အပြစ် အနာအဆာ ကင်းတဲ့ အသားအရေကို ရရှိ ပိုင်ဆိုင်နိုင်ဖို့

 ဒီဆောင်းပါးထဲမှာ အကောင်းဆုံး နည်းလမ်းတွေ ပါဝင်နေပါတယ်။ ဒီနည်းလမ်းတွေ အတိုင်း လိုက်နာ ကျင့်သုံးပြီး အနာ ကင်းမဲ့တဲ့ မျက်နှာ အသားအရေ သာမက လည်ပင်းနဲ့ ပခုံးသား နေရာတွေကိုပါ ထိန်းသိမ်း ရယူနိုင်ပါတယ်။

အပြစ်အနာ အဆာကင်းမဲ့တဲ့ အသားအရေ ရရှိ အောင် ဘယ်လိုလုပ်ဆောင်မလဲ။

အပြစ် အနာအဆာ ကင်းမဲ့တဲ့ အသားအရေ ကို ရရှိ ပိုင်ဆိုင်နိုင်ဖို့ အတွက် အကျိုးသက်ရောက် မှုရှိတဲ့ အချက် ၃ ချက်ရှိပါတယ်။ ဒါတွေက တော့ နေထိုင်မှုပုံစံ၊ စားသောက်မှု ပုံစံနဲ့ကျန်းမာ တဲ့ အသားအရေထိန်းသိမ်းမှုပုံစံတို့ပဲ ဖြစ်ပါ တယ်။

နေထိုင်မှုပုံစံ

အိပ်ရေးဝပါစေ။ အိပ်ချိန်တွေဟာ ပြည့်ဝ နေဖို့ လိုအပ်ပါတယ်။ တစ်ညမှာ အိပ်ချိန် ၇ နာရီနဲ့ အထက် ရှိနေဖို့တော့ လိုပါလိမ့်မယ်။ အိပ်ရေး ဝအောင် အိပ်စက်ခြင်းက အရေး ကြောင်းဖြစ်ပေါ်မှုတွေကို ဖယ်ရှားပစ်ပြီး အိပ်ရေး မဝခြင်းကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အရေပြားပြဿနာတွေ ကိုပါ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

 လေ့ကျင့်ခန်း လုပ်ခြင်းက ခန္ဓာကိုယ်မှာ ခိုအောင်နေတဲ့ စိတ်ဖိစီးမှုတွေ မှ လွတ်မြောက် စေရုံသာမက သွေးလည်ပတ်မှု တိုးတက် ကောင်းမွန်ပြီး အသားအရေရဲ့ အခြေအနေ ကို ကောင်းမွန်စေရုံ သာမက ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကိုလည်း လျှော့ပါးစေပါ တယ်။ ကိုယ့်ရဲ့ ခွေးလေး နဲ့အတူ လမ်းလျှောက် တာ ပဲဖြစ်ဖြစ်၊ ယောဂလေ့ကျင့်ခန်းပြု လုပ်တာ ပဲဖြစ်ဖြစ်ပြုလုပ်ပါ။ ဒါဟာ ခန္ဓာကိုယ်ကို ကျန်းမာပြီး သက်သောင့်သက်သာဖြစ်စေရုံ သာမက ကြည်လင် စိုပြည်တဲ့ အသား အရေကို ဖြစ်ပေါ်စေမှာပါ။

 လေ့ကျင့်ခန်း လုပ်ငန်းပြီးတဲ့ အချိန်မှာ ချေးတွေ ထွက်လာတဲ့အခါ ဘယ်သူ မဆို ရေချိုး သန့်စင်မှု ပြုလုပ်ပါတယ်။ ဒါဟာ အရေပြား ပေါ်မှာ ဖြစ်ပေါ်လာမယ့် ဝက်ခြံတွေကို ကြို တင် ကာကွယ်တားဆီးရာ ရောက်ပါတယ်။ဒါဟာ လည်း အိမ်တွင်းဖြစ် ဝက်ခြံကုထုံးပဲဖြစ်ပါ တယ်။

