လှပစိုပြည်ရတီမေ

ဓာတုဆေးဝါးတွေ ကို ရှောင်ကြဉ်ပြီး သဘာဝ အတိုင်း ရှင်သန်နေထိုင်ဖို့ ကြိုးစား နေကြတဲ့ အထဲမှာ အလှအပ ထိန်းသိမ်းနည်း ဟာလည်း တစ်ခု အပါအဝင် ဖြစ်လာ တာကို ရတီမေ တို့ ရိပ်မိကြမှာပါ။ ဒါကြောင့် ဒီလ မှာတော့ အလှကြိုက်တဲ့မေ တို့အတွက် သဘာဝ အလှအပ ထိန်းသိမ်းနည်း များထဲက ခေတ်စား လာတဲ့ နည်း တချို့ကို စုစည်းဖော်ပြ ပေးလိုက်ပါ တယ်။

ဘက်စုံ အလှတရားကို ထိန်းသိမ်းထားနိုင် တဲ့အရာဟာ မေတို့ရဲ့ လက်တစ်ကမ်း မှာ ရှိနေ ပါတယ်။ ဒါကတော့ ငှက်ပျော ပဲဖြစ်ပါတယ်။ ငှက်ပျောဟာ ကျန်းမာရေး အတွက် အကျိုး များစေတယ် ဆိုတာကို သိပြီးဖြစ်ပေမဲ့ အလှအပ အတွက် သိပ်ကိုအသုံးဝင်တယ် ဆိုတာလ ည်း မေတို့ သိဖို့လိုပါတယ်။ ငှက်ပျောဆီ ဟာ ဆံပင် တွေနဲ့ အသားအရေ လှပဖို့ အတွက် များစွာ အထောက်အကူပြုပါတယ်။ ငှက်ပျောဆီကို အခုအခါမှာ Moisturizer အဖြစ်၊ Cream အဖြစ်သာမက ဆံပင် အတွက် ပေါင်းတင်ဆေး၊ ဆံပင်ပေါက်ဆေး၊ ဆံသား သန်စွမ်းစေမယ့် ဆီများ အဖြစ်သာမက အမွှေးရနံ့များ အဖြစ်ပါ ဖော်စပ် အသုံးပြု လာကြပါပြီ။ အဲဒီအထဲ ကမှ အိမ် မှာ ကိုယ်တိုင်ဖော်စပ် အသုံးပြုလို့ရမယ့် နည်းတွေကို ဖော်ပြလိုက်ပါတယ်။

ငှက်ပျောသီးကို Moisturizer အဖြစ် အသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ Body Lotion ကနေ အစိုဓာတ်ကို လုံလောက်စွာ မရရှိခဲ့ဘူး လို့ ခံစားရရင် ငှက်ပျောသီး ကို အသုံးပြု ပါ။ ဒီအတွက် အိမ်မှာ ကိုယ်တိုင်ပြုလုပ်လို့ ရပါ တယ်။ နည်းလမ်းတွေ ကလည်း သိပ်ကို လွယ် ကူပါတယ်။ မျက်အိတ် တွဲကျနေတာကို ကုစားဖို့ ကတော့  ငှက်ပျောသီး စားပါလို့ ဆရာဝန်တွေက ညွှန်ကြားပါလိမ့်မယ်။

မျက်နှာကပ်ခွာပေါင်းတင် Mask များ ပြုလုပ်နည်း

အသားအရေလှစေဖို့အတွက်

ငှက်ပျောသီးမှည့်ကိုချေပြီး မျက်နှာအနှံ့ လူးပြီးကပ်ပေးတဲ့ နည်းကို မေတို့ သိထားပြီးသား ဖြစ်ပါလိမ့်မယ်။ ရိုးရှင်းပေမဲ့ ဒီနည်းဟာ လုပ်ကို လုပ်ရမယ့် နည်းလမ်းပါပဲ။ သိပ်ကို ရိုးရှင်းတဲ့ နည်းဖြစ်ပါတယ်။ မျက်နှာသစ် ဆပ်ပြာနဲ့ သန့်စင်ပြီးတဲ့နောက်မှာ ငှက်ပျောသီးမှည့် ကို ဒီအတိုင်း အကွင်းလေးတွေ လှီးလိုက်ပြီး ကပ် ထားတာ ပဲဖြစ်ဖြစ် ကြိတ်ခြေပြီး လူးတာပဲဖြစ်ဖြစ် ပြုလုပ်ပါ။ ၁၅ မိနစ်အကြာမှာ ရေအေး နဲ့ ဆေးချလိုက်ပါ။ ထို့နောက်မှာတော့ လေးထောင့် ရေခဲတုံးလေးများ နဲ့ မျက်နှာ ကို နှိပ်နယ်ပေးပါ။ ဒီနည်းက အသားအရေကို ပုလဲလိုပြောင်ချော ဝင်းမွတ်လာစေဖို့ကိုလည်း အထောက်အကူ ပေးပါတယ်။

