ပေါင်းစပ် အသားအရေ ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ

လူတွေမှာ အသားအရေ အမျိုးအစား ကွဲပြားမှုတွေ ရှိကြပါတယ်။ ခြောက်သွေ့အသား အရေ၊ အဆီပြန်တဲ့ အသားအရေ၊ ပေါင်းစပ် အသားအရေ၊ ထိခိုက်လွယ်တဲ့ အသားအရေ စသဖြင့် ရှိကြပါတယ်။ ဒီထဲကမှ ထိန်းသိမ်း စောင့်ရှောက်ရတာ အနည်းငယ် ရှုပ်ထွေးမှု ရှိတဲ့ ပေါင်းစပ် အသားအရေ အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။

ပေါင်းစပ် အသားအရေ ရဲ့ လက္ခဏာရပ်

ပေါင်းစပ် အသားအရေ ဆိုတာက ပုံမှန် အသားအရေနဲ့ မျက်နှာရဲ့ အလယ် ဗဟိုနေရာ တစ်ဝိုက်မှာ အဆီပြန်တဲ့ အသားအရေတို့ ပေါင်းစပ်နေတဲ့ အသားအရေ မျိုးပဲဖြစ်ပါတယ်။ မျက်နှာရဲ့ အလယ်ဗဟိုနေရာကို T-zone လို့ လည်း ခေါ်ပါတယ်။ ပါးပြင်နေရာတွေ မှာတော့ ပုံမှန် ဒါမှမဟုတ် ခြောက်သွေ့တဲ့ အသားအရေ မျိုး ဖြစ်နေ ပါတယ်။ ဒါဟာ ဆယ်ကျော်သက် အရွယ် အကူး အပြောင်း ဟော်မုန်းပြဿနာ ကြောင့် လည်း ဖြစ်နိုင်ပြီး နှာခေါင်း တစ်ဝိုက်မှာ ရှိ တဲ့ ဆားဝက်ခြံတွေ ဟာလည်း ကြီးမား တဲ့ ပြဿနာ  တစ်ခုပဲ ဖြစ်ပါတယ်။

အဆီပြန်တဲ့ T-zone နေရာကိုတော့ skin care ပိုမိုထိရောက်စွာ ပြုလုပ်ပေးပါ။ ပါးပြင်၊ မျက်လုံး တစ်ဝိုက်နဲ့ အရေပြား ခြောက်သွေ့တဲ့ နေရာတွေကိုတော့ အဆီ ပါဝင်တဲ့ product  တွေကို အသုံးပြုပေးရပါမယ်။ ဒါမှသာ ခြောက် သွေ့ခြင်းနဲ့ အဆီပြန်ခြင်း နှစ်မျိုး ပေါင်းစပ်ထား တဲ့ မျက်နှာ အသားအရေဟာ ညီညွတ် မျှတသွား မှာ ဖြစ်ပါ တယ်။

ပေါင်းစပ် အသားအရေကို ဘယ်လိုထိန်းသိမ်း မလဲ

ပေါင်းစပ် အသားအရေကို ထိန်းသိမ်း ပြုပြင် တဲ့အခါ ထိခိုက်ပျက်စီးမှု မရှိအောင်တော့ အထူး ဂရုပြုရပါတယ်။ ပထမ အဆင့် အနေနဲ့ cleansing လုပ်တဲ့အခါ အဆီပြန်တဲ့ အသား အရေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ဒါမှမဟုတ် နို့ပါဝင်ပြီး ခြောက်သွေ့တဲ့ အသား အရေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ cleanser မျိုးတွေ အစား ရေဓာတ်ကို အခြေခံ ပြီး ထုတ်လုပ်ထားတဲ့ cleanser  ဒါမှမဟုတ် facial wash  မျိုးကို အသုံးပြုပေးသင့်ပါတယ်။ ဒီ foaming  ရဲ့လုပ်ဆောင်မှုက အဆီပြန် တဲ့ နေရာ တစ်ဝိုက်ရှိ အဆီများကို ဖယ်ရှားပေးမှာ ဖြစ်သလို ခြောက်သွေ့တဲ့ အစိတ်အပိုင်း အတွက် လည်း စိုးရိမ်စရာ မရှိပါဘူး။ မျက်နှာသန့်စင်မှု ပြုလုပ်ပြီး သွားပြီ ဆိုရင်တော့ နူးညံ့စွာ ကြေးချွတ်မှု ပြုလုပ်ပေးပါ။

