝနေပါတော့တယ်။
ဒီသွေးတွေကနေ ခြင်ဥတွေတည်ဆောက်ပေးပြီး၊ ရေမျက်နှာပြင်ပေါ်မှာသွားပြီးဥအုချကြရပါတယ်။ တစ်ခါ အုရင် ဥရေ ၂၅ဝ လောက်အုချတတ်ပါသတဲ့။ သုံးရက်ကြာ တစ်ခါ၊ နောက်ထပ်သွေးတွေ သွားစုပ်လိုက်၊ ဥတွေအုချလိုက်နဲ့ မသေမချင်း (သက်တမ်းသုံးလ)အတွင်း ခင်မျိုးဆက်တွေဖြန့် ဖြူးနေပါတော့တယ်။ ခြင်မလေးတစ်ကောင် ကနေ ခြင်မျိုးဆက်သစ် အကောင်ရေ ၃ဝဝဝ လောက်အထိပေါက်ဖွားလာနိုင်တယ်ဆိုတဲ့ သဘောပါပဲ။

ခြင့်ဘဝစက်ဝန်း

ဥတွေဟာဖောင်ဖွဲ့နေသလိုမျိုး ရေမျက်နှာ ပြင်ပေါ်မှာအစုလိုက်ပေါလောပေါ်နေကြပါ တယ်။ လေးဆယ်ရှစ်နာရီကြာတဲ့အခါ လောက် လန်း (Lava or wriggler)   တွေအဖြစ် ပေါက်လာကြပါပြီ။ ရေအောက်ထဲငုံ့သွားလိုက်၊ ရေမျက်နှာပြင်ပေါ်တက်လာပြီး ဆိုင်ဖွန် လေးနဲ့အသက်ရှုလိုက်လုပ်နေ တတ်ကြပါတယ်။ ရေညှောင့်ေ ကာင်လို့လည်း ခေါ်ဆိုကြပါတယ်။ လောက်လန်းဘဝမှာ ငါးတွေနဲ့ တချို့သော အင်းဆက်ပိုးကောင်တွေရဲ့ ဖမ်းယူစားသောက် တာကိုလည်း ခံကြရပါတယ်။ တောက် ဆိုရင်းခိုက်(Toxorhynchites )လို့ခေါ်တဲ့ခြင် မျိုးစိပ်တစ်မျိုးကပေါက်ဖွားလာတဲ့လောက် လန်း တွေ ဟာတခြားမျိုးနွယ် လောက်လန်း တွေကို ဇာတ်တူသားပြန် စားတတ်ကြတာ ကိုလည်းခံရပါသေးသတဲ့။ လောက်လန်း ဘဝမှာရေထဲမှာရှိတဲ့ အဏုဇီဝကောင်လေး တွေနဲ့ ရေညှိတွေကို စားသောက်ပြီး ကြီးထွား ကြရပါတယ်။   ရေထဲမှာ တစ်ပတ်နှစ်ပတ် လောက်ကြာတဲ့အခါမှာတော့ ၁ စင်တီမီတာ အထိကြီးလာပါပြီ။ နောက်တစ်ဆင့်ကြီးထွားမှု အနေနဲ့ ရေမျက်နှာပြင်မှာ တွဲလဲခိုနေတဲ့ ပြူပါ (Pupa or Tumbler)လို့ခေါ်တဲ့ကော်မာပုံစံဘဝတစ်မျိုးကိုပြောင်းလဲကြရပြန်ပါတယ်။ ရေကို လှုပ်လိုက်ရင်ဂျွမ်းထိုးပြီးရေအောက် ဆင်း သွားတတ်ပါတယ်။ ဂျွမ်းထိုး   ကောင်လို့ ခေါ်ဆိုကြပြန်ပါတယ်။ ပြူပါဘဝမှာ အစာ မစားပါဘူး။ အော်လံကြီးနှစ်ခုနဲ့ရေ မျက်နှာပြင် ပေါ်တက် လာပြီးအသက်ရှုတတ်ပါ တယ်။ ပြူပါ ဖြစ် ပြီး နှစ်ရက်ကြာလာတော့ ရေမျက်နှာပြင် အပေါ်မှာခြင်တစ်ကောင်အဖြစ်ရပ်နိုင်ပေ့ လုပ်ပြနိုင်လာပါပြီ။ ခြင်ခန္ဓာပေါ်က ရေတွေ ခြောက်သွားအောင် တည်ငြိမ်နေ တဲ့ ရေမျက်နှာ ပြင်ပေါ်မှာခေတ္တရပ်နားနေပြီး (ရပ်နိုင်ပေ့လုပ်ပြီး)မှ ပျံသန်းမှုစတင်ပါ တော့တယ်။ (တသွင်သွင် စီးဆင်းနေတဲ့ရေ ဆိုရင် မတ်တတ်ရပ်လို့ မရနိုင်တဲ့အ တွက် ခြင် ကြီးဘဝကိုမပြောင်းလဲနိုင်ပဲဘဝဆုံးကြရ တာတွေလည်းရှိပါတယ်)။ ခြင်ဖြစ်လာတဲ့ အခါမှာတော့ ငှက်တွေ၊ ပုစဉ်းရင်ကွဲတွေ၊ လင်းနို့တွေ၊ ပင့်ကူတွေရဲ့ စားမျိုခြင်းကိုလည်း ခံရတတ်ပါသေးတယ်။ (လင်းနို့တစ် ကောင်ဟာ တစ်နာရီအတွင်းမှာ ခြင်ကောင်ရေ ၆ဝဝ ကိုစားပစ်တယ်လို့ ဆိုပါတယ်)။ နေပူတာ၊ မိုးကြီး တာ၊ လေကြီးတာတွေကြောင့်လည်း ဘဝတုံးတတ်ကြပါတယ်။  ခြင်ဘဝရောက်လာပြီး လို့ ၂ ရက်မှာပဲ စတင်မိတ်လိုက်ကြပြီး၊ သွေးစုပ်နိုင်ပြီဆိုတာနဲ့ခြင်ဥကလေးတွေ အုချကြ ပြန်ပါတော့တယ်။ ဥကနေခြင်ဖြစ်တဲ့အထိ နှစ်ပတ်ထက်ပိုမကြာတတ်ပါဘူးတဲ့။