မျက်နှာပေါ်က အမည်းစက်တွေ လျော့ကျစေဖို့နဲ့ လင်းလက် တောက်ပလာစေဖို့အတွက်

ငှက်ပျောသီးမှည့် တစ်လုံးကို ပန်းကန်ထဲ ထည့်ပြီး ဇွန်းနဲ့ ကြိတ်ချေတာ ပဲဖြစ်ဖြစ် ခက်ရင်း ခွနဲ့ မွှေပြီးချေတာ ပဲဖြစ်ဖြစ် ပြုလုပ်ပါ။ ပြီးရင် တော့ ပျားရည် လက်ဖက်ရည် ဇွန်း တစ်ဇွန်း နဲ့ သံပရာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး သမအောင် ရောမွှေပါ။ ဒီ Mask ကို မျက်နှာ အနှံ့မလိမ်းမီ မျက်နှာကို မျက်နှာသစ် ဆပ်ပြာနဲ့ ဦးစွာ ဆေးကြောပါ။ ထို့နောက် နူးညံ့တဲ့ တစ်သျှူးစနဲ့ ခြောက်သွေ့အောင် သုတ်ပေးပါ။ ပြီးရင်တော့ ဒီငှက်ပျောျြေု ကို မျက်နှာ အနှံ့ လက်သန့်သန့်နဲ့ လူးကပ်ပေးပါ။ အကယ်၍ ကိုယ့်မျက်နှာအသားအရေဟာ ချွေးပေါက် ကြဲနေပြီဆိုရင်တော့ ဒီချွေးပေါက်ကြဲမှုကိုကုစား ဖို့အတွက် အရေပြားတွင် သေချာစွာစိမ့်ဝင် အောင်လို့ နှစ်ထပ် လိမ်းပေးဖို့ လိုပါမယ်။ ပြီးရင် ၁၅ မိနစ်ခန့်ထားပြီး အခြောက်ခံပေးပါ။ အချိန် စေ့သွားတဲ့အခါမှာ မျက်နှာသစ် ဆပ်ပြာနဲ့ နောက်တစ်ကြိမ်ဆေးရပါမယ်။ ရေကို ရေကြက် သီးနွေးလေးသုံးပါ။

ဝက်ခြံတွေ ပျောက်ကင်းစေဖို့ အတွက်

ငှက်ပျောသီး တစ်လုံးကို အထက်ပါအတိုင်း ကြေညက်အောင်ခြေပါ။ ပြီးရင် သန့်ရှင်းလတ် ဆတ်တဲ့ ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နှနွင်းမှုန့် လက်ဖက်ရည် ဇွန်းတစ်ဝက် ထည့်ပြီး ရောမွှေပါ။ ပျစ်ထန်းထန်းထိ ဖြစ်လာအောင် မွှေပေးရပါမယ်။ သိပ်ကိုစေးထန်းသွားပြီ ထင်ရင်လည်း ရေလေးနည်းနည်း ထည့်ပြီး ပျော့ သွားအောင် ရောစပ် လိုက်လို့ ရပါတယ်။ အဆင်သင့်ဖြစ်ပြီ ဆိုရင် မျက်နှာသစ် ဆပ်ပြာနဲ့ ဆေးကြောပြီးတဲ့ အခါ ဘရပ်ရှ်လေး သုံးပြီး မျက်နှာ အနှံ့လိမ်းပေးပါ။ မဟုတ် ရင် နှနွင်းမှုန့် ပါတဲ့အတွက် လက်ချောင်းတွေမှာ အဝါရောင် တွေ ကျန်ရစ်ခဲ့ တတ်ပါတယ်။ ဒီ  mask မှာ ဆိုဒါပါတဲ့ အတွက် မျက်နှာကို အနည်းငယ် စပ် ဖျဉ်းဖျဉ်း ခံစားချက် ပေးကောင်းပေးပါလိမ့်မယ်။ ကြောက်စရာ မလိုပါဘူး။