ပေါင်းစပ် အသားအရေ ပိုင်ရှင် အမျိုးသမိး အများစုဟာ နှာခေါင်း တစ်ဝိုက်မှာ ဝက်ခြံ ဒါမှ မဟုတ် ခြောက်သွေ့ပြီး အရေပြား အဖတ်ကလေး တွေ လန်နေတာမျိုး အဆီပြန် တဲ့ နေရာတစ်ဝိုက် မှာတော့ ဝက်ခြံဖုတွေ ရှိနေတတ်တာမျိုး တွေ့ရှိ ရတတ်ပါတယ်။ နူးညံ့စွာ ကြေးချွတ်မှု ပြုလုပ်ပေး ခြင်းက ဒါတွေကို လျှော့ချပေးနိုင်ပါတယ်။

နောက်ထပ် ပြုလုပ်ရမှာ ကတော့ သင့်ရဲ့ အသားအရေ အတိုင်း အသုံးပြုရမယ့် Skin care program ကို စတင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

Top 5 Tips For Combination Skin

– အသားအရေရဲ့ အဆီပြန်တဲ့ အစိတ် အပိုင်းကို scrub မလုပ်ပါနဲ့လို့ ဆိုပါရစေ။ scrub လုပ်ခြင်းက အရေပြားကို နီရဲရောင်ရမ်း စေတဲ့အပြင် အရေပြားရဲ့ အဆီ ထုတ်လုပ်မှု ကို ပိုမိုတိုးပွားလာစေပါတယ်။

– မျက်နှာပြင် တစ်ခုလုံး မဟုတ်ဘဲ အဆီ ပြန်တဲ့ T-zone နေရာကို တစ်နေ့နှစ်ကြိမ် သန့်စင်ပေးဖို့ လိုအပ်ပြီး ပါးပြင်နေရာ တွေကို တော့ တစ်နေ့တစ်ကြိမ် သန့်စင်ပေးရင် လုံလောက်ပါပြီ။ သန့်စင်တဲ့ အခါမှာလည်း အစိုဓာတ် ဖြည့်တင်းတဲ့ product မျိုးနဲ့ သန့်စင် ပါ။

– ဝက်ခြံတွေကို ဖယ်ရှား ရှင်းလင်းပြီးတဲ့ အခါမျိုးမှာ ဆိုရင်တော့ လက်ဖက်စိမ်း အဆီကို သုတ်လိမ်း အသုံးပြုသင့်ပါတယ်။ ဒါဟာ အရေ ပြား နီရဲရောင်ရမ်းခြင်းနဲ့ ဝက်ခြံပေါက် ထဲကို ဗက်တီးရီးယား ပိုးမွှားတွေဝင်မှုကို တားဆီး ကာကွယ်ပေးပါတယ်။

– မျက်ဝန်းတစ်ဝိုက်ကို eye cream  လိမ်းဖို့မမေ့ပါနဲ့။ လိမ်းတဲ့အခါမှာလည်း နူးညံ့ ညင်သာမှု ရှိဖို့ လိုပါတယ်။

Face Mask လုပ်မယ်
နှင်းဆီပန်းကို အခြေခံပြီး ပေါင်းစပ်အသား အရေအတွက် အကောင်းဆုံး Face Mask ပြုလုပ်နိုင်ပါတယ်။
– နှင်းဆီတစ်ပွင့်
– Rose Water စားပွဲတင်ဇွန်း ၁ ဇွန်း
– သဘာဝဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
– ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
နှင်းဆီ တစ်ပွင့်ရဲ့ ပွင့်ချပ်လေးတွေကို ချွေပြီး ဖလား တစ်ခုထဲမှာ ရေစိမ်ထားပါ။ မိနစ် အနည်းငယ်ကြာလို့ ပွင့်ဖတ်လေးတွေ ရေစို ပျော့ပျောင်း သွားပြီဆိုရင်တော့ ဒီပွင့်ဖတ်လေး တွေကို ကြိတ်ချေလိုက်ပါ။ ထို့နောက် နှင်းဆီ ပွင့်ဖတ်များ ကြိတ်ချေထားသည့် ထဲသို့ rusewater  ၊ ဒိန်ချဉ်၊ ပျားရည် တို့ကို ပေါင်းစပ် ပြီး  facial mask အဖြစ် အသုံးပြု နိုင်ပါပြီ။ မျက်နှာပေါ် တင်ပြီး ငါးမိနစ်ခန့်ကြာပြီ ဆိုရင် တော့ ရေကြက်သီးနွေးလေး နဲ့ ဆေးချပေးနိုင်ပြီ ဖြစ်ပါတယ်။

အေမီချို

Both comments and pings are currently closed.