ကိုက်မယ်နော်

ခြင်မလေးတွေဟာ သွေးလှူပေးမဲ့သွေးလှူ ရှင်တွေဆီကို အနံ့အာရုံခံစားပြီးရောက်ရှိလာ တတ်တယ်လို့ ဆိုပါတယ်။ လူ့ကိုယ်ခန္ဓာရဲ့ ကိုသင်းရနံ့ရယ်၊ လူ့ချွေး မှာပါဝင်နေတဲ့ဓာတ် သဘာဝတွေရယ်၊ လူ့အသက်ရှူထုတ်လိုက်တဲ့ အခါမှာပေါ်ထွက်လာတဲ့ ကာဗွန်ဒိုင်အောက် ဆိုက် ဓာတ်ငွေ့တွေရယ်ကို အာရုံခံပြီး သွေး သုံးေ ဆာင်မယ့်ခြင်မလေးတွေကထောက်လှမ်းလို့ရောက်ရှိ လာကြရပါတယ်။ မီတာလေးငါးဆယ်အကွာမှာရှိနေတဲ့သူကိုသွေးစုပ်ရယူနိုင်ဖို့ရာ ထောက်လှမ်းနိုင်ကြပါသတဲ့။ တချို့လူတွေရဲ့ ဆွဲဆောင်နိုင်မှု ‘အနံ့’ တွေကြောင့်ခြင်တွေအဖို့သူတို့ရဲ့သွေးဟာ ‘ချို’ နေတတ်ကြပါတယ်။ ဒီလို လူမျိုးကိုခြင်မလေးတွေကပို’ချစ်’ တတ်ကြ ပါသတဲ့။ ပိုချစ်တော့ ပိုခိုက်ပြီး ပိုကိုက်တော့ တာပေါ့။ အပူချိန်နွေးနေတာကိုလည်းခြင်မ လေးတွေကကြိုက်တတ်ပါတယ်။ ဒါ့ကြောင့်သွေး နွေးသတ္တဝါတွေဖြစ်တဲ့ ကြက်တွေ၊ငှက်ေ ငွ၊ နို့တိုက်သတ္တဝါတွေ (အထူးသဖြင့် အရက်သောက်ထားလို့သွေးပူနေတဲ့လူသားတွေ) ဆီကသွေးကိုစုပ်ယူဖို့ရွေးချယ်လေ့ရှိကြပါတယ်။

ခြင်မလေးရဲ့ဒုတိယချစ်ပုံပြင်မှာတော့ ခြင် မလေးကအချစ်စမ်းလိုက်ရင်ဘာတွေဖြစ်လာနိုင်သလဲ၊ ဘယ်လိုချစ်ဒုက္ခတွေပေးလာတတ် သလဲဆိုတာတွေနဲ့   ခြင်မလေးကိုဝေးဝေး ပြေးရအောင်နည်းလမ်းတွေ၊ မျိုးတုံးအောင်လုပ် ဆောင်နည်းတွေကိုပါတင်ဆက်ပေးပါဦးမယ် လို့…။

Both comments and pings are currently closed.