စားသောက်မှုပုံစံ

ကြည်လင်သန့်စင်ပြီး အပြစ် အနာအဆ ကင်းတဲ့ အသားအရေကို ဖြစ်ပေါ်ဖို့ အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုပဲဖြစ်ပါတယ်။

စားသုံးတဲ့ အစားအစာနဲ့၊ အရည်တွေက မျက်နှာပြင် အရေပြားမှာ လာရောက် ထင်ဟပ် နိုင်ပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေ ကို စားသုံးပေးမှု လည်း ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီး ဟင်းရွက်တွေက ခန္ဓာကိုယ်ရှိ Free Radical တွေကို တိုက်ထုတ်ပေးပါတယ်။ ကဖိန်းဓာတ် နဲ့ သကြား Level မြင့်မားစွာပါဝင် နေတဲ့ အစားအစာတွေကိုတော့ ရှောင်ကြဉ်ရ ပါမယ်။ ဒါဟာ အလှအပနဲ့ သက်ဆိုင်တဲ့ အချက် တွေဆိုတာကို သိထားရပါမယ်။

 ရေများများ သောက်သုံးပေးရပါမယ်။ ဒါဟာ အမြဲတမ်း ပြောနေတဲ့ အကြံပြုစကား ဖြစ်ပေမဲ့ ထပ်ပြောပါရစေ။ တစ်နေ့လျှင် အနည်းဆုံးရေ ၈ ဖန်ခွက် သောက်သုံးပေးရပါ မယ်။ ရေသောက်ပြီးချိန် မှာ ရေဓာတ် ရရှိမှု အရေပြားရဲ့ ရေဓာတ် ပမာဏဟာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထဲမှာ နောက်ဆုံး ပဲဖြစ်ပါတယ်။ ကဖိန်းဓာတ် ပါတာတွေ အစား Green tea နဲ့ Harbel Tea တွေကို သောက်သုံးပါလို့ အကြံပြု ပါရစေ။

အသားအရေ ထိန်းသိမ်းမှု ရေအေးကို အသုံးပြု တဲ့အခါ

 ရေအေးကိုချည်းပဲ အသုံးပြုမယ် ဆိုရင် တော့ သင့်အသားအရေ ဟာ ခြောက်သွေ့လာ နိုင်ပါတယ်။ ဒီနည်းဟာ ဝက်ခြံရှိတဲ့ အသား အရေအတွက် ထင်ရှားတဲ့ နည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ ရေချိုးတဲ့အခါ ရေအေး နဲ့ ရေကြက် သီးနွေးတို့ကို ရောစပ်ပါ အပျော့စားရေချိုွးနူ ကိုအသုံးပြုပြီး အသားအရေ ကို နူးညံ့စွာ ကိုင်တွယ်ပါ။ ဒါဟာ အပြစ်အနာ အဆာကင်းတဲ့ အသားအရေဖြစ်ဖို့ အတွက် ထိန်းသိမ်း စောင့်ရှောက် မှုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အသားအရေ ကို သန့်ရှင်း ကြည်လင်စေ ပြီး ခြောက်သွေ့မှု ကို ဖယ်ရှားပေးပါတယ်။ ဒါ့ပြင် ဒီနည်းလမ်းဟာ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေ လိုက်နာရမယ့် အချက်တွေ လည်း ဖြစ်ပါတယ်။

အဆီကြောင့်ဖြစ်တဲ့ အပြစ်အနာဆာတွေ

သင့်အသားရေဟာ အမြဲလိုလို အဆီပြန် နေတဲ့ အသားအရေမျိုး ဆိုရင်တော့ အဆီ ကြောင့် အပြစ် အနာအဆာတွေ ဖြစ်ပေါ်လာနိုင် ပါတယ်။ မျက်နှာပြင်ပေါ် ရှိ အဆီတွေ ရဲ့ စုပ်ယူ မှုရယ်ပေါင်ဒါမှုန့်တွေ ရယ် ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ဝက်ခြံဘုကြီးတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။