ငှက်ပျောသီးကို ဆံပင် အလှအပ အတွက် လည်း အသုံးပြုနိုင်ပါသေးတယ်။ ဆံပင်ပေါင်း တင်ဆေး အဖြစ် ဖော်စပ်လို့ ရသလို ဆီအဖြစ် လည်း လိမ်းလို့ ရပါ တယ်။ ပေါင်းတင်နည်းတွေ ကတော့ သိပ်ကို လွယ်ကူပါတယ်။ ဒီနည်းတွေထဲ က လွယ်ကူ ရိုးရှင်းတဲ့နည်း အချို့ကို မေတို့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဆီထွက်တဲ့ ဦးရေပြား ဆံသားများအတွက် ပေါင်းတင်နည်း

ဒီအတွက် လုပ်ရမှကတော့ ကြေညက် အောင်ချေတားတဲ့ ငှက်ပျောသီး တစ်ဇွန်းနဲ့ သံပရာရည် ရောစပ်ရမှာပါ။ ဦးစွာ ငှက်ပျောသီး မှည့်တစ်လုံးကို ပန်းကန်လုံး ထဲထည့်ပြီး ကြေညက်အောင် ချေပါ။ သံပရာသီးတစ်လုံးကို အရည်ညှစ်ပါ။ ပြီးရင်တော့ အရည်ညှစ်ထားတဲ့ သံပရာရည် ၂ ဇွန်းကို ထည့်ပြီးရောမွှေပါ။ ဒါကို ခေါင်းလျှော် တဲ့အခါ ပေါင်းဆေး အဖြစ် အသုံးပြု နိုင်ပါတယ်။ သံပရာဟာ ဆံသားအောက်ခြေ က အဆီတွေ ကို ချေဖျက်နိုင်တာမို့ ဆံသားတွေ ကို လျှော်ချ လိုက်ပြီး တဲ့နောက် မှာ ပေါ့ပါးနေတာ တွေ့ရပါလိမ့်မယ်။ ဦးရေပြား ယားယံမှုကိုလည်း ကုသနိုင်ပါတယ်။

ငှက်ပျောသီးခေါင်းလိမ်းဆီပြုလုပ်နည်း

လတ်ဆတ်တဲ့ ငှက်ပျောသီးကို အခွံနွှာပါ။ ထို့နောက် အတုံးသေးသေး ကလေးတွေ ဖြစ် အောင် တုံးပါ။ သို့မဟုတ် ပါးပါးလွှာလွှာဖြစ် အောင် လှီးပါ။ ပလတ်စအိတ်ထဲ ကိုထည့်ပြီး အပြင်ကနေ ထုရိုက် ကြိတ်ချေပါ။ ပျော့ပျောင်း စိုစွတ်မှုဟာ အရည်ပျော်လာတဲ့ အထိ ဖြစ်သွား ရပါမယ်။ ပြီးရင် ဖန်ပုလင်း တစ်လုံးထဲ ပြောင်း ထည့်ပါ။ ထို့နောက် မက်မွန်ဆီ သို့မဟုတ် ဗာဒံဆီကဲ့သို့ အဆီ တစ်မျိုးမျိုးကို ပုလင်းထဲထည့် ပေါင်းစပ်ပြီး ဖြည့်လိုက်ပါ။ မက်မွန်ဆီ၊ ဗာဒံဆီ မရခဲ့ရင် အပူပိုင်းဒေသ ထွက် အခြား အလှကုန်ဆီ တစ်မျိုးမျိုးကို အစားထိုးသုံးလို့ရပါတယ်။ ပြီးရင် ဖန်ပုလင်းကို နေရောင်ခြည်အောက်မှာပြပေးပြီး အခြောက်ခံပေးပါ။ လေမဝင်အောင် အဖုံးကို သေချာ ပိတ် ရပါမယ်။ ၂ နာရီခြား တစ်ခါလောက် ဖန်ပုလင်းကို လှုပ်ပေးပါ။ ဒီအခြောက်ခံ ထားတဲ့ ဖန်ပုလင်းကို သေချာ ဂရုစိုက်ကြည့်ရှုဖို့တော့ လိုအပ်ပါတယ်။ ငှက်ပျောနံ့ ရဲ့ မွှေးရနံ့ ဟာ လုံလောက်အောင် သင်းပျံ့လာပြီ ဆိုရင်တော့ အဆီကို စစ် ထုတ်ယူရပါမယ်။ ဒီငှက်ပျောဆီဟာ စက်ရုံကနေ အဆင့်ဆင့် ထွက်လာတာ မဟုတ် ပေမဲ့ အစွမ်းထက် တဲ့ ခေါင်းလိမ်းဆီ ဖြစ်တာက တော့ သေချာပါတယ်။ ဆံပင်တွေကို သန်စွမ်း လာစေသလို ကျွတ်သွားလို့ ပါးလွှာလာတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

ရွှေနေခြည်

Both comments and pings are currently closed.