အချိန်တို အတွင်း နုပျိုစိုပြည်ပြီး လန်းဆန်းတဲ့ မျက်နှာအလှကို ပိုင်ဆိုင်ချင်ရင်

မှန်ရှေ့ကို ရပ်ကြည့်ပြီး အိုစာနေတဲ့ မျက်နှာ ကြောင့် မေ စိတ်ညစ်နေပါသလား။ ဖိစီးမှု၊ ဂေဟ စနစ်ဖောက်ပြန်မှုနဲ့ အစားအသောက် နဲ့ အိပ်စက် အနားယူမှု ပုံမမှန် တာတွေကြောင့် ရှိရင်းစွဲထက် အိုစာနေတာ ဖြစ်နိုင်ပါတယ်။ တစ်ခါ အသက်နဲ့ တစ်ပြေးညီ ဝတ်စား ဆင်ယင် ပြင်ဆင်မှုတွေကြောင့်လည်း အိုမင်းမှုကို မတား ဆီးနိုင် တာတွေ ရှိပါတယ်။ ဒါကြောင့် အရွယ် မတိုင်မီ အိုမင်းနေတာ အတွက်ရော၊ တကယ့် အသက်အရွယ်အရ အိုမင်း လာတာကြောင့် အတွက်ပါ မျက်လှည့်ပြတဲ့ အလား အချိန်တို အတွင်း နုပျိုစိုပြည်ပြီး လန်းဆန်းတဲ့ မျက်နှာ အလှလေးဖြစ်သွားအောင် ရတီမေတို့ အတွက် နည်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။

ဆံပင်ပုံစံကို ဂရုစိုက်ပါ

မျက်နှာ သွင်ပြင် တစ်ခုအတွက် ဘောင် သဖွယ် အနားသတ်ပေးထားတာ ဆံပင်ပါ။ ဒီဆံပင်ကို မျက်နှာသွင်ပြင်၊ အသားရောင် နဲ့အညီ ညှပ်သင့်၊ အရောင်ဆိုး သင့်ပါ တယ်။ ဆံပင်ပုံစံ တစ်ခုက ပုံတုံးနေရင် ဘာပဲဝတ်ဝတ်၊ ဘယ်လို ပြင်ပြင် Out of Date  ဖြစ်ကာ အိုစာနေပါလိမ့် မယ်။

ဒါကြောင့် မဂ္ဂဇင်းတွေမှာပါတဲ့ ဆံပင်ပုံစံ တွေကို လှန်လှော ရှာတာပဲဖြစ်ဖြစ်၊ စိတ်ချရတဲ့ Hair Stylist အကူအညီနဲ့ ပဲဖြစ်ဖြစ် ခေတ်ဆန် တဲ့ပုံစံတစ်ခုကို ပြောင်းလိုက်ပါ။

ဆံပင်မှာ အဖြူတွေ့စပြုနေရင် ဆေးဆိုး တာ လုပ်သင့်သလို Highlight ဖောက်ခြင်းဖြင့် အမြင်ကို လှည့်စား ပစ်နိုင်ပါတယ်။ အစား အသောက်တွေ ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့် ၂ဝ ကျော်စမှာပဲ ဆံပင်ဖြူစပြုနေတဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ သူတွေအတွက် နည်းလမ်း ကောင်းကတော့ Highlight ပဲ ဖြစ်ပါတယ်။ Highlight မဖောက်ဘဲ Grey Coverage ဆိုးဆေးတွေ ဆိုးရင်တော့ တစ်လ တစ်ကြိမ် အရင်းတွေကို ပြန်ဆိုးပေးဖို့ လိုပါတယ်။

ပင်ပန်းနေတဲ့ အသွင်အပြင်ပျောက်အောင် …

ပင်ပန်းနေတဲ့ အသွင်အပြင်မှာ အသိသာ ဆုံးက ညိုညစ်နေတဲ့ အသားအရေပဲ ဖြစ်ပါ တယ်။ ဒီလိုတွေဖြစ်နေရင် အနားယူချိန် များများ လိုပါတယ်။ ရေကို များများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကို ဆီးနဲ့ချွေးက တစ်ဆင့် စွန့်ထုတ်ပေးခြင်းကြောင့် ပင်ပန်းတဲ့ အသွင်အပြင် ပျောက်သွားပါလိမ့် မယ်။ ဒီအချိန် လုံးဝရှောင်ရ မှာက ကဖိန်းဓာတ် ပါ။ ကဖိန်းဓာတ်ဟာ မျက်နှာပြင် သွေးလည်ပတ် စီးဆင်းမှုကို ကန့်သတ်ပေး တာကြောင့် ရှောင်ခိုင်း ရတာပါ။ သွေး လည်ပတ် စီးဆင်းပုံ မြန်မြန်ကောင်းမွန်နေ သရွေ့ အသားအရေဟာ သန့်ရှင်းပြီး ပန်းနုရောင် သန်းနေပါလိမ့်မယ်။

ပြင်ပ အာဟာရ အနေနဲ့ ဗီတာမင်တွေကို ဖြည့်စွက်မှီဝဲလို့ လည်းရပြီး ဗီတာမင်အေ (ဗ) ၊ ဘီကွန်ပလက်စ် (B-Complex)၊ စီ (C) ၊ ဒီ (D) နဲ့ ကေ (K) တို့ဟာ အကောင်းဆုံး ပါပဲ။

ခြောက်သွေ့ကြမ်းတမ်းတဲ့ အသားအရေ ပြဿနာအတွက်

Stress များရင် အသားက ချက်ချင်း ခြောက်သွေ့ ကြမ်းတမ်းမှု ဖြစ်လာပါတယ်။ ဒီလက္ခဏာဟာ အသားအရေ အိုမင်းမှုဖြစ်စဉ် မှာ အသိသာဆုံးနဲ့ ကုစားရ ခက်တဲ့ ကိစ္စ တစ်ခု ပဲဖြစ်ပါတယ်။ Stress ကို မဖြေလျော့နိုင်ရင် ကောင်းမွန်တဲ့ အမျိုးအစား facial scrub သုံးပြီး တစ်ပတ်တစ်ခါ ကြေးချွတ်ပါ။ အသား အရေ အာဟာရဖြစ်စေ တဲ့ Revitalizing အမျိုး အစား Mask တွေ အုပ်ပေးပါ။

နုပျိုတဲ့ အသားအရေဖြစ်ဖို့ အတွက် အမြန်ဆုံး ဖြေရှင်းပေးနိုင်တာက အသားအရေခြောက် သွေ့ ကြမ်းတမ်းနေတဲ့ အချိန် ပါးနီ (Blush on) နဲ့ မေးရိုးခြယ်ပေါင်ဒါ (Bronzing powder) သုံးပေးခြင်းပဲ ဖြစ်ပါတယ်။

ဝက်ခြံဖု ကြီးကြီးမားမားတွေ အတွက်

Adults Acnes လို့ခေါ်တဲ့ ဝက်ခြံအမျိုး အစားဟာ အသက်အရွယ် ရလာလေလေ၊ ပိုမို အရွယ်အစား ကြီးလာလေပါပဲ။ ဒါဟာ ကော်လာ ဂျင်ထုတ်လုပ်မှု ကျဆင်း မှုကြောင့်ဖြစ်ရတာဖြစ် ပြီး ကော် လာဂျင်ထုတ်လုပ်မှု နည်းလေလေ အသားအရေမှာ တင်းရင်းမှု အားကလည်း ကျလာလေလေပါပဲ။ ဒီအခါ ဝက်ခြံဘေးက အသားအရေ ဆဲလ်တွေရဲ့ ကျုံ့ဝင်မှုနည်းလာ ခြင်း၊ နေရောင်ခံရမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဆိုတဲ့ ရန်သူတွေက တိုက်ခိုက် လိုက်တဲ့အခါ ဆင်ဝက်ခြံ ဆိုတာတွေ ဖြစ်လာတာပါပဲ။

အမြန်ဆုံးနဲ့ အမှန်ဆုံး ကုစားနည်းကတော့ Skincare ပါပဲ။ Skincare ကို နေ့စဉ်အာရုံ စိုက်ကာ အသေအချာပြုလုပ်ပေးပါ။ ပထမဦးစွာ နူးညံ့တဲ့ အမျိုး အမည်တွေ ပါတဲ့ Cleanser သုံး ပေးပါ။ ပြီးရင် အစိုဓာတ်ထိန်း ခရင်မ် (Moisturizer) သုံးပါ။ ဝက်ခြံကို မညှစ်ပါနဲ့။ ဝက်ခြံဖု မရင့်မီ ညှစ်ခြင်းဟာ ဘေးတစ်ဝိုက်က အသားအရေ ကိုရော၊ ဝက်ခြံဖု အတွင်းမှာပါ ဗက်တီးရီးယားတွေ စုပုံဝင်လာစေပါတယ်။ ဝက်ခြံဖု စူလာရင် ရေနွေးအုပ်ထားတဲ့ ဂွမ်းလေးနဲ့ အသာ ဖိပေးခြင်းဖြင့် ရောင်ရမ်းမှု ကို လျှော့ ချပေး နိုင်ပါတယ်။

ဒီလိုပြဿနာတွေက အရွယ်မတိုင်မီ အိုမင်းမှုဖြစ်စဉ်မှာ အများဆုံး ကြုံတွေ့ရတာ ဖြစ်ပြီး အရွယ်တိုင်လို့ အိုတဲ့အခါ မှာတော့ အသား ရောင် မညီတာ၊ မှဲ့ခြောက် တင်းတိပ်တွေ ပေါ် လာတာ၊ အသားအရေ တွဲကျတာ စတာတွေ ဖြစ်လာပါတယ်။ ဒီလိုပြဿနာတွေ အတွက် အချိန်တို တစ်ခု အတွင်းမှာ နုပျိုစိုပြည်တဲ့ အသား အရေပြန်ဖြစ် ဖို့ (၁) ဓာတုကုထုံး (Chemical Treatment) (၂) သဘာဝကုထုံး (Natural Treatment) လိုပါတယ်။

Chemical Treatments (ဓာတုကုထုံး)

Chemical Treatment ထဲမှာ ဆိုရင်တော့ Collagen Injection နဲ့ Chemical Peel Treatments တွေ ရှိပါတယ်။ Collagen Injection က အသားတွင်းကို တိုက်ရိုက် ထိုးတာ ဖြစ်ပြီး ဈေးနှုန်းကြီးပြီး ထပ်ခါထပ်ခါ လုပ်ဖို့ လိုပါတယ်။ လူတိုင်းမှာ မတူညီတဲ့ ရလဒ်တွေ ဖြစ်တတ်သလို လပိုင်းခံနဲ့ တစ်နှစ်ခံ ဆိုပြီး ဈေးနှုန်း အလိုက်လည်း အချိန် ကွာသွားတတ်ပါ တယ်။ အဓိက လိုအပ်မှုက ကျွမ်းကျင် ပညာရှင် ဖြစ်တဲ့  Cosmetic Surgeon တစ်ဦးဖြစ်ကာ ဆေးရုံ (သို့) ဆေးခန်းမှာ အသေအချာ ကုထုံး ခံယူပါ။ Collagen Injection တွေရဲ့ အားသာ ချက်က အသားအရေဖြည့်တင်းစေခြင်း ဖြစ်ကာ ကြီးမားတဲ့ အမာရွတ်ချိုင့်တွေမှာ အသားပြည့် သွားစေကာ အရေး အကြောင်းတွေကို လျော့ပါး စေပါတယ်။

နောက်တစ်နည်းဖြစ်တဲ့ Chemical Peel တွေကတော့ အနာရွတ်နဲ့ အရေးကြောင်းတွေ အတွက်ပဲ အထူး အသုံးဝင်ပါတယ်။ အက်စစ် ဓာတ်ပါတာကြောင့် ထိခိုက် လွယ်အသားအရေ ပိုင်ရှင်တွေအဖို့ အိမ်မှာတင် ကိုယ်တိုင်ပြုလုပ် တာဆိုရင် တစ်လတစ်ကြိမ်လောက်ပဲ သုံးပါ။

Peel  တွေကပ်တဲ့ အကျင့်စပြီ ဆိုတာနဲ့ Suncreen ကို မမေ့မလျော့ ဂရုစိုက်လိမ်းပေးဖို့ လိုပြီး အသားနု သွားချိန် Cosmetic နဲ့ Skincare တွေ အများကြီး အသားပေါ် မတင်ပါ နဲ့။ သုံးကြည့်လိုက်ပြီး အသားက နေလို့မကောင်း ဘူး၊ နီရဲရောင်ရမ်းမှု ရှိရင်တော့ Chemical Peel ဟာ မေ့အတွက် အသင့်တော်ဆုံး ကုထုံး မဟုတ်နိုင်ပါဘူး။

Natural Treatment (သဘာဝကုထုံး)

နုပျိုတဲ့ အသားအရေ၊ လန်းဆန်းတဲ့ မျက်နှာ အလှအတွက် Antioxidants အဓိက လိုပါတယ်။ ကျန်းမာတဲ့ အသားအရေဆဲလ်တွေ ဖြစ်မှ free redicals တိုက်ခိုက်မှုကို ခံနိုင်မှာ ဖြစ်ကာ ဒီအတွက်  Antioxidants ကို အစား အစာဖြစ်တဲ့ food မှ ရယူပါ။ အလွယ်ပြောရရင် ဓာတ်စာ (Diet) ဖြစ်ပြီး မုန်လာဥနီ၊ ဥဝါ၊ ခရမ်း ချဉ်သီး၊ ဘရိုကိုလီ နဲ့ အရွက်ထူပြီး အစိမ်းရင့် ရောင်ရှိတဲ့ အသီးအရွက် များများစားပါ။ သံပရာ မျိုးနွယ်ဝင်နဲ့ ဖရဲ၊ သခွားမွှေးအပြင် ဘယ်ရီသီးတွေ ဆီမှ ဗီတာမင်စီ ရယူပါ။ ပင်လယ် ငါးဆီမှ Omega 3 – fatty acid ရယူခြင်းဖြင့် ကျန်းမာတဲ့ အသားအရေကို တည်ဆောက်ပါ။ Antioxidant ကို တိုးမြှင့်ပေးပြီး ကော်လာဂျင် ကိုပါ တိုးမြှင့်ပေးနိုင်တဲ့ သဘာဝ ဗီတာမင်က တော့ ဗီတာမင်စီ ဖြစ်တာကြောင့် ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာ၊ ဖြည့်စွက်စာ (supplement) နဲ့ skincare ပိုင်းမှာ ဗီတာမင်စီ ခရင်မ်တွေ သုံးပေးရင် အချိန်တို အတွင်း လှပ စိုပြည်နုပျို သွားပါလိမ့်မယ်။

ငွေရောင်လှိုင်း

Both comments and pings are currently closed.