မျက်နှာကို လက်နှင့် မထိတွေ့မိပါစေနှင့်

သင့်ရဲ့ လက်ချောင်းတွေ လက်တွေနဲ့ မျက်နှာပြင်ကို ထိတွေ့ ပွတ်သပ်မှုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ လက်မှာရှိတဲ့ ဗက်တီးရီးယားတွေ ဟာ မျက်နှာပြင်ပေါ် ရှိ ချွေးပေါက်လေးတွေ ထဲကို ဝင်သွားပြီး ဒါတွေက တစ်ဆင့် ဝက်ခြံဖြစ်ပေါ် လာနိုင်ပါတယ်။

SPF 15 + sunscreen  ကိုနေ့စဉ်အသုံးပြု ပေးပါ။

SPF 15+ ပါဝင်တဲ့  sunscreen ကိုနေ့စဉ် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ဒါဟာ အရေပြားရဲ့ အခြေအနေကို ထိန်းသိမ်းခြင်း လည်း ဖြစ်ပါတယ် ။sunscreen ရွေးချယ်တဲ့ အခါမှာလည်း အမွှေးရနံ့နဲ့ အဆီပါဝင်မှုမရှိဘဲ အစိုဓာတ် ထိန်းခရင်မ် ပေါင်းစပ် ပါဝင်တဲ့ sunscreen မျိုးကို ရွေးချယ်ပါ။

Cleanser  ကို အလွန်အကျွံ အသုံးမပြုမိ ဖို့ လိုအပ်ပါတယ်။ Cleanser ကို miner အနေနှင့် သာ အသုံးပြုပါ။ ဒါ့ပြင် Cleanser ရွေးချယ်တဲ့အခါ အနံ့မပါတဲ့ Cleanser မျိုးကို ရွေးချယ်ပါ။ ဒါ့ပြင် Like milk, gel or Foams တွေမှာလည်း အနံ့ မပါတာမျိုးကို ရွေး ချယ် အသုံးပြုပေးရပါမယ်။ Product တွေကို ဝယ်ယူတဲ့အခါ Label ကို သေချာကြည့်ပြီး သဘာဝ ပစ္စည်းများက ထုတ်လုပ်တဲ့ Organic ပစ္စည်းများ နဲ့ သဘာဝ Beauty tip  များကို ရွေး ချယ်ပါ။

သဘာဝ အသီးအပင် များကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ အစိုဓာတ်ထိန်း ခရင်မ်မျိုးကို ရွေးချယ်ပါ။ ဒီထဲမှာ သဘာဝ အဆီဓာတ်တွေ ပါဝင်ပြီး untioxidants ဓာတ်တွေ ပါဝင်ပြီး အရေပြား နီရဲယားယံခြင်း တို့ကို ကင်းဝေးစေပါ တယ်။

အပြစ်အနာအဆာ ကင်းတဲ့ အသားအရေ ဖြစ်ဖို့အချက်များ

၁။ တစ်နေ့တာ ပြီးဆုံးတဲ့ အချိန်မှာ သင့်ရဲ့ မိတ်ကပ်တွေကို သေချာစွာ ပြန်လည်သန့်စင် ပါ။
၂။ ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်သောက် နေတယ် ဆိုရင်လည်း ရပ်တန့်လိုက်ပါ။ ဒါဟာ သင့်ရဲ့အသားအရေ အတွက် သာမက သင့်ရဲ့ ကျန်းမာရေး အတွက်ပါ မကောင်းတဲ့ အမူ အကျင့်ပဲ ဖြစ်ပါတယ်။

၃။ မျက်နှာ အတွက်ပါ အသုံးပြုလို့ရမယ့် Sunscreen မျိုးကိုရွေးချယ်အသုံးပြုပါ။ အဆီ ပါဝင်မှုနဲ့ အနံ့ပါဝင်မှုနည်းတဲ့ Product ကို ရွေးချယ်ပါ။

၎။ သင့်မျက်နှာမှာ ဝက်ခြံဘုတွေရှိနေတယ် ဆိုရင်တော့ မိတ်ကပ်လိမ်းခြယ်ခြင်းကို ရပ်နား ထားပါ။

အေမီချို

Both comments and pings are currently